Salmos 58
ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs NVT
1 အုပ်ချုပ်သူတို့၊ သင်တို့သည် အကယ်စင်စစ် တရားမျှတစွာ ပြောဆိုကြပါသလော။ သင်တို့သည် လူတို့အလယ်တွင် ဖြောင့်မတ်မှန်ကန်စွာ တရားစီရင်ကြပါသလော။-
1 Vocês, governantes, sabem o que significa justiça? Acaso julgam o povo com imparcialidade?
2 သင်တို့မပြုလုပ်ကြပေ။ သင်တို့၏စိတ်နှလုံးတွင် သင်တို့သည် မတရားသော အမှုကိုကြံစည်ကြ၏။ သင်တို့၏ လက်များသည်လည်း ကမ္ဘာမြေကြီးပေါ်တွင် အကြမ်းဖက်မှုကို ကျူးလွန်ကြ၏။
2 De modo algum! Tramam injustiça em seu coração e espalham violência por toda a terra.
3 ဆိုးယုတ်သောသူတို့သည် အမိဝမ်းထဲကပင် လမ်းလွဲခဲ့ကြ၏။ သူတို့သည် မွေးစကပင် အမှားကိုပြုလုပ်တတ်ပြီး မုသားကို ပြောဆိုတတ်၏။-
3 Os perversos são pecadores desde o ventre materno; mentem e se corrompem desde o nascimento.
4 သူတို့၌ မြွေဆိပ်ကဲ့သို့သော အဆိပ်ရှိပြီး သူတို့သည် မိမိ၏နားများကို ပိတ်ထားသော မြွေဟောက်ကဲ့သို့ဖြစ်ကြ၏။-
4 São venenosos como serpentes, como cobras que se fazem de surdas,
5 သို့ဖြစ်၍ ထိုမြွေဟောက်သည် အလမ္ပာယ်ဆရာ၏အသံ၊ သို့မဟုတ် စဉ်းလဲသော မျက်လှည့်ဆရာ၏အသံကို နားမထောင်ပေ။
5 para não ouvir a música dos encantadores, ainda que eles toquem com habilidade.
6 အိုဘုရားသခင်၊ ထိုသူတို့၏ ပါးစပ်အတွင်းရှိ သွားများကို ချိုးပစ်တော်မူပါ။ အိုထာ၀ရဘုရားသခင်၊ ပျိုရွယ်သော ခြင်္သေ့တို့၏ အစွယ်များကို ဆွဲနုတ်တော်မူပါ။-
6 Quebra os dentes dos perversos, ó Deus! Despedaça, S
7 သူတို့သည် ခန်းခြောက်သွားသော ရေကဲ့သို့ ပျောက်ကွယ်သွား၍ မြက်ပင်များကဲ့သို့ အနင်းခံရပြီး ညှိုးခြောက်သွားကြပါစေ။-
7 Que desapareçam como água em terra sedenta, que se tornem inúteis as armas em suas mãos.
8 သူတို့သည် သွားလာရင်း အရည်ပျော်သွားသော ပက်ကျိကဲ့သို့လည်းကောင်း၊ အသေမွေးလာသော ကလေးငယ်ကဲ့သို့ လည်းကောင်း နေရောင်ခြည်ကို မမြင်တွေ့ ကြရပါစေနှင့်။-
8 Que sejam como a lesma que se desmancha em lodo, como a criança que nasce morta e nunca verá o sol.
9 သင်တို့၏ အိုးများသည် ဆူးခက်များ၏ အပူဒဏ်ကို မခံရမီပင် သူသည် ထိုဆူးခက်များကို စိမ်းလန်းသည်ဖြစ်စေ၊ ခြောက်သွေ့သည်ဖြစ်စေ ဖယ်ရှားလိမ့်မည်။
9 Deus os eliminará, tanto os jovens como os velhos, mais depressa que um fogo de espinhos esquenta uma panela.
10 ဖြောင့်မတ်သောသူသည် လက်စားချေခြင်းကို မြင်ရသည့်အခါ ရွှင်လန်းဝမ်းမြောက်လိမ့်မည်။ သူသည် မိမိ၏ခြေတို့ကို ဆိုးယုတ်သောသူတို့၏ သွေးတွင် ဆေးလိမ့်မည်။-
10 O justo se alegrará quando vir a vingança contra a injustiça; no sangue do perverso, lavará os pés.
11 သို့ဖြစ်၍ လူတို့က ဆိုကြသည်မှာ အကယ်စင်စစ် ဖြောင့်မတ်သောသူတို့သည် ဆုလာဘ်ကို ရရှိကြလိမ့်မည်၊ ကမ္ဘာမြေကြီးကို တရားစီရင်တော်မူသော ဘုရားသခင်တစ်ပါး အမှန်စင်စစ်ရှိတော်မူ၏ ဟူ၍ဖြစ်သတည်း။
11 Então, por fim, alguém dirá: “De fato, há recompensa para o justo; com certeza há um Deus que faz justiça na terra”.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar Salmos 58, comparar traduções ou montar um estudo — tudo direto pelo WhatsApp.