Salmos 95

ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs ARA

Sair da comparação
ARA Almeida Revista e Atualizada 1993
1 လာကြ၊ ထာ၀ရဘုရားသခင်အား ရွှင်လန်းစွာ သီဆိုကျူးအေးကြကုန်စို့။ ကယ်တင်ခြင်း၏ ကျောက်ဆောင်တော်ထံသို့ ကျယ်လောင်စွာအော်ဟစ်ကြစို့။-
1 Vinde, cantemos ao Senhor , com júbilo, celebremos o Rochedo da nossa salvação.
2 ကျေးဇူးတော်ကိုချီးမွမ်းကာ ကိုယ်တော်၏ရှေ့တော်သို့ဝင်ရောက်လျက် ကိုယ်တော်အား တူရိယာသံ၊ တေးသီချင်းသံတို့ဖြင့် ပျော်ရွှင်စွာချီးမြှောက်ကြကုန်စို့။-
2 Saiamos ao seu encontro, com ações de graças, vitoriemo-lo com salmos.
3 အကြောင်းမူကား ထာ၀ရဘုရားသခင်သည် ဘုန်းကြီး၍ မြင့်မြတ်တော်မူသောဘုရား၊ ဘုရားတကာတို့ထက် တန်ခိုးကြီးတော်မူသော ဘုရင်ဖြစ်တော်မူ၏။-
3 Porque o Senhor é o Deus supremo e o grande Rei acima de todos os deuses.
4 ကမ္ဘာမြေကြီး၏ နက်ရှိုင်းရာအရပ်တို့သည် ကိုယ်တော်၏လက်ဝယ်တွင်ရှိကြပြီး တောင်ထိပ်တို့ကိုလည်း ကိုယ်တော် ပိုင်တော်မူ၏။-
4 Nas suas mãos estão as profundezas da terra, e as alturas dos montes lhe pertencem.
5 ပင်လယ်ကိုလည်း ကိုယ်တော်ပိုင်တော်မူ၏။ အကြောင်းမူကား ၎င်းကို ကိုယ်တော်ဖန်ဆင်းထားတော်မူ၏။ ကိုယ်တော်၏ လက်တော်တို့သည် ခြောက် သွေ့သောကုန်းမြေကို ပုံသွင်းပေးခဲ့၏။
5 Dele é o mar, pois ele o fez; obra de suas mãos, os continentes.
6 လာကြ၊ ဦးညွတ်၍ ရှိခိုးကိုးကွယ်ကြကုန်စို့။ ငါတို့၏ဖန်ဆင်းရှင် ထာ၀ရဘုရားသခင်၏ ရှေ့တော်မှောက်၌ ဒူးထောက်ကြကုန်စို့။-
6 Vinde, adoremos e prostremo-nos; ajoelhemos diante do
7 အကြောင်းမူကား ကိုယ်တော်သည် ငါတို့၏ဘုရားသခင်ဖြစ်တော်မူ၏။ ငါတို့သည်လည်း ကိုယ်တော်၏ စားကျက်တွင် ကျက်စားသောသူများနှင့် ကိုယ်တော်၏ ထိန်းသိမ်းမှုအောက်ရှိ သိုးစုဖြစ်ကြ၏။ ယနေ့ သင်တို့သည် ကိုယ်တော်၏အသံကို ကြားရပါလျက်၊-
7 Ele é o nosso Deus, e nós, povo do seu pasto e ovelhas de sua mão. Hoje, se ouvirdes a sua voz,
8 မေရိဘအရပ်တွင်လည်းကောင်း၊ တောကန္တာရရှိ မက်ဆာ၌လည်းကောင်း ကျင်လည်ခဲ့ချိန်၌ ပြုမူခဲ့သည့်အတိုင်း သင်တို့၏စိတ်နှလုံးများကို တင်းမာ၍မထားကြလေနှင့်။-
8 não endureçais o coração, como em Meribá, como no dia de Massá, no deserto,
9 ထိုအရပ်၌ သင်တို့၏ဘိုးဘေးတို့သည် ငါပြုလုပ်တော်မူသော အမှုတို့ကို မြင်ခဲ့ရပြီးဖြစ်သော်လည်း ငါ့ကိုစုံစမ်းခဲ့ကြ၏။-
9 quando vossos pais me tentaram, pondo-me à prova, não obstante terem visto as minhas obras.
10 ငါသည် ထိုလူမျိုးဆက်ကို အနှစ်လေးဆယ်ပတ်လုံး အမျက်ထွက်ခဲ့ရ၏။ သူတို့သည် စိတ်နှလုံးဖောက်ပြန်သောလူမျိုး၊ ငါ၏တရားလမ်းတို့ကို မသိသောလူမျိုးဖြစ်သည်ဟု ငါဆိုခဲ့၏။-
10 Durante quarenta anos, estive desgostado com essa geração e disse: é povo de coração transviado, não conhece os meus caminhos.
11 သို့ဖြစ်၍ သူတို့ သည် ငါ၏သုခချမ်းသာဘုံသို့ မည်သည့်အခါမျှဝင်ကြရလိမ့်မည်မဟုတ်ဟု အမျက်ဒေါသဖြင့် ငါကျိန်ဆိုခဲ့၏။
11 Por isso, jurei na minha ira: não entrarão no meu descanso.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Salmos 95, comparar traduções ou montar um estudo — tudo direto pelo WhatsApp.