1 João 3

ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs VC

Sair da comparação
VC Versão Católica
1 ငါတို့သည် ဘုရားသခင်၏သားသမီးများဟုခေါ် ဆိုခြင်းခံရသည်ကိုထောက်၍ အဖခမည်းတော်ဘုရားသည် ငါတို့ကို မည်သို့ သောချစ်ခြင်းဖြင့် ချစ်တော် မူကြောင်း သိမြင်ကြလော့။ ငါတို့သည်လည်း အမှန်ပင် ဘုရားသခင်၏သားသမီးများဖြစ်ကြ၏။ ကမ္ဘာလောက သည် ငါတို့ကို မသိသည့်အကြောင်းရင်းမှာ ၎င်းသည် ကိုယ်တော့်ကို မသိခြင်းပင်ဖြစ်၏။-
1 Considerai com que amor nos amou o Pai, para que sejamos chamados filhos de Deus. E nós o somos de fato. Por isso, o mundo não nos conhece, porque não o conheceu.
2 ချစ်မိတ်ဆွေတို့၊ ယခု ငါတို့သည် ဘုရားသခင်၏သားသမီးများဖြစ်ကြ၏။ နောင်တွင် ငါတို့သည် မည်ကဲ့သို့သောသူများ ဖြစ်မည်ကို မသိရသေးသော်လည်း ကိုယ်တော်ကြွလာတော်မူသော အခါငါတို့သည် ကိုယ်တော်ကဲ့သို့ဖြစ်ကြလိမ့်မည်ကို ငါတို့သိကြ၏။ အကြောင်းမူကား ငါတို့သည် ကိုယ်တော့်ကို ပကတိအရှိအတိုင်း ဖူးမြင်ကြရမည်ဖြစ်သောကြောင့်တည်း။-
2 Caríssimos, desde agora somos filhos de Deus, mas não se manifestou ainda o que havemos de ser. Sabemos que, quando isto se manifestar, seremos semelhantes a Deus, porquanto o veremos como ele é.
3 ဤကဲ့သို့ ကိုယ်တော်၌ မျှော်လင့်ထားသောသူ တိုင်းသည် ကိုယ်တော်ကဲ့သို့သန့်ရှင်းစင်ကြယ်ခြင်းရှိရန် မိမိကိုယ်ကို သန့်စင်ကြလေ၏။
3 E todo aquele que nele tem esta esperança torna-se puro, como ele é puro.
4 အပြစ်ကျူးလွန်သူတိုင်းသည် တရားမဲ့စွာ ပြုမူလေ၏။ အကြောင်းမူကား အားလုံးသောအပြစ်တို့သည် တရားမဲ့ခြင်း ပင်ဖြစ်၏။-
4 Todo aquele que peca transgride a lei, porque o pecado é transgressão da lei.
5 ကိုယ်တော်သည် အပြစ်များကို ဖယ်ရှားခြင်းငှာ ထင်ရှားပေါ်ထွန်းလာတော်မူကြောင်းကို သင်တို့သိကြ၏။ ကိုယ်တော်၌ အပြစ်တစ်စုံတစ်ရာမျှမရှိ။-
5 Sabeis que {Jesus} apareceu para tirar os pecados, e que nele não há pecado.
6 ကိုယ်တော်၌တည်ရှိသောသူသည်လည်း အပြစ်ကျူးလွန်ခြင်းမရှိပေ။ အပြစ်ကျူးလွန်သောသူမည်သူမျှ ကိုယ်တော်ကို မမြင်ဖူးသကဲ့သို့ သိရှိခြင်းလည်းမရှိပေ။ -
6 Todo aquele que permanece nele não peca; e todo o que peca não o viu, nem o conheceu.
7 သားသမီးတို့၊ သင်တို့ကို မည်သူကမျှ မလှည့်ဖြားစေနှင့်။ ကိုယ်တော်သည် ဖြောင့်မတ်တော်မူသကဲ့သို့ မှန်ကန်စွာ ပြုကျင့် သောသူသည် ဖြောင့်မတ်လေ၏။-
7 Filhinhos, ninguém vos seduza: aquele que pratica a justiça é justo, como também {Jesus} é justo.
8 အပြစ်ကျူးလွန်သောသူသည် နတ်ဆိုးနှင့်သက်ဆိုင်သောသူဖြစ်၏။ အကြောင်းမူကား နတ်ဆိုးသည် အစဦးကပင် အပြစ် ကျူးလွန်ခဲ့သောကြောင့်ဖြစ်၏။ ဘုရားသခင်၏သား တော်ထင်ရှားပေါ်ထွန်းလာရသည့်အကြောင်းရင်းကား နတ်ဆိုး၏လုပ်ရပ် များကို ဖျက်ဆီးရန်ပင်ဖြစ်၏။-
8 Aquele que peca é do demônio, porque o demônio peca desde o princípio. Eis por que o Filho de Deus se manifestou: para destruir as obras do demônio.
9 ဘုရားသခင်ထံမှထွက်ပေါ်လာသောသူသည် အပြစ်ကျူးလွန်ခြင်းမရှိပေ။ အကြောင်းမူကား ဘုရားသခင်၏ဇာတိတော် သည် ထိုသူ၌ ရှိသောကြောင့်ဖြစ်၏။ သူသည် ဘုရားသခင်ထံမှထွက်ပေါ်လာသောကြောင့် အပြစ်ကို မကျူးလွန်နိုင်ပေ။-
9 Todo o que é nascido de Deus não peca, porque o germe divino reside nele; e não pode pecar, porque nasceu de Deus.
10 ဤအချက်အားဖြင့် မည်သူသည် ဘုရားသခင်၏သားသမီးဖြစ်ကြောင်းနှင့် မည်သူသည် နတ်ဆိုး၏သားသမီးဖြစ်ကြောင်း သိနိုင်၏။ မှန်ကန်စွာ မပြုကျင့်သောသူနှင့် မိမိ၏ညီအစ်ကိုကို မချစ်သောသူ သည် ဘုရားသခင်ထံမှ လာသောသူမဟုတ်ပေ။
10 É nisto que se conhece quais são os filhos de Deus e quais os do demônio: todo o que não pratica a justiça não é de Deus, como também aquele que não ama o seu irmão.
11 ငါတို့သည် အချင်းချင်းတစ်ဦးကိုတစ်ဦးချစ်ရမည် ဟူသောအချက်မှာ အစဦးကတည်းက ငါတို့ကြားနာခဲ့ ကြသောသတင်း စကားပင်ဖြစ်၏။-
11 Pois esta é a mensagem que tendes ouvido desde o princípio: que nos amemos uns aos outros.
12 နတ်ဆိုးထံမှလာပြီး မိမိ၏ညီကိုသတ်ဖြတ်သောကိန္နကဲ့သို့ ငါတို့မဖြစ်သင့်ပေ။ သူသည် အဘယ်ကြောင့် မိမိ၏ညီကို သတ်ဖြတ်ခဲ့သနည်း။ အဘယ်ကြောင့်ဆိုသော် သူ၏လုပ်ရပ်များသည် ဆိုးယုတ်၍ သူ့ညီ၏လုပ်ရပ်များသည် ဖြောင့်မတ် သောကြောင့်ဖြစ်၏။-
12 Não façamos como Caim, que era do Maligno e matou seu irmão. E por que o matou? Porque as suas obras eram más, e as do seu irmão, justas.
13 ညီအစ်ကိုတို့၊ ကမ္ဘာလောကက သင်တို့ကို မုန်းတီးသည့်အကြောင်းကို သင်တို့မအံ့ဩ ကြနှင့်။-
13 Não vos admireis, irmãos, se o mundo vos odeia.
14 ငါတို့သည် ညီအစ်ကိုတို့ကို ချစ်သောကြောင့် သေခြင်းမှအသက်ရှင်ခြင်းသို့ ကူးပြောင်းခဲ့ကြသည်ကို ငါတို့သိကြ၏။ မချစ်တတ်သောသူသည် သေခြင်း၌ဆက်လက်တည်ရှိနေ၏။-
14 Nós sabemos que fomos trasladados da morte para a vida, porque amamos nossos irmãos. Quem não ama permanece na morte.
15 မိမိ၏ညီအစ်ကိုကို မုန်းတီးသောသူသည် လူသတ်သမားပင်ဖြစ်၏။ မည်သည့်လူ သတ်သမား၌မျှ ထာ၀ရအသက် မတည်ကြောင်းကို သင်တို့သိကြ၏။-
15 Quem odeia seu irmão é assassino. E sabeis que a vida eterna não permanece em nenhum assassino.
16 ကိုယ်တော်သည် ငါတို့အတွက် မိမိ၏အသက်တော်ကို စွန့်တော်မူခြင်းကြောင့် ငါတို့သည် ချစ်ခြင်းမေတ္တာကိုသိကြရ၏။ ငါတို့သည်လည်း ညီအစ်ကိုတို့အတွက် ငါတို့၏အသက်ကိုစွန့်သင့်၏။-
16 Nisto temos conhecido o amor: {Jesus} deu sua vida por nós. Também nós outros devemos dar a nossa vida pelos nossos irmãos.
17 သို့ သော် တစ်စုံတစ်ယောက်သည် လောကီဥစ္စာပစ္စည်းတို့ ကို ပိုင်ဆိုင်လျက်ရှိစဉ် မိမိ၏ညီအစ်ကို၌ ဥစ္စာချို့တဲ့သည် ကို မြင်သော်လည်း မိမိ၏စိတ်နှလုံး၌ ထိုသူ့အတွက် ကရုဏာစိတ်မရှိလျှင် ဘုရားသခင်၏ချစ်ခြင်းမေတ္တာ သည် ထိုသူ၌ မည်ကဲ့သို့ တည်ရှိမည်နည်း။-
17 Quem possuir bens deste mundo e vir o seu irmão sofrer necessidade, mas lhe fechar o seu coração, como pode estar nele o amor de Deus?
18 သားသမီးတို့၊ ငါတို့သည် စကားအရ၊ သို့မဟုတ် အပြောအားဖြင့် ချစ်ခြင်းမဟုတ်ဘဲ အပြုအမူအားဖြင့်လည်းကောင်း၊ သမ္မာတရားအားဖြင့်လည်းကောင်း ချစ်မြတ်နိုးကြစို့။
18 Meus filhinhos, não amemos com palavras nem com a língua, mas por atos e em verdade.
19 ဤသို့အားဖြင့် ငါတို့သည် သမ္မာတရားနှင့်သက်ဆိုင်ကြောင်းကို သိရှိလာကြပြီး ငါတို့၏စိတ်နှလုံးသည် ငါတို့ကို ပြစ်တင်ရှုတ်ချသည့်အခါတိုင်း ကိုယ်တော်၏ရှေ့တော်၌ ငါတို့စိတ်နှလုံး၏ပူပန်သောကကို ဖြေဖျောက်နိုင်ပေလိမ့်မည်။ အကြောင်းမူကား ဘုရားသခင်သည် ငါတို့ ၏စိတ်နှလုံးထက် ကြီးမြတ်ပြီး အရာခပ်သိမ်းတို့ကို သိ မြင်တော်မူ၏။-
19 Nisto é que conheceremos se somos da verdade, e tranqüilizaremos a nossa consciência diante de Deus,
20 ချစ်မိတ်ဆွေတို့၊ ငါတို့၏စိတ်နှလုံးများက ငါတို့ကို ပြစ်တင်ရှုတ်ချခြင်းမပြုလျှင် ငါတို့သည် ဘုရား သခင်၏ရှေ့တော်၌ ယုံကြည်စိတ်ချမှုရှိကြ၏။-
20 caso nossa consciência nos censure, pois Deus é maior do que nossa consciência e conhece todas as coisas.
21 ငါတို့ တောင်းခံသမျှကိုလည်း ကိုယ်တော့်ထံမှ ငါတို့ရရှိကြ၏။ အကြောင်းမူကား ငါတို့သည် ကိုယ်တော်၏ပညတ် တော်များ ကို စောင့်ထိန်း၍ ကိုယ်တော်နှစ်သက်ရာကို ပြုလုပ်ကြသောကြောင့်ဖြစ်၏။-
21 Caríssimos, se a nossa consciência nada nos censura, temos confiança diante de Deus,
22 ကိုယ်တော်၏ပညတ် တော်သည်ကား ငါတို့သည် ဘုရားသခင်၏သားတော် ယေဇူးခရစ်တော်၏နာမတော်ကို ယုံကြည်ကြ၍ ငါတို့ အား ကိုယ်တော်မိန့်တော်မူသည့်အတိုင်း အချင်းချင်း ချစ်ကြရမည်ဟူ၍ဖြစ်သတည်း။-
22 e tudo o que lhe pedirmos, receberemos dele porque guardamos os seus mandamentos e fazemos o que é agradável a seus olhos.
23 ကိုယ်တော်၏ပညတ်တော်များကို စောင့်ထိန်းသောသူအပေါင်းတို့သည် ကိုယ်တော်၌တည်ရှိနေကြ၍ ကိုယ်တော်သည် လည်း သူတို့၌ တည်တော်မူ၏။ ကိုယ်တော်သည် ငါတို့အား ပေးသနား တော်မူသောဝိညာဉ်တော်သည်ကား ငါတို့၌ ကိုယ်တော် တည်ရှိတော်မူခြင်း၏သက်သေပင်ဖြစ်၏။
23 Eis o seu mandamento: que creiamos no nome do seu Filho Jesus Cristo, e nos amemos uns aos outros, como ele nos mandou.
24 — ausente —
24 Quem observa os seus mandamentos permanece em {Deus} e {Deus} nele. É nisto que reconhecemos que ele permanece em nós: pelo Espírito que nos deu.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar 1 João 3, comparar traduções ou montar um estudo — tudo direto pelo WhatsApp.