Salmos 8
ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs VC
1 အိုအကျွန်ုပ်တို့၏အရှင် ထာ၀ရဘုရားသခင်၊ ကိုယ်တော်၏နာမတော်သည် ကမ္ဘာတစ်ဝန်းလုံး၌ အလွန်ကြီးမြတ်တော်မူပါ၏။ ကိုယ်တော်သည် မိမိ၏ဘုန်းဂုဏ်တော်ကို ကောင်းကင်အထက်၌ တည်စေတော်မူ၏။-
1 Ao mestre de canto. Com a gitiena. Salmo de Davi. Ó Senhor, nosso Deus, como é glorioso vosso nome em toda a terra! Vossa majestade se estende, triunfante, por cima de todos os céus.
2 ကိုယ်တော်သည် ရန်သူများနှင့် လက်စားချေသူတို့ကို နှုတ်ဆိတ်သွားစေရန် ကလေးများနှင့် နို့စို့သူငယ်တို့၏ နှုတ်အားဖြင့် အကာအကွယ်ကို စီရင်တော်မူ၏။
2 Da boca das crianças e dos pequeninos sai um louvor que confunde vossos adversários, e reduz ao silêncio vossos inimigos.
3 ကိုယ်တော်၏ လက်ညှိုးတော်မှဖြစ်သည့် အမှုအရာတည်းဟူသော ကိုယ်တော်၏ ကောင်းကင်များကိုလည်းကောင်း၊ ကိုယ်တော်စီမံထားတော်မူသည့် လနှင့်ကြယ်များကိုလည်းကောင်း အကျွန်ုပ် ကြည့်ရှုဆင်ခြင်သောအခါ၊-
3 Quando contemplo o firmamento, obra de vossos dedos, a lua e as estrelas que lá fixastes:
4 လူသည် မည်ကဲ့သို့သောသူဖြစ်၍ ကိုယ်တော်သည် အောက်မေ့တော်မူရပါသနည်း။ လူသားသက်သက်မျှသာ ဖြစ်သောသူကို ကိုယ်တော်သည် အဘယ်ကြောင့် စောင့်ရှောက်တော်မူရပါသနည်း။
4 Que é o homem, digo-me então, para pensardes nele? Que são os filhos de Adão, para que vos ocupeis com eles?
5 သို့ရာတွင် ကိုယ်တော်သည် သူ့ကို ဘုရားသခင်ထက် အနည်းငယ်သာ နိမ့်ကျစေလျက် ဂုဏ်ကျက်သရေဖြင့် သရဖူဆောင်းပေးတော်မူ၏။-
5 Entretanto, vós o fizestes quase igual aos anjos, de glória e honra o coroastes.
6 သူ့အား ကိုယ်တော်၏ ရွှေလက်တော်ဖြင့် ဖန်ဆင်းထားသော အရာတို့အပေါ် အုပ်ချုပ်သူအဖြစ် ကိုယ်တော် ခန့်အပ်ထား တော်မူ၏။ ကိုယ်တော်သည် အရာအားလုံးတို့ကို သူ၏ခြေဖဝါးအောက်သို့ ရောက်စေတော်မူ၏။-
6 Destes-lhe poder sobre as obras de vossas mãos, vós lhe submetestes todo o universo.
7 ထိုအရာခပ်သိမ်းတို့သည်ကား သိုး၊ နွားနှင့် တောတိရစ္ဆာန်များ၊-
7 Rebanhos e gados, e até os animais bravios,
8 လေတွင်ပျံသန်းသောငှက်များ၊ ပင်လယ်ထဲမှငါးများနှင့် ပင်လယ်ရေတွင် ဖြတ်သန်းသွားကြသော သတ္တဝါတို့ပင်ဖြစ်ကြ၏။
8 pássaros do céu e peixes do mar, tudo o que se move nas águas do oceano.
9 အိုအကျွန်ုပ်တို့၏အရှင် ထာ၀ရဘုရားသခင်၊ ကိုယ်တော်၏ နာမတော်သည် ကမ္ဘာတစ်ဝန်းလုံး၌ ကြီးမြတ်တော်မူ၍ ချီးမွမ်းဖွယ်ဖြစ်ပါ၏။
9 Ó Senhor, nosso Deus, como é glorioso vosso nome em toda a terra!
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar Salmos 8, comparar traduções ou montar um estudo — tudo direto pelo WhatsApp.