Provérbios 13
ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs VC
1 ဉာဏ်ပညာရှိသောသားသည် ဖခင်၏သွန်သင်ဆုံးမမှုကို နာယူ၏။ မခန့်လေးစားလုပ်တတ်သော သူမူကား သွန်သင်ပဲ့ပြင်မှု ကိုနားမထောင်ပေ။-
1 Um filho sábio ama a disciplina, mas o incorrigível não aceita repreensões.
2 ကောင်းသောသူသည် မိမိနှုတ်မှထွက်သောစကား၏ ကောင်းကျိုးကျေးဇူးကိုခံစားရ၏။ သစ္စာဖောက်သောသူ တို့မူကား အကြမ်းဖက်ခြင်းကိုလိုလားကြ၏။-
2 O homem de bem goza do fruto de sua boca, mas o desejo dos pérfidos é a violência.
3 နှုတ်ကို စောင့်စည်းသူသည် မိမိ၏အသက်ကို ထိန်းသိမ်းစောင့် ရှောက်၏။ နှုတ်ဖွာသောသူမူကား ပျက်စီးခြင်းသို့ ရောက် လိမ့်မည်။-
3 Quem vigia sua boca guarda sua vida; quem muito abre seus lábios se perde.
4 ပျင်းရိသောသူသည် တပ်မက်သည့်စိတ်သာ ရှိပြီးလုံ့လမစိုက်ထုတ်သဖြင့် မည်သည့်အရာကိုမျှမရရှိပေ။ လုံ့လစိုက်ထုတ် သူတို့မူကား လိုအင်ဆန္ဒမှန်သမျှ ပြည့်၀ရ၏။-
4 O preguiçoso cobiça, mas nada obtém. É o desejo dos homens diligentes que é satisfeito.
5 ဖြောင့်မတ်သောသူတို့သည် လိမ်လည်၍ ပြောဆိုခြင်းကို မုန်းတီးကြ၏။ ဆိုးယုတ်သူတို့မူကား အရှက်ကင်းမဲ့၍ ဂုဏ်သရေ မဲ့စွာပြုမူကြ၏။-
5 O justo detesta a mentira; o ímpio só faz coisas vergonhosas e ignominiosas.
6 ဖြောင့်မတ် မှန်ကန်မှုသည် ရိုးသားစွာနေထိုင်သူတို့ကို စောင့်ရှောက် ၏။ သို့သော် အပြစ်မကောင်းမှုသည် အပြစ်ကျူးလွန်သူ ၏ဘ၀ကို ပျက်စီးစေ၏။-
6 A justiça protege o que caminha na integridade, mas a maldade arruína o pecador.
7 လူတစ်ဦးသည် ဘာမျှမရှိဘဲလျက် ချမ်းသာဟန်ဆောင်၏။ အခြားတစ်ဦးမူကား အလွန်ချမ်းသာကြွယ်၀သော်လည်း ဆင်းရဲဟန်ဆောင်၏။-
7 Há quem parece rico, não tendo nada, há quem se faz de pobre e possui copiosas riquezas.
8 လူတစ်ဦး၏ချမ်းသာကြွယ်၀မှုသည် သူ၏အသက်ကို ရွေးနုတ်ကယ်တင်ရန်ဖြစ်၏။ ဆင်းရဲသားတစ်ဦးမှာမူ မည်သည့် ခြိမ်းခြောက် သံကိုမျှမကြားရပေ။-
8 A riqueza de um homem é o resgate de sua vida, mas o pobre está livre de ameaças.
9 ဖြောင့်မတ် သောသူတို့၏အလင်းရောင်သည် ဝမ်းမြောက်ဝမ်းသာ ထွန်းလင်း၏။ ဆိုးယုတ်သူတို့၏မီးခွက်မှာမူကား ငြှိမ်း သတ်ခြင်းခံရ၏။-
9 A luz do justo ilumina, enquanto a lâmpada dos maus se extingue.
10 မာနထောင်လွှားခြင်းသည် ခိုက်ရန်ဖြစ် ပွားခြင်းကို ဖြစ်ပေါ်စေ၏။ အကြံဉာဏ်ကို လက်ခံသော သူတို့၌ ဉာဏ်ပညာတည် ရှိ၏။-
10 O orgulho só causa disputas; a sabedoria se acha com os que procuram aconselhar-se.
11 အလျင်အမြန်ရရှိသော ဥစ္စာဓနသည် လျော့ပါးသွားတတ်၏။ ငွေကြေးကို တစ်စ တစ်စစုဆောင်းသောသူမူကား ငွေပမာဏ ကို တိုးပွား စေ၏။-
11 Os bens que muito depressa se ajuntam se desvanecem; os acumulados pouco a pouco aumentam.
12 မျှော်လင့်ချက်ကို ရွှေ့ဆိုင်းခြင်းသည် နှလုံးသားအား နာမကျန်းဖြစ်စေ၏။ အလိုဆန္ဒပြည့်၀ခြင်းသည်ကား အသက်ပေး သော သစ်ပင်တစ်ပင်ဖြစ်သတည်း။
12 Esperança retardada faz adoecer o coração; o desejo realizado, porém, é uma árvore de vida.
13 ဆုံးမသွန်သင်ခြင်းကို အရေးမစိုက်သူသည် မိမိကိုယ်ကိုဖျက်ဆီးခြင်းပင်ဖြစ်၏။ ပညတ်တော်ကို ရိုသေလေးစားသူမူကား ဆုလာဘ်ကိုရလိမ့်မည်။-
13 Quem menospreza a palavra perder-se-á; quem respeita o preceito será recompensado.
14 ပညာရှိ၏ သွန်သင်ချက်သည် အသက်၏စမ်းအိုင်တစ်ခုဖြစ်ပြီး လူတစ်ယောက်ကို သေခြင်း၏ကျော့ကွင်းများမှ လွတ် မြောက်စေ၏။-
14 O ensinamento do sábio é uma fonte de vida para libertar-se dos laços da morte.
15 ကောင်းစွာနားလည်တတ်ခြင်းသည် မျက်နှာပွင့်လန်းစေ၏။ သစ္စာမဲ့သူတို့၏ဘ၀လမ်းခရီးကား ခက်ခဲ၏။-
15 Bom entendimento procura favor; o caminho dos pérfidos, porém, é escabroso.
16 အမြော်အမြင်ရှိသောသူသည် အသိတရားဖြင့် အရာရာကိုပြုမူလုပ်ကိုင်ကြ၏။ မိုက်မဲသူမူကား မိမိ၏မိုက်မဲမှုကို ထုတ်ဖော် ပြ၏။-
16 Todo homem prudente age com discernimento, mas o insensato põe em evidência sua loucura.
17 ဆိုးယုတ်သော စေတမန်တစ်ဦးသည် လူများကို ဘေးဒုက္ခသို့ကျရောက် စေတတ်၏။ ယုံကြည်စိတ်ချရသောသံတမန်မူကား ပြေလည်သင့်မြတ်ခြင်းကို ဆောင်ကြဉ်းတတ်၏။-
17 Um mau mensageiro provoca a desgraça; o enviado fiel, porém, traz a saúde.
18 သွန်သင်ထိန်းကျောင်းမှုကို လျစ်လျူရှုသောသူသည် ဆင်းရဲ ခြင်းနှင့် အသရေပျက်ခြင်းသို့ရောက်လိမ့်မည်။ ပဲ့ပြင် ဆုံးမမှုကို နာယူသောသူမူကား ဂုဏ်ပြုချီးမြှင့်ခြင်းခံရ လိမ့်မည်။-
18 Miséria e vergonha a quem recusa a disciplina; honra ao que aceita a reprimenda.
19 အလိုဆန္ဒတစ်ခုပြည့်၀ခြင်းသည် စိတ်ဝိညာဉ်အတွက် ချိုမြသာယာ၏။ သို့သော် ရူးမိုက်သူတို့သည် မကောင်းမှုကို ရှောင်ကြဉ်ရန် မုန်းတီးစက်ဆုပ်ကြ၏။-
19 O desejo cumprido deleita a alma. Os insensatos detestam os que fogem do mal.
20 ပညာရှိကို မှီဝဲဆည်းကပ်သူသည် ပညာရှိဖြစ်လာ၏။ လူမိုက်တို့နှင့် မိတ်ဆွေဖွဲ့သူတို့မူကား ပျက်စီးဆုံးရှုံးခြင်းသို့ရောက် လိမ့်မည်။-
20 Quem visita os sábios torna-se sábio; quem se faz amigo dos insensatos perde-se.
21 ကြမ္မာဆိုးသည် အပြစ်ကျူးလွန် သူ၏နောက်သို့ လိုက်၏။ ကြီးပွားတိုးတက်ခြင်းသည်ကား ဖြောင့်မတ်သောသူ၏ ဆုလာဘ်ဖြစ်၏။-
21 A desgraça persegue os pecadores; a felicidade é a recompensa dos justos.
22 သူတော် ကောင်းတစ်ဦးသည် မိမိ၏သားမြေးများအတွက် အမွေကို ချန်ထား၏။ အပြစ်ကျူးလွန်သူတစ်ဦး၏ပစ္စည်းဥစ္စာ သည်ကား ဖြောင့်မတ်သောသူတို့အတွက် စုဆောင်းထားခြင်းဖြစ်၏။-
22 O homem de bem deixa sua herança para os filhos de seus filhos; ao justo foi reservada a fortuna do pecador.
23 ဆင်းရဲသားတစ်ဦး၏လယ်ယာသည် အစာရေစာများစွာ ထုတ်လုပ်ပေးသော်လည်း မတရားမှုသည် ယင်းတို့ကို ဖယ်ရှား ပစ်၏။-
23 É abundante em alimento um campo preparado pelo pobre, mas há quem pereça por falta de justiça.
24 ကြိမ်လုံးဖြင့် ရိုက် နှက်ဆုံးမခြင်းမပြုသောသူသည် မိမိ၏သားသမီးကို ချစ်ရာမရောက်ပေ။ မိမိ၏သားကိုချစ်သောသူမူကား သူ့ကို ဂရုတစိုက်ပဲ့ပြင်ဆုံးမလေ၏။-
24 Quem poupa a vara odeia seu filho; quem o ama, castiga-o na hora precisa.
25 ဖြောင့်မတ်သော သူတို့သည် ၀၀လင်လင် စားကြရ၏။ ဆိုးယုတ်သောသူ၏ဝမ်းဗိုက်မူကား ဆာငတ်ရ၏။
25 O justo come até se saciar, mas o ventre dos pérfidos conhece a penúria.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar Provérbios 13, comparar traduções ou montar um estudo — tudo direto pelo WhatsApp.