Salmos 5

ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs NVI

Sair da comparação
NVI Nova Versão Internacional
1 အိုထာ၀ရဘုရားသခင်၊ အကျွန်ုပ်၏စကားကို နားညောင်းတော်မူပါ။ အကျွန်ုပ်၏ ညည်းညူသံကို သတိပြုတော်မူပါ။-
1 Escuta, Senhor, as minhas palavras, considera o meu gemer.
2 အကျွန်ုပ်၏ဘုရင်၊ အကျွန်ုပ်၏ဘုရား၊ အကျွန်ုပ်၏ အော်ဟစ်သံကို နားညောင်းတော်မူပါ။ အကြောင်းမူကား အကျွန်ုပ်သည် ကိုယ်တော့်ထံ ဆုတောင်းပတ္ထနာပြုပါ၏။-
2 Atenta para o meu grito de socorro, meu Rei e meu Deus, pois é a ti que imploro.
3 အိုထာ၀ရဘုရားသခင်၊ ကိုယ်တော်သည် နံနက်အချိန်၌ အကျွန်ုပ်၏ ဆုတောင်းပတ္ထနာကို နားညောင်းတော်မူပါ၏။ နေထွက်ချိန်၌ အကျွန်ုပ်သည် ကိုယ်တော်၏ရှေ့တော်တွင် အသနားခံလျက် စောင့်မျှော်နေပါ၏။
3 De manhã ouves, Senhor, o meu clamor; de manhã te apresento a minha oração e aguardo com esperança.
4 အကြောင်းမူကား ကိုယ်တော်သည် မကောင်းမှုဒုစရိုက်ကို နှစ်သက်တော်မူသော ဘုရားမဟုတ်ပါ။ ဆိုးယုတ်သူသည် ကိုယ်တော်နှင့်အတူ ရှိလိမ့်မည်မဟုတ်ပါ။-
4 Tu não és um Deus que tenha prazer na injustiça; contigo o mal não pode habitar.
5 မောက်မာသောသူသည် ကိုယ်တော်၏ရှေ့တော်သို့ မဝင်ရပါ။ ကိုယ်တော်သည် ဆိုးယုတ်သော သူတို့ကို မုန်းတီး တော်မူပါ၏။-
5 Os arrogantes não são aceitos na tua presença; odeias todos os que praticam o mal.
6 ကိုယ်တော်သည် လိမ်ညာသူအပေါင်းတို့ကို ဖျက်ဆီး၍ အကြမ်းဖက်သူနှင့် ကောက်ကျစ်သူတို့ကို စက်ဆုပ်ရွံရှာတော်မူ၏။
6 Destróis os mentirosos; os assassinos e os traiçoeiros o Senhor detesta.
7 သို့ရာတွင် ကိုယ်တော်၏ ကြီးမားလှသော မေတ္တာတော်ကြောင့် အကျွန်ုပ်သည် အိမ်တော်အတွင်းသို့ ဝင်နိုင်ပါ၏။ အကျွန်ုပ်သည် ကိုယ်တော်၏ သန့်ရှင်းမြင့်မြတ်သော ဗိမာန်တော်တွင် ကိုးကွယ်ဝတ်ပြုကာ ကိုယ်တော်အား ရိုသေလေးမြတ်စွာ ဦးညွတ်ရှိခိုးနိုင်ပါလိမ့်မည်။-
7 Eu, porém, pelo teu grande amor, entrarei em tua casa; com temor me inclinarei para o teu santo templo.
8 အို ထာ၀ရဘုရားသခင်၊ ရန်သူများ ဝိုင်းရံထားသောကြောင့် အကျွန်ုပ်ကို ဖြောင့်မတ်ခြင်းတရား၌ ဦးဆောင်လမ်းပြတော်မူပါ။ ကိုယ်တော်၏တရားလမ်းကို အကျွန်ုပ်ရှေ့တွင် သာယာဖြောင့်ဖြူးစေတော်မူပါ။
8 Conduze-me, Senhor, na tua justiça, por causa dos meus inimigos; aplaina o teu caminho diante de mim.
9 သူတို့၏ နှုတ်ထွက်စကားများ၌ သမ္မာတရားမရှိပါ။ သူတို့၏ စိတ်နှလုံးသည် ပျက်စီးခြင်းကိုသာ လိုလားပါ၏။ သူတို့၏ လည်ချောင်းသည် ပွင့်နေသော သခင်္ျိုင်းတွင်းပမာ ဖြစ်ပါ၏။ သူတို့၏လျှာသည် မြှောက်ပင့်ပြောဆိုတတ်ကြပါ၏။-
9 Nos lábios deles não há palavra confiável; suas mentes só tramam destruição. Suas gargantas são um túmulo aberto; com suas línguas enganam sutilmente.
10 အိုဘုရားသခင်၊ သူတို့၏အပြစ်များအတွက် ဒဏ်ခတ်တော်မူပါ။ သူတို့သည် မိမိတို့၏အကြံအစည်များ အားဖြင့် ကျဆုံးကြပါစေ။ သူတို့၏ များပြားလှသော အပြစ်များအတွက် သူတို့ကို နှင်ထုတ်တော်မူပါ။ အကြောင်းမူကား သူတို့သည် ကိုယ်တော့်ကို ပုန်ကန်ခဲ့ကြသောကြောင့် ဖြစ်ပါ၏။
10 Condena-os, ó Deus! Caiam eles por suas próprias maquinações. Expulsa-os por causa dos seus muitos crimes, pois se rebelaram contra ti.
11 သို့ရာတွင် ကိုယ်တော်၌ ခိုလှုံကြသောသူအပေါင်းတို့သည် ဝမ်းမြောက်ရွှင်လန်းကြပါစေ။ သူတို့သည် ဝမ်းမြောက်ခြင်းဖြင့် သီချင်းသီဆိုကြပါစေ။ ကိုယ်တော်၏ နာမတော်ကို ချစ်မြတ်နိုးသောသူတို့သည် ကိုယ်တော်၌ ဝမ်းမြောက်နိုင်ကြရန် သူတို့ကို ကာကွယ်တော်မူပါ။-
11 Alegrem-se, porém, todos os que se refugiam em ti; cantem sempre de alegria! Estende sobre eles a tua proteção. Em ti exultem os que amam o teu nome.
12 အကြောင်းမူကား ကိုယ်တော်သည် ဖြောင့်မတ်သောသူတို့ကို ကောင်းချီးပေးတော်မူပါ၏။ အိုထာ၀ရဘုရားသခင်၊ ကိုယ်တော်၏ ချစ်ခြင်းမေတ္တာတော်သည် သူတို့ကို ဒိုင်းလွှားသဖွယ် ကာကွယ်စောင့်ရှောက်တော်မူပါ၏။
12 Pois tu, Senhor, abençoas o justo; o teu favor o protege como um escudo.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Salmos 5, comparar traduções ou montar um estudo — tudo direto pelo WhatsApp.