Salmos 71

ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs NTLH

Sair da comparação
NTLH Nova Tradução na Linguagem de Hoje 2000
1 အိုထာ၀ရဘုရားသခင်၊ ကိုယ်တော်၌ အကျွန်ုပ်ခိုလှုံပါ၏။ အကျွန်ုပ်သည် မည်သည့်အခါမျှ အရှက်တကွဲမဖြစ်ရပါစေနှင့်။-
1 Ó Senhor Deus, tu és a minha segurança; nunca deixes que eu sofra a vergonha da derrota.
2 ကိုယ်တော်ရှင်၏ ဖြောင့်မတ်မှန်ကန်တော်မူခြင်း၌ အကျွန်ုပ်ကိုရွေးနုတ်၍ ကယ်တင်တော်မူပါ။ အကျွန်ုပ်ကိုနားညောင်း၍ ကယ်မတော်မူပါ။-
2 Ajuda-me e livra-me, pois tu és justo; ouve-me e salva-me.
3 အကျွန်ုပ်အမြဲ ဝင်ရောက်နားခိုနိုင်သော ကျောက်ဆောင်ဖြစ်တော်မူပါ။ ကိုယ်တော်သည် အကျွန်ုပ်ကိုကယ်တင်ရန် အမိန့်ရှိတော်မူခဲ့လေပြီ။ အကြောင်းမူကား ကိုယ်တော်သည် အကျွန်ုပ်၏ကျောက်ဆောင်နှင့် အကျွန်ုပ်၏ ရဲတိုက် ဖြစ်တော်မူပါ၏။
3 Ó Deus, sê a minha rocha de abrigo e uma fortaleza para me proteger! Tu és a minha rocha e a minha fortaleza.
4 အိုအကျွန်ုပ်၏ဘုရားသခင်၊ ဆိုးယုတ်သောသူတို့၏ လက်မှလည်းကောင်း၊ မတရားရက်စက်ကြမ်းကြုတ်သောသူတို့၏ ချုပ်ကိုင်မှုမှလည်းကောင်း အကျွန်ုပ်ကို ကယ်တင်တော်မူပါ။-
4 Ó meu Deus, livra-me dos maus, livra-me do poder dos homens perversos e violentos!
5 အိုထာ၀ရအရှင် ဘုရားသခင်၊ ကိုယ်တော်သည် အကျွန်ုပ်ငယ်ရွယ်စဉ်မှစ၍ အကျွန်ုပ်၏မျှော်လင့်ရာ၊ ယုံကြည်အားထားရာ ဖြစ်တော်မူပါ၏။-
5 Ó Senhor , meu Deus, em ti ponho a minha esperança; desde jovem tenho confiado em ti.
6 အကျွန်ုပ်သည် မွေးစကပင် ကိုယ်တော့်ကို မှီခိုအားထားခဲ့ပါပြီ။ အကျွန်ုပ်ကို အမိ၏ဝမ်းထဲမှ ခေါ်ဆောင်ခဲ့သူမှာ ကိုယ်တော်သာလျှင်ဖြစ်ပါ၏။ အကျွန်ုပ်သည် ကိုယ်တော့်ကို အစဉ်မပြတ် ချီးမွမ်းထောမနာပြုပါမည်။
6 Toda a minha vida tenho me apoiado em ti; desde o meu nascimento tu tens me protegido. Eu sempre te louvarei.
7 များစွာသောသူတို့အတွက် အကျွန်ုပ်သည် အံ့ဖွယ်ရာဖြစ်ပါ၏။ သို့သော် ကိုယ်တော်သည် အကျွန်ုပ်၏ခိုင်ခံ့သော ခိုလှုံရာဖြစ်ပါ၏။-
7 A minha vida tem sido um exemplo para muitos porque tu tens sido o meu forte defensor.
8 အကျွန်ုပ်၏နှုတ်သည် ကိုယ်တော်အား ချီးမွမ်းခြင်းနှင့် ပြည့်လျက်ရှိပြီး ကိုယ်တော်၏ဘုန်းဂုဏ်တော်ကို တစ်နေ့လုံးချီးမွမ်းပါ၏။-
8 O dia inteiro, eu te louvo e anuncio a tua
9 အသက်အရွယ်ကြီးရင့်လာချိန်၌ အကျွန်ုပ်ကို စွန့်ပစ်တော်မမူပါနှင့်။ အကျွန်ုပ်၏ခွန်အား ကုန်ဆုံးလာချိန်၌ အကျွန်ုပ်ကို စွန့်ပယ်ထားတော်မမူပါနှင့်။-
9 Não me rejeites agora que sou velho; não me abandones agora que estou fraco.
10 အကြောင်းမူကား အကျွန်ုပ်၏ရန်သူများသည် အကျွန်ုပ်ကို ဆန့်ကျင်ပြောဆိုကြပါ၏။ အကျွန်ုပ်၏အသက်ဘေးကို ရန်ရှာသောသူတို့သည်လည်း အတူတကွကြံစည်တိုင်ပင်ကြပါ၏။-
10 Os meus inimigos querem me matar; eles falam contra mim e planejam a minha morte.
11 သူတို့က ဘုရားသခင်သည် သူ့ကိုစွန့်ပစ်ထားလေပြီ။ သူ့ကို လိုက်လံဖမ်းဆီးကြလော့။ အကြောင်းမူကား သူ့ကို ကယ်တင်မည့်သူ တစ်ဦးတစ်ယောက်မျှ မရှိဟုဆိုကြပါ၏။
11 Eles dizem: “Deus o abandonou; vamos persegui-lo e agarrá-lo, pois ninguém o salvará.”
12 အိုဘုရားသခင်၊ အကျွန်ုပ်ထံမှ ဝေးစွာနေတော်မမူပါနှင့်။ အကျွန်ုပ်၏ဘုရားသခင်၊ အကျွန်ုပ်ကို မစရန် အလျင်အမြန် ကြွလာတော်မူပါ။-
12 Ó Deus, não fiques longe de mim! Ajuda-me agora, meu Deus!
13 အကျွန်ုပ်ကို မဟုတ်မမှန်စွပ်စွဲသော သူတို့သည် အရှက်တကွဲဖြစ်ပြီး ပျက်စီးကြပါစေ။ အကျွန်ုပ်ကို ထိခိုက်နာကျင်စေရန် ကြိုးစားကြသောသူတို့သည် ကဲ့ရဲ့ခြင်းနှင့် နစ်မွန်းကြပါစေ။-
13 Que sejam derrotados e destruídos aqueles que me atacam! Que fiquem arruinados e envergonhados os que querem a minha desgraça!
14 သို့သော် အကျွန်ုပ်သည် ကိုယ်တော့်ကို အစဉ်မပြတ် မျှော်လင့်လျက် ပို၍သာ ချီးမွမ်းထောမနာပြုပါမည်။-
14 Eu sempre porei a minha esperança em ti e te louvarei mais e mais.
15 အကျွန်ုပ်၏နှုတ်သည် ကိုယ်တော်၏ ဖြောင့်မတ်တော်မူခြင်းနှင့် ကယ်တင်တော်မူခြင်း ကျေးဇူးတော်များကို တစ်နေ့လုံး ဟောကြားပါမည်။ ကျေးဇူးတော်များသည် ရေတွက်၍ မကုန်နိုင်ပါ။-
15 Anunciarei que tu és fiel; o dia inteiro falarei da tua salvação, embora não seja capaz de entendê-la.
16 ထာ၀ရအရှင် ဘုရားသခင်၏ အားတန်ခိုးတော်များဖြင့် အကျွန်ုပ်လာရောက်ပါမည်။ ကိုယ်တော်၏ ဖြောင့်မတ်တော်မူခြင်း ကျေးဇူးကိုသာလျှင် အကျွန်ုပ် ချီးမွမ်းပါမည်။
16 Falarei do teu poder, ó anunciarei a tua fidelidade, a tua fidelidade somente.
17 အိုဘုရားသခင်၊ ကိုယ်တော်သည် အကျွန်ုပ်ကို ငယ်ရွယ်စဉ်အခါမှစ၍ သွန်သင်တော်မူခဲ့ပြီ။ အကျွန်ုပ်သည် ကိုယ်တော်၏ အံ့ဖွယ်သောအမှုတော်တို့ကို ဆက်လက်ကြေညာဆဲပင်ရှိပါ၏။-
17 Tu tens me ensinado desde a minha mocidade, e eu continuo a falar das coisas maravilhosas que fazes.
18 သို့ဖြစ်၍ အကျွန်ုပ်သည် အသက်ကြီးရင့်၍ ဆံပင်ဖြူလျက်ရှိလျှင်ပင် နောင်လာလတ္တံ့သော သားစဉ်မြေးဆက်တို့အား ကိုယ်တော်၏ ဘုန်းတန်ခိုးတော်ကို ကြေညာဟောပြောပြီးသည့်တိုင်အောင် အကျွန်ုပ်ကို စွန့်ပယ်တော်မမူပါနှင့်။-
18 Agora que estou velho, e os meus cabelos ficaram brancos, não me abandones, ó Deus! Fica comigo enquanto anuncio o teu poder e a tua força a este povo e aos seus descendentes.
19 အိုဘုရား သခင်၊ ကိုယ်တော်၏တရားမျှတမှုသည် မိုးကောင်းကင် တိုင်အောင်ရောက်ရှိပါ၏။ ကြီးမြတ်သော အမှုအရာများကို ပြုတော်မူသော အို ဘုရားသခင်၊ အဘယ်သူသည် ကိုယ်တော်နှင့်တူပါသနည်း။-
19 A tua fidelidade, ó Deus, chega até o céu. Tu tens feito grandes coisas, e não há ninguém igual a ti.
20 အကျွန်ုပ်အား များစွာသောဆင်းရဲခြင်းများနှင့် ဘေးဒုက္ခတို့ကိုကြုံတွေ့စေတော်မူသော ကိုယ်တော်သည် အကျွန်ုပ်ကို ပြန်လည်အသက်သွင်းပေးတော်မူလိမ့်မည်။ ကိုယ်တော်သည် အကျွန်ုပ်ကို ကမ္ဘာမြေကြီး၏ နက်ရှိုင်းရာအရပ်များမှ တစ်ဖန် ခေါ်ဆောင်တော်မူလိမ့်မည်။-
20 Tu me tens feito passar por aflições e sofrimentos, mas me darás forças novamente e me livrarás da sepultura.
21 ကိုယ်တော်သည် အကျွန်ုပ်၏ဂုဏ်သတင်းကို တိုးပွားစေ၍ နှစ်သိမ့်မှုကိုထပ်မံ၍ ပေးတော်မူလိမ့်မည်။
21 Tu me tornarás cada vez mais famoso e sempre me consolarás.
22 အိုအကျွန်ုပ်၏ဘုရား၊ အကျွန်ုပ်သည် ကိုယ်တော်၏ သစ္စာတော်ကို စောင်းတီး၍ ချီးမွမ်းထောမနာပြုပါမည်။ အကျွန်ုပ်သည် အစ္စရာအဲလ်လူမျိုးတို့၏ သန့်ရှင်းမြင့်မြတ်သော ဘုရားသခင်အား တယောတီး၍ ချီးမွမ်းသီဆိုပါမည်။-
22 Prometo que te louvarei com harpa . Ó meu Deus, eu te louvarei porque és fiel. Na minha ó Santo Deus de Israel.
23 ကိုယ်တော်၏ ရှေ့တော်တွင် ချီးမွမ်းသီဆိုသောအခါ အကျွန်ုပ်၏နှုတ်ခမ်းများသည် ဝမ်းမြောက်ခြင်းဖြင့် ဟစ်ကြွေးပါမည်။ ကိုယ်တော်ရွေးနုတ်ထားတော်မူသော အကျွန်ုပ်၏ဝိညာဉ်သည်လည်း ထိုနည်းတူပြုပါမည်။-
23 Cantarei de alegria quando tocar hinos a ti, cantarei com todas as minhas forças porque tu me salvaste.
24 အကျွန်ုပ်၏လျှာသည် ကိုယ်တော်၏ဖြောင့်မတ်သော ကူညီစောင်မခြင်းကို တစ်နေ့လုံးချီးမွမ်းမြွက်ဆိုပါမည်။ အကြောင်းမူကား အကျွန်ုပ်ကို မကောင်းကြံသော သူတို့သည် အရှက်တကွဲဖြစ်၍ အသရေပျက်ကြလေပြီ။
24 O dia inteiro falarei da tua justiça, pois os que me queriam prejudicar foram derrotados e arruinados.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Salmos 71, comparar traduções ou montar um estudo — tudo direto pelo WhatsApp.