Salmos 75

ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs BKJ

Sair da comparação
1 အိုဘုရားသခင်၊ အကျွန်ုပ်တို့သည် ကိုယ်တော့်ကို ကျေးဇူးတင်ကြပါ၏။ ချီးမွမ်းထောမနာပြုကြပါ၏။ အကျွန်ုပ်တို့သည် ကိုယ်တော်၏နာမတော်ကို ခေါ်တ၍ အံ့ဖွယ်သောအမှုတော်တို့ကို ထုတ်ဖော်ပြောကြားကြပါ၏။
1 Ao Músico-chefe, Al-Tachete, Salmo ou Canção de Asafe. A ti, ó Deus, damos graças, a ti damos graças, pois o teu nome está perto; tuas maravilhosas obras declaram.
2 ငါရွေးချယ်သတ်မှတ်ထားသောအချိန်၌ ငါသည် ဖြောင့်မတ်မှန်ကန်စွာ တရားစီရင်တော်မူမည်။-
2 Quando eu receber a congregação, julgarei retamente.
3 ကမ္ဘာမြေကြီးနှင့် ၎င်း၏သက်ရှိသတ္တဝါအပေါင်းတို့ တုန်လှုပ်သောအခါ ငါသည်ကမ္ဘာမြေကြီး၏ အခြေခံအုတ်မြစ်တို့ကို တည်တံ့ခိုင်မြဲစေတော်မူ၏။
3 A terra e todos os seus habitantes estão dissolvidos; eu suporto os seus pilares. Selá.
4 ကြွားဝါသောသူတို့အား ကြွားဝါခြင်းကိုမပြုကြနှင့် ဟူ၍လည်းကောင်း၊ ဆိုးယုတ်သော သူတို့အား သူတို့၏ဦးချိုကို မြှောက်မထားကြနှင့်ဟူ၍လည်းကောင်း၊-
4 Eu disse aos tolos: Não ajais tolamente; e ao perverso: Não levantai o chifre;
5 သူတို့၏ဦးချိုကို အမြင့်သို့ မြှောက်မထားကြနှင ့်ဟူ၍လည်းကောင်း၊ မောက်မာစော်ကားစွာ မပြောဆိုကြနှင့် ဟူ၍ လည်းကောင်း ငါမိန့်မှာထား၏။
5 Não levanteis o vosso chifre ao alto; não faleis com o pescoço duro.
6 အကြောင်းမူကား ချီးမြှောက်ခြင်းသည် အရှေ့အရပ်မှလည်းကောင်း၊ အနောက်အရပ်မှလည်းကောင်း၊ တောကန္တာရမှ လည်းကောင်း လာသည်မဟုတ်ပေ။-
6 Porquanto o auxílio não vem nem do leste, nem do oeste, nem do sul.
7 တရားစီရင်တော်မူသော အရှင်သည်ကား ဘုရားသခင်ပင်ဖြစ်သတည်း။ ကိုယ်တော်သည် တစ်ဦးကိုနိမ့်ကျစေ၍ အခြားတစ်ဦးကိုမူ ချီးမြှောက်တော်မူ၏။-
7 Mas Deus é o juiz; ele derruba um, e estabelece o outro.
8 အကြောင်းမူကား ထာ၀ရဘုရားသခင်၏ လက်တော်ရှိ ခွက်ဖလားတွင် ကောင်းမွန်စွာရောစပ်ထားသည့် အမြှုပ်ထွက် နေသော စပျစ်ရည်ရှိ၏။ ကိုယ်တော်သည် ထိုစပျစ်ရည်ကို သွန်ချတော်မူ၍ ကမ္ဘာပေါ်ရှိ သူယုတ်မာအပေါင်းတို့သည် ၎င်းကို ကုန်သည့်တိုင်အောင် သောက်ကြရကုန်၏။
8 Pois na mão do SENHOR há uma taça, e o vinho é tinto; é cheio de mistura; e ele derrama o mesmo, mas as suas borras, todos os perversos da terra as torcerão, e as beberão.
9 ငါမူကား ယာကုပ်အမျိုး၏ ဘုရားသခင်ကို အစဉ်မပြတ် ချီးမွမ်းသီချင်းဆိုပါမည်။-
9 Mas eu declararei para sempre; cantarei louvores ao Deus de Jacó.
10 ကိုယ်တော်သည် ယုတ်မာသောသူတို့၏ ဦးချိုရှိသမျှတို့ကို ဖြတ်တောက်တော်မူလိမ့်မည်။ ဖြောင့်မတ်သော သူတို့၏ ဦးချိုတို့မှာမူ ချီးမြှောက်ခြင်းခံရလိမ့်မည်။
10 Todos os chifres dos perversos também cortarei fora; mas os chifres do justo serão exaltados.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Salmos 75, comparar traduções ou montar um estudo — tudo direto pelo WhatsApp.