Salmos 64

ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs ARA

Sair da comparação
ARA Almeida Revista e Atualizada 1993
1 အိုဘုရားသခင်၊ အကျွန်ုပ်၏ မကျေနပ်ချက်ကို ထုတ်ဖော်ပြောရာတွင် အကျွန်ုပ်ကို နားညောင်းတော်မူပါ။ အကျွန်ုပ်၏ အသက်ကို ရန်သူ၏ခြိမ်းခြောက်မှုမှ ကာကွယ်တော်မူပါ။-
1 Ouve, ó Deus, a minha voz nas minhas perplexidades; preserva-me a vida do terror do inimigo.
2 လူယုတ်မာတို့၏ ပူးပေါင်းကြံစည်မှုမှလည်းကောင်း၊ ဒုစရိုက်ကျူးလွန်သူတို့၏ ဆူပူအုံကြွမှုမှလည်းကောင်း အကျွန်ုပ်ကို ဝှက်ကွယ်ထားတော်မူပါ။-
2 Esconde-me da conspiração dos malfeitores e do tumulto dos que praticam a iniquidade,
3 သူတို့သည် မိမိတို့၏ လျှာများကို ဓားကဲ့သို့ထက်စေကြပြီး မိမိတို့၏စကားများကို သေစေတတ်သော မြားတို့ကဲ့သို့ ချိန်ရွယ်ကြ၏။-
3 os quais afiam a língua como espada e apontam, quais flechas, palavras amargas,
4 သူတို့သည် အပြစ်မဲ့သောသူကို ချုံကွယ်မှပစ်ခတ်ကြ၏။ ကြောက်ရွံ့ခြင်းကင်းစွာဖြင့် သူတို့သည် ထိုသူ့ကို ရုတ်တရက် ပစ်ခတ်ကြခြင်းဖြစ်၏။-
4 para, às ocultas, atingirem o íntegro; contra ele disparam repentinamente e não temem.
5 သူတို့သည် မကောင်းကြံစည်မှုများ၌ အချင်းချင်းအားပေးကြ၏။ သူတို့သည် ထောင်ချောက်များကို လျှို့ဝှက်စွာချထားရန် ဆွေးနွေးကြပြီး ယင်းတို့ကို မည်သူမြင်လိမ့်မည်နည်း၊-
5 Teimam no mau propósito; falam em secretamente armar ciladas; dizem: Quem nos verá?
6 ငါတို့၏ ပြစ်မှုကို မည်သူရှာတွေ့နိုင်မည်နည်း၊ ငါတို့သည် ပြည့်စုံကောင်းမွန်သော လုပ်ကြံမှုကို ကြံစည်ပြီးကြလေပြီ ဟုဆိုကြ၏။ အကယ်စင်စစ် လူ၏စိတ်နှင့် နှလုံးသည် နက်ရှိုင်းလေ၏။
6 Projetam iniquidade, inquirem tudo o que se pode excogitar; é um abismo o pensamento e o coração de cada um deles.
7 သို့သော် ဘုရားသခင်သည် သူတို့ကို မြားနှင့်ပစ်တော်မူ၍ သူတို့သည် ချက်ချင်းပင် ထိခိုက်အနာတရ ဖြစ်ကြလိမ့်မည်။-
7 Mas Deus desfere contra eles uma seta; de súbito, se acharão feridos.
8 ကိုယ်တော်သည် သူတို့၏လျှာကြောင့် သူတို့ကို ပျက်စီးခြင်းသို့ ရောက်စေမည်။ သူတို့ကို မြင်ရသူအပေါင်းတို့သည်လည်း မထီမဲ့မြင်ပြုကာ သူတို့၏ဦးခေါင်းများကို ခါကြလိမ့်မည်။-
8 Dessarte, serão levados a tropeçar; a própria língua se voltará contra eles; todos os que os veem meneiam a cabeça.
9 ထိုအခါ လူသားအပေါင်းတို့သည် ကြောက်ရွံ့ကြလိမ့်မည်။ သူတို့သည် ဘုရားသခင်၏ အမှုတော်များကို ကြွေးကြော်ကြ၍ ကိုယ်တော်၏ ဆောင်ရွက်ချက်ကို စဉ်းစားဆင်ခြင်ကြလိမ့်မည်။
9 E todos os homens temerão, e anunciarão as obras de Deus, e entenderão o que ele faz.
10 ဖြောင့်မတ်သောသူတို့သည် ထာ၀ရဘုရားသခင်၌ ရွှင်လန်းဝမ်းမြောက်ကြ၍ ကိုယ်တော့်ထံ ခိုလှုံကြပါစေ။ နှလုံးသား၌ ဖြောင့်မတ်သူ အပေါင်းတို့သည်လည်း ကိုယ်တော့်ကို ချီးမွမ်းကြပါစေ။
10 O justo se alegra no Senhor e nele confia; os de reto coração, todos se gloriam.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Salmos 64, comparar traduções ou montar um estudo — tudo direto pelo WhatsApp.