Salmos 62

ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs NTLH

Sair da comparação
NTLH Nova Tradução na Linguagem de Hoje 2000
1 ငါ၏ဝိညာဉ်သည် ဘုရားသခင် တစ်ပါးတည်းကိုသာလျှင် ငြိမ်သက်စွာ စောင့်ငံ့လျက်ရှိ၏။ ငါ၏ကယ်တင်ခြင်းသည် ကိုယ်တော့်ထံမှ လာ၏။-
1 Somente em Deus eu encontro paz; é dele que vem a minha salvação.
2 ကိုယ်တော်တစ်ပါးတည်းသာလျှင် ငါ၏ကျောက်ဆောင်နှင့် ငါ၏ကယ်တင်ခြင်းဖြစ်တော်မူ၏။ ကိုယ်တော်သည် ငါ၏ ရဲတိုက်ဖြစ်၍ ငါသည် လွန်စွာတုန်လှုပ်လိမ့်မည်မဟုတ်။
2 Somente ele é a rocha que me salva; ele é o meu protetor, e eu nunca serei derrotado.
3 သင်တို့အားလုံးသည် တိမ်းစောင်းနေသော နံရံနှင့် ယိမ်းယိုင်နေသော ခြံစည်းရိုးကဲ့သို့ဖြစ်နေသည့် လူတစ်ဦးကို အစိတ်စိတ် အမြွှာမြွှာဖြစ်စေရန် မည်မျှကြာအောင် တိုက်ခိုက်ကြမည်နည်း။-
3 Até quando todos vocês atacarão um homem que é mais fraco do que uma cerca derrubada?
4 သူတို့သည် ထိုသူ့ကို အလွန်မြင့်သောနေရာမှ ဇောက်ထိုးကျစေရန် ကြံစည်ကြ၏။ သူတို့သည် မုသားပြောခြင်း၌ ကျေနပ် နှစ်သက်ကြ၏။ သူတို့သည် နှုတ်များဖြင့် ကောင်းချီးပေးကြသော်လည်း သူတို့၏ စိတ်နှလုံးအတွင်း၌မူ ကျိန်ဆဲကြ၏။
4 Vocês somente querem tirá-lo do seu lugar de honra. Vocês gostam de mentir; dizem coisas boas a respeito dele, mas no coração o amaldiçoam.
5 ငါ၏ဝိညာဉ်သည် ဘုရားသခင်တစ်ပါးတည်းကိုသာလျှင် ငြိမ်သက်စွာစောင့်ငံ့လျက်ရှိ၏။ အကြောင်းမူကား ငါ၏ မျှော်လင့်ခြင်းသည် ကိုယ်တော့်ထံတော်မှလာ၏။-
5 Somente em Deus eu encontro paz e nele ponho a minha esperança.
6 ကိုယ်တော်တစ်ပါးတည်းသာလျှင် ငါ၏ကျောက်ဆောင်၊ ငါ၏ကယ်တင်ခြင်းနှင့် ငါ၏ရဲတိုက်ဖြစ်၍ ငါသည် တုန်လှုပ်လိမ့်မည် မဟုတ်။-
6 Somente ele é a rocha que me salva; ele é o meu protetor, e eu não serei abalado.
7 ငါ၏ကယ်တင်ခြင်းနှင့် ငါ၏ဂုဏ်ကျက်သရေသည် ဘုရားသခင်ပေါ်တွင် တည်လျက်ရှိ၏။ ကိုယ်တော်သည် ငါ၏ အင်အားကြီးသော ကျောက်ဆောင်နှင့် ငါ၏ခိုလှုံရာ ဖြစ်တော်မူ၏။
7 A minha salvação e a minha honra dependem de Deus; ele é a minha rocha poderosa e o meu abrigo.
8 အိုလူအပေါင်းတို့၊ ကိုယ်တော့်ကို အချိန်ကာလတိုင်း၌ ယုံကြည်အားထားကြလော့။ ကိုယ်တော့်အထံတော်သို့ သင်တို့၏ စိတ်နှလုံးများကို ဖွင့်လှစ်ထားကြလော့။ အကြောင်းမူကား ထာ၀ရဘုရားသခင်သည် ငါတို့၏ခိုလှုံရာ ဖြစ်တော်မူ၏။
8 Confie sempre em Deus, meu povo! Abram o coração para Deus, pois ele é o nosso refúgio.
9 နိမ့်ကျသောသူတို့သည် ထွက်သက်ဝင်သက်မျှသာဖြစ်၍ ဂုဏ်သရေရှိသော သူတို့သည် လှည့်ဖြားမှုတစ်ခုသာဖြစ်၏။ ချိန်ခွင်တွင် ချိန်စက်ကြည့်လျှင် သူတို့သည် အချည်းနှီးပင်ဖြစ်ကြ၏။ သူတို့နှစ်ဦးပေါင်းလျှင် ထွက်သက်ဝင်သက်ထက် ပို၍ပေါ့လျက်ပင် ရှိသေး၏။-
9 Os seres humanos, tanto os pobres como os ricos, são inúteis, são somente um sopro. Se fossem colocados na balança, não pesariam nada; são mais leves do que um sopro.
10 အနိုင်အထက်လုယူမှုကို အားမထားကြနှင့်။ ခိုးယူထားသော ပစ္စည်းများအတွက်လည်း ဂုဏ်မယူကြနှင့်။ သင်တို့၏ ချမ်းသာကြွယ်၀မှု တိုးပွားလာသော်လည်း သင်တို့၏စိတ်နှလုံးကို ၎င်းတို့အပေါ်၌ ငြိတွယ်ခြင်းမရှိစေကြနှင့်။
10 Não confiem na violência, nem esperem ganhar alguma coisa com o roubo. Ainda que as suas riquezas aumentem, não confiem nelas.
11 ဘုရားသခင် တစ်ကြိမ်မိန့်မြွက်တော်မူသည့် အရာကို ငါနှစ်ကြိမ်ကြားရ၏။ ခွန်အားတန်ခိုးကို ဘုရားသခင် ပိုင်ဆိုင်တော်မူ၏။-
11 Mais de uma vez tenho ouvido Deus dizer que o poder é dele
12 အိုထာ၀ရဘုရားသခင်၊ ကိုယ်တော်သည် ခိုင်မြဲသော ကရုဏာမေတ္တာကို ပိုင်ဆိုင်တော်မူ၏။ ကိုယ်တော်သည် လူအသီးသီးတို့အား ၎င်းတို့၏ လုပ်ဆောင်ချက်များနှင့်အညီ အမှန်ပင် တုံ့ပြန်ပေးအပ်တော်မူလိမ့်မည်။
12 e o amor, também. Tu, ó Senhor, recompensas cada um de acordo com o que faz.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Salmos 62, comparar traduções ou montar um estudo — tudo direto pelo WhatsApp.