Salmos 57

ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs ARC

Sair da comparação
ARC Almeida Revista e Corrigida 2009
1 အိုဘုရားသခင်၊ အကျွန်ုပ်ကို သနားတော်မူပါ။ အကျွန်ုပ်ကို သနားတော်မူပါ။ အကြောင်းမူကား အကျွန်ုပ်၏ ဝိညာဉ်သည် ကိုယ်တော့်ထံ၌ ခိုလှုံပါ၏။ ပျက်စီးစေတတ်သော မုန်တိုင်းကြီး ပြီးဆုံးသည်အထိ အကျွန်ုပ်သည် ကိုယ်တော့်အတောင် တော်များ၏ အရိပ်အောက်တွင် ခိုလှုံပါမည်။-
1 Tem misericórdia de mim, ó Deus, tem misericórdia de mim, porque a minha alma confia em ti; e à sombra das tuas asas me abrigo, até que passem as calamidades.
2 ငါ့အတွက် ခပ်သိမ်းသော အရာတို့ကို လုပ်ဆောင်ပေးတော်မူသော ဘုရားဖြစ်သည့် အမြင့်ဆုံးသော ဘုရားသခင်ထံတော်သို့ ငါအော်ဟစ်ပါ၏။-
2 Clamarei ao Deus Altíssimo, ao Deus que por mim tudo executa.
3 ကိုယ်တော်သည် ကောင်းကင်မှစေလွှတ်၍ ငါ့ကိုကယ်တင်တော်မူလိမ့်မည်။ ကိုယ်တော်သည် ငါ့ကိုပြင်းထန်စွာ လိုက်လံနှိမ်နင်းသူတို့အား ပြစ်တင်ဆုံးမ တော်မူလိမ့်မည်။ ဘုရားသခင်သည် မိမိ၏ခိုင်မြဲသော မေတ္တာတော်နှင့် သစ္စာတော်ကို စေလွှတ်တော်မူလိမ့်မည်။
3 Ele dos céus enviará seu auxílio e me salvará do desprezo daquele que procurava devorar-me (Selá). Deus enviará a sua misericórdia e a sua verdade.
4 ငါသည် လူတို့ကို ဝါးမျိုစားသောက်တတ်သော ခြင်္သေ့များအလယ်၌ လဲလျောင်းနေရ၏။ ၎င်းတို့၏ သွားများသည် လှံများ၊ မြားများကဲ့သို့ဖြစ်ပြီး သူတို့၏ လျှာများသည်လည်း ထက်သောဓားများကဲ့သို့ ဖြစ်ကြပါ၏။
4 A minha alma está entre leões, e eu estou entre aqueles que estão abrasados, filhos dos homens, cujos dentes são lanças e flechas, e cuja língua é espada afiada.
5 အိုဘုရားသခင်၊ ကိုယ်တော်သည် ကောင်းကင်ယံအထက်တွင် ချီးမြှောက်ခြင်း ခံရပါစေသော်။ ကိုယ်တော်၏ ဘုန်းဂုဏ်တော်သည်လည်း ကမ္ဘာမြေတစ်ဝန်းလုံးသို့ ပျံ့နှံ့ပါစေသော်။
5 Sê exaltado, ó Deus, sobre os céus; seja a tua glória sobre toda a terra.
6 သူတို့သည် ငါ၏ခြေများအတွက် ပိုက်ကွန်ကို ဖြန့်ထားကြပါ၏။ ငါသည် စိတ်ဒုက္ခဖိစီးမှုကို ခံနေရပါ၏။ သူတို့သည် ငါသွားရာလမ်းတွင် တွင်းတူးထားကြ၏။ သို့ရာတွင် သူတို့သာလျှင် ထိုတွင်းထဲသို့ကျကြ၏။
6 Armaram uma rede aos meus passos, e a minha alma ficou abatida; cavaram uma cova diante de mim, mas foram eles que nela caíram. (Selá)
7 အိုဘုရားသခင်၊ အကျွန်ုပ်၏စိတ်နှလုံးသည် တည်ကြည်ခိုင်မာပါ၏။ အကျွန်ုပ်၏စိတ်နှလုံးသည် တည်ကြည်ခိုင်မာပါ၏။ အကျွန်ုပ်သည် သီဆိုကျူးအေး၍ တေးသံကို ဖန်တီးပါမည်။-
7 Preparado está o meu coração, ó Deus, preparado está o meu coração; cantarei e salmodiarei.
8 ငါ၏ဝိညာဉ်၊ အိပ်စက်ရာမှထလော့။ စောင်းကြီး၊ စောင်းငယ်တို့၊ နိုးကြားကြလော့။ ငါသည် မိုးသောက်ချိန်ကို နိုးကြားစေမည်။-
8 Desperta, glória minha! Desperta, alaúde e harpa! Eu mesmo despertarei ao romper da alva.
9 အိုထာ၀ရဘုရားသခင်၊ အကျွန်ုပ်သည် လူမျိုးတကာတို့အလယ်တွင် ကိုယ်တော့်ကို ချီးမွမ်း၍ လူမျိုးအပေါင်းတို့အလယ်တွင် ကိုယ်တော်၏ အကြောင်းကို သီဆိုကျူးအေးပါမည်။-
9 Louvar-te-ei, Senhor, entre os povos; cantar-te-ei entre as nações.
10 ကိုယ်တော်၏ မေတ္တာတော်သည် မိုးထိအောင်ကြီးမား၍ ကိုယ်တော်၏ သစ္စာတော်သည်လည်း ကောင်းကင်ယံသို့ပင် ဆိုက်ရောက်ပါ၏။
10 Pois a tua misericórdia é grande até aos céus, e a tua verdade até às nuvens.
11 အိုဘုရားသခင်၊ ကိုယ်တော်သည် ကောင်းကင်အထက်တွင် ချီးမြှောက်ခြင်း ခံရပါစေသော်။ ကိုယ်တော်၏ ဘုန်းဂုဏ်တော်သည်လည်း ကမ္ဘာမြေတစ်ဝန်းလုံး၌ ပျံ့နှံ့ပါစေသော်။
11 Sê exaltado, ó Deus, sobre os céus; e seja a tua glória sobre toda a terra.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Salmos 57, comparar traduções ou montar um estudo — tudo direto pelo WhatsApp.