Salmos 94

ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs NVT

Sair da comparação
NVT Nova Versão Transformadora
1 အိုထာ၀ရဘုရားသခင်၊ အပြစ်ကို လက်စားချေတော်မူသော ဘုရားသခင်၊ အပြစ်ဒဏ်ပေးပိုင်တော်မူသော ဘုရားသခင်၊ ဘုန်းတော်ထွန်းလင်းတော်မူပါ။-
1 Ó S enhor , Deus da vingança, ó Deus da vingança, manifesta teu esplendor!
2 မြေကြီးသားတို့ကို တရားစီရင်တော်မူသောအရှင်၊ ကြွလာတော်မူပါ။ မာနထောင်လွှားသော သူတို့အား ထိုက်သင့်သည့် အပြစ်ဒဏ်ကိုပေးတော်မူပါ။-
2 Levanta-te, ó Juiz da terra, dá aos orgulhosos o que merecem.
3 အိုထာ၀ရဘုရားသခင်၊ ဆိုးယုတ်သောသူတို့သည် မည်မျှကြာသည်အထိ အောင်ပွဲခံကြမည်နည်း။ မည်မျှကြာပါဦးမည် နည်း။
3 Até quando, S enhor ? Até quando os perversos se alegrarão de suas maldades?
4 သူတို့သည် ကြမ်းတမ်းသောစကားများကို ထွက်ဆိုကြပါ၏။ ဒုစရိုက်ကျူးလွန်သူအပေါင်းတို့သည် ကြွားဝါကြပါ၏။-
4 Até quando falarão com arrogância? Até quando os que praticam o mal contarão vantagens?
5 အိုထာ၀ရဘုရားသခင်၊ သူတို့သည် ကိုယ်တော်၏လူမျိုးတော်ကို နှိပ်ကွပ်ကြပါ၏။ ကိုယ်တော်၏အမွေစားအမွေခံများကို ဖိနှိပ်ကြပါ၏။-
5 Esmagam o teu povo, S enhor , oprimem os que pertencem a ti.
6 သူတို့သည် မုဆိုးမများနှင့် ဧည့်သည်အာဂန္တုတို့ကို သတ်ဖြတ်ကြပါ၏။ သူတို့သည် မိဘမဲ့များကိုလည်း သတ်ဖြတ်ကြပါ၏။-
6 Matam viúvas e estrangeiros e assassinam órfãos.
7 သူတို့က ထာ၀ရဘုရားသခင်သည် မြင်တော်မမူပေ၊ ယာကုပ်၏ ဘုရားသခင်သည် ဂရုပြုတော်မမူပေဟုဆိုကြပါ၏။
7 “O S enhor não vê”, eles dizem. “O Deus de Israel
8 လူတို့အလယ်တွင် အသိတရားမဲ့သောသင်တို့၊ သတိမူကြလော့။ လူမိုက်တို့၊ သင်တို့သည် မည်သည့်အချိန်တွင် ပညာသတိရှိလာကြမည်နည်း။-
8 Pensem melhor, tolos! Quando vocês, insensatos, entenderão?
9 နားကိုတပ်ဆင်ပေးထားတော်မူသော အရှင်သည် ကြားနိုင်စွမ်းမရှိသလော။ မျက်စိကိုပုံသွင်းထားတော်မူသော အရှင်သည် မြင်နိုင်စွမ်းမရှိသလော။-
9 Acaso é surdo aquele que fez os ouvidos? É cego aquele que formou os olhos?
10 လူမျိုးအပေါင်းကို ဆုံးမပဲ့ပြင်တော်မူသော အရှင်သည် အပြစ်ဒဏ်မခတ်သလော။ လူတို့ကို သွန်သင်တော်မူသော အရှင်သည် အသိပညာ ကင်းမဲ့သလော။-
10 Aquele que castiga as nações não os castigará? Aquele que tudo sabe não sabe o que vocês fazem?
11 ထာ၀ရဘုရားသခင်သည် လူ၏အကြံအစည်ကို သိတော်မူ၏။ သူတို့သည် အချည်းနှီးသာဖြစ်ကြောင်းကို ကိုယ်တော် သိတော်မူ၏။
11 O S enhor conhece os pensamentos de cada um; sabe que nada valem.
12 အိုထာ၀ရဘုရားသခင်၊ ကိုယ်တော်ဆုံးမပဲ့ပြင်သောသူ၊ ကိုယ်တော်၏ပညတ်တရားကို ကိုယ်တော် သင်ယူစေတော်မူသော သူသည် မင်္ဂလာရှိ၏။-
12 Feliz é aquele a quem disciplinas, S enhor , aquele a quem ensinas tua lei.
13 ဆိုးယုတ်သောသူတို့အဖို့ တွင်းတူးပြီးသည့်အချိန်တိုင်အောင် ကိုယ်တော်သည် ထိုသူကို ဒုက္ခရောက်သောနေ့ရက်များမှ လွတ်ငြိမ်းစေတော်မူ၏။-
13 Tu lhe dás alívio em tempos de aflição, até que se abra uma cova para os perversos.
14 အကြောင်းမူကား ထာ၀ရဘုရားသခင်သည် မိမိ၏လူမျိုးတော်ကို စွန့်ပယ်တော်မူလိမ့်မည်မဟုတ်။ မိမိ၏ အမွေစား အမွေခံတို့ကို မည်သည့်အခါမျှ စွန့်ပစ်ထားတော်မူလိမ့်မည်မဟုတ်။-
14 Pois o S enhor não rejeitará seu povo; não abandonará os que lhe pertencem.
15 တရားမျှတခြင်းသည် ဖြောင့်မတ်သောသူထံသို့ ပြန်လာလိမ့် မည်။ စိတ်ထားဖြောင့်မတ်သော သူအပေါင်းတို့သည်လည်း ယင်းကိုလိုက်နာကြလိမ့်မည်။
15 Os julgamentos voltarão a se basear na justiça, e os de coração íntegro a buscarão.
16 မည်သူသည် ဆိုးယုတ်သောသူတို့ကိုဆန့်ကျင်၍ ငါ့ဘက်မှ ရပ်တည်မည်နည်း။ မည်သူသည် ဒုစရိုက်ကျူးလွန်သူတို့ကို ဆန့်ကျင်၍ ငါ့ဘက်မှ မားမားမတ်မတ် ရပ်တည်ပါမည်နည်း။-
16 Quem me protegerá dos perversos? Quem me defenderá dos que praticam o mal?
17 ထာ၀ရဘုရားသခင်သည် ငါ့အား ကူညီတော်မမူခဲ့ပါလျှင် များမကြာမီ ငါသည် ဆိတ်ငြိမ်ရာအရပ်၌ နေခဲ့ရပေလိမ့်မည်။-
17 Se o S enhor não tivesse me ajudado, eu já estaria no silêncio do túmulo.
18 အိုထာ၀ရဘုရားသခင်၊ အကျွန်ုပ်၏စိတ်ထဲ၌ ငါသည် ခြေချော်လျက်ရှိပြီဟု ဆိုရုံမျှနှင့် ကိုယ်တော်၏ ခိုင်မြဲသော မေတ္တာတော်သည် အကျွန်ုပ်ကို ထောက်မတော်မူပါ၏။-
18 Gritei: “Estou caindo!”, mas o teu amor, S
19 အကျွန်ုပ်၏စိတ်ထဲ၌ စိုးရိမ်ပူပန်မှုကြီးမားသောအခါ ကိုယ်တော်၏နှစ်သိမ့်မှုသည် အကျွန်ုပ်၏ဝိညာဉ်ကို ရွှင်လန်းစေပါ၏။-
19 Quando minha mente estava cheia de dúvidas, teu consolo me deu esperança e ânimo.
20 ဥပဒေအားဖြင့် ဆင်းရဲဒုက္ခကိုဖြစ်ပွားစေသည့် ဆိုးယုတ်သောအုပ်ချုပ်သူသည် ကိုယ်တော်နှင့် မိတ်သဟာယဖွဲ့နိုင် ပါမည်လော။-
20 Podem os líderes injustos, aqueles cujos decretos permitem a injustiça, afirmar que Deus está do lado deles?
21 ဖြောင့်မတ်သော သူကိုဆန့်ကျင်ရန် သူတို့သည် စည်းရုံးကြပါ၏။ အပြစ်ကင်းမဲ့သောသူကိုလည်း သေဒဏ်စီရင်ကြပါ၏။-
21 Juntam-se contra os justos e condenam os inocentes à morte.
22 သို့ရာတွင် ထာ၀ရဘုရားသခင်သည် ငါ၏ရဲတိုက်ဖြစ်တော်မူ၏။ ငါ၏ဘုရားသခင်သည် ငါခိုလှုံရာကျောက်ဆောင် ဖြစ်တော်မူ၏။-
22 Mas o S enhor é a minha fortaleza; meu Deus é a rocha onde me refugio.
23 ကိုယ်တော်သည် သူတို့၏အပြစ်များအတွက် ဒဏ်ခတ်ပြီး သူတို့၏ဆိုးယုတ်မှုအတွက် သူတို့ကို ဖယ်ရှားတော်မူလိမ့်မည်။ ငါတို့၏အရှင် ထာ၀ရဘုရားသခင်သည် သူတို့ကို ဖျက်ဆီးတော်မူလိမ့်မည်။
23 Deus fará os pecados dos perversos caírem sobre eles; ele os destruirá por suas maldades. O S

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Salmos 94, comparar traduções ou montar um estudo — tudo direto pelo WhatsApp.