2 Coríntios 10

ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM)

1 သင်တို့ရှေ့တွင်ရှိသောအခါ နှိမ့်ချ၍ သင်တို့နှင့်ဝေးသောအခါ ရဲဝံ့စွာပြောဆိုတတ်သော ငါပေါ လုသည် ခရစ်တော်၏ နူးညံ့ သိမ့်မွေ့ခြင်းကိုအမှီပြု၍ သင်တို့အား တောင်းပန်ပါ၏။-

2 ငါသည် သင်တို့နှင့်အတူရှိ သောအခါ ယုံကြည်စိတ်အပြည့်ဖြင့် ရဲဝံ့စွာ မပြောရစေ မည့်အကြောင်း ငါတောင်းပန်ပါ၏။ ငါတို့သည် လောကီ ဆန်ဆန်ပြုမူနေကြသည်ဟု ထင်မှတ်ကြသောသူတို့ကိုမူ ငါသည် ရဲဝံ့စွာပြောဆိုရန် ရည်ရွယ်ထား၏။-

3 အဘယ် ကြောင့်ဆိုသော် ငါတို့သည် လောကထဲတွင် အသက်ရှင်နေထိုင်ကြသော်လည်း လောက၏စစ်မက်ကိုတိုက် ခိုက်နေကြသည်မဟုတ်ပေ။-

4 အကြောင်းမူကား ငါတို့၏ စစ်လက်နက်များမှာ လောကီနှင့်ဆိုင်သောလက်နက် များမဟုတ်ဘဲ ခံတပ်များကိုဖျက်ဆီးနိုင် သော ဘုရား သခင်၏တန်ခိုးတော်ဖြစ်သောကြောင့်တည်း။-

5 ငါတို့ သည် ဘုရားသခင်ကိုသိရှိနိုင်ရေးတွင် အဟန့်အတားဖြစ် နေသည့် အငြင်းပွားမှုများကိုလည်းကောင်း၊ မောက်မာ သောအတားအဆီးမှန်သမျှကိုလည်းကောင်း ဖျက်ဆီး၍ အကြံအစည်မှန်သမျှကိုလည်း ခရစ်တော်၌နာခံရန် ဆွဲ ဆောင်ကြ၏။-

6 သင်တို့အပြည့်အဝနာခံပြီးသောအခါ တွင် နာခံခြင်းမရှိသောအမှုတိုင်းကို အပြစ်ဒဏ်ပေးရန် ငါတို့အဆင်သင့်ရှိကြ၏။

7 သင်တို့၏မျက်မှောက်၌ရှိသောအရာကို ကြည့်ကြ လော့။ အကြင်သူသည် မိမိကိုယ်ကို ခရစ်တော်၏နောက် လိုက်ဖြစ်သည်ဟု ယုံကြည်ထားပါလျှင် သူသည် ခရစ်တော်၏နောက်လိုက်ဖြစ်သည့်နည်းတူ ငါတို့သည်လည်း ခရစ်တော်၏နောက်လိုက် ဖြစ်ကြောင်း မိမိကိုယ်ကို သတိပေးပါစေ။-

8 အကြောင်းမူကားသင်တို့အား ဖျက်ဆီးရန် မဟုတ်ဘဲ ပြုစုပျိုးထောင်ပေးရန်အလို့ငှာ သခင်ဘုရားပေးအပ်တော်မူသော ငါတို့၏ဩဇာအာဏာကို ငါသည် အနည်းငယ်ဝါကြွားပြောဆိုမိပါကလည်း အရှက်ရလိမ့်မည်မဟုတ်ပေ။-

9 ငါသည် သင်တို့ကို စာများရေး၍ ခြိမ်း ခြောက်နေသည်ဟု မထင်မှတ်စေလိုပေ။-

10 အကြောင်းမူ ကား ထိုသူတို့က သူ၏စာများသည် လေးနက်၍ ပြင်းထန်လှ၏၊ သို့သော် သူ၏ပုံပန်းသဏ္ဌာန်မှာမူကား အထင်ကြီး ဖွယ်ရာမရှိ၊ သူ၏ဟောပြောချက်သည်လည်း မပြောပ လောက်ပေဟု ဆိုကြ၏။-

11 ငါတို့သည် ကိုယ်တိုင်မလာ စဉ်က စာဖြင့်ရေးထားသောအရာတို့ကို ကိုယ်တိုင်လာ သောအခါ ကျင့်ကြံပြုမူကြကြောင်းကို ထိုသူတို့နားလည် ကြပါစေ။-

12 ငါတို့သည် မိမိတို့ကိုယ်ကို ချီးမွမ်းသောသူ အချို့တို့နှင့် အဆင့်အတန်းတူစေခြင်း၊ သို့မဟုတ် ပြိုင်ဆိုင် ခြင်းစသည်တို့ကို မပြုလုပ်ဝံ့ပေ။ သို့သော် ထိုသူတို့သည် အချင်းချင်း အကဲဖြတ်၍ ပြိုင်ဆိုင်ကြခြင်းဖြင့် မိမိတို့၏ မိုက်မဲမှုကို ပြသကြ၏။

13 ငါတို့သည်ကား ငါတို့၏အတိုင်းအတာကိုကျော် လွန်၍ ဝါကြွားလိမ့်မည်မဟုတ်ဘဲ ငါတို့၌ ဘုရားသခင် သတ်မှတ်ပေး ထားသည့်ဘောင်အတွင်း၌သာ နေထိုင် ပြောဆိုကြမည်။ ဤသို့ဆိုရာ၌ သင်တို့အကြားတွင် အမှု တော်ဆောင်ခြင်းသည်လည်း အပါအဝင်ဖြစ်၏။-

14 ငါတို့ သည် သင်တို့ထံသို့မရောက်ခဲ့ဖူးသည့်ပုံသဏ္ဌာန်မျိုးဖြင့် ငါတို့၏အကန့်အသတ်နယ်ပယ်ကိုကျော်လွန်လာကြ သည် မဟုတ်ပေ။ အမှန်စင်စစ် ငါတို့သည် ခရစ်တော်၏ ဧဝံဂေလိသတင်းကောင်းနှင့်အတူ သင်တို့ရှိရာသို့ ဦးစွာ ပထမရောက်ရှိလာကြ သူများဖြစ်ကြ၏။-

15 ငါတို့သည် အကန့်အသတ်နယ်ပယ်ကိုကျော်လွန်၍ အခြားသူတို့၏ လုပ်ဆောင်ချက်များအပေါ်၌ ဝါကြွားကြသည်မဟုတ်။ သို့သော် ငါတို့၏မျှော်လင့်ချက်မှာ သင်တို့၏ယုံကြည်ခြင်း တိုးပွားလာသည်နှင့်အမျှ သင်တို့အလယ်၌ရှိသော ငါတို့၏ နယ်ပယ်သည်လည်း များစွာကျယ်ပြန့်လာစေရန်ပင် ဖြစ်၏။-

16 ဤသို့ဖြင့် ငါတို့သည် သင်တို့ရှိသောအရပ်ကို ကျော်လွန်ပြီးလျှင် အခြားသောနယ်ပယ်တို့၌ ဧဝံဂေလိ သတင်းကောင်းကို ဟောပြောနိုင်ကြပေလိမ့်မည်။ ထိုသို့ ပြုလုပ်ရာတွင် ငါတို့သည် အခြားသူတို့၏နယ်မြေ၌ ရှိနှင့် ပြီးသောလုပ်ဆောင်ချက်များ အပေါ်တွင် ဝါကြွားခြင်းပြု ကြလိမ့်မည်မဟုတ်ပေ။-

17 ဂုဏ်ယူဝါကြွားသောသူသည်ကား သခင်ဘုရားအတွက်သာ ဂုဏ်ယူဝါကြွားပါစေ။-

18 အကြောင်းမူကား သခင်ဘုရားနှစ်သက်လက်ခံတော်မူ သောသူသည်ကား မိမိကိုယ်ကို ချီးမြှောက်သောသူ မဟုတ်ဘဲ ကိုယ်တော်ချီးမြှောက်တော်မူသောသူသာ ဖြစ်သောကြောင့်တည်း။

Ler em outra tradução

Comparar lado a lado

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar 2 Coríntios 10, comparar traduções ou montar um estudo — tudo direto pelo WhatsApp.