Salmos 19
ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs ARC
1 ကောင်းကင်သည် ဘုရားသခင်၏ ဘုန်းဂုဏ်တော်ကို ပြောကြားလျက်ရှိ၏။ မိုးမျက်နှာကြက်သည် ကိုယ်တော်၏ လက်ရာတော်ကို ထုတ်ဖော်ကြေညာလျက်ရှိ၏။-
1 Os céus manifestam a glória de Deus e o firmamento anuncia a obra das suas mãos.
2 ၎င်းတို့သည် ဤအကြောင်းကို တစ်နေ့ပြီးတစ်နေ့ ပြောဆို၍ တစ်ညပြီးတစ်ည အသိပေးကြေညာကြ၏။-
2 Um dia faz declaração a outro dia, e uma noite mostra sabedoria a outra noite.
3 ၎င်းတို့သည် နှုတ်ဖြင့်လည်း မမြွက်ဆို၊ စကားလည်းမပြော၊ သူတို့၏အသံကိုလည်း မကြားရပေ။-
3 Sem linguagem, sem fala, ouvem-se as suas vozes
4 သို့ပင်သော်လည်း သူတို့၏အသံသည် ကမ္ဘာမြေပြင်တစ်ခုလုံးသို့ ပျံ့နှံ့သွားလျက် သူတို့၏စကားသည် မြေကြီးစွန်းတိုင်အောင် ရောက်လေ၏။ ကိုယ်တော်သည် မိုးကောင်းကင်၌ နေအတွက် ဗိမာန်ကို တည်ဆောက်လေ၏။-
4 em toda a extensão da terra, e as suas palavras, até ao fim do mundo. Neles pôs
5 နေသည် မိမိအိပ်ခန်းမှထွက်လာသော မင်္ဂလာသတို့သားကဲ့သို့လည်းကောင်း၊ မိမိ၏ပြေးလမ်းတွင် ဝမ်းမြောက်ဝမ်းသာ ပြေးသည့် သန်မာသော လူတစ်ဦးကဲ့သို့လည်းကောင်းဖြစ်၏။-
5 que é qual noivo que sai do seu tálamo e se alegra como um herói a correr o seu caminho.
6 ၎င်းသည် မိုးကောင်းကင်တစ်ဖက်စွန်းမှ ထွက်လာ၍ အခြားတစ်ဖက်စွန်းတိုင်အောင် လှည့်သောကြောင့် နေ၏အပူရှိန်မှ တိမ်းရှောင်နိုင်သော အရာတစ်စုံတစ်ခုမျှမရှိ။
6 A sua saída é desde uma extremidade dos céus, e o seu curso, até à outra extremidade deles; e nada se furta ao seu calor.
7 ထာ၀ရဘုရားသခင်၏ ပညတ်တရားသည် ပြည့်စုံ၍ ဝိညာဉ်အား ခွန်အားသစ်ကို ပေးလေ၏။ ထာ၀ရဘုရားသခင်၏ သွန်သင်ချက်တို့သည် ယုံကြည်စိတ်ချရ၍ အသိပညာမဲ့သူတို့အား ဉာဏ်ပညာကို ပေးလေ၏။-
7 A lei do Senhor é perfeita e refrigera a alma; o testemunho do Senhor é fiel e dá sabedoria aos símplices.
8 ထာ၀ရဘုရားသခင်၏ ဥပဒေတို့သည် မှန်ကန်ကြ၍ စိတ်နှလုံးအား ဝမ်းမြောက်ရွှင်လန်းစေ၏။ ထာ၀ရဘုရားသခင်၏ ပညတ်တော်သည် စင်ကြယ်၍ မျက်စိတို့ကို အလင်းပေးလေ၏။-
8 Os preceitos do Senhor são retos e alegram o coração; o mandamento do Senhor é puro e alumia os olhos.
9 ထာ၀ရဘုရားသခင်ကိ ုကြောက်ရွံ့ရိုသေခြင်းသည် သန့်ရှင်း၍အစဉ်အမြဲ တည်လေ၏။ ကိုယ်တော်၏ စီရင်ချက် အလုံးစုံသည် သစ္စာတရားနှင့်ညီ၍ ဖြောင့်မတ်မှန်ကန်ကြ၏။-
9 O temor do Senhor é limpo e permanece eternamente; os juízos do Senhor são verdadeiros e justos juntamente.
10 ၎င်းတို့သည် ရွှေထက်မက အသန့်စင်ဆုံးသော ရွှေထက်ပင် နှစ်လိုဖွယ်ဖြစ်၏။ ၎င်းတို့သည် သာမန်ပျားရည်ထက်မက ပျားလပို့မှ ယိုစီးကျနေသော ပျားရည်ထက်ပင် ပို၍ချိုမြ၏။
10 Mais desejáveis são do que o ouro, sim, do que muito ouro fino; e mais doces do que o mel e o licor dos favos.
11 ထိုမျှမက ၎င်းတို့ကို လိုက်နာခြင်းအားဖြင့် ကြီးစွာသော ဆုလာဘ်ကိုရမည်ဟု ကိုယ်တော်၏ အစေခံသည် သွန်သင်ခြင်း ခံရပါ၏။-
11 Também por eles é admoestado o teu servo; e em os guardar há grande recompensa.
12 သို့ရာတွင် မည်သူသည် မိမိ၏အမှားများကို ခွဲခြားသိမြင်နိုင်မည်နည်း။ ဝှက်ကွယ်နေသော အမှားအယွင်းများမှ အကျွန်ုပ်ကို ကင်းလွတ်စေတော်မူပါ။-
12 Quem pode entender os próprios erros? Expurga-me tu dos que me são ocultos.
13 အတင့်ရဲစွာပြုမူသော အပြစ်များမှ အကျွန်ုပ်ကို ကင်းလွတ်စေတော်မူပါ။ ၎င်းတို့အား အကျွန်ုပ်အပေါ်တွင် လွှမ်းမိုးစေတော်မမူပါနှင့်။ သို့မှသာ အကျွန်ုပ်သည် အပြစ်တင်ခွင့်နှင့် ကင်းလွတ်၍ ကြီးမားသော အပြစ်ကျူးလွန်ခြင်းမှ ကင်းစင်သောသူ ဖြစ်လာပါလိမ့်မည်။
13 Também da soberba guarda o teu servo, para que se não assenhoreie de mim; então, serei sincero e ficarei limpo de grande transgressão.
14 အကျွန်ုပ်၏ ကျောက်ဆောင်တော်နှင့် အကျွန်ုပ်၏ ကယ်တင်ရှင်ဖြစ်တော်မူသော အိုထာ၀ရဘုရားသခင်၊ အကျွန်ုပ်၏နှုတ်မှ ထွက်သောစကားများနှင့် အကျွန်ုပ်၏စိတ်နှလုံးမှ အကြံအစည်များသည် ကိုယ်တော်၏ မျက်မှောက်တော်၌ လက်ခံဖွယ်ရာ ဖြစ်ပါစေ။
14 Sejam agradáveis as palavras da minha boca e a meditação do meu coração perante a tua face, Senhor , rocha minha e libertador meu!
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar Salmos 19, comparar traduções ou montar um estudo — tudo direto pelo WhatsApp.