Salmos 92
ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs NVT
1 အိုအမြင့်မြတ်ဆုံးသောအရှင်၊ ထာ၀ရဘုရားသခင်အား ကျေးဇူးတော်ကို ချီးမွမ်းခြင်းသည်လည်းကောင်း၊ ကိုယ်တော်ထံ တီးမှုတ်သီဆိုခြင်းသည်လည်းကောင်း၊-
1 É bom dar graças ao S enhor e cantar louvores ao Altíssimo.
2 နံနက်အချိန်၌ ကိုယ်တော်၏ ခိုင်မြဲသောမေတ္တာတော်နှင့် ညအချိန်၌ ကိုယ်တော်၏ သစ္စာတော်ကို ထုတ်ဖော် ကြေညာခြင်းသည်လည်းကောင်း၊-
2 É bom proclamar de manhã o teu amor e, de noite, a tua fidelidade,
3 ကြိုးဆယ်ပင်တပ်စောင်းငယ်နှင့် စောင်းကြီးတို့၏ တူရိယာသံတို့ဖြင့် ချီးမွမ်းရခြင်းသည်လည်းကောင်း ကောင်းမြတ် လှပေ၏။-
3 ao som de um instrumento de dez cordas, da harpa e da melodia da lira.
4 အကြောင်းမူကား အိုထာ၀ရဘုရားသခင်၊ ကိုယ်တော်သည် ကိုယ်တော်၏ လုပ်ဆောင်ချက်များဖြင့် အကျွန်ုပ်ကို ပျော်ရွှင်မြူးထူးစေပါ၏။ ကိုယ်တော်၏ လက်ရာတော်များကြောင့် အကျွန်ုပ်သည် ရွှင်လန်းခြင်းဖြင့် သီချင်းသီဆိုပါ၏။
4 Tu me alegras, S enhor , com tudo que tens feito; canto de alegria por causa de tuas obras.
5 အိုထာ၀ရဘုရားသခင်၊ ကိုယ်တော်၏လက်ရာတော်တို့သည် မည်မျှကြီးမြတ်ပါသနည်း။ ကိုယ်တော်၏ အကြံအစည် တော်တို့သည် ဤမျှနက်နဲလှပါ၏။-
5 Quão grandes, S enhor , são os teus feitos e profundos os teus pensamentos!
6 ဤအချက်ကို အသိဉာဏ်မဲ့သောသူ မသိနိုင်သကဲ့သို့ မိုက်မဲသူလည်း နားမလည်နိုင်ပေ။-
6 Só o ignorante não sabe, só o tolo não entende:
7 ယင်းအချက်သည်ကား ဆိုးယုတ်သောသူတို့သည် မြက်ပင်ကဲ့သို့ပေါက်၍ အပြစ်ဒုစရိုက်ကျူးလွန်သော သူအပေါင်းတို့သည် ကြီးပွားကြသော်လည်း သူတို့သည် ထာ၀ရပျက်စီးခြင်းသို့ ရောက်ရသောအကြောင်းပေတည်း။-
7 embora os perversos brotem como a grama e floresçam os que praticam o mal, eles serão destruídos para sempre.
8 အိုထာ၀ရဘုရားသခင်၊ ကိုယ်တော်မူကား ထာ၀စဉ်အမြင့်မြတ်ဆုံး ဖြစ်တော်မူပေ၏။-
8 Mas tu, S enhor , serás eternamente exaltado!
9 အိုထာ၀ရဘုရားသခင်၊ ကိုယ်တော်၏ရန်သူများသည် ပျက်စီးကြရလိမ့်မည်။ အပြစ်ဒုစရိုက်ကျူးလွန်သူအပေါင်းတို့ သည်လည်း ကွဲလွင့်ကြရလိမ့်မည်။
9 Teus inimigos, S enhor , perecerão; todos que praticam o mal serão dispersados.
10 ကိုယ်တော်သည် အကျွန်ုပ်၏ဦးချိုကို နွားရိုင်းတစ်ကောင်၏ ဦးချိုကဲ့သို့ချီးမြှောက်၍ အကျွန်ုပ်အပေါ်သို့ ဆီမွှေးကို သွန်းလောင်းတော်မူလေပြီ။-
10 Tu, porém, me tornaste forte como o boi selvagem e me ungiste com óleo da melhor qualidade.
11 အကျွန်ုပ်၏ မျက်စိများသည် အကျွန်ုပ်ကို ရန်ဘက်ပြုသူတို့၏ ရှုံးနိမ့်မှုကိုမြင်ရလေပြီ။ အကျွန်ုပ်၏နားများသည်လည်း ဆိုးယုတ်သောရန်သူတို့အတွက် အပြစ်ဒဏ်စီရင်ချက်ကို ကြားရလေပြီ။
11 Meus olhos viram a queda de meus inimigos, meus ouvidos ouviram a derrota de meus perversos adversários.
12 ဖြောင့်မတ်သောသူတို့သည် စွန်ပလွံပင်ကဲ့သို့ စိမ်းလန်းစိုပြည်၍ လေဘနွန်တောင်မှ ထင်းရှူးမွှေးပင်ကဲ့သို့ ရှင်သန်ကြီးထွား ကြလိမ့်မည်။-
12 Os justos, porém, florescerão como palmeiras e crescerão como os cedros do Líbano.
13 ထာ၀ရဘုရားသခင်၏ အိမ်တော်၌ စိုက်ပျိုးခြင်းကိုခံရသော သူတို့သည် ငါတို့ဘုရားသခင်၏ ရင်ပြင်၌ စိမ်းလန်းစိုပြည် ကြလိမ့်မည်။-
13 Pois estão plantados na casa do S enhor ; florescerão nos pátios de nosso Deus.
14 ယင်းတို့သည် အိုသောအရွယ်၌ပင် အသီးသီးကြလိမ့်မည်။ ယင်းတို့သည် အစဉ်လန်းဆန်း၍ စိမ်းလန်းစိုပြည်ခြင်းဖြင့်၊-
14 Mesmo na velhice produzirão frutos; continuarão verdejantes e cheios de vida.
15 ထာ၀ရဘုရားသခင်သည် ဖြောင့်မတ်တော်မူကြောင်းကို ထုတ်ဖော်ပြကြလိမ့်မည်။ ကိုယ်တော်သည် ငါ၏ကျောက်ဆောင်ဖြစ်ပြီး ကိုယ်တော်၌ မတရားမှုဟူ၍ မရှိပေ။
15 Anunciarão: “O S enhor é justo! Ele é minha rocha; nele não há injustiça”.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar Salmos 92, comparar traduções ou montar um estudo — tudo direto pelo WhatsApp.