Provérbios 5

ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs NVI

Sair da comparação
NVI Nova Versão Internacional
1 ငါ့သား၊ သင်သည် ငါ၏ဉာဏ်ပညာကို အာရုံပြု ၍ ငါသိနားလည်သောအရာကို နားထောင်ပါလော့။-
1 Meu filho, dê atenção à minha sabedoria, incline os ouvidos para perceber o meu discernimento.
2 ဤသို့ပြုလျှင် သင်သည် မှန်ကန်လျောက်ပတ် စွာကျင့်ကြံ၍ သင်၏နှုတ်သည်လည်း အသိပညာကို စောင့်ထိန်းပြော ဆိုနိုင် လိမ့်မည်။-
2 Assim você manterá o bom senso, e os seus lábios guardarão o conhecimento.
3 အကြောင်းမူကား ကိုယ်ကျင့်တရားဖောက်ပြန်သောအမျိုးသမီး၏နှုတ်ခမ်းသည် ပျားရည်ကဲ့သို့ချိုမြ၍ သူမ၏စကား များသည်လည်း သံလွင်ဆီထက် ချောမွတ်ကြ၏။-
3 Pois os lábios da mulher imoral destilam mel; sua voz é mais suave que o azeite,
4 သို့သော် နောက်ဆုံး၌ သူမသည် သည်းခြေကဲ့သို့ခါး၍ အသွားနှစ် ဖက်ရှိသောသံလျက်ကဲ့သို့ ထက်လှပေ၏။-
4 mas no final é amarga como fel, afiada como uma espada de dois gumes.
5 သူမ၏ခြေ တို့သည် သေတွင်းသို့ဆင်းသက်၍ သူမ၏ခြေလှမ်းများ သည် မရဏနိုင်ငံသို့ ဦးတည်လိမ့်မည်။-
5 Os seus pés descem para a morte; os seus passos conduzem diretamente para a sepultura.
6 သူမသည် အသက်ရှင်ရာလမ်းသို့မလိုက်။ သူမသည် ခြေဦးတည့် ရာသို့ လျှောက်လှမ်းနေမိမှန်းလည်း မသိချေ။
6 Ela nem percebe que anda por caminhos tortuosos, e não enxerga a vereda da vida.
7 သို့ဖြစ်၍ ငါ့သားတို့၊ ငါ၏စကားကို နားထောင်ကြ လော့။ ငါဟောပြောသည့်စကားတို့မှ လမ်းလွဲမသွားကြလေနှင့်။-
7 Agora, então, meu filho, ouça-me; não se desvie das minhas palavras.
8 ထိုအမျိုးသမီးထံမှ ဝေးစွာရှောင်ရှားကြလော့။ သူမနေထိုင်ရာအိမ်၏တံခါး၀အနီးသို့ပင် မချဉ်းကပ် ကြနှင့်။-
8 Fique longe dessa mulher; não se aproxime da porta de sua casa,
9 သို့မဟုတ်လျှင် သင်တို့သည် လူပုံအလယ်တွင် ဂုဏ်သိက္ခာကျဆင်းရလိမ့်မည်။ ရက်စက်ကြမ်းကြုတ် သူတို့၏လက်ဝယ်တွင် သင့်ဘ၀အသက် တာ၏အချိန်များကို ပေးအပ်ရလိမ့်မည်။-
9 para que você não entregue aos outros o seu vigor nem a sua vida a algum homem cruel,
10 သူစိမ်းတို့သည် သင်၏စည်း စိမ်ဥစ္စာတို့ကို သိမ်းယူခံစားကြလိမ့်မည်။ သင်ရှာဖွေစု ဆောင်းထားသောဥစ္စာပစ္စည်းတို့သည် သင်မသိသော သူတို့၏အိမ်သို့ရောက်ရလိမ့်မည်။-
10 para que estranhos não se fartem do seu trabalho e outros não se enriqueçam à custa do seu esforço.
11 သင်၏အသက် ကုန်ဆုံးချိန်၌ သင်၏ခန္ဓာကိုယ်တွင် အင်အားကုန်ခန်း၍ သွေးသားများဆုတ်ယုတ်လာသောအခါ သင်သည် ညည်းတွားလိမ့်မည်။-
11 No final da vida você gemerá, com sua carne e seu corpo desgastados.
12 သင်က ငါသည် သွန်သင်မှုကို မုန်းတီးရွံရှာခဲ့လေပြီတကား။ ငါ၏စိတ်နှလုံးသည် ဆုံးမပဲ့ပြင်ခြင်းကို မထီမဲ့မြင်ပြုခဲ့မိ လေပြီတကား။-
12 Você dirá: "Como odiei a disciplina! Como o meu coração rejeitou a repreensão!
13 ငါသည် ငါ့ဆရာသမားတို့၏စကားကို နားမထောင်ဘဲ နေခဲ့မိလေ ပြီတကား။ ငါ့ကိုသွန်သင်သောသူတို့ကို မနာခံဘဲနေခဲ့ လေပြီ။-
13 Não ouvi os meus mestres nem escutei os que me ensinavam.
14 ယခု ငါသည် လူပရိသတ်၏အလယ်တွင် ပျက် စီးခြင်း၏နှုတ်ခမ်း၀သို့ရောက်နေလေပြီ။
14 Cheguei à beira da ruína completa, à vista de toda a comunidade".
15 သင်ပိုင်ဆိုင်သောရေတွင်းထဲမှ ထွက်သောရေဖြစ်သည့် သင်၏စမ်းရေကို သောက်သုံးပါလော့။-
15 Beba das águas da sua cisterna, das águas que brotam do seu próprio poço.
16 သင်၏ စမ်းရေများသည် လူအများသွားလာရာလမ်းများပေါ်တွင် စီးဆင်းသင့်သလော။-
16 Por que deixar que as suas fontes transbordem pelas ruas, e os teus ribeiros pelas praças?
17 သင်၏စမ်းရေသည် သင့်အတွက် ဖြစ်ပါစေ။ သင်နှင့်အတူပါသောသူစိမ်းများအတွက် မဖြစ်စေနှင့်။-
17 Que elas sejam exclusivamente suas, nunca repartidas com estranhos.
18 သင်၏စမ်းရေသည် မင်္ဂလာရှိပါစေ။ သင်ငယ်စဉ်ကတည်းက ပေါင်းသင်းခဲ့သောမယား၌ ရွှင်လန်းဝမ်းမြောက်ပါလော့။-
18 Seja bendita a sua fonte! Alegre-se com a esposa da sua juventude.
19 သူမသည် မြတ်နိုးဖွယ်သမင်မကဲ့သို့လည်းကောင်း၊ နှစ်လိုဖွယ်ဒရယ်မကဲ့သို့လည်း ကောင်းဖြစ်၍ သင်သည် သူမ၏ ရင်ခွင်၌ အစဉ်အားရ ကျေနပ်လျက် သူမ၏မေတ္တာ၌ အစဉ်သာယာမိန်းမောနေပါစေ။-
19 Gazela amorosa, corça graciosa; que os seios de sua esposa sempre o fartem de prazer, e sempre o embriaguem os carinhos dela.
20 ငါ့သား၊ သင်သည် အဘယ်ကြောင့် အကျင့် ပျက်သောအမျိုးသမီးနှင့်ယစ်မူးပျော်ပါးရမည်နည်း။ အခြားအမျိုးသမီးကို အဘယ်ကြောင့်ပွေ့ဖက်ထားရပါမည်နည်း။-
20 Por que, meu filho, ser desencaminhado pela mulher imoral? Por que abraçar o seio de uma leviana?
21 အကြောင်းမူကား လူတစ်ဦး၏သွားရာလမ်း ဟူသမျှတို့သည် ထာ၀ရဘုရားသခင်၏မျက်မှောက် တော်တွင်တည်ရှိ၍ ကိုယ်တော်သည် သူသွားလာသမျှ အားလုံးကို ကြည့်ရှုတော်မူ၏။-
21 O Senhor vê os caminhos do homem e examina todos os seus passos.
22 ဆိုးယုတ်သောသူတစ်ဦးပြုမူသည့် ဆိုးညစ်သောအမှုတို့သည် ထိုသူ့ကို ထောင်ဖမ်း၍ သူသည် ချည်နှောင်ခြင်းခံရလိမ့်မည်။-
22 As maldades do ímpio o prendem; ele se torna prisioneiro das cordas do seu pecado.
23 သူသည် သွန်သင်ဆုံးမမှုကင်းမဲ့သောကြောင့် သေရလိမ့်မည်။ သူသည် မိမိ၏ကြီးစွာသောမိုက်မဲမှုကြောင့် လမ်းမှားသို့ ရောက်ရလိမ့်မည်။
23 Certamente morrerá por falta de disciplina; andará cambaleando por causa da sua insensatez.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Provérbios 5, comparar traduções ou montar um estudo — tudo direto pelo WhatsApp.