Salmos 81
ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs NVI
1 ငါတို့၏ခွန်အားဖြစ်တော်မူသော ဘုရားသခင်ထံသို့ ကျယ်လောင်စွာ သီဆိုကြလော့။ ယာကုပ်၏ ဘုရားသခင်ထံသို့ ရွှင်လန်းစွာဟစ်ကြွေးကြလော့။-
1 Cantem de alegria a Deus, nossa força; aclamem o Deus de Jacó!
2 သီချင်းတစ်ပုဒ်ကို သီဆို၍ ချူတပ်ဗုံနှင့် အသံချိုသော စောင်းကြီးစောင်းငယ်တို့၏ အသံတို့ကို ထွက်ပေါ်လာစေလော့။-
2 Comecem o louvor, façam ressoar o tamborim, toquem a lira e a harpa melodiosa.
3 ငါတို့၏ပွဲတော်နေ့၌လည်းကောင်း၊ လဆန်းရက်၊ လပြည့်ရက်တို့၌လည်းကောင်း တံပိုးခရာကိုမှုတ်ကြ လော့။-
3 Toquem a trombeta na lua nova e no dia de lua cheia, dia da nossa festa;
4 ဤသည်ကား အစ္စရာအဲလ်လူမျိုးတို့အတွက် ဥပဒေဖြစ်ပြီး ယာကုပ်၏ဘုရားသခင်၏ အမိန့်တော်လည်းဖြစ်၏။-
4 porque este é um decreto para Israel, uma ordenança do Deus de Jacó,
5 ဂျိုးဇက်သည် အီဂျစ်ပြည်ကို တိုက်ခိုက်ရန် ထွက်ခွာသွားခဲ့စဉ်က ကိုယ်တော်သည် ထိုဥပဒေကို သူ့အပေါ်၌ ချမှတ်ပေး တော်မူခဲ့ခြင်းဖြစ်၏။ ငါနားမလည်သော ဘာသာစကားကို ငါကြားခဲ့ရ၏။-
5 que ele estabeleceu como estatuto para José, quando atacou o Egito. Ali ouvimos uma língua que não conhecíamos.
6 ထိုစကားသည်ကား သင်တို့၏ပခုံးပေါ်က ဝန်ထုပ်ကို ငါဖယ်ရှားပစ်ခဲ့၏။ သင်တို့၏လက်များကိုလည်း ခြင်းတောင်းဆွဲရခြင်း မှလွတ်မြောက်စေခဲ့၏။-
6 Ele diz: "Tirei o peso dos seus ombros; suas mãos ficaram livres dos cestos de cargas.
7 သင်တို့သည် ဒုက္ခရောက်စဉ်အခါက ငါ့ကိုခေါ်တ၍ ငါသည် သင်တို့အား ကယ်တင်ခဲ့၏။ မိုးကြိုးထစ်ချုန်းသံထဲမှ သင်တို့ကို ငါဖြေကြားခဲ့၏။ မေရိဘစမ်းချောင်းတွင် သင်တို့ကို ငါစုံစမ်းခဲ့၏။-
7 Na sua aflição vocês clamaram e eu os livrei, do esconderijo dos trovões lhes respondi; eu os pus à prova nas águas de Meribá. Pausa
8 အိုငါ၏လူမျိုး၊ နားထောင်လော့။ ငါသည် သင်တို့ကို သတိပေးမည်။ အိုအစ္စရာအဲလ်လူမျိုးတို့၊ သင်တို့သည် ငါ၏စကားကို နားထောင်ကြရန် ငါအလိုရှိပါ၏။-
8 "Ouça, meu povo, as minhas advertências; se tão-somente você me escutasse, ó Israel!
9 သင်တို့အလယ်တွင် အခြားသောဘုရား မရှိစေရ။ သင်တို့သည် အခြားသောဘုရား၏ရှေ့တွင် မပျပ်ဝပ်ရ။-
9 Não tenha deus estrangeiro no seu meio; não se incline perante nenhum deus estranho.
10 ငါသည် သင်တို့ကို အီဂျစ်ပြည်မှထုတ်ဆောင်ခဲ့သော သင်တို့၏အရှင် ထာ၀ရဘုရားသခင်ဖြစ်တော်မူ၏။ သင်တို့၏ပါးစပ်ကို ကျယ်စွာဖွင့်လော့။ ယင်းကို ငါဖြည့်ပေးမည်။
10 Eu sou o Senhor, o seu Deus, que o tirei da terra do Egito. Abra a sua boca, e eu o alimentarei.
11 သို့ရာတွင် ငါ၏လူမျိုးတော်သည် ငါ့စကားကို နားမထောင်ခဲ့ပေ။ အစ္စရာအဲလ်လူမျိုးသည် ငါ့အမိန့်ကို မနာခံခဲ့။-
11 "Mas o meu povo não quis ouvir-me; Israel não quis obedecer-me.
12 သို့ဖြစ်၍ သူတို့သည် မိမိတို့၏ အကြံအစည်အတိုင်း ပြုလုပ်ကြစေရန် သူတို့အား တင်းမာသောနှလုံးသားများကို ငါပေးအပ်ခဲ့၏။-
12 Por isso os entreguei ao seu coração obstinado, para seguirem os seus próprios planos.
13 ငါ၏လူမျိုးတော်သည် ငါ၏စကားကို နားထောင်ကြစေရန် ငါလိုလား၏။ အစ္စရာအဲလ်လူမျိုးတို့သည် ငါ၏အမှုတော်တို့ကို လိုက်နာကြစေရန် ငါလိုလား၏။-
13 "Se o meu povo apenas me ouvisse, se Israel seguisse os meus caminhos,
14 ထိုအခါ ငါသည် သူတို့၏ရန်သူများကို လျင်မြန်စွာနှိမ်နင်းမည်။ ငါ၏လက်တော်ကိုလည်း သူတို့၏ရန်သူများအား ဆန့်ကျင်၍တိုက်ခိုက်စေမည်။-
14 com rapidez eu subjugaria os seus inimigos e voltaria a minha mão contra os seus adversários!
15 ထာ၀ရဘုရားသခင်ကို မုန်းတီးကြသောသူတို့သည် ကိုယ်တော်၏ရှေ့တော်မှောက်တွင် ကြောက်ရွံ့၍ ပျပ်ဝပ်ကြလိမ့်မည်။ သူတို့၏အပြစ်ဒဏ်သည်လည်း ထာ၀ရတည်လိမ့်မည်။-
15 Os que odeiam o Senhor se renderiam diante dele, e receberiam um castigo perpétuo.
16 ငါသည် သင်တို့အား အကောင်းဆုံးဂျုံဖြင့် ကျွေးမွေးပြီး ကျောက်ဆောင်မှ စီးထွက်သောပျားရည်ဖြင့် သင်တို့ကို ကျေနပ်ရောင့်ရဲစေမည် ဟူ၍ဖြစ်သတည်း။
16 Mas eu sustentaria Israel com o melhor trigo, e com o mel da rocha eu o satisfaria".
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar Salmos 81, comparar traduções ou montar um estudo — tudo direto pelo WhatsApp.