Salmos 43

ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs VC

Sair da comparação
VC Versão Católica
1 အိုဘုရားသခင်၊ အကျွန်ုပ်၌ အပြစ်မရှိကြောင်းကို ဖော်ထုတ်ပေးတော်မူပါ။ ဘုရားတရားကင်းမဲ့သူတို့ကို ဆန့်ကျင်လျက် အကျွန်ုပ်ဘက်မှ ကာကွယ်တော်မူပါ။ လိမ်လည်ကောက်ကျစ်၍ မတရားသောသူတို့၏လက်မှ အကျွန်ုပ်ကို လွတ်မြောက် စေတော်မူပါ။-
1 Fazei-me justiça, ó Deus, e defendei minha causa contra uma nação ímpia. Livrai-me do homem doloso e perverso,
2 အကြောင်းမူကား ကိုယ်တော်သည် အကျွန်ုပ်၏ခိုလှုံရာ ဘုရားသခင်ဖြစ်တော်မူ၏။ အဘယ်ကြောင့် အကျွန်ုပ်ကို စွန့်ပစ်ထား တော်မူပါသနည်း။ အကျွန်ုပ်သည် အဘယ်ကြောင့် ရန်သူတို့၏ ဖိနှိပ်မှုကိုခံရပြီး ဝမ်းနည်းကြေကွဲစွာ သွားလာရပါမည်နည်း။
2 pois vós, ó meu Deus, sois a minha fortaleza; por que me repelis? Por que devo andar triste sob a opressão do inimigo?
3 ကိုယ်တော်၏ အလင်းတော်နှင့် သစ္စာတော်တို့ကို စေလွှတ်တော်မူပါ။ ၎င်းတို့သည် အကျွန်ုပ်ကို ဦးဆောင်လမ်းညွှန်ကြပါစေ။ ၎င်းတို့သည် အကျွန်ုပ်အား ကိုယ်တော်၏ သန့်ရှင်းသောတောင်တော်သို့ လည်းကောင်း၊ ကိုယ်တော်စံပယ်ရာဌာနသို့ လည်းကောင်း ပို့ဆောင်ကြပါစေ။-
3 Lançai sobre mim a vossa luz e fidelidade; que elas me guiem, e me conduzam ao vosso monte santo, aos vossos tabernáculos.
4 ထိုအခါ အကျွန်ုပ်သည် အတိုင်းမသိရွှင်လန်းစေသော ဘုရားသခင်၏ ပလ္လင်တော်သို့သွားမည်။ အိုဘုရားသခင်၊ အကျွန်ုပ်၏ ဘုရား၊ အကျွန်ုပ်သည် ကိုယ်တော့်ကို စောင်းတီး၍ ချီးမွမ်းထောမနာပြုပါမည်။
4 E me aproximarei do altar de Deus, do Deus de minha alegria e exultação. E vos louvarei com a cítara, ó Senhor, meu Deus!
5 အိုငါ့ဝိညာဉ်၊ သင်သည် အဘယ်ကြောင့်ညှိုးငယ်နေပါသနည်း။ ငါ့ရင်တွင်း၌ အဘယ်ကြောင့် မငြိမ်မသက် ဖြစ်နေပါသနည်း။ ဘုရားသခင်ကို မျှော်လင့်ကိုးစားပါလော့။ အကြောင်းမူကား ငါ့ကိုကူညီမစတော်မူသောအရှင်၊ ငါ၏ဘုရားသခင်ကို ငါသည် ထပ်မံ၍ ချီးမွမ်းထော မနာပြုပါမည်။
5 Por que te deprimes, ó minha alma, e te inquietas dentro de mim? Espera em Deus, porque ainda hei de louvá-lo: ele é minha salvação e meu Deus.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Salmos 43, comparar traduções ou montar um estudo — tudo direto pelo WhatsApp.