Provérbios 3

ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs ARIB

Sair da comparação
ARIB Almeida Revisada Imprensa Bíblica
1 ငါ့သား၊ ငါ၏သွန်သင်ချက်တရားတို့ကို မမေ့လျော့လေနှင့်။ ငါ၏ပညတ်တို့ကို သင်၏စိတ် နှလုံးထဲ၌ မှတ်သားထားလော့။-
1 Filho meu, não te esqueças da minha instrução, e o teu coração guarde os meus mandamentos;
2 အကြောင်းမူကား ငါ၏ ပညတ်တရားသည် သင်၏သက်တမ်းကိုရှည်စေ၍ သင် ၏ဘ၀ကို ကြီးပွားချမ်းသာစေလိမ့်မည်။
2 porque eles te darão longura de dias, e anos de vida e paz.
3 ခိုင်မြဲသောမေတ္တာနှင့် သစ္စာတရားကို မည်သည့် အခါမျှ လက်မလွတ်စေနှင့်။ ထိုတရားတို့ကို သင်၏လည် တွင် ဆွဲ၍ထားလော့။ သင်၏နှလုံးသားပေါ်တွင်လည်း ၎င်းတို့ကို ရေးမှတ်၍ထားလော့။-
3 Não se afastem de ti a benignidade e a fidelidade; ata-as ao teu pescoço, escreve-as na tábua do teu coração;
4 ထိုသို့ပြုလုပ်လျှင် သင်သည် ဘုရားသခင်၏ရှေ့၊ လူတို့၏ရှေ့တွင် မျက်နှာရ၍ ကောင်းကျိုးကျေးဇူးကိုခံစားရလိမ့်မည်။
4 assim acharás favor e bom entendimento à vista de Deus e dos homens.
5 ထာ၀ရဘုရားသခင်ကို စိတ်နှလုံးအကြွင်းမဲ့ယုံ ကြည်အားကိုးလော့။ သင်၏ကိုယ်ပိုင်သိနားလည်ခြင်း ကို မှီခိုအားထားခြင်း မပြုလေနှင့်။-
5 Confia no Senhor de todo o teu coração, e não te estribes no teu próprio entendimento.
6 သင်ပြုမူလုပ်ဆောင် သမျှသောအရာတို့၌ ကိုယ်တော့်ကို သိမှတ်ဝန်ခံလော့။ ထိုသို့ပြုလျှင် ကိုယ်တော်သည် သင်၏ဘ၀ လမ်းခရီးကို ဖြောင့်ဖြူးစေလိမ့်မည်။-
6 Reconhece-o em todos os teus caminhos, e ele endireitará as tuas veredas.
7 သင်သည် ပညာရှိသည်ဟူ၍ ကိုယ့်ကိုယ်ကိုယ်အထင်မကြီးနှင့်။ ထာ၀ရဘုရားသခင်ကို ကြောက်ရွံ့ရိုသေ၍ မကောင်းမှု ဒုစရိုက်ကို ရှောင်ကြဉ်လော့။-
7 Não sejas sábio a teus próprios olhos; teme ao Senhor e aparta-te do mal.
8 ဤကဲ့သို့ပြုလုပ်ခြင်းသည် သင်၏ကိုယ်ခန္ဓာ အတွက် ဆေးဝါးဖြစ်၍ သင်၏အရိုးများအတွက်လည်း ခွန်အားဖြစ်လိမ့်မည်။
8 Isso será saúde para a tua carne; e refrigério para os teus ossos.
9 သင်ပိုင်ဆိုင်သောဥစ္စာဓနနှင့် လယ်ယာထွက်သီး ဦးသီးဖျားများဖြင့် ထာ၀ရဘုရားသခင်ကို ပူဇော်ဂုဏ်ပြုလော့။-
9 Honra ao Senhor com os teus bens, e com as primícias de toda a tua renda;
10 ဤသို့ပြုလျှင် သင်၏စပါးကျီတို့သည် သီးနှံများဖြင့်ပြည့်လျက် စပျစ်ရည်သိုလှောင်သောစည်တို့သည်လည်း စပျစ်ရည်သစ် နှင့်ပြည့်လျှံလျက်ရှိလိမ့်မည်။
10 assim se encherão de fartura os teus celeiros, e trasbordarão de mosto os teus lagares.
11 ငါ့သား၊ သင်သည် ထာ၀ရဘုရားသခင်၏သွန်သင် ချက်တို့ကို မထီမဲ့မြင်မပြုလေနှင့်။ ကိုယ်တော်၏ဆုံးမပဲ့ပြင်တော်မူခြင်း ကိုလည်း လျစ်လျူမရှုနှင့်။-
11 Filho meu, não rejeites a disciplina do Senhor, nem te enojes da sua repreensão;
12 အကြောင်း မူကား ဖခင်သည် မိမိချစ်သောသားကို ဆုံးမပဲ့ပြင်သကဲ့ သို့ ထာ၀ရဘုရားသခင်သည် မိမိချစ်မြတ်နိုးသောသူတို့ ကို ဆုံးမပဲ့ပြင်တော်မူ၏။
12 porque o Senhor repreende aquele a quem ama, assim como o pai ao filho a quem quer bem.
13 ဉာဏ်ပညာကို ရှာဖွေတွေ့ရှိ၍ သိနားလည်ခြင်းကို ရရှိသောသူသည် မင်္ဂလာရှိ၏။-
13 Feliz é o homem que acha sabedoria, e o homem que adquire entendimento;
14 အကြောင်းမူကား ဉာဏ်ပညာသည် ငွေထက်ပို၍တန်ဖိုးရှိပြီး ရွှေထက်ပို၍အသုံးဝင်၏။-
14 pois melhor é o lucro que ela dá do que o lucro da prata, e a sua renda do que o ouro.
15 ဉာဏ်ပညာသည် ရတနာများထက် ပို၍အဖိုး ထိုက်၏။ သင်နှစ်သက်သောအရာဟူသမျှတို့ကို သူမနှင့် နှိုင်းယှဉ်၍ မရနိုင် ချေ။-
15 Mais preciosa é do que as jóias, e nada do que possas desejar é comparável a ela.
16 သူမ၏လက်ယာလက်၌ အသက်ရှည်ခြင်း၊ လက်ဝဲလက်၌ ဥစ္စာကြွယ်၀ချမ်းသာခြင်းနှင့် ဂုဏ်ကျက်သရေတို့ရှိကြ၏။-
16 Longura de dias há na sua mão direita; na sua esquerda riquezas e honra.
17 သူမ၏လမ်းစဉ်တို့သည် နှစ်သက်ဖွယ်ဖြစ်၍ သူမ၏လမ်းခရီးတို့သည် ငြိမ်းချမ်းသာယာ၏။-
17 Os seus caminhos são caminhos de delícias, e todas as suas veredas são paz.
18 ဉာဏ်ပညာကို ထွေးပိုက်သောသူတို့အဖို့ သူမသည် အသက်၏အပင်ဖြစ်၍ သူမကို မြဲမြံစွာလက်ကိုင်ထားသော သူတို့သည် မင်္ဂလာရှိကြ၏။
18 É árvore da vida para os que dela lançam mão, e bem-aventurado é todo aquele que a retém.
19 ထာ၀ရဘုရားသခင်သည် ဉာဏ်ပညာတော်အားဖြင့် ကမ္ဘာမြေကိုတည်ထောင်၍ သိနားလည်ခြင်းအားဖြင့် မိုးကောင်းကင် ကို ခိုင်မြဲစေတော်မူ၏။-
19 O Senhor pela sabedoria fundou a terra; pelo entendimento estabeleceu o céu.
20 ကိုယ်တော်သည် အသိပညာအားဖြင့် နက်ရှိုင်းသောအရပ်များကို ပိုင်းခြား ၍ မိုးတိမ်မှနှင်းရည်များကို ရွာသွန်းစေတော် မူ၏။
20 Pelo seu conhecimento se fendem os abismos, e as nuvens destilam o orvalho.
21 ငါ့သား၊ သမ္မာသတိနှင့် ဆင်ခြင်ထိုးထွင်းဉာဏ်တို့ ကို ထိန်းသိမ်း၍ထားလော့။ ယင်းတို့ကို မည်သည့်အခါမျှ သင့်မျက်စိ အောက်မှ မကွယ်ပျောက်စေနှင့်။-
21 Filho meu, não se apartem estas coisas dos teus olhos: guarda a verdadeira sabedoria e o bom siso;
22 ယင်းတို့ သည် သင်၏ဝိညာဉ်အတွက် အသက်ဖြစ်၍ သင့်လည် ပင်းအတွက် လည်ဆွဲတန်ဆာဖြစ်ကြလိမ့်မည်။-
22 assim serão elas vida para a tua alma, e adorno para o teu pescoço.
23 ထိုအခါ သင်သည် ခရီးသွားရာ၌ ဘေးကင်းလုံခြုံ၍ သင်၏ ခြေသည်လည်း ခလုတ်မထိဘဲ သွားလာနိုင်လိမ့်မည်။-
23 Então andarás seguro pelo teu caminho, e não tropeçará o teu pé.
24 သင်သည် လဲလျောင်းသောအခါ ကြောက်ရွံ့ ခြင်းရှိလိမ့်မည်မဟုတ်။ သင်သည် အိပ်စက်အနားယူသောအခါ ကောင်းမွန် နှစ်ခြိုက်စွာအိပ်ပျော်ရလိမ့်မည်။-
24 Quando te deitares, não temerás; sim, tu te deitarás e o teu sono será suave.
25 ရုတ်တရက် ကျရောက်လာမည့်ဘေးဒုက္ခကိုဖြစ်စေ၊ မသမာသော သူတို့၏အန္တရာယ်ပြုတိုက်ခိုက်ခြင်းကိုဖြစ်စေကြောက် ရွံ့စိုးရိမ်ခြင်းမရှိနှင့်။-
25 Não temas o pavor repentino, nem a assolação dos ímpios quando vier.
26 အကြောင်းမူကား ထာ၀ရဘုရား သခင်သည် သင်ယုံကြည်အားထားရာဖြစ်၍ သင်၏ခြေကို ကျော့ကွင်းတွင်မမိစေရန် စောင့်ရှောက်တော်မူလိမ့် မည်။
26 Porque o Senhor será a tua confiança, e guardará os teus pés de serem presos.
27 သင့်ထံ အကူအညီတောင်းခံလာသူအား သင်ကူညီနိုင်စွမ်းရှိပါလျက်နှင့် နှောင့်နှေးပျက်ကွက်ခြင်းမရှိစေနှင့်။-
27 Não negues o bem a quem de direito, estando no teu poder fazê-lo.
28 သင်၏အိမ်နီးချင်းအား ယခုကူညီနိုင်စွမ်းရှိပါလျက် နှင့် နောက်မှပြန်လာလော့၊ မနက်ဖြန်မှ ငါကူညီမည်ဟု မပြောဆိုနှင့်။-
28 Não digas ao teu próximo: Vai, e volta, amanhã to darei; tendo-o tu contigo.
29 သင်၏အနီးတွင် ယုံကြည်စိတ်ချစွာနေ ထိုင်သောအိမ်နီးချင်းအပေါ် မကောင်းကြံစည်ခြင်းမပြုနှင့်။-
29 Não maquines o mal contra o teu próximo, que habita contigo confiadamente.
30 သင့်အပေါ် မကောင်းမှုတစ်စုံတစ်ရာမပြုဖူးသောသူ တစ်ဦးအား အကြောင်းမဲ့မတိုက်ခိုက်နှင့်။-
30 Não contendas com um homem, sem motivo, não te havendo ele feito o mal.
31 စရိုက်ကြမ်းတမ်းသူကို အားမကျလေနှင့်။ သူ၏အကျင့်စရိုက်များကို လည်း အတုမယူလေနှင့်။-
31 Não tenhas inveja do homem violento, nem escolhas nenhum de seus caminhos.
32 အကြောင်းမူကား ထာ၀ရ ဘုရားသခင်သည် မကောင်းမှုပြုသူတို့အား စက်ဆုပ်ရွံရှာပြီး ရိုးသားဖြောင့်မတ်သောသူတို့ကိုမူကား ယုံကြည် စိတ်ချတော်မူ၏။-
32 Porque o perverso é abominação para o Senhor, mas com os retos está o seu segredo.
33 ထာ၀ရဘုရားသခင်၏ကျိန်ဆိုတော် မူခြင်းသည် ဆိုးယုတ်သူ၏အိမ်ပေါ်သို့သက်ရောက်၏။ သို့ရာတွင် ကိုယ်တော်သည် ဖြောင့်မတ်သူ၏အိမ်ကို ကောင်းချီးပေးတော်မူ၏။-
33 A maldição do Senhor habita na casa do ímpio, mas ele abençoa a habitação dos justos.
34 ကိုယ်တော်သည် ကဲ့ရဲ့လှောင်ပြောင်တတ်သောသူတို့အား ပြန်လည်၍ ကဲ့ရဲ့လှောင်ပြောင်တော်မူ၏။ သို့သော် ကိုယ်တော်သည် စိတ် နှလုံးနှိမ့်ချသောသူတို့အား ဆုကျေးဇူးပေးတော်မူ၏။-
34 Ele escarnece dos escarnecedores, mas dá graça aos humildes.
35 အသိပညာရှိသူတို့သည် ဘုန်းဂုဏ်တော်အမွေကို ပိုင် ဆိုင်ရ၍ မိုက်မဲသောသူတို့မူကား အရှက်တကွဲအကျိုး နည်းဖြစ်ကြရ၏။
35 Os sábios herdarão honra, mas a exaltação dos loucos se converte em ignomínia.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Provérbios 3, comparar traduções ou montar um estudo — tudo direto pelo WhatsApp.