Salmos 7
ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs NVI
1 အိုအကျွန်ုပ်၏အရှင် ထာ၀ရဘုရားသခင်၊ ကိုယ်တော်၌ အကျွန်ုပ်ခိုလှုံ အားကိုးပါ၏။ အကျွန်ုပ်ကို လိုက်လံဖမ်းဆီးသူ အပေါင်းတို့၏လက်မှ အကျွန်ုပ်အား ကယ်တော်မူပါ။-
1 Senhor meu Deus, em ti me refugio; salva-me e livra-me de todos os que me perseguem,
2 သို့မဟုတ်လျှင် သူတို့သည် အကျွန်ုပ်ကို သယ်ဆောင်ကာ ခြင်္သေ့ကဲ့သို့ အပိုင်းပိုင်း ကိုက်ဖြတ်ကြပါလိမ့်မည်။ အကျွန်ုပ်ကို ကယ်တင်ရန် မည်သူမျှ ရှိလိမ့်မည်မဟုတ်ပါ။
2 para que, como leões, não me dilacerem nem me despedacem, sem que ninguém me livre.
3 အိုအကျွန်ုပ်အရှင် ထာ၀ရဘုရားသခင်၊ အကယ်၍ အကျွန်ုပ်သည် ဤအမှုအရာကို ပြုခဲ့လျှင်သော်လည်းကောင်း၊ အကျွန်ုပ်၏ လက်များသည် မကောင်းမှုကိုပြုခဲ့ မိလျှင်သော်လည်းကောင်း၊-
3 Senhor meu Deus, se assim procedi, se nas minhas mãos há injustiça,
4 အကျွန်ုပ်သည် မိတ်ဆွေအပေါ် သစ္စာဖောက်ခဲ့မိလျှင် သော်လည်းကောင်း၊ ရန်သူအပေါ် အကြောင်းမဲ့ အကြမ်းဖက်ခဲ့မိလျှင် သော်လည်းကောင်း၊ ထိုသို့သော အမှုအရာများကို ကျူးလွန်မိလျှင်၊-
4 se fiz algum mal a um amigo ou se poupei sem motivo o meu adversário,
5 ရန်သူတို့သည် အကျွန်ုပ်ကို လိုက်လံဖမ်းဆီးလျက် မြေ ပေါ်တွင် နင်းချေသတ်ဖြတ်ကာ မြေမှုန့်ထဲတွင် စွန့်ပစ်ထားကြပါစေ။
5 persiga-me o meu inimigo até me alcançar, no chão me pisoteie e aniquile a minha vida, lançando a minha honra no pó. Pausa
6 အိုထာ၀ရဘုရားသခင်၊ အမျက်တော်နှင့် ကြွလာတော်မူပါ။ အကျွန်ုပ်အား ရန်ပြုသူများ၏ အမျက်ဒေါသကို တုံ့ပြန်တော်မူပါ။ အကျွန်ုပ်၏ဘုရား၊ နိုးထတော်မူပါ။ ကိုယ်တော်သည် တရားစီရင်ချက်ကို သတ်မှတ်တော်မူလေပြီ။-
6 Levanta-te, Senhor, na tua ira; ergue-te contra o furor dos meus adversários. Desperta-te, meu Deus! Ordena a justiça!
7 လူအပေါင်းတို့သည် ကိုယ်တော့်ကို ဝန်းရံလျက် စုဝေးကြပါစေ။ သူတို့ကို အထက်အရပ်မှ အုပ်စိုးတော်မူပါ။-
7 Reúnam-se os povos ao teu redor. Das alturas reina sobre eles.
8 ထာ၀ရဘုရားသခင်သည် လူမျိုးအပေါင်းတို့ကို တရားစီရင်တော်မူ၏။ အိုထာ၀ရဘုရားသခင်၊ အကျွန်ုပ်၏ ဖြောင့်မတ်မှု အတိုင်း အကျွန်ုပ်ကို တရားစီရင်တော်မူပါ။
8 O Senhor é quem julga os povos. Julga-me, Senhor, conforme a minha justiça, conforme a minha integridade.
9 ဆိုးယုတ်သောသူတို့၏ မကောင်းမှုများကို အဆုံးသတ်တော်မူ၍ ဖြောင့်မတ်သောသူတို့ကို အားဖြည့်ပေးတော်မူပါ။ အိုဖြောင့်မတ်တော်မူသောဘုရား၊ ကိုယ်တော်သည် လူတို့၏စိတ်နှလုံးနှင့် အကြံအစည်တို့ကို စစ်ဆေးသိမြင်တော်မူပါ၏။-
9 Deus justo, que sondas as mentes e os corações, dá fim à maldade dos ímpios e ao justo dá segurança.
10 စိတ်နှလုံးဖြောင့်မတ်သော သူတို့ကို ကယ်တင်တော်မူသော ဘုရားသခင်သည် ငါ၏အကာအကွယ်ဖြစ်တော်မူ၏။-
10 O meu escudo está nas mãos de Deus, que salva o reto de coração.
11 ဘုရားသခင်သည် ဖြောင့်မတ်သော တရားသူကြီးဖြစ်တော်မူ၍ မကောင်းမှုပြုသော သူတို့ကို နေ့စဉ်ပြစ်တင်ရှုတ်ချ တော်မူ၏။
11 Deus é um juiz justo, um Deus que manifesta cada dia o seu furor.
12 အကယ်၍ လူတို့သည် နောင်တမရကြလျှင် ဘုရားသခင်သည် ဓားကိုသွေး၍ လေးကိုအဆင်သင့် ချိန်ရွယ်တော်မူလိမ့်မည်။-
12 Se o homem não se arrepende, Deus afia a sua espada, arma o seu arco e o aponta,
13 ကိုယ်တော်သည် သေစေတတ်သော လက်နက်များကိုကိုင်ဆောင်၍ မီးတောက်ပါသောမြားတို့ကို ပြုလုပ်တော်မူ၏။-
13 prepara as suas armas mortais e faz de suas setas flechas flamejantes.
14 ကြည့်လော့၊ ဆိုးယုတ်သောသူသည် မကောင်းမှုကို သန္ဓေတည်စေ၍ ဆင်းရဲဒုက္ခကို ဝမ်း၌လွယ်ထားပြီး လိမ်လည် လှည့်ဖြားခြင်းကိုလည်း မွေးထုတ်လေ၏။-
14 Quem gera a maldade, concebe sofrimento e dá à luz a desilusão.
15 သူသည် မြေတွင်းကို နက်စွာတူးပြီး မိမိတူးထားသော တွင်းထဲသို့ပင် ပြန်ကျလေ၏။-
15 Quem cava um buraco e o aprofunda cairá nessa armadilha que fez.
16 သူ၏ ဆိုးသွမ်းမှုသည် သူ၏ဦးခေါင်းပေါ်သို့ ပြန်ကျလာပြီး သူပြုလုပ်ခဲ့သော အကြမ်းဖက်မှုသည်လည်း သူ့အပေါ်သို့ ပြန်လည် သက်ရောက်လေ၏။
16 Sua maldade se voltará contra ele; sua violência cairá sobre a sua própria cabeça.
17 ထာ၀ရဘုရားသခင်သည် ဖြောင့်မတ်တော်မူသောကြောင့် ငါသည် ကိုယ်တော့်ကို ကျေးဇူးတင်ချီးမွမ်းမည်။ ငါသည် အမြင့်ဆုံးသောအရှင် ထာ၀ရဘုရားသခင်၏ နာမတော်ကို သီဆိုချီးမွမ်းပါမည်။
17 Darei graças ao Senhor por sua justiça; Ao nome do Senhor Altíssimo cantarei louvores.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar Salmos 7, comparar traduções ou montar um estudo — tudo direto pelo WhatsApp.