Salmos 59
ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs ARA
1 အိုဘုရားသခင်၊ ရန်သူတို့၏လက်မှ အကျွန်ုပ်ကို ကယ်တော်မူပါ။ ပုန်ကန်ထကြွသူတို့၏ဘေးမှ အကျွန်ုပ်ကို ကာကွယ် တော်မူပါ။-
1 Livra-me, Deus meu, dos meus inimigos; põe-me acima do alcance dos meus adversários.
2 ဒုစရိုက်အမှုကို ကျူးလွန်သူတို့၏ဘေးမှ အကျွန်ုပ်ကို ကယ်ဆယ်တော်မူပါ။ သွေးဆာသော လူတို့၏လက်မှ အကျွန်ုပ်ကို ကယ်တော်မူပါ။
2 Livra-me dos que praticam a iniquidade e salva-me dos homens sanguinários,
3 သူတို့သည် အကျွန်ုပ်ကို မည်ကဲ့သို့ ချောင်းမြောင်းလျက် ရှိကြသည်ကို ကြည့်တော်မူပါ။ ခွန်အားကြီးသူတို့သည် အကျွန်ုပ်ကို တိုက်ခိုက်ရန် ပူးပေါင်းကြံစည်ကြပါ၏။ အိုထာ၀ရဘုရားသခင်၊ အကျွန်ုပ်၏ကျူးလွန်မှုနှင့် အကျွန်ုပ်၏အပြစ်ဟူ၍ အလျှင်းမရှိပါသော်လည်း၊-
3 pois que armam ciladas à minha alma; contra mim se reúnem os fortes, sem transgressão minha, ó
4 အကျွန်ုပ်၌ မည်သည့်မှားယွင်းမှုမျှ မရှိခဲ့ပါသော်လည်း သူတို့သည် အကျွန်ုပ်ကို တိုက်ခိုက်ရန် အဆင်သင့်ရှိကြပါ၏။ အကျွန်ုပ်ကိုကူညီရန် ကြွလာတော်မူပါ။ အကျွန်ုပ်၏အဖြစ်ကို ကြည့်တော်မူပါ။-
4 Sem culpa minha, eles se apressam e investem; desperta, vem ao meu encontro e vê.
5 ကိုယ်တော်သည် ကောင်းကင်ဗိုလ်ခြေတို့၏အရှင် ထာ၀ရဘုရားသခင်နှင့် အစ္စရာအဲလ်လူမျိုးတို့၏ ဘုရားသခင် ဖြစ်တော်မူပါ၏။ လူမျိုးတကာတို့ကို အပြစ်ဒဏ်ခတ်ရန် နိုးကြားတော်မူပါ။ ယုတ်မာသော သစ္စာဖောက်တို့အား သနားကရုဏာ တော်ကို ပြတော်မမူပါနှင့်။
5 Tu, Senhor , Deus dos Exércitos, és o Deus de Israel; desperta, pois, e vem de encontro a todas as nações; não te compadeças de nenhum dos que traiçoeiramente praticam a iniquidade.
6 သူတို့သည် ညဉ့်ဦးယံ၌ ခွေးများကဲ့သို့ မာန်ဖီ၍ ဟိန်းဟောက်ကာပြန်လာကြပြီး မြို့ထဲတွင် လှည့်လည်သွားလာကြပါ၏။-
6 Ao anoitecer, uivam como cães, à volta da cidade.
7 သူတို့၏ပါးစပ်များမှ ထွေးထုတ်သည့်အရာများကို ကြည့်တော်မူပါ။ သူတို့သည် မိမိတို့၏နှုတ်ခမ်းများမှ ဓားများကို ထွေးထုတ်ကြပါ၏။ သူတို့က ငါတို့ကို မည်သူကြားနိုင်သနည်းဟု တွေးထင်ကြပါ၏။
7 Alardeiam de boca; em seus lábios há espadas. Pois dizem eles: Quem há que nos escute?
8 သို့သော် အိုထာ၀ရဘုရားသခင်၊ ကိုယ်တော်မူကား သူတို့ကို ပြက်ရယ်ပြုတော်မူ၏။ ကိုယ်တော်သည် ထိုလူမျိုးအားလုံးတို့ကို လှောင်ပြောင်တော်မူ၏။-
8 Mas tu, Senhor , te rirás deles; zombarás de todas as nações.
9 အို အကျွန်ုပ်၏ ခွန်အားတန်ခိုးတော်ရှင်၊ ကိုယ်တော့်ကို အကျွန်ုပ် ချီးမွမ်းပါမည်။ အိုဘုရားသခင်၊ ကိုယ်တော်သည် အကျွန်ုပ်၏ ခံတပ်ဖြစ်ပါ၏။-
9 Em ti, força minha, esperarei; pois Deus é meu alto refúgio.
10 အကျွန်ုပ်၏ ဘုရားသခင်သည် မိမိ၏ခိုင်မြဲသော မေတ္တာတော်ဖြင့် အကျွန်ုပ်ကို ကြိုဆို၍ အကျွန်ုပ်အား အကျွန်ုပ်၏ ရန်သူတို့အပေါ် အောင်နိုင်ခွင့်ကို ပေးတော်မူလိမ့်မည်။
10 Meu Deus virá ao meu encontro com a sua benignidade, Deus me fará ver o meu desejo sobre os meus inimigos.
11 အကျွန်ုပ်တို့၏ ဒိုင်းလွှားဖြစ်တော်မူသော အိုဘုရားသခင်၊ အကျွန်ုပ်၏ လူမျိုးတို့သည် သူတို့အား မမေ့လျော့စေခြင်းငှာ ထိုသူတို့ကို သတ်တော်မမူပါနှင့်။ ကိုယ်တော်၏ ခွန်အားတန်ခိုးတော်အားဖြင့် သူတို့ကို လှည့်လည်သွားလာစေပြီး အရေးနိမ့်စေတော်မူပါ။-
11 Não os mates, para que o meu povo não se esqueça; dispersa-os pelo teu poder e abate-os, ó Senhor, escudo nosso.
12 သူတို့နှုတ်များ၏အပြစ်နှင့် သူတို့၏နှုတ်ထွက်စကားတို့ အတွက်ကြောင့် သူတို့သည် မိမိတို့၏ မာန်မာန၌ ရုန်းထွက်မရဘဲ ပိတ်မိကြပါစေ။ သူတို့ရေရွတ်သော ကျိန်ဆဲမှုများနှင့် မုသားစကားများ အတွက်ကြောင့်လည်း ထိုကဲ့သို့ဖြစ်ပါစေ။-
12 Pelo pecado de sua boca, pelas palavras dos seus lábios, na sua própria soberba sejam enredados e pela abominação e mentiras que proferem.
13 အမျက်တော်နှင့် သူတို့ကို ဖျက်ဆီးတော်မူပါ။ သူတို့လုံး၀ပျောက်ကွယ်သွားသည်အထိ သူတို့ကို ဖျက်ဆီးတော်မူပါ။ ဤသို့ဖြင့် ဘုရားသခင်သည် ယာကုပ်အမျိုးအနွယ်ကို အုပ်စိုးကြောင်း မြေကြီးစွန်းတိုင်အောင် သိကြပါလိမ့်မည်။
13 Consome-os com indignação, consome-os, de sorte que jamais existam e se saiba que reina Deus em Jacó, até aos confins da terra.
14 သူတို့သည် ညဉ့်ဦးယံ၌ ခွေးများကဲ့သို့ မာန်ဖီ၍ ဟိန်းဟောက်ကာ ပြန်လာကြပြီး မြို့ထဲ၌ လှည့်လည်သွားလာ ကြပါ၏။-
14 Ao anoitecer, uivam como cães, à volta da cidade.
15 သူတို့သည် စားစရာအတွက် လှည့်လည်ကြပြီး အစာမ၀ပါက ကျယ်လောင်စွာ အူကြပါ၏။
15 Vagueiam à procura de comida e, se não se fartam, então, rosnam.
16 သို့ရာတွင် အကျွန်ုပ်သည် ကိုယ်တော်၏ ခွန်အားတန်ခိုးကို သီဆိုကျူးအေးပါမည်။ နံနက်အချိန်တွင် ကိုယ်တော်၏ ကရုဏာတော်ကို အကျွန်ုပ် သီဆိုကျူးအေးပါမည်။ အကြောင်းမူကား ကိုယ်တော်သည် အကျွန်ုပ်အတွက် အကာအကွယ် ရဲတိုက်သဖွယ်ဖြစ်၍ အကျွန်ုပ် ဒုက္ခရောက်ချိန်တွင် ခိုလှုံရာဖြစ်ပါ၏။-
16 Eu, porém, cantarei a tua força; pela manhã louvarei com alegria a tua misericórdia; pois tu me tens sido alto refúgio e proteção no dia da minha angústia.
17 အိုအကျွန်ုပ်၏ ခွန်အားတန်ခိုးတော်ရှင်၊ ကိုယ်တော့်ကို အကျွန်ုပ် ချီးမွမ်းဧကျူးပါမည်။ အိုဘုရားသခင်၊ ကိုယ်တော်သည် အကျွန်ုပ်၏ အကာအကွယ်ဖြစ်တော်မူပါ၏။ ကိုယ်တော်သည် အကျွန်ုပ်အား ခိုင်မြဲသော မေတ္တာတော်ကို ပြသသော ဘုရားသခင် ဖြစ်တော်မူပါ၏။
17 A ti, força minha, cantarei louvores, porque Deus é meu alto refúgio, é o Deus da minha misericórdia.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar Salmos 59, comparar traduções ou montar um estudo — tudo direto pelo WhatsApp.