Salmos 56
ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs NVI
1 အိုဘုရားသခင်၊ အကျွန်ုပ်ကို သနားတော်မူပါ။ အဘယ်ကြောင့်ဆိုသော် လူတို့သည် အကျွန်ုပ်၏ နောက်သို့ အပြင်းအထန်လိုက်၍ တစ်နေ့လုံး အနိုင်အထက်ပြု၍ တိုက်ခိုက်ကြပါ၏။-
1 Tem misericórdia de mim, ó Deus, pois os homens me pressionam; o tempo todo me atacam e me oprimem.
2 အကျွန်ုပ်၏ရန်သူများသည် အကျွန်ုပ်၏နောက်သို့ တစ်နေ့လုံးလိုက်၍ ဝင့်ကြွားစွာဖြင့် အကျွန်ုပ်ကို တိုက်ခိုက်ကြပါ၏။-
2 Os meus inimigos pressionam-me sem parar; muitos atacam-me arrogantemente.
3 အကျွန်ုပ်သည် ကြောက်ရွံ့သောအခါ ကိုယ်တော့်ကို ယုံကြည်အားထားပါမည်။-
3 Mas eu, quando estiver com medo, confiarei em ti.
4 ငါချီးမွမ်းထောမနာပြုသော ကတိတော်ရှင်ဖြစ်တော်မူသည့် ထာ၀ရဘုရားသခင်ကို ငါယုံကြည်အားထားပါ၏။ ငါသည် ကြောက်လန့်ခြင်းမရှိဘဲ ထာ၀ရဘုရားသခင်၌ ယုံကြည်အားကိုးပါမည်။ သေမျိုးဖြစ်သောသူသည် ငါ့ကိုမည်သို့ပြုနိုင်မည်နည်း။
4 Em Deus, cuja palavra eu louvo, em Deus eu confio, e não temerei. Que poderá fazer-me o simples mortal?
5 သူတို့သည် တစ်နေ့လုံး ငါ၏စကားများကို လိမ်ညာလှည့်ပတ်၍ ပြန်လည်ပြောဆိုကြ၏။ သူတို့သည် ငါ့ကိုအန္တရာယ်ပြုရန် အမြဲကြံစည်နေကြ၏။-
5 O tempo todo eles distorcem as minhas palavras; estão sempre tramando prejudicar-me.
6 သူတို့သည် ပူးပေါင်းကြံစည်ကြပြီး ငါ၏ခြေလှမ်းများကို ချောင်းမြောင်းလျက်ရှိကြ၏။ သူတို့သည် ငါ၏အသက်ကို သတ်လိုစိတ် ပြင်းပြနေကြ၏။-
6 Conspiram, ficam à espreita, vigiam os meus passos, na esperança de tirar-me a vida.
7 သူတို့၏အပြစ်များအတွက် သူတို့ကိုဒဏ်ခတ်တော်မူပါ။ အိုဘုရားသခင်၊ ကိုယ်တော်၏ အမျက်တော်၌ လူမျိုးတကာတို့ကို အရေးနိမ့်စေတော်မူပါ။
7 Deixarás escapar essa gente tão perversa? Na tua ira, ó Deus, derruba as nações.
8 ကိုယ်တော်သည် အကျွန်ုပ်၏ ငိုကြွေးမြည်တမ်းသံကို မှတ်ထားတော်မူပါ၏။ အကျွန်ုပ်၏ မျက်ရည်များကို ကိုယ်တော်၏ ပေရွက်လိပ်ပေါ်တွင် စာရင်းပြုတော်မူပါ။ ထိုမျက်ရည်များသည် ကိုယ်တော်၏ မှတ်တမ်းတွင် ရှိသည်မဟုတ်လော။-
8 Registra, tu mesmo, o meu lamento; recolhe as minhas lágrimas em teu odre; acaso não estão anotadas em teu livro?
9 ကယ်တင်တော်မူပါရန် ငါတောင်းလျှောက်သောနေ့၌ ငါ၏ရန်သူများသည် လှည့်ပြေးကြရလိမ့်မည်။ ဤအချက်အားဖြင့် ဘုရားသခင်သည် ငါ့ဘက်၌ ရှိသည်ကို ငါသိပါ၏။-
9 Os meus inimigos retrocederão, quando eu clamar por socorro. Com isso saberei que Deus está a meu favor.
10 ကိုယ်တော်၏ ကတိတော်ကို ဘုရားသခင်၌ ငါချီးမွမ်းထောမနာပြုပါမည်။ ထာ၀ရဘုရားသခင်၌ ကတိတော်ကို ငါချီးမွမ်းပါမည်။-
10 Confio em Deus, cuja palavra louvo, no Senhor, cuja palavra louvo,
11 ဘုရားသခင်ကို ငါယုံကြည်အားကိုးပါ၏။ ငါသည် ကြောက်လန့်လိမ့်မည် မဟုတ်။ လူသည် ငါ့ကိုမည်သို့ပြုနိုင်မည်နည်း။
11 nesse Deus eu confio, e não temerei. Que poderá fazer-me o homem?
12 အိုဘုရားသခင်၊ အကျွန်ုပ်သည် ကိုယ်တော့်ထံ၌ ကတိသစ္စာပြုထားသောသူ ဖြစ်ပါ၏။ အကျွန်ုပ်သည် ကျေးဇူးတော်ချီးမွမ်းရာယဇ်ကို ကိုယ်တော်အား ဆက်ကပ်ပါမည်။-
12 Cumprirei os votos que te fiz, ó Deus; a ti apresentarei minhas ofertas de gratidão.
13 အကြောင်းမူကား ကိုယ်တော်သည် အကျွန်ုပ်၏ဝိညာဉ်ကို သေခြင်းမှလည်းကောင်း၊ အကျွန်ုပ်၏ခြေကို ချော်လဲခြင်းမှ လည်းကောင်း ကယ်တင်တော်မူခဲ့လေပြီ။ ဤနည်းဖြင့် အကျွန်ုပ်သည် ဘုရားသခင်၏ ရှေ့တော်တွင် အသက်၏ အလင်းတော်၌ လျှောက်လှမ်းနိုင်ပေလိမ့်မည်။
13 Pois me livraste da morte e os meus pés de tropeçarem, para que eu ande diante de Deus na luz que ilumina os vivos.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar Salmos 56, comparar traduções ou montar um estudo — tudo direto pelo WhatsApp.