2 Coríntios 9
ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs ARC
1 သန့်ရှင်းသူတို့အတွက် ပေးကမ်းလှူဒါန်းခြင်းနှင့်ပတ်သက်၍ သင်တို့ထံသို့ စာရေးရသည်မှာ ငါ့အတွက် အပိုသက်သက် ပင်ဖြစ်သည်။-
1 Quanto à administração que se faz a favor dos santos, não necessito escrever-vos,
2 အကြောင်းမူကား သင်တို့၏စိတ်အားထက်သန်မှုကို ငါသိပြီးဖြစ်၍ အာခါယာမှလူတို့သည် ယမန်နှစ်ကပင် အဆင်သင့်ရှိနေ ကြလေပြီဟူ၍ မာစီဒိုးနိယမှလူတို့ထံ၌ ငါကြွားဝါပြောဆိုခဲ့၏။ သင်တို့၏စိတ်အားထက်သန်မှုသည် ထိုသူတို့ထဲမှ အများစုကို စိတ်အားတက်စေခဲ့၏။-
2 porque bem sei a prontidão do vosso ânimo, da qual me glorio de vós, para com os macedônios, que a Acaia está pronta desde o ano passado, e o vosso zelo tem estimulado muitos.
3 သို့သော် ဤအမှုတွင် သင်တို့နှင့်ပတ်သက်၍ ငါတို့၏ဝါကြွားခြင်းသည် အလဟဿမဖြစ်ဘဲ ငါဆိုခဲ့သည့်အတိုင်း သင်တို့ သည် အဆင်သင့်ရှိနေကြစေရန် ညီအစ်ကိုတို့ကို သင်တို့ထံ ငါစေလွှတ်လိုက်၏။-
3 Mas enviei estes irmãos, para que a nossa glória, acerca de vós, não seja vã nessa parte; para que (como já disse) possais estar prontos,
4 သို့မဟုတ်လျှင် မာစီဒိုးနိယမှ လူအချို့သည် ငါနှင့်အတူလိုက်ပါလာ၍ သင်တို့အဆင်သင့် မရှိကြကြောင်းကိုတွေ့လျှင် သင်တို့ကိုယ်တိုင်ကိုမဆို ထားနှင့်၊ ငါတို့ပင်လျှင် ယုံကြည်စိတ်ချစွာ ပြောဆိုထား ကြသောကြောင့် အရှက်ရကြလိမ့်မည်။-
4 a fim de, se acaso os macedônios vierem comigo e vos acharem desapercebidos, não nos envergonharmos nós (para não dizermos, vós) deste firme fundamento de glória.
5 ထို့ကြောင့် ညီအစ်ကိုတို့ကို သင်တို့ထံသို့ ငါ့ထက်အလျင်ဦးစွာသွား စေပြီးလျှင် သင်တို့ကတိထားရှိသောအလှူများကို ကြို တင်စုသိမ်းရန် လိုအပ်သည်ဟု ငါထင်မြင်၏။ ဤသို့ဖြင့် ငါရောက်လာသောအခါ အလှူသည် အဆင်သင့်ဖြစ်၍ ၎င်းသည် အနိုင်အထက်ပြုခြင်းကြောင့် လှူဒါန်းထားခြင်း မဟုတ်ဘဲ စေတနာဖြင့်လှူဒါန်းခြင်းဖြစ်ကြောင်း ပေါ်လွင် ထင်ရှားလိမ့်မည်။
5 Portanto, tive por coisa necessária exortar estes irmãos, para que, primeiro, fossem ter convosco e preparassem de antemão a vossa bênção já antes anunciada, para que esteja pronta como bênção e não como avareza.
6 မျိုးစေ့အနည်းငယ်ကိုကြဲသောသူသည် အနည်း ငယ်ကိုသာ ရိတ်ရမည်။ များစွာကြဲသောသူသည် များစွာ ရိတ်ရမည် ဟူသောအချက်ကို သတိရကြလော့။-
6 E digo isto: Que o que semeia pouco pouco também ceifará; e o que semeia em abundância em abundância também ceifará.
7 လူတိုင်းသည် မိမိစိတ်ထဲ၌ ဆုံးဖြတ်ထားသည့်အတိုင်း လှူရမည်။ တွန့်တိုသောစိတ်နှင့်မလှူရ။ မတတ်သာသောစိတ် ဖြင့်လည်း မလှူရ။ အကြောင်းမူကား ဘုရားသခင်သည် ဝမ်းမြောက်သောစိတ်ဖြင့်လှူဒါန်းသောသူကို နှစ်သက်တော်မူ၏။-
7 Cada um contribua segundo propôs no seu coração, não com tristeza ou por necessidade; porque Deus ama ao que dá com alegria.
8 ထို့အတူ ဘုရားသခင်သည် သင်တို့အား များ စွာသောကျေးဇူးတော်အမျိုးမျိုးတို့ဖြင့် ဖြည့်ဆည်းပေးနိုင် တော်မူ၏။ ဤသို့ဖြင့် သင်တို့သည် အရာရာ၌ အစဉ်အမြဲ အလုံအလောက်ရှိကြ၍ အလုံးစုံသောကောင်းမှုလုပ် ငန်းများ၌ အမြောက်အမြား ဖြည့်ဆည်း ပေးနိုင်ကြပေလိမ့်မည်။-
8 E Deus é poderoso para tornar abundante em vós toda graça, a fim de que, tendo sempre, em tudo, toda suficiência, superabundeis em toda boa obra,
9 ကျမ်းစာတော်မြတ်၌လည်း ရေးထားသည်မှာ သူ သည် အရပ်ရပ်သို့သွား၍ စွန့်ကြဲပြီး ဆင်းရဲသောသူတို့ အား ပေးကမ်းလေ၏။ သူ၏သဒ္ဓါတရားသည် အစဉ်အမြဲ တည်၏ဟူ၍ဖြစ်သတည်း။
9 conforme está escrito: Espalhou, deu aos pobres, a sua justiça permanece para sempre.
10 မျိုးစေ့ကြဲသောသူအား မျိုးစေ့ကိုဖြည့်ဆည်းပေး၍ အစာအာဟာရအတွက် ပေါင်မုန့်ကိုပေးတော်မူသောသူသည် သင်တို့၏ဥစ္စာများကို ဖြည့်တင်း၍ ပွားများစေပြီး သင်တို့၏ဖြောင့်မတ်ခြင်းအသီးအနှံများကိုလည်း တိုး ပွားစေလိမ့်မည်။-
10 Ora, aquele que dá a semente ao que semeia e pão para comer também multiplicará a vossa sementeira e aumentará os frutos da vossa justiça;
11 သင်တို့သည် ရက်ရောစွာဖြင့် အများ အပြားပေးကမ်းစွန့်ကြဲနိုင်ရန် အရာရာ၌ ပြည်စုံကြွယ်၀ကြလိမ့်မည်။ လူတို့သည် လည်း ငါတို့မှတစ်ဆင့် ရရှိသော ထိုအလှူများကြောင့် ဘုရားသခင်၏ကျေးဇူးတော်ကိုချီး မွမ်းကြလိမ့်မည်။-
11 para que em tudo enriqueçais para toda a beneficência, a qual faz que por nós se deem graças a Deus.
12 အကြောင်းမူကား ဤအမှုတော်ကို ဆောင်ရွက်ခြင်းသည် သန့်ရှင်းသူတို့၏လိုအပ်ချက်များ ကိုဖြည့်ဆည်းပေးသည့်အပြင် ဘုရားသခင်အားကျေးဇူး တင်ချီးမွမ်းခြင်းကိုလည်း တိုးပွားစေလေ၏။-
12 Porque a administração desse serviço não só supre as necessidades dos santos, mas também redunda em muitas graças, que se dão a Deus,
13 ဤသို့ ပေးကမ်းစွန့်ကြဲခြင်းအမှုကို ဆောင်ရွက်ကြသောအခါ ခရစ်တော်၏ဧဝံဂေလိတရားတော်ကိုဝန်ခံရာ၌ ထားရှိသည့် သင်တို့၏နာခံခြင်းကိုလည်းကောင်း၊ သန့်ရှင်းသူများနှင့် အခြားသူအားလုံးတို့အတွက် ရက်ရောစွာပေးကမ်းကြသည့် သင်တို့၏ သဒ္ဓါတရားကိုလည်းကောင်း သူတို့တွေ့ရှိကြသဖြင့် သူတို့သည် ဘုရားသခင်၏ဘုန်းဂုဏ်တော်ကို ချီးမွမ်းထောမနာပြု ကြလိမ့်မည်။-
13 visto como, na prova desta administração, glorificam a Deus pela submissão que confessais quanto ao evangelho de Cristo, e pela liberalidade de vossos dons para com eles e para com todos,
14 တစ်ချိန်တည်းတွင် ပင်သင်တို့၌ တည်ရှိတော်မူသော ဘုရားသခင်၏ထူးမြတ်သည့်ကျေးဇူးတော်ကြောင့် သူတို့သည် သင်တို့ကို တမ်းတမြတ်နိုးကြ၍ သင်တို့အတွက် ဆုတောင်းပေး ကြ၏။-
14 e pela sua oração por vós, tendo de vós saudades, por causa da excelente graça de Deus que em vós há.
15 စာဖြင့်မဖော်ပြနိုင်သောကိုယ်တော်၏ဆုကျေးဇူး အတွက် ဘုရားသခင်၏ကျေးဇူးတော်ကိုချီးမွမ်းပါ၏။
15 Graças a Deus, pois, pelo seu dom inefável.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar 2 Coríntios 9, comparar traduções ou montar um estudo — tudo direto pelo WhatsApp.