Salmos 49
ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs NVT
1 လူမျိုးအပေါင်းတို့၊ ဤစကားကို နာယူကြလော့။ ကမ္ဘာပေါ်၌ နေထိုင်သူအပေါင်းတို့၊ နားထောင်ကြလော့။-
1 Ouçam isto, todos os povos! Escutem, todos os habitantes da terra!
2 အယုတ်အမြတ်မရွေး၊ ဆင်းရဲချမ်းသာမရွေး အတူတကွ နားထောင်ကြလော့။-
2 Toda a humanidade, sem exceção, tanto ricos como pobres, prestem atenção!
3 ငါ၏နှုတ်သည် ဉာဏ်ပညာတော်ကို မြွက်ဆိုမည်။ ငါ၏နှလုံးသားသည် သိမြင်နားလည်တတ်ခြင်းကို တွေးတော ဆင်ခြင်မည်။-
3 Pois minhas palavras são sábias, e meus pensamentos, cheios de entendimento.
4 ငါသည် စကားပုံများကို နားထောင်မည်။ ငါသည် စောင်းတီး၍ ငါ၏ပဟေဠိပုစ္ဆာကို ဖော်ထုတ်မည်။
4 Ouço muitos provérbios com atenção e, ao som da harpa, explico enigmas.
5 ငါသည် ငါ့ကို ညှဉ်းပန်းနှိပ်စက်သူတို့၏ ဆိုးယုတ်မှုဖြင့် ဝန်းရံခံရ၍ ဒုက္ခရောက်သောအချိန်၌ အဘယ်ကြောင့် ကြောက်လန့် ရမည်နည်း။-
5 Por que terei medo quando vierem as dificuldades, quando inimigos perversos me cercarem?
6 ထိုသူတို့သည် မိမိတို့၏ စည်းစိမ်ဥစ္စာကို အားထား၍ မိမိတို့၏ ချမ်းသာကြွယ်၀မှုတို့ကို ကြွားဝါသူများဖြစ်ကြ၏။-
6 Eles confiam em seus bens e contam vantagem de suas grandes riquezas.
7 အကယ်စင်စစ် မည်သူမျှ မိမိညီအစ်ကို၏ အသက်ကို မကယ်နိုင်။ သို့တည်းမဟုတ် မည်သူမျှ ထိုသူ့အတွက် အသက်၏ တန်ဖိုးကို ဘုရားသခင်အား မပေးဆပ်နိုင်ပေ။-
7 Mas não são capazes de se redimir da morte e pagar um resgate a Deus.
8 အဘယ်ကြောင့်ဆိုသော် လူ့အသက်၏တန်ဖိုးသည် အလွန်ကြီး၏။ သူ၌ မည်သည့်အခါမျှ အသက်ဖိုးပေးနိုင်စွမ်းမရှိသဖြင့်၊-
8 O preço para resgatar uma vida é altíssimo, e ninguém é capaz de pagar o suficiente
9 လူတစ်ဦးသည် ပုပ်ပျက်ဆွေးမြေ့ခြင်းကို မမြင်ရဘဲ အစဉ်ထာ၀ရ အသက်ရှင်လျက် မနေနိုင်ပေ။
9 para viver para sempre e jamais ver a sepultura.
10 ပညာရှိတို့သည် သေကြရသည်ကိုလည်းကောင်း၊ ထို့အတူ မိုက်မဲသောသူတို့နှင့် အသိဉာဏ်နည်းသော သူတို့သည်လည်း ပျက်စီးခြင်းသို့ ရောက်ကြသည်ကိုလည်းကောင်း သူမြင်တွေ့နိုင်ပေ၏။ သူတို့၏ ဥစ္စာပစ္စည်းများကို သူတစ်ပါးတို့အတွက် ထားခဲ့ကြရ၏။-
10 Os sábios, no fim, morrerão, como os tolos e os ignorantes, que deixam toda a sua riqueza para trás.
11 သူတို့သည် တိုင်းပြည်များကို အမည်တပ်၍ ပိုင်ဆိုင်ခဲ့ကြသော်လည်း သူတို့၏ သခင်္ျိုင်းဂူများသာလျှင် သူတို့၏ ထာ၀ရ နေအိမ်များ၊ သူတို့၏ ဆွေစဉ်မျိုးဆက်တို့အတွက် ထာ၀ရနေထိုင်ရာ အရပ်များဖြစ်ကြ၏။-
11 A sepultura é seu lar eterno, onde ficarão para sempre. Dão o próprio nome às suas terras,
12 လူသားသည် ချမ်းသာကြွယ်၀ပါသော်လည်း မတည်မြဲပေ။ သူသည် သေကြေပျက်စီးတတ်သော တိရစ္ဆာန်များ ကဲ့သို့သာဖြစ်၏။
12 mas a sua fama não durará; como os animais, eles também morrerão.
13 ဤသည်ကား မိမိတို့ကိုယ်ကို ယုံကြည်အားထားတတ်သော သူတို့၏ကံကြမ္မာဖြစ်ပြီး မိမိတို့၏ဘ၀ကို ကျေနပ်နှစ်သက် နေသူတို့၏ လမ်းဆုံးဖြစ်သတည်း။-
13 Esse é o destino dos tolos, embora sejam admirados pelo que dizem. Interlúdio
14 သူတို့သည် သိုးများကဲ့သို့ သခင်္ျိုင်းဂူအတွက် ရည်ရွယ်ထားခြင်းခံရလိမ့်မည်။ သေခြင်းတရားသည် သူတို့၏သိုးထိန်းဖြစ်၏။ သူတို့သည် သခင်္ျိုင်းဂူအတွင်းသို့ သက်ဆင်းရပြီး ဖြောင့်မတ်သောသူတို့သည် သူတို့အပေါ် အုပ်စိုးကြလိမ့်မည်။ သူတို့၏ ရုပ်သဏ္ဌာန်များသည် ပုပ်ပျက်၍ ငရဲသည် သူတို့၏နေအိမ် ဖြစ်လိမ့်မည်။-
14 Como ovelhas, são levados à sepultura, onde a morte será seu pastor. Pela manhã, os justos governarão sobre eles; seus corpos apodrecerão na sepultura, longe de suas grandes propriedades.
15 သို့သော် ဘုရားသခင်သည် ငါ၏ဝိညာဉ်ကို သခင်္ျိုင်းမှ ကယ်တင်တော်မူလိမ့်မည်။ ကိုယ်တော်သည် ငါ့ကို အထံတော်သို့ အမှန်ပင် ခေါ်ဆောင်တော်မူလိမ့်မည်။
15 Quanto a mim, Deus resgatará minha vida e me livrará do poder da sepultura. Interlúdio
16 လူတစ်ဦးသည် ချမ်းသာကြွယ်၀လာ၍ သူ၏စည်းစိမ်ဥစ္စာ တိုးပွားလာသောအခါ ကြောက်ရွံ့ခြင်းမရှိနှင့်။-
16 Portanto, não desanimem quando o perverso enriquecer e sua casa se tornar ainda mais luxuosa.
17 အကြောင်းမူကား သူသေဆုံးချိန်တွင် သူသည် မည်သည့်အရာကိုမျှ ယူဆောင်သွားလိမ့်မည်မဟုတ်။ သူ၏ဂုဏ်သရေသည် သူ၏နောက်သို့ လိုက်ပါသွားလိမ့်မည်မဟုတ်။-
17 Pois, quando morrer, nada levará consigo; sua riqueza não o acompanhará ao túmulo.
18 သူသည် အသက်ရှင်နေစဉ်အတွင်း၌ မိမိတို့ကိုယ်ကို ကောင်းချီးခံရသည်ဟု သတ်မှတ်ကြ၏။ ထို့အတူ မိမိကိုယ်ကို ကြီးပွားတိုးတက်စေလျှင် လူတို့၏ချီးမွမ်းခြင်း ခံရလင့်ကစား၊-
18 Nesta vida, ele se considera afortunado e é elogiado por seu sucesso.
19 သူတို့သည် မိမိတို့ဘိုးဘေးများ၏ အသင်းအပင်းတည်ရှိရာ မှောင်မိုက်သောအရပ်သို့ ဝင်ကြရလိမ့်မည်။-
19 Contudo, morrerá como todos os seus antepassados e nunca mais voltará a ver a luz do dia.
20 လူသားသည် ချမ်းသာကြွယ်၀သော်လည်း သေကြေပျက်စီးတတ်သော တိရစ္ဆာန်များကဲ့သို့သာ ဖြစ်သည်ကို နားမလည်ချေ။
20 Os que contam vantagem de suas riquezas nada entendem; como os animais, também morrerão.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar Salmos 49, comparar traduções ou montar um estudo — tudo direto pelo WhatsApp.