Romanos 11
rki (RKI) vs ARC
1 သို့ဖြစ်လျှင် ဘုရားသခင်သည် သူ၏လူမျိုးတိကို ထားပစ်ခယာလားဟု ငါ မိန်းသော်၊ ထိုသို့မဆိုလို။ ငါသည်လည်း ဣသရေလလူမျိုး၊ အာဗြဟံ၏မျိုးဆက်၊ ဗင်္ယာမိန်မျိုးနွယ်ဖြစ်၏။
1 Digo, pois: porventura, rejeitou Deus o seu povo? De modo nenhum! Porque também eu sou israelita, da descendência de Abraão, da tribo de Benjamim.
2 ဘုရားသခင်သည် အစကတည်းက သိမှတ်တော်မူသော မိမိလူတိကို ထားပစ်ခသည် မဟုတ်။ ဧလိယက ဣသရေလလူမျိုး တစ်ဖက်၌ ဘုရားသခင်အား တောင်းဆိုထားသည့် ကျမ်းစကားကို သင်ရို့ သိကြ၏။
2 Deus não rejeitou o seu povo, que antes conheceu. Ou não sabeis o que a Escritura diz de Elias, como fala a Deus contra Israel, dizendo:
3 ထိုကျမ်းစာ၌ “အို၊ ထာဝရဘုရား၊ သူရို့သည် ကိုယ်တော်၏ပရောဖက်တိကို သတ်ကြပြီးလျှင် ကိုယ်တော်၏ယဇ်ပလ္လင်များကို ဖြိုဖျက်ကြပါ၏။ အကျွန် တစ်ယောက်တည်းသာ ကျန်နိန်ခပြီဖြစ်၍ အကျွန့် အသက်ကိုပင် သတ်ဖို့ရန် ကြိုးစားနိန်ကြပါ၏၊” ဟူ၍ လျှောက်ထား၏။
3 Senhor, mataram os teus profetas e derribaram os teus altares; e só eu fiquei, e buscam a minha alma?
4 ထိုအခါ ဘုရားသခင်က ဧလိယကို ပြန်၍ မိန့်တော်မူသည်မှာ၊ “ဗာလနတ်ဘုရားကို မကိုးကွယ်သော လူ ၇,၀၀၀ သည် ငါ့အတွက် ကျန်နိန်သိမ့်၏” ဟု မိန့်တော်မူ၏။
4 Mas que lhe diz a resposta divina? Reservei para mim sete mil varões, que não dobraram os joelhos diante de Baal.
5 ထိုနည်းတူ အဂုကာလ၌ ဘုရားသခင်၏ကျေးဇူးတော်အားဖြင့် ရွီးကောက်ထားသောသူ အနည်းချေရာ ကျန်ကြွင်းလျက်ဟိ၏။
5 Assim, pois, também agora neste tempo ficou um resto, segundo a eleição da graça.
6 ကိုယ်တော်၏ရွီးကောက်တော်မူခြင်းသည် လူ့အကျင့်ကို ထောက်၍ မဟုတ်၊ မိမိ၏ကျေးဇူးတော်အားဖြင့်သာဖြစ်၏။ အကြောင်းမူကား ဘုရားသခင်၏ရွီးကောက်တော်မူခြင်းသည် လူအကျင့်အားဖြင့်သာ ဖြစ်လျှင် ကိုယ်တော်၏ကျေးဇူးတော်သည် စစ်မှန်သော ကျေးဇူးတော်ဖြစ်လိမ့်မည် မဟုတ်။
6 Mas, se é por graça, já não é pelas obras; de outra maneira, a graça já não é graça.
7 ဇာပိုင်လဲဆိုကေ၊ ဣသရေလလူရို့သည် သူရို့ ရှာသောအရာကို သူရို့ မတွိ့ကြ။ ဘုရားသခင်ရွီးကောက်ထားသည့် လူအနည်းချေတိရာ တွိ့ကြရ၏။ ကျန်ကြွင်းသော သူရို့သည်ကား နားမကြားနိုင်ကတ်ယာ။
7 Pois quê? O que Israel buscava não o alcançou; mas os eleitos o alcançaram, e os outros foram endurecidos.
8 ထိုသို့နှင့်အညီ ကျမ်းစာက ပြောထားသည်မှာ၊ “ဘုရားသခင်သည် သူရို့အား မမြင်နိုင်၊ မကြားနိုင်အောင် သူရို့၏စိတ်နှလုံးကို ယနိ့တိုင်အောင် အမိုက်တရားဖြင့် ဖုံးလွှမ်းထား၏” ဟူ၍ ဖြစ်၏။
8 Como está escrito: Deus lhes deu espírito de profundo sono: olhos para não verem e ouvidos para não ouvirem, até ao dia de hoje.
9 ပြီးနောက် ဒါဝိဒ်က ပြောထားခသည်မှာ၊
9 E Davi diz: Torne-se-lhes a sua mesa em laço, e em armadilha, e em tropeço, por sua retribuição;
10 သူရို့၏မျက်စိသည်လည်း မမြင်နိုင်အောင် အမှောင်ဖုံး ပါစီ။
10 escureçam-se-lhes os olhos para não verem, e encurvem-se-lhes continuamente as costas.
11 သို့ဖြစ်လျှင် ဣသရေလလူရို့သည် ခြီလျှော်၍ လဲကျသောအခါ ပျက်စီးခြင်းသို့ ရောက်ကြရသလားဟု ငါ မိန်းသော်၊ ထိုသို့ လုံးဝ မဟုတ်။ သူရို့သည် အပြစ်လုပ်သောကြောင့် ကယ်တင်ခြင်းသည် တခြားလူမျိုးတိပါးသို့ ရောက်လားရ၏။ အကြောင်းမှာ သူရို့သည် တခြားလူမျိုးတိကို မနာလိုဖြစ်စီရန် ဖြစ်၏။
11 Digo, pois: porventura, tropeçaram, para que caíssem? De modo nenhum! Mas, pela sua queda, veio a salvação aos gentios, para os incitar à emulação.
12 ဣသရေလလူမျိုးတိ အပြစ်လုပ်ခြင်းသည် လောကထဲသို့ ကောင်းကြီးမင်္ဂလာများစွာကို ယူဆောင်ပီးကြ၏။ တဖန် သူရို့၏ ကျယှုံးခြင်းသည် တခြားလူမျိုးတိ၌ ကောင်းကြီးမင်္ဂလာ ကြွယ်ဝခြင်းကို ဖြစ်စီတော်မူ၏။ ဣသရေလလူမျိုးအားလုံး ကယ်တင်ခြင်းခံကြသောအခါ ထိုကောင်းကြီးမင်္ဂလာသည် သာ၍ ကြွယ်ဝလာလိမ့်မည်ဖြစ်၏။
12 E, se a sua queda é a riqueza do mundo, e a sua diminuição, a riqueza dos gentios, quanto mais a sua plenitude!
13 ငါသည် တခြားလူမျိုးတိနှင့်ဆိုင်သော တမန်တော်တစ်ယောက် ဖြစ်သည့်အားလျှော်စွာ ငါ၏အမှုတော်ဆောင်ခြင်းကို ငါသည် ဂုဏ်ယူလျက်ဟိကြောင်း လူမျိုးခြားဖြစ်သော သင်ရို့ကို အဂု ငါ ပြောလိုက်ပါ၏။
13 Porque convosco falo, gentios, que, enquanto for apóstolo dos gentios, glorificarei o meu ministério;
14 ငါသည် ငါ၏လူမျိုးရို့ကို မနာလိုစိတ် ဖြစ်လာစီရန် တစ်နည်းနည်းဖြင့် လှုံ့ဆော်၍ တချို့ကို ကယ်တင်ခြင်းရစီခြင်းငှာ မျှော်လင့်၏။
14 para ver se de alguma maneira posso incitar à emulação os da minha carne e salvar alguns deles.
15 အကြောင်းမူကား သူရို့၏အပယ်ခံထားရခြင်းသည် လောကီသားတိအား ပြန်လည်သင့်မြတ်ခြင်းကို ဖြစ်စီလျှင်၊ သူရို့ကို ပြန်လည်လက်ခံခြင်းသည် ဇာဖြစ်လိမ့်မည်နည်း၊ သီခြင်းမှ ထမြောက်ခြင်းကို ဖြစ်စီလိမ့်မည် မဟုတ်ပါလား။
15 Porque, se a sua rejeição é a reconciliação do mundo, qual será a sua admissão, senão a vida dentre os mortos?
16 အဦးဆုံးအသီးများအဖြစ်ဖြင့် ပူဇော်သကာပြုသော မုန့်ညက်သည် သန့်ယှင်းလျှင် မုန့်တစ်ပုံလုံးသည် သန့်ယှင်းလျက်ဟိ၏။ ထို့အပြင် အမြစ်သန့်ယှင်းလျှင် အကိုင်းအခက်တိလည်း သန့်ယှင်းကြ၏။
16 E, se as primícias são santas, também a massa o é; se a raiz é santa, também os ramos o são.
17 တချို့သော အကိုင်းအခက်များကို ချိုးဖဲ့၍ ရိုင်းသောသံလွင်ပင်၏ အတက်ချေတစ်ခုဖြစ်သော သင့်ကို တခြားသောအကိုင်းအခက်များကြား၌ ကိုင်းကူးစိုက်ပျိုးထားခြင်းကို ခံရပြီးလျှင် အဂုအခါ၌ သံလွင်ပင်၏အမြစ်မှလာသော ဩဇာအဟာရဓာတ်များကို ခံစားနိန်ရလျှင်၊
17 E se alguns dos ramos foram quebrados, e tu, sendo zambujeiro, foste enxertado em lugar deles e feito participante da raiz e da seiva da oliveira,
18 သင်သည် တခြားသောအကိုင်းအခက်များထက် သာလွန်သည်ဟု မိမိကိုယ်ကို မထင်မှတ်နှင့်။ ထင်မှတ်လျှင်မူကား မိမိသည် အမြစ်ကို မထောက်ပံ့၊ အမြစ်သည် မိမိကို ထောက်ပံ့သည်ဟု ထင်မှတ်လော့။
18 não te glories contra os ramos; e, se contra eles te gloriares, não és tu que sustentas a raiz, mas a raiz a ti.
19 ထို့နောက် သင်က “ငါ့ကို ကိုင်းကူးစိုက်ခြင်းငှာ အကိုင်းအခက်များသည် ချိုးဖဲ့ခြင်းကို ခံရကြ၏” ဟု သင်ဆိုလိမ့်မည်။
19 Dirás, pois: Os ramos foram quebrados, para que eu fosse enxertado.
20 မှန်၏။ သို့ရာတွင် မယုံကြည်သောကြောင့် သူရို့သည် ချိုးဖဲ့ခြင်းကို ခံရကြပြီးလျှင် သင်သည် ယုံကြည်ခြင်းအားဖြင့် တည်၏။ မာနစိတ်မဝင်ကေ့။ ကြောက်စိတ်ဝင်လော့။
20 Está bem! Pela sua incredulidade foram quebrados, e tu estás em pé pela fé; então, não te ensoberbeças, mas teme.
21 အကြောင်းမူကား ဘုရားသခင်သည် မူလအကိုင်းအခက်များကို အခွင့်မပီးလျှင် သင်ကိုလည်း အခွင့်ပီးလိမ့်မည် မဟုတ်။
21 Porque, se Deus não poupou os ramos naturais, teme que te não poupe a ti também.
22 ထို့ကြောင့် လဲသောသူရို့အား ပြင်းထန်စွာ စီရင်တော်မူတတ် သော်လည်း သင့်အား သနားတော်မူတတ်သောဘုရားသခင်၏ ပြင်းထန်သောစီရင်တော်မူခြင်းနှင့် သနားတော်မူခြင်းကို ဆင်ခြင်ထောက်ရှုလော့။ သင်သည် ကိုယ်တော်၌ ဆက်လက်၍ တည်နိန်လျှင် သနားတော်မူခြင်းကို ခံရလိမ့်မည်။ ထိုသို့ မဟုတ်လျှင် သင်သည်လည်း ခွတ်ပစ်ခြင်းကို ခံရလိမ့်မည်။
22 Considera, pois, a bondade e a severidade de Deus: para com os que caíram, severidade; mas, para contigo, a benignidade de Deus, se permaneceres na sua benignidade; de outra maneira, também tu serás cortado.
23 ထို့အပြင် ဣသရေလလူမျိုးရို့သည် မယုံကြည်မှုကို စွန့်ပယ်ကြလျှင် နဂိုမူလနီရာ၌ တဖန်ပြန်၍ စိုက်ပျိုးထားခြင်းကို ခံရကြလိမ့်မည်။ အကြောင်းမူကား ဘုရားသခင်သည် သူရို့အား တဖန်ပြန်၍ စိုက်ပျိုးခြင်းငှာ တတ်စွမ်းနိုင်တော်မူ၏။
23 E também eles, se não permanecerem na incredulidade, serão enxertados; porque poderoso é Deus para os tornar a enxertar.
24 နောက်ဆုံးပြောရလျှင် သင်ရို့သည် ပကတိအားဖြင့် ရိုင်းသောသံလွင်ပင်မှ ဖဲ့ယူ၍ အသီးသီးသောသံလွင်ပင်၌ မိမိ၏ပကတိကို ဆန့်ကျင်လျက် ကိုင်းဆက်စိုက်ပျိုးထားခြင်းကို ခံရကြလျှင် ပကတိအခက်များသည် မိမိရို့၏မူလသံလွင်ပင်၌ ဆက်၍ စိုက်ရခြင်းအခွင့်ကို သာ၍ ခံကြရလိမ့်မည်။
24 Porque, se tu foste cortado do natural zambujeiro e, contra a natureza, enxertado na boa oliveira, quanto mais esses, que são naturais, serão enxertados na sua própria oliveira!
25 ညီအစ်ကို မောင်နှမရို့၊ သင်ရို့သည် မိမိကို မိမိ ပညာဟိဟူ၍ မထင်မှတ်စီမည့်အကြာင်း ဣသရေလလူမျိုးရို့၏ မာကျောခက်ထန်နိန်ကြခြင်းသည် ဘုရားသခင်ထံတော်သို့ ဝင်ရောက်လာကြသော တခြားလူမျိုးတိ အရေအတွက် ပြည့်စုံသည့်အချိန်ထိသာ ဖြစ်သည်ဟူသော ဤလျှို့ဝှက်ချက်ကို မသိဘဲနိန်ကြခြင်းကို ငါသည် အလိုမဟိ။
25 Porque não quero, irmãos, que ignoreis este segredo (para que não presumais de vós mesmos): que o endurecimento veio em parte sobre Israel, até que a plenitude dos gentios haja entrado.
26 ဤသို့အားဖြင့် ဣသရေလလူမျိုးအားလုံး ကယ်တင်ခြင်း ခံရမည့် အကြောင်း ကျမ်းစာ လာသည်ကား၊
26 E, assim, todo o Israel será salvo, como está escrito: De Sião virá o Libertador, e desviará de Jacó as impiedades.
27 ငါသည် သူရို့အပြစ်ကို ဖယ်ယှားသောအခါ၊
27 E este será o meu concerto com eles, quando eu tirar os seus pecados.
28 ဣသရေလလူမျိုးရို့သည် သင်ရို့ တခြားလူမျိုးအကျိုးကို ထောက်ရှု၍ သတင်းကောင်းတရားကို ငြင်းပယ်လျက် ဘုရားသခင်၏ရန်သူများ ဖြစ်ကြရ၏။ သို့ရာတွင် ဘုရားသခင်ရွီးကောက်ထားသော မိမိရို့၏ဖိုးဖီးများကြောင့် သူရို့သည် ဘုရားသခင် ချစ်သောသူများ ဖြစ်ကြ၏။
28 Assim que, quanto ao evangelho, são inimigos por causa de vós; mas, quanto à eleição, amados por causa dos pais.
29 အကြောင်းမူကား ဘုရားသခင်၏ ကျေးဇူးတော်သည်လည်းကောင်း၊ ကိုယ်တော်၏ ခေါ်ထားတော်မူခြင်းသည်လည်းကောင်း ပြောင်းလဲတော်မမူ။
29 Porque os dons e a vocação de Deus são sem arrependimento.
30 သင်ရို့ တခြားလူမျိုးတိသည် အယင်က ဘုရားသခင်၏စကားကို မနာခံကြသော်လည်း ဣသရေလလူမျိုးတိ မနာခံခြင်းကြောင့် အဂုအခါမှာ သင်ရို့သည် ဘုရားသခင်၏ကရုဏာတော်ကို ခံစားကြရ၏။
30 Porque assim como vós também, antigamente, fostes desobedientes a Deus, mas, agora, alcançastes misericórdia pela desobediência deles,
31 ထိုနည်းတူ သင်ရို့ ခံစားရသော ကရုဏာတော်ကို ထောက်ရှု၍ အဂုတွင် သူရို့သည်လည်း ဘုရားသခင်၏ကရုဏာတော်ကို ခံစားရစီခြင်းငှာ အဂုအခါတွင် သူရို့သည် ဘုရားသခင်၏စကားကို မနာခံဘဲ နိန်ကြ၏။
31 assim também estes, agora, foram desobedientes, para também alcançarem misericórdia pela misericórdia a vós demonstrada.
32 အကြောင်းမူကား ဘုရားသခင်သည် လူတိုင်းကို မိမိ၏ကရုဏာတော်သက်ရောက်စီခြင်းငှာ အမိန့်မနာခံခြင်း၌ ချုပ်ထားတော်မူ၏။
32 Porque Deus encerrou a todos debaixo da desobediência, para com todos usar de misericórdia.
33 ဘုရားသခင်သည် ဉာဏ်တော်အနန္တ၊ ပညာတော်အနန္တနှင့် ပြည့်စုံတော်မူပါ၏တကား။ ကိုယ်တော်၏တရားစီရင်တော်မူချက်တိကို ဇာသူသည် ရှင်းပြနိုင်အံ့နည်း။ ကိုယ်တော်ပြုတော်မူသောအရာများကို ဇာသူသည် နားလည်နိုင်အံ့နည်း။
33 Ó profundidade das riquezas, tanto da sabedoria, como da ciência de Deus! Quão insondáveis são os seus juízos, e quão inescrutáveis, os seus caminhos!
34 ကျမ်းစာလာသည်ကား၊
34 Porque quem compreendeu o intento do Senhor? Ou quem foi seu conselheiro?
35 ဇာသူသည် မိမိအား ကျေးဇူးတုံ့ပြန်စီခြင်းငှာ
35 Ou quem lhe deu primeiro a ele, para que lhe seja recompensado?
36 အကြောင်းမူကား ခပ်သိမ်းသောအရာများသည် ကိုယ်တော့်ထံမှ ဖြစ်၏။ ခပ်သိမ်းသောအရာများသည် ကိုယ်တော်၏တန်ခိုးတော်အားဖြင့်သာ တည်ကြ၏။ ခပ်သိမ်းသောအရာများသည် ကိုယ်တော်အဖို့အလို့ငှာ ဖြစ်ကြ၏။ ဘုန်းတန်ခိုးတော်သည် ကိုယ်တော်၌ ထာဝရတည်ပါစီသောဝ်။ အာမင်။
36 Porque dele, e por ele, e para ele são todas as coisas; glória, pois, a ele eternamente. Amém!
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar Romanos 11, comparar traduções ou montar um estudo — tudo direto pelo WhatsApp.