Salmos 83
ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs NVT
1 အိုဘုရားသခင်၊ တိတ်ဆိတ်စွာနေတော်မမူပါနှင့်။ ငြိမ်ဝပ်လျက် မလှုပ်မယှက်နေတော်မမူပါနှင့်၊ အိုဘုရားသခင်။-
1 Ó Deus, não fiques em silêncio! Não feches os ouvidos e não permaneças calado, ó Deus!
2 အဘယ်ကြောင့်ဆိုသော် ကိုယ်တော်၏ရန်သူတို့သည် ပုန်ကန်ထကြွလျက် ရှိကြပါ၏။ ကိုယ်တော့်ကို မုန်းတီးသောသူတို့သည် ခေါင်းထောင် လျက်ရှိကြပါ၏။-
2 Não ouves o tumulto de teus adversários? Não vês que teus inimigos te desafiam?
3 သူတို့သည် ကိုယ်တော်၏လူမျိုးတော်ကို ရန်မူရန် ကောက်ကျစ်စွာ ကြံစည်ကြပါ၏။ သူတို့သည် ကိုယ်တော် ကာကွယ်ပေးတော်မူသော သူတို့ကို ဆန့်ကျင်ရန် အတူတိုင်ပင်နေကြပါ၏။-
3 Tramam com astúcia contra o teu povo; conspiram contra os teus protegidos.
4 သူတို့က လာကြ၊ ဤလူမျိုးကို သုတ်သင်ပစ်ကြစို့။ အစ္စရာအဲလ်၏ အမည်နာမကို လုံး၀ပျောက်ကွယ်စေကြစို့ဟု ဆိုကြပါ၏။-
4 Dizem: “Venham, exterminemos a nação de Israel, para que ninguém se lembre de sua existência”.
5 သူတို့သည် တညီတညွတ်တည်း တိုင်ပင်ကြ၍ ကိုယ်တော့်ကို ဆန့်ကျင်ရန် မဟာမိတ်ဖွဲ့ကြပါ၏။-
5 Sim, em unanimidade decidiram; fizeram um tratado e aliaram-se contra ti
6 ထိုမဟာမိတ်အဖွဲ့တွင် ဧဒွမ်နှင့်အစ်ရှမာအဲလ်လူမျိုး၊ မောဘနှင့် ဟာဂါလူမျိုး၊-
6 os edomitas e os ismaelitas, os moabitas e os hagarenos,
7 ဂျေဘာလ်၊ အာမွန်နှင့် အာမလက်လူမျိုး၊ ဖိလစ္စတင်းနှင့် တီရာတွင် နေထိုင်ကြသောလူမျိုးများ ပါဝင်ကြပါ၏။-
7 os gebalitas, os amonitas e os amalequitas, os povos da Filístia e de Tiro.
8 အာဆီးရိယလူမျိုးများသည်လည်း ပါဝင်ကြလျက် လော့တ၏အမျိုးအနွယ်များအား အင်အားဖြည့်ပေးကြပါ၏။
8 A eles também se uniram os assírios e se aliaram aos descendentes de Ló. Interlúdio
9 ထိုမဟာမိတ်တို့ကို မီဒိယလူမျိုး၌ ကိုယ်တော်ပြုသကဲ့သို့လည်းကောင်း၊ ကီရွှန်မြစ်အနီး၌ ဆီဆေရာနှင့် ဂျာဘင်မင်းတို့၌ ကိုယ်တော်ပြုသကဲ့သို့လည်းကောင်း ပြုလုပ်တော်မူပါ။-
9 Trata-os como trataste os midianitas, como trataste Sísera e Jabim no rio Quisom.
10 ထိုသူတို့သည် အန်ဒေါအရပ်၌ ဖျက်ဆီးသုတ်သင်ခြင်းခံရ၍ စစ်တလင်းတွင် နောက်ချေးပုံကဲ့သို့ဖြစ်ခဲ့ကြ၏။-
10 Foram destruídos em En-Dor; tornaram-se adubo para a terra.
11 သူတို့၏ မှူးမတ်များအား ဩရပ်နှင့် ဇီဘမင်းတို့ကဲ့သို့ ဖြစ်စေတော်မူပါ။ သူတို့၏ မင်းညီမင်းသားများအားလည်း ဇေဘမင်းနှင့် ဇာမုနာမင်းတို့ကဲ့သို့ ဖြစ်စေတော်မူပါ။-
11 Que seus nobres morram como Orebe e Zeebe, e todos os seus príncipes, como Zeba e Zalmuna,
12 သူတို့က ဘုရားသခင်ပိုင်ဆိုင်တော်မူသော စားကျက်များကို ငါတို့သိမ်းယူကြကုန်စို့ဟု ဆိုကြပါ၏။
12 pois disseram: “Vamos nos apossar das pastagens de Deus!”.
13 အိုအကျွန်ုပ်၏ ဘုရားသခင်၊ သူတို့အား လေပွေ၌ လွင့်ပါသွားသော မြေမှုန့်ကဲ့သို့လည်းကောင်း၊ လေတိုက်ရာသို့ လွင့်ပါသွားတတ်သည့် ကောက်ရိုးမျှင်ကဲ့သို့လည်းကောင်း ဖြစ်စေတော်မူပါ။-
13 Ó meu Deus, espalha-os como folhas num redemoinho, como palha ao vento.
14 မီးသည် သစ်တောကို လောင်ကျွမ်းစေသကဲ့သို့လည်းကောင်း၊ မီးတောက်မီးလျှံသည် တောင်တန်းများကို တောက်လောင်စေသကဲ့သို့လည်းကောင်း၊-
14 Assim como o fogo consome o bosque, como a chama incendeia os montes,
15 ကိုယ်တော်၏ မိုးသက်မုန်တိုင်းအားဖြင့် သူတို့ကို ညှဉ်းပန်းနှိပ်စက်ပြီး ကိုယ်တော်၏ပြင်းထန်သော လေမုန်တိုင်းအားဖြင့် သူတို့ကို ကြောက်လန့်စေတော်မူပါ။-
15 persegue-os com a tua tempestade, enche-os de medo com o teu vendaval.
16 အိုထာ၀ရဘုရားသခင်၊ သူတို့၏မျက်နှာများကို အရှက်ကွဲခြင်းနှင့် ဖုံးလွှမ်းစေတော်မူပါ။ ဤသို့ပြုလုပ်ခြင်းဖြင့် လူတို့သည် ကိုယ်တော်၏ နာမတော်ကို ရှာဖွေကြပါလိမ့်မည်။-
16 Faze-os cair na desgraça mais profunda, até que se sujeitem ao teu nome, S
17 သူတို့သည် အစဉ်အမြဲအရှက်ရကြ၍ ထိတ်လန့်ကြရပါစေ။ သူတို့သည် အသရေပျက်ခြင်း၌ ပျက်စီးကြရပါစေ။-
17 Sejam envergonhados e aterrorizados para sempre e morram em desonra.
18 သူတို့သည် ထာ၀ရဘုရားသခင်တည်းဟူသော ကိုယ်တော်တစ်ပါးတည်းသာလျှင် ကမ္ဘာတစ်ဝန်းလုံး၌ အမြင့်မြတ်ဆုံး ဖြစ်ကြောင်းကို သိကြပါစေ။
18 Então aprenderão que somente tu és chamado S enhor , somente tu és o Altíssimo, supremo sobre toda a terra.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar Salmos 83, comparar traduções ou montar um estudo — tudo direto pelo WhatsApp.