1 João 4

ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs VC

Sair da comparação
VC Versão Católica
1 ချစ်မိတ်ဆွေတို့၊ ဝိညာဉ်တိုင်းကို မယုံကြည်ကြနှင့်။ ၎င်းတို့သည် ဘုရားသခင်ထံမှလာခြင်း ဟုတ်၊ မဟုတ်ကို စမ်းသပ်စစ် ဆေးကြလော့။ အကြောင်း မူကား များစွာသောပရောဖက်အတုအယောင်တို့သည် ဤလောကထဲသို့ ဝင်ရောက်ခဲ့ကြလေပြီ။-
1 Caríssimos, não deis fé a qualquer espírito, mas examinai se os espíritos são de Deus, porque muitos falsos profetas se levantaram no mundo.
2 သင်တို့သည် ဤအချက်ဖြင့် ဘုရားသခင်၏ဝိညာဉ်တော်ကိုသိနိုင်ကြ၏။ ယေဇူးခရစ်တော်သည် လူ့ဇာတိအဖြစ်၌ ကြွလာတော်မူကြောင်းကို ဝန်ခံသောဝိညာဉ်တိုင်းသည် ဘုရားသခင်ထံမှဖြစ်ကြ၏။-
2 Nisto se reconhece o Espírito de Deus: todo espírito que proclama que Jesus Cristo se encarnou é de Deus;
3 ယေဇူးသခင်သည် ဘုရား သခင်ထံမှဖြစ်ကြောင်းကို အသိအမှတ်မပြုသောဝိညာဉ်သည် ဘုရားသခင်ထံမှမဟုတ်ဘဲ ခရစ်တော်အား ဆန့် ကျင်သူ၏ဝိညာဉ်ဖြစ်၏။ ခရစ်တော်အား ဆန့်ကျင်သူ ထွက်ပေါ်လာမည့်အကြောင်းကို သင်တို့ကြားခဲ့ကြပြီ ဖြစ်၍ ယခုထိုသူသည် ဤကမ္ဘာလောကအတွင်း၌ ရောက်ရှိနေလေပြီ။-
3 todo espírito que não proclama Jesus esse não é de Deus, mas é o espírito do Anticristo de cuja vinda tendes ouvido, e já está agora no mundo.
4 သားသမီးတို့၊ သင်တို့သည် ဘုရား သခင်ထံမှဖြစ်ကြ၍ ထိုသူတို့ကို အောင်မြင်ခဲ့ကြလေပြီ။ အကြောင်းမူကား သင်တို့၌ တည်ရှိတော်မူသောအရှင်သည် ကမ္ဘာလောကထဲ၌ ရှိသောသူထက် ကြီးမြတ် တော်မူသောကြောင့်ဖြစ်၏။-
4 Vós, filhinhos, sois de Deus, e os vencestes, porque o que está em vós é maior do que aquele que está no mundo.
5 ထိုဝိညာဉ်တို့သည် ဤကမ္ဘာလောကမှဖြစ်ကြပြီး သူတို့ပြောဆိုသမျှသည်လည်း ကမ္ဘာလောကနှင့်သက်ဆိုင်၏။ ကမ္ဘာ လောကသည်လည်း သူတို့ကို နားထောင်လေ၏။-
5 Eles são do mundo. É por isto que falam segundo o mundo, e o mundo os ouve.
6 ငါတို့သည် ဘုရားသခင်ထံမှဖြစ်ကြ၏။ ဘုရားသခင်ကိုသိသောသူ ဟူသမျှသည် ငါတို့ကိုနားထောင်၏။ ဘုရားသခင်ထံ မှမဟုတ်သောသူသည် ငါတို့ကိုနားမထောင်ပေ။ ဤအချက်အားဖြင့် ငါတို့သည် သမ္မာတရား၏ဝိညာဉ်နှင့်မှားယွင်းခြင်း၏ ဝိညာဉ်ကို ခွဲခြားသိနိုင်ကြ၏။
6 Nós, porém, somos de Deus. Quem conhece a Deus, ouve-nos; quem não é de Deus, não nos ouve. É nisto que conhecemos o Espírito da Verdade e o espírito do erro.
7 ချစ်မိတ်ဆွေတို့၊ အချင်းချင်း တစ်ဦးကိုတစ်ဦး ချစ်ခင်ကြကုန်စို့။ အကြောင်းမူကား ချစ်ခြင်းမေတ္တာသည် ဘုရားသခင် ထံမှဖြစ်၏။ ချစ်ခြင်းမေတ္တာရှိသူသည် ဘုရားသခင်ထံမှ ဖြစ်ပေါ်လာ၍ ဘုရားသခင်ကိုသိလေ၏။-
7 Caríssimos, amemo-nos uns aos outros, porque o amor vem de Deus, e todo o que ama é nascido de Deus e conhece a Deus.
8 ချစ်ခြင်းမေတ္တာမရှိသောသူသည် ဘုရားသခင်ကိုမသိချေ။ အကြောင်းမူကား ဘုရားသခင်သည် ချစ်ခြင်းမေတ္တာ ဖြစ်တော်မူ၏။-
8 Aquele que não ama não conhece a Deus, porque Deus é amor.
9 ငါတို့သည် သားတော်အားဖြင့် အသက်ရှင်နိုင်ကြရန် ဘုရားသခင်သည် မိမိ၏တစ်ပါးတည်းသောသားတော်ကို ဤလောကသို့စေလွှတ်တော်မူခဲ့ခြင်းအားဖြင့် ဘုရားသခင်၏ချစ်ခြင်းမေတ္တာသည် ငါတို့အလယ်တွင် ပေါ်လွင်ထင်ရှားခဲ့၏။-
9 Nisto se manifestou o amor de Deus para conosco: em nos ter enviado ao mundo o seu Filho único, para que vivamos por ele.
10 ဤအမှုအရာတွင် ချစ်ခြင်းမေတ္တာတည်ရှိလေ၏။ ထိုချစ်ခြင်းမေတ္တာသည် ကား ငါတို့က ဘုရားသခင်ကို ချစ်ခြင်းမဟုတ်ဘဲ ဘုရားသခင်က ငါတို့ကိုချစ်တော်မူ၍ မိမိ၏သားတော်ကို ငါတို့၏အပြစ်များအတွက် အပြစ်ဖြေရာယဇ်တော်အဖြစ်စေ လွှတ်တော်မူခဲ့ခြင်းပင်ဖြစ်၏။-
10 Nisto consiste o amor: não em termos nós amado a Deus, mas em ter-nos ele amado, e enviado o seu Filho para expiar os nossos pecados.
11 ချစ်မိတ်ဆွေတို့၊ ဘုရားသခင်သည် ငါတို့ကို ဤမျှအထိချစ်တော်မူလျှင် ငါတို့သည်လည်း အချင်းချင်းချစ်သင့်၏။-
11 Caríssimos, se Deus assim nos amou, também nós nos devemos amar uns aos outros.
12 မည်သည့်လူသားမျှ ဘုရားသခင်ကို မမြင်ဖူးပေ။ ငါတို့သည် အချင်းချင်း ချစ်ခင်ကြပါလျှင် ဘုရားသခင်သည် ငါတို့၌ တည်ရှိတော်မူပြီး ကိုယ်တော်၏ချစ်ခြင်းမေတ္တာသည်လည်း ငါတို့၌ ပြည့်စုံခြင်းသို့ ရောက်လေ၏။
12 Ninguém jamais viu a Deus. Se nos amarmos mutuamente, Deus permanece em nós e o seu amor em nós é perfeito.
13 ဘုရားသခင်သည် ငါတို့အား မိမိ၏ဝိညာဉ်တော်ကို ပေးသနားတော်မူသောကြောင့် ငါတို့သည် ကိုယ်တော်၌ တည်ရှိ၍ ကိုယ်တော်သည်လည်း ငါတို့၌တည်ရှိတော် မူကြောင်းကို ငါတို့သိကြ၏။-
13 Nisto é que conhecemos que estamos nele e ele em nós, por ele nos ter dado o seu Espírito.
14 အဖခမည်းတော်သည် မိမိ၏သားတော်ကို ဤကမ္ဘာလောက၏ကယ်တင်ရှင် အဖြစ် စေလွှတ်တော်မူခဲ့ကြောင်း ငါတို့တွေ့ မြင်ခဲ့ကြပြီး သက်သေခံကြ၏။-
14 E nós vimos e testemunhamos que o Pai enviou seu Filho como Salvador do mundo.
15 ယေဇူးသည် ဘုရားသခင်၏သားတော်ဖြစ်တော်မူကြောင်းကို ယုံကြည်ဝန်ခံသူတိုင်း၌ ဘုရားသခင်တည်ရှိတော်မူ၍ ထိုသူသည်လည်း ဘုရားသခင်၌ တည်ရှိလေ၏။-
15 Todo aquele que proclama que Jesus é o Filho de Deus, Deus permanece nele e ele em Deus.
16 သို့ဖြစ်၍ ငါတို့သည် ဘုရား သခင်က ငါတို့အပေါ်ထားရှိသောချစ်ခြင်းမေတ္တာကို သိ ရှိ၍ ယုံကြည်ကြ၏။ ဘုရားသခင်သည် ချစ်ခြင်းမေတ္တာ ဖြစ်တော်မူ၏။ ချစ်ခြင်းမေတ္တာ၌ တည်ရှိသောသူသည် ဘုရားသခင်၌တည်ရှိ၍ ဘုရားသခင်သည်လည်း ထိုသူ ၌ တည်ရှိတော်မူ၏။-
16 Nós conhecemos e cremos no amor que Deus tem para conosco. Deus é amor, e quem permanece no amor permanece em Deus e Deus nele.
17 ငါတို့သည် ဤကမ္ဘာလောက၌ ခရစ်တော်ကဲ့သို့ဖြစ်ကြသောကြောင့် တရားစီရင်တော် မူမည့်နေ့၌ ယုံကြည်စိတ်ချမှု ရှိစေခြင်းငှာ ချစ်ခြင်းမေတ္တာသည် ငါတို့၌ ပြည့်စုံခြင်းသို့ရောက်လေ၏။-
17 Nisto é perfeito em nós o amor: que tenhamos confiança no dia do julgamento, pois, como ele é, assim também nós o somos neste mundo.
18 ချစ်ခြင်းမေတ္တာ၌ ကြောက်ရွံ့ခြင်းဟူ၍မရှိဘဲ ပြည့်စုံသောချစ်ခြင်းမေတ္တာသည် ကြောက်ရွံ့စိတ်ကို ဖယ်ရှားလေ၏။ အကြောင်းမူကား ကြောက်ရွံ့ခြင်းသည် အပြစ်ဒဏ်ခံရမှသာ ဖြစ်ပေါ်လာသောကြောင့် ကြောက်ရွံ့သောသူသည် ချစ်ခြင်း မေတ္တာ၌ ပြည့်စုံခြင်းသို့မရောက်သေးပေ။-
18 No amor não há temor. Antes, o perfeito amor lança fora o temor, porque o temor envolve castigo, e quem teme não é perfeito no amor.
19 ရှေးဦးစွာ ဘုရားသခင်သည် ငါတို့ကို ချစ်တော်မူသဖြင့် ငါတို့သည်လည်းချစ်ကြ၏။-
19 Mas amamos, porque Deus nos amou primeiro.
20 တစ်စုံတစ်ယောက်က ငါသည် ဘုရားသခင်ကိုချစ်သည်ဟုဆိုပြီး မိမိ၏ညီအစ်ကို ကိုမုန်းတီးလျှင် ထိုသူသည် လိမ်ညာ သူဖြစ်၏။ အဘယ် ကြောင့်ဆိုသော် မိမိမြင်ဖူးသည့်ညီအစ်ကိုကို မချစ် သောသူသည် မမြင်ဖူးသောဘုရားသခင်ကို မည်သို့ချစ် နိုင်မည်နည်း။-
20 Se alguém disser: Amo a Deus, mas odeia seu irmão, é mentiroso. Porque aquele que não ama seu irmão, a quem vê, é incapaz de amar a Deus, a quem não vê.
21 ဘုရားသခင်ထံတော်မှ ငါတို့ရရှိခဲ့သော ပညတ်တော်သည်ကား ဘုရားသခင်အား ချစ်သောသူ သည် မိမိ၏ညီအစ်ကိုကို လည်း ချစ်ရမည်ဟူ၍ဖြစ်သ တည်း။
21 Temos de Deus este mandamento: o que amar a Deus, ame também a seu irmão.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar 1 João 4, comparar traduções ou montar um estudo — tudo direto pelo WhatsApp.