Salmos 74

ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs NVT

Sair da comparação
NVT Nova Versão Transformadora
1 အိုဘုရားသခင်၊ ကိုယ်တော်သည် အကျွန်ုပ်တို့ကို အဘယ်ကြောင့် ထာ၀စဉ်စွန့်ပစ်ထားတော်မူပါသနည်း။ ကိုယ်တော်၏ စားကျက်၌ ကျက်စားသောသိုးတို့ကို အဘယ်ကြောင့် အမျက်ထွက်တော်မူပါသနည်း။-
1 Ó Deus, por que nos rejeitaste por tanto tempo? Por que é tão intensa tua ira contra as ovelhas de teu pasto?
2 ရှေးယခင်က ကိုယ်တော်ရွေးနုတ်တော်မူခဲ့သော လူမျိုးတော်ဖြစ်၍ ကိုယ်တော်၏အမွေအနှစ်အဖြစ် ကယ်တင်တော်မူခဲ့သော လူမျိုးစုနှင့် ကိုယ်တော်စံပယ်တော်မူခဲ့သော ဇီအွန်တောင်ကို သတိရတော်မူပါ။-
2 Lembra-te de que somos o povo que adquiriste muito tempo atrás, a tribo que resgataste como tua propriedade; lembra-te ainda do monte Sião, a tua habitação.
3 ကိုယ်တော်၏ ခြေလှမ်းများကို ထာ၀ရပျက်စီးနေသော အရာများထံသို့ ဦးတည်တော်မူပါ။ ရန်သူတို့သည် သန့်ရှင်းရာဌာန၌ ရှိ သမျှသောအရာတို့ကို ဖျက်ဆီးကြလေပြီ။
3 Caminha pelas ruínas assustadoras da cidade; vê como o inimigo destruiu teu santuário.
4 ကိုယ်တော်၏ရန်သူတို့သည် ကိုယ်တော်၏ သန့်ရှင်းသောဗိမာန်တော်၌ ဟစ်အော်ကြွေးကြော်ပြီး သူတို့သည် မိမိတို့၏ အောင်လံများကို စိုက်ထူကြလေပြီ။-
4 Ali teus inimigos deram gritos de vitória; ali, hastearam suas bandeiras de guerra.
5 သူတို့သည် သစ်တောထူထပ်ရာအရပ်တွင် ပုဆိန်များဖြင့် ခုတ်လှဲသောလူတို့ကဲ့သို့ဖြစ်ကြ၏။-
5 Usaram seus machados como lenhadores no bosque.
6 သူတို့သည် ဗိမာန်တော်၏ သစ်သားပန်းပုလက်ရာများကို ပုဆိန်တင်းပုတ်များဖြင့် ရိုက်ချိုးပစ်ကြ၏။-
6 Com machados e picaretas, despedaçaram os painéis entalhados.
7 သူတို့သည် ကိုယ်တော်၏ဗိမာန်တော်ကို မီးရှို့ဖျက်ဆီးကြ၍ ကိုယ်တော်၏နာမတော် တည်ရာဌာနကို မြေသို့ကျသည့် တိုင်အောင် ညစ်ညူးစေကြပါ၏။-
7 Incendiaram todo o teu santuário, profanaram o lugar de habitação do teu nome.
8 ထိုသူတို့က ငါတို့သည် သူတို့ကို အပြီးတိုင်ခြေမှုန်းမည်ဟု မိမိတို့၏စိတ်အတွင်း၌ဆိုကြပြီး မြေကြီးပေါ်၌ ဘုရားသခင်အား ဝတ်ပြုကိုးကွယ်သည့်ဌာနတိုင်းကို မီးရှို့ဖျက်ဆီးကြကုန်၏။
8 Pensaram: “Vamos destruir tudo!”, e queimaram todos os lugares de adoração a Deus.
9 အကျွန်ုပ်တို့သည် နိမိတ်လက္ခဏာများကို မမြင်ကြရတော့ပါ။ ပရောဖက်များလည်း မရှိကြတော့ပါ။ မည်မျှကြာအောင် ဤသို့ဖြစ်နေမည်ကိုလည်း မည်သူမျှမသိပါ။-
9 Já não vemos teus sinais; não há mais profetas, e ninguém sabe quando isso acabará.
10 အိုဘုရားသခင်၊ ရန်သူတို့သည် မည်မျှကြာအောင် ကိုယ်တော်အား မထီမဲ့မြင်ပြုကြလိမ့်မည်နည်း။ ရန်သူတို့သည် ကိုယ်တော်၏နာမတော်ကို အစဉ်ထိခိုက်စော်ကားနေကြမည်လော။-
10 Até quando, ó Deus, permitirás que nossos inimigos te insultem? Acaso deixarás que blasfemem teu nome para sempre?
11 ကိုယ်တော်သည် အဘယ်ကြောင့် ကိုယ်တော်၏လက်ယာလက်တော်ကို ထိန်းချုပ်ထားတော်မူပါသနည်း။ ကိုယ်တော်၏ လက်တော်ကို ဝတ်ရုံအောက်မှထုတ်၍ ထိုသူတို့ကို ဖျက်ဆီးတော်မူပါ။
11 Por que reténs tua forte mão direita? Estende-a com poder e destrói-os!
12 အကြောင်းမူကား ဘုရားသခင်သည် ရှေးကာလကပင် ဘုရင်ဖြစ်တော်မူ၍ ကမ္ဘာမြေကြီးပေါ်တွင် ကယ်တင်ခြင်း လုပ်ငန်းကို ဆောင်ရွက်တော်မူပြီ။-
12 Tu, ó Deus, és meu rei desde a antiguidade e trazes salvação à terra.
13 ကိုယ်တော်သည် မိမိ၏ မဟာတန်ခိုးတော်အားဖြင့် ပင်လယ်ရေကို ပိုင်းခြားတော်မူ၍ ရေထဲရှိနဂါးတို့၏ ဦးခေါင်းများကို နင်းချေတော်မူ၏။-
13 Com tua força, dividiste o mar e despedaçaste as cabeças dos monstros marinhos.
14 ကိုယ်တော်သည် လေဗိယသန်၏ ဦးခေါင်းများကို နင်းချေတော်မူ၏။ ကိုယ်တော်သည် ၎င်းကို တောကန္တာရရှိ သက်ရှိသတ္တဝါတို့၏ အစာဖြစ်စေတော်မူခဲ့ပြီ။-
14 Esmagaste as cabeças do Leviatã e o deste como alimento aos animais do deserto.
15 ကိုယ်တော်သည် စမ်းအိုင်များနှင့်ချောင်းများကို ဖွင့်ချတော်မူ၍ ရေမပြတ်စီးဆင်းသော မြစ်များကို ခန်းခြောက်စေ တော်မူ၏။-
15 Fizestes jorrar fontes e riachos e secaste rios de águas torrenciais.
16 ကိုယ်တော်သည် နေ့နှင့်ညကို ပိုင်ဆိုင်တော်မူ၍ နေနှင့်တကွ အလင်းပေးသော အရာရှိသမျှတို့ကို နေရာချထားတော်မူ၏။-
16 Tanto o dia como a noite pertencem a ti; criaste a luz das estrelas
17 ကိုယ်တော်သည် ကမ္ဘာမြေကြီး၏ နယ်နိမိတ်ရှိသမျှကို သတ်မှတ်တော်မူ၍ နွေဥတုနှင့်ဆောင်းဥတုတို့ကို ဖန်ဆင်း တော်မူ၏။
17 Determinaste os limites da terra e fizeste o verão e o inverno.
18 အိုထာ၀ရဘုရားသခင်၊ ရန်သူတို့သည် ကိုယ်တော့်ကို ပြက်ရယ်ပြုကြသည်ကိုလည်းကောင်း၊ ဘုရားမဲ့သောသူတို့သည် ကိုယ်တော်၏ နာမတော်အား မထီမဲ့မြင်ပြုကြသည်ကိုလည်းကောင်း သတိရတော်မူပါ။-
18 Vê como os inimigos te insultam, S enhor ; uma nação insensata blasfemou teu nome.
19 ကိုယ်တော့်ချိုးငှက်ငယ်၏ အသက်ကို သားရဲတိရစ္ဆာန်တို့အား ပေးတော်မမူပါနှင့်။ ကိုယ်တော်၏ ဆင်းရဲသားတို့၏ ဘ၀အသက်တာကို မေ့လျော့ထားတော်မမူပါနှင့်။
19 Não permitas que esses animais selvagens destruam tua pomba; não te esqueças para sempre de teu povo aflito.
20 ကိုယ်တော်၏ ပဋိညာဉ်တော်ကို ထောက်ရှုတော်မူပါ။ အကြောင်းမူကား မြေကြီးပေါ်ရှိ မှောင်မိုက်သောအရပ်များသည် အကြမ်းဖက်မှုဖြစ်ပေါ်ရာဌာနများဖြင့် ပြည့်နှက်လျက်ရှိပါ၏။-
20 Lembra-te das promessas da aliança, pois a terra está cheia de escuridão e violência.
21 ဖိစီးနှိပ်စက်ခြင်းကို ခံရသောသူတို့အား အရှက်တကွဲဖြစ်စေတော်မမူပါနှင့်။ ဆင်းရဲသောသူနှင့် ချို့တဲ့သောသူတို့သည် ကိုယ်တော်၏နာမတော်ကို ချီးမွမ်းထောမနာပြုကြပါစေ။
21 Não permitas que os oprimidos voltem a ser humilhados; em vez disso, que os pobres e os necessitados louvem teu nome.
22 အိုထာ၀ရဘုရားသခင်၊ ကြွလာတော်မူပါ။ ကိုယ်တော်၏အမှုတော်အတွက် ရှေ့နေရှေ့ရပ်ပြုတော်မူပါ။ ဘာသာတရားမဲ့ သူတို့သည် ကိုယ်တော်အား တစ်နေ့လုံးမည်သို့ မထီမဲ့မြင်ပြုကြသည်ကို သတိရတော်မူပါ။-
22 Levanta-te, ó Deus, e defende tua causa; lembra-te de como esses tolos te insultam o dia todo.
23 ကိုယ်တော့်ရန်သူတို့၏ အော်ဟစ်သံကို မေ့ထားတော်မမူပါနှင့်။ ကိုယ်တော်ကို ဆန့်ကျင်သောသူတို့၏ အော်ဟစ်သံသည် အဆက်မပြတ်ထွက်ပေါ်နေပါ၏။
23 Não ignores o que teus inimigos disseram, nem o tumulto que cresce sem parar.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Salmos 74, comparar traduções ou montar um estudo — tudo direto pelo WhatsApp.