Salmos 68

ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs ARA

Sair da comparação
ARA Almeida Revista e Atualizada 1993
1 ဘုရားသခင်သည် ကြွလာတော်မူပါစေ။ ကိုယ်တော်၏ ရန်သူတို့သည် ကွဲလွင့်သွားကြပါစေ။ ကိုယ်တော့်ကို ဆန့်ကျင်ကြသော သူတို့သည် ရှေ့တော်မှ ထွက်ပြေးကြရပါစေ။-
1 Levanta-se Deus; dispersam-se os seus inimigos; de sua presença fogem os que o aborrecem.
2 မီးခိုးသည် လေ၌လွင့်ပါသွားသကဲ့သို့ သူတို့ကို လွင့်သွားစေတော်မူပါ။ ဖယောင်းသည် မီးရှေ့တွင် အရည်ပျော်သကဲ့သို့ ဆိုးယုတ်သောသူတို့သည်လည်း ဘုရားသခင်၏ရှေ့တော်တွင် ပျက်စီးကြပါစေ။-
2 Como se dissipa a fumaça, assim tu os dispersas; como se derrete a cera ante o fogo, assim à presença de Deus perecem os iníquos.
3 ဖြောင့်မတ်သော သူတို့မူကား ပျော်ရွှင်ဝမ်းမြောက်ကြ၍ ဘုရားသခင်၏ ရှေ့တော်တွင် ရွှင်လန်းဝမ်းမြောက်ကြပါစေ။ သူတို့သည် ပျော်ရွှင်ကြည်နူး၍ ရွှင်လန်းကြပါစေ။
3 Os justos, porém, se regozijam, exultam na presença de Deus e folgam de alegria.
4 ဘုရားသခင်အား သီဆိုကျူးအေးကြလော့။ ကိုယ်တော်၏ နာမတော်အား ချီးမွမ်းသီဆိုကြလော့။ မိုးတိမ်များကို စီးတော်မူသော ကိုယ်တော်၏နာမတော်ကား ထာ၀ရဘုရားသခင်ဟူ၍ဖြစ်သတည်း။ ကိုယ်တော်၏ ရှေ့တော်တွင် ရွှင်လန်း ဝမ်းမြောက်ကြလော့။
4 Cantai a Deus, salmodiai o seu nome; exaltai o que cavalga sobre as nuvens.
5 ဖခင်မရှိသော သူတို့၏ဖခင်နှင့် မုဆိုးမတို့၏ ကွယ်ကာရာအရှင်ဖြစ်သူကား မိမိ၏သန့်ရှင်းရာဌာနတွင် စံပယ်တော်မူသော ဘုရားသခင်ပေတည်း။-
5 Pai dos órfãos e juiz das viúvas é Deus em sua santa morada.
6 ဘုရားသခင်သည် အထီးကျန်ဖြစ်သူတို့အား အတူနေထိုင်ရန် မိသားစုကိုပေး၍ အကျဉ်းခံနေရသူများအား ကြွယ်၀ချမ်းသာ ခြင်းသို့ခေါ်ဆောင်လာတော်မူ၏။ ပုန်ကန်ထကြွသူတို့မှာမူကား ပူပြင်းသောအရပ်များတွင် နေထိုင်ကြရ၏။
6 Deus faz que o solitário more em família; tira os cativos para a prosperidade; só os rebeldes habitam em terra estéril.
7 အိုဘုရားသခင်၊ ကိုယ်တော်သည် မိမိ၏လူမျိုးတော်အရှေ့မှ ထွက်သွားပြီးလျှင် လွင်ပြင်ကိုဖြတ်ကျော်၍ ချီတက်တော်မူ သောအခါ၊-
7 Ao saíres, ó Deus, à frente do teu povo, ao avançares pelo deserto,
8 ဆီနိုင်တောင်၏ ဘုရားသခင်ရှေ့မှောက်၊ အစ္စရာအဲလ်လူမျိုးတို့၏ ဘုရားတည်းဟူသော ဘုရားသခင်၏ရှေ့မှောက်တော်တွင် ကမ္ဘာမြေကြီးသည် တုန်လှုပ်ခဲ့၏။ ကောင်းကင်တို့သည်လည်း မိုးရွာသွန်းချကြ၏။-
8 tremeu a terra; também os céus gotejaram à presença de Deus; o próprio Sinai se abalou na presença de Deus, do Deus de Israel.
9 အိုဘုရားသခင်၊ ကိုယ်တော်သည် မိုးများကို လှိုင်လှိုင်ရွာသွန်းစေခဲ့ပြီး ကိုယ်တော်၏ မောပန်းနွမ်းနယ်နေသော အမွေစားအမွေခံတို့ကို ပြန်လည်လန်းဆန်းစေခဲ့ပါ၏။-
9 Copiosa chuva derramaste, ó Deus, para a tua herança; quando já ela estava exausta, tu a restabeleceste.
10 ကိုယ်တော်၏ လူမျိုးတော်သည် ထိုအရပ်၌ အခြေချခဲ့ကြ၏။ အိုဘုရားသခင်၊ ကိုယ်တော်သည် ချို့တဲ့သောသူတို့အား ကိုယ်တော်၏ ကောင်းမြတ်တော်မူခြင်းဖြင့် ကြည့်ရှုစောင့်ရှောက်တော်မူခဲ့၏။
10 Aí habitou a tua grei; em tua bondade, ó Deus, fizeste provisão para os necessitados.
11 ထာ၀ရဘုရားသခင်သည် နှုတ်တော်ထွက်စကားကို ကြေညာတော်မူ၏။ ထိုနှုတ်တော်ထွက်စကားကို ကြွေးကြော်သော သူတို့၏ အဖွဲ့အစည်းကား ကြီးမားလှပေ၏။-
11 O Senhor deu a palavra, grande é a falange das mensageiras das boas-novas.
12 စစ်သည်ဗိုလ်ခြေတို့၏ ရှင်ဘုရင်တို့သည် အလျင်အမြန်ထွက်ပြေးကြ၏။ သူတို့သည် ထွက်ပြေးကြ၏။ အိမ်၌ရှိကြသော အမျိုးသမီးတို့သည်လည်း တပ်စခန်းများမှ တိုက်ခိုက်ရရှိထားသော ပစ္စည်းများကို ခွဲဝေယူကြ၏။-
12 Reis de exércitos fogem e fogem; a dona de casa reparte os despojos.
13 သူတို့သည် စစ်ပွဲဝင်သောနေ့၌ သိုးခြံများတွင်ရှိနေကြသော်လည်း ငွေဖြင့်ဖုံးလွှမ်းလျက်ရှိသော ချိုးငှက်၏အတောင်များ ကဲ့သို့လည်းကောင်း၊ ရွှေဖြင့်တောက်ပလျက်ရှိသော ၎င်း၏အမွေးအတောင်များ ကဲ့သို့လည်းကောင်း ဖြစ်ကြလိမ့်မည်ဟု ကြွေးကြော်ကြ၏။-
13 Por que repousais entre as cercas dos apriscos? As asas da pomba são cobertas de prata, cujas penas maiores têm o brilho flavo do ouro.
14 အလုံးစုံကို တတ်နိုင်တော်မူသော အရှင်သည် မြေကြီးပေါ်ရှိ ဘုရင်တို့ကို ကွဲလွင့်စေတော်မူသည့်အချိန်၌ ဇာလမွန်တောင် ပေါ်တွင် ဆီးနှင်းကျသကဲ့သို့ဖြစ်၏။
14 Quando o Todo-Poderoso ali dispersa os reis, cai neve sobre o monte Zalmom.
15 ဘာရှန်တောင်တန်းတို့သည် တင့်တယ်ခန့်ညားသောတောင်တန်းများဖြစ်ကြ၏။ ဘာရှန်တောင်တန်းတို့တွင် တောင်ထိပ်များစွာရှိကြ၏။-
15 O monte de Deus é Basã, serra de elevações é o monte de Basã.
16 အိုတောင်ထိပ်များစွာရှိသော တောင်တန်းတို့၊ သင်တို့သည် အဘယ်ကြောင့် ဘုရားသခင် စံပယ်တော်မူရန် ရွေးချယ်ထားသော တောင်တော်ကို မနာလိုစိတ်နှင့် ငေးစိုက်ကြည့်ကြပါသနည်း။ ထာ၀ရဘုရားသခင်သည် ထိုအရပ်တွင် ကိုယ်တော်တိုင် ကာလအဆက်ဆက် စံပယ်တော်မူလိမ့်မည်။
16 Por que olhais com inveja, ó montes elevados, o monte que Deus escolheu para sua habitação? O
17 ဘုရားသခင်၏ စစ်ရထားတို့သည် ထောင်သောင်းများစွာရှိကြ၏။ ထာ၀ရဘုရားသခင်သည် ဆီနိုင်တောင်မှ သန့်ရှင်းရာဌာနသို့ ကြွလာတော်မူပြီ။-
17 Os carros de Deus são vinte mil, sim, milhares de milhares. No meio deles, está o Senhor; o Sinai tornou-se em santuário.
18 ကိုယ်တော်သည် မြင့်သောအရပ်သို့ တက်ကြွသွားသောအခါ သုံ့ပန်းများကို ဦးဆောင် ခေါ်သွားတော်မူ၍ လူတို့ထံမှသာမက ဆန့်ကျင်ပုန်ကန်သူများထံမှပင်လျှင် လက်ဆောင်ပဏ္ဏာများကို လက်ခံခဲ့၏။ ဤနည်းအားဖြင့် ထာ၀ရအရှင် ဘုရားသခင်သည် ထိုအရပ်တွင် ကာလအဆက်ဆက် စံပယ်တော်မူရန်အတွက် ဖြစ်လေ၏။
18 Subiste às alturas, levaste cativo o cativeiro; recebeste homens por dádivas, até mesmo rebeldes, para que o
19 ငါတို့၏ဝန်ထုပ်များကို နေ့စဉ်ထမ်းတော်မူသော ထာ၀ရဘုရားသခင်အား ကောင်းချီးမင်္ဂလာ ရှိပါစေသော်။ ဘုရားသခင်သည် ငါတို့၏ကယ်တင်ခြင်း ဖြစ်တော်မူ၏။-
19 Bendito seja o Senhor que, dia a dia, leva o nosso fardo! Deus é a nossa salvação.
20 ဘုရားသခင်သည် ကယ်တင်တော်မူသော ဘုရားဖြစ်တော်မူ၏။ သေခြင်းမှ လွတ်မြောက်ခြင်းသည် ထာ၀ရ ဘုရားသခင်တည်းဟူသော ဘုရားသခင်ထံမှလာ၏။
20 O nosso Deus é o Deus libertador; com Deus, o
21 သို့သော် ဘုရားသခင်သည် မိမိရန်သူတို့၏ ဦးခေါင်းများကိုလည်းကောင်း၊ အပြစ်များကို ကျူးလွန်နေသူ၏ အမွေးထူထပ်သော သရဖူကိုလည်းကောင်း ချေမှုန်းတော်မူလိမ့်မည်။-
21 Sim, Deus parte a cabeça dos seus inimigos e o cabeludo crânio do que anda nos seus próprios delitos.
22 ထာ၀ရဘုရားသခင်က ငါသည် သူတို့ကို ဘာရှန်ပြည်မှ ခေါ်ဆောင်လာမည်။ ငါသည် သူတို့ကို ပင်လယ်ရေနက်ထဲမှ ခေါ်ဆောင်လာမည်။-
22 Disse o Senhor: De Basã os farei voltar, fá-los-ei tornar das profundezas do mar,
23 ဤသို့ဖြင့် သင်တို့သည် မိမိတို့၏ခြေများကို သွေးတွင် ဆေးနိုင်ကြမည်ဖြစ်ပြီး သင်တို့ခွေးများ၏ လျှာတို့သည်လည်း သူတို့၏ဝေစုကို ရန်သူတို့ထံမှ ရကြလိမ့်မည်ဟူ၍ မိန့်တော်မူ၏။
23 para que banhes o pé em sangue, e a língua dos teus cães tenha o seu quinhão dos inimigos.
24 အိုဘုရားသခင်၊ ကိုယ်တော်၏ စီတန်းလှည့်လည်ခြင်းကို မြင်ကြရလေပြီ။ ထိုစီတန်းလှည့်လည်ခြင်းကား သန့်ရှင်းရာဌာန အတွင်းသို့ ဝင်တော်မူသော အကျွန်ုပ်၏ဘုရား၊ အကျွန်ုပ်၏ ဘုရင်မင်းမြတ်၏ စီတန်းလှည့်လည်ခြင်းပေတည်း။-
24 Viu-se, ó Deus, o teu cortejo, o cortejo do meu Deus, do meu Rei, no santuário.
25 သီချင်းသီဆိုသူတို့သည် ရှေ့မှ၊ တူရိယာတီးမှုတ်သူတို့သည် နောက်မှသွားကြလျက် ဗုံတီးသော မိန်းမပျိုတို့သည် ၎င်းတို့အလယ်မှ လိုက်ပါသွားကြ၏။-
25 Os cantores iam adiante, atrás, os tocadores de instrumentos de cordas, em meio às donzelas com adufes.
26 ကြီးမားသော လူအစုအဝေး၌ ဘုရားသခင်ကို ချီးမွမ်းကြလော့။ အစ္စရာအဲလ်အမျိုးအနွယ်တို့၊ ထာ၀ရဘုရားသခင်ကို ချီးမွမ်းကြလော့။-
26 Bendizei a Deus nas congregações, bendizei ao
27 ၎င်းတို့တွင် အငယ်ဆုံးဖြစ်သော ဘင်ဂျာမင်မျိုးနွယ်စုသည် သူတို့ကိုဦးဆောင်လျက် ဂျုဒ၏ မင်းညီမင်းသားများ၊ ဇေဘုလွမ်နှင့် နက်ဖတာလီတို့၏ မင်းညီမင်းသားများ ပါဝင်ကြ၏။
27 Ali, está o mais novo, Benjamim, que os precede, os príncipes de Judá, com o seu séquito, os príncipes de Zebulom e os príncipes de Naftali.
28 အိုဘုရားသခင်၊ ကိုယ်တော်၏ ဘုန်းတန်ခိုးတော်ကို ဆင့်ခေါ်တော်မူပါ။ အိုဘုရားသခင်၊ ရှေးယခင်က ကိုယ်တော် လုပ်ဆောင်ခဲ့သည့်အတိုင်း ကိုယ်တော်၏ ခွန်အားတန်ခိုးကို အကျွန်ုပ်တို့အား ပြတော်မူပါ။-
28 Reúne, ó Deus, a tua força, força divina que usaste a nosso favor,
29 ဂျေရုဆလင်ရှိ ကိုယ်တော်၏ ဗိမာန်တော်ကြောင့် ဘုရင်မင်းမြတ်တို့သည် ကိုယ်တော့်ထံသို့ လက်ဆောင်ပဏ္ဏာများ ယူဆောင်လာကြပါလိမ့်မည်။-
29 oriunda do teu templo em Jerusalém. Os reis te oferecerão presentes.
30 ကျူပင်များအလယ်ရှိ သားရဲတိရစ္ဆာန်များကိုလည်းကောင်း၊ လူမျိုးတကာတို့၏ နွားသူငယ်များအလယ်ရှိ နွားအုပ်ကြီးကိုလည်းကောင်း ဆုံးမတော်မူပါ။ ငွေချောင်းများကို နှစ်သက်ကြသောသူများကို ခြေဖြင့်နင်းတော်မူပါ။ စစ်ပွဲကို နှစ်သက်သောသူတို့ကို ကွဲလွင့်စေတော်မူပါ။-
30 Reprime a fera dos canaviais, a multidão dos fortes como touros e dos povos com novilhos; calcai aos pés os que cobiçam barras de prata. Dispersa os povos que se comprazem na guerra.
31 အီဂျစ်ပြည်မှ ကြေးဝါကိုယူ ဆောင်လာကြပါစေ။ အီသီယိုးပိယပြည်သည်လည်း မိမိကိုယ်ကို ဘုရားသခင်၏ရှေ့တော်၌ ကျိုးနွံပါစေ။
31 Príncipes vêm do Egito; a Etiópia corre a estender mãos cheias para Deus.
32 ကမ္ဘာမြေကြီးပေါ်ရှိ နိုင်ငံအပေါင်းတို့၊ ဘုရားသခင်အား သီဆိုကျူးအေးကြလော့။ ထာ၀ရဘုရားသခင်အား ထောမနာပြုကြလော့။-
32 Reinos da terra, cantai a Deus, salmodiai ao Senhor,
33 ရှေးအခါကပင် တည်ရှိခဲ့သော ကောင်းကင်ယံတို့ကို စီးတော်မူသည့် ကိုယ်တော်အား ကျူးအေးကြလော့။ ထိုအရပ်၌ ကိုယ်တော်သည် တန်ခိုးဩဇာရှိသောအသံဖြင့် မြွက်ဆိုတော်မူ၏။-
33 àquele que encima os céus, os céus da antiguidade; eis que ele faz ouvir a sua voz, voz poderosa.
34 ဘုရားသခင်၏ တန်ခိုးတော်ကို သိမှတ်ဝန်ခံကြလော့။ ကိုယ်တော်၏ ဂုဏ်ကျက်သရေတော်သည် အစ္စရာအဲလ်လူမျိုးတို့ အပေါ်တွင်လွှမ်းမိုး၍ ကိုယ်တော်၏ တန်ခိုးတော်သည်လည်း ကောင်းကင်ယံတွင်တည်ရှိ၏။-
34 Tributai glória a Deus; a sua majestade está sobre Israel, e a sua fortaleza, nos espaços siderais.
35 အိုဘုရားသခင်၊ သန့်ရှင်းရာဌာနတွင် ကိုယ်တော်သည် ကြောက်ရွံ့ရိုသေဖွယ်ဖြစ်ပါ၏။ အစ္စရာအဲလ်လူမျိုးတို့၏ ဘုရားသည် မိမိ၏လူမျိုးအား တန်ခိုးအာဏာနှင့်ခွန်အားကို ပေးတော်မူ၏။ ဘုရားသခင်အား ကောင်းချီးမင်္ဂလာရှိပါစေသော်။
35 Ó Deus, tu és tremendo nos teus santuários; o Deus de Israel, ele dá força e poder ao povo. Bendito seja Deus!

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Salmos 68, comparar traduções ou montar um estudo — tudo direto pelo WhatsApp.