Salmos 35

ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs ARC

Sair da comparação
ARC Almeida Revista e Corrigida 2009
1 အိုထာ၀ရဘုရားသခင်၊ အကျွန်ုပ်ကို ပြိုင်ဆိုင်သူတို့နှင့် ပြိုင်ဆိုင်တော်မူပါ။ အကျွန်ုပ်အား တိုက်ခိုက်သူတို့ကိုလည်း တိုက်ခိုက်တော်မူပါ။-
1 Pleiteia, Senhor , com aqueles que pleiteiam comigo; peleja contra os que pelejam contra mim.
2 ဒိုင်းကြီး၊ ဒိုင်းငယ်တို့ကို ကိုင်ဆောင်၍ အကျွန်ုပ်ကိုကူညီရန် ကြွလာတော်မူပါ။-
2 Pega do escudo e da rodela e levanta-te em minha ajuda.
3 အကျွန်ုပ်ကို လိုက်လံဖမ်းဆီးသော သူတို့အား လှံတို၊ လှံရှည်နှင့် ချိန်ရွယ်၍ တားဆီးတော်မူပါ။ ငါသည် သင်၏ ကယ်တင်ခြင်းဖြစ်သည်ဟု အကျွန်ုပ်၏ ဝိညာဉ်အား မိန့်တော်မူပါ။
3 Tira da lança e obstrui o caminho aos que me perseguem; dize à minha alma: Eu sou a tua salvação.
4 အကျွန်ုပ်၏ အသက်အန္တရာယ်ကို ရန်ရှာသောသူတို့သည် အသရေပျက်၍ အရှက်ကွဲကြရပါစေ။ အကျွန်ုပ်ကို ပျက်စီးရန် ရှာကြံကြသောသူတို့သည် ကြောက်လန့်၍ နောက်ဆုတ်ထွက်ပြေးကြရပါစေ။-
4 Sejam confundidos e envergonhados os que buscam a minha vida; voltem atrás e envergonhem-se os que contra mim intentam o mal.
5 ထာ၀ရဘုရားသခင်၏ ကောင်းကင်တမန်တော်သည် သူတို့ကို မောင်းထုတ်လျက် သူတို့သည် လေတွင်လွင့်ပါသွားသောဖွဲကဲ့ သို့ဖြစ်ကြရပါစေ။-
5 Sejam como pragana perante o vento; o anjo do Senhor os faça fugir.
6 ထာ၀ရဘုရားသခင်၏ ကောင်းကင်တမန်တော်သည် သူတို့ကိုတိုက်ခိုက်လျက် သူတို့ပြေးရာလမ်းသည် မှောင်မိုက်ပြီး ချော်လဲစေသောလမ်း ဖြစ်ပါစေ။
6 Seja o seu caminho tenebroso e escorregadio, e o anjo do Senhor os persiga.
7 အဘယ်ကြောင့်ဆိုသော် သူတို့သည် အကြောင်းမရှိဘဲလျက် အကျွန်ုပ်အတွက် ကျော့ကွင်းထောင်၍ အကျွန်ုပ်၏ဘ၀ ပျက်စီးရန် တွင်းကိုတူးကြပါ၏။-
7 Porque sem causa encobriram de mim a rede na cova, que sem razão cavaram para a minha alma.
8 ပျက်စီးခြင်းသည် သူတို့အပေါ်သို့ အမှတ်တမဲ့ကျရောက်ပါစေ။ သူတို့သည် မိမိတို့ထောင်သည့် ကျော့ကွင်း၌ ပြန်မိကြလျက် မိမိတို့တူးသော တွင်းထဲသို့ကျ၍ ပျက်စီးဆုံးရှုံးကြပါစေ။
8 Sobrevenha-lhes destruição sem o saberem, e prenda-os a rede que ocultaram; caiam eles nessa mesma destruição.
9 ထိုအခါ ငါ၏ဝိညာဉ်သည် ထာ၀ရဘုရားသခင်၌ ရွှင်လန်းဝမ်းမြောက်၍ ကိုယ်တော်၏ ကယ်တင်တော်မူခြင်း၌ ပျော်မွေ့ရပါလိမ့်မည်။-
9 E a minha alma se alegrará no Senhor ; alegrar-se-á na sua salvação.
10 ငါ၏အရိုးများက အိုထာ၀ရဘုရားသခင်၊ ကိုယ်တော်နှင့် မည်သူတူပါသနည်း။ ကိုယ်တော်သည် အားငယ်သောသူကို အားကြီးသူ၏ ဘေးရန်မှလည်းကောင်း၊ ဆင်းရဲနွမ်းပါးသူတို့ကို လုယက်တတ်သူတို့၏ ဘေးရန်မှလည်းကောင်း ကယ်နုတ် တော်မူပါ၏ဟု ကြွေးကြော်ကြလိမ့်မည်။
10 Todos os meus ossos dirão: Senhor , quem é como tu? Pois livras o pobre daquele que é mais forte do que ele; sim, o pobre e o necessitado, daquele que os rouba.
11 ဆိုးညစ်လျက် မမှန်ကန်သော သက်သေတို့သည် ပေါ်ထွက်လာကြ၍ အကျွန်ုပ်စိုးစဉ်းမျှပင် မသိရှိသော အကြောင်း အရာများကို စစ်ဆေးမေးမြန်းကြပါ၏။-
11 Falsas testemunhas se levantaram; depuseram contra mim coisas que eu não sabia.
12 သူတို့သည် ငါ့အား အကောင်းကို မကောင်းနှင့်တုံ့ပြန်ကြ၍ ငါ၏ဝိညာဉ်သည် မျှော်လင့်ခြင်းကင်းမဲ့လျက်ရှိ၏။-
12 Tornaram-me o mal pelo bem, roubando a minha alma.
13 ငါမူကား ထိုသူတို့ ဖျားနာသောအခါ လျှော်တေအဝတ်ကို ဝတ်ဆင်၍ အစာရှောင်လျက် ခြိုးခြံစွာကျင့်ခဲ့၏။ ငါသည် ဦးခေါင်းကိုညွှတ်ကာ စိတ်အားထက်သန်စွာ ဆုတောင်းပေးခဲ့၏။-
13 Mas, quanto a mim, quando estavam enfermos, a minha veste era pano de saco; humilhava a minha alma com o jejum, e a minha oração voltava para o meu seio.
14 ငါသည် သူတို့ကို ငါ၏မိတ်ဆွေ၊ သို့မဟုတ် ညီအစ်ကိုကဲ့သို့ သဘောထား၍ မိမိ၏မိခင် သေဆုံးသည့်အတွက် ပူဆွေးငိုကြွေးနေသော သူတစ်ဦးပမာ ခေါင်းငိုက်စိုက်ချလျက် ဝမ်းနည်းခြင်းဖြင့် သွားလာခဲ့၏။
14 Portava-me com ele como se fora meu irmão ou amigo; andava lamentando e muito encurvado, como quem chora por sua mãe.
15 သို့သော် ငါဒုက္ခရောက်သောအခါ သူတို့အားလုံးသည် ဝမ်းသာပျော်ရွှင်ခြင်းနှင့် စုဝေးကြ၏။ သူတို့သည် အတူတကွစုရုံး၍ ငါ့ကိုဆန့်ကျင်ကြ၏။ တိုက်ခိုက်သူတို့သည် အမှတ်တမဲ့စုရုံးရောက်ရှိလာ၍ ငါ့ကို အသရေပျက်အောင် အဆက်မပြတ်ပြုကြ၏။-
15 Mas eles com a minha adversidade se alegravam e se congregavam; os abjetos se congregavam contra mim, e eu não o sabia; rasgavam-me e não cessavam.
16 ဘုရားတရားမဲ့သူတို့ ကဲ့သို့ သူတို့သည် ငါ့ကို အငြိုးနှင့်လှောင်ပြောင်ကဲ့ရဲ့ ကြ၍ အံကြိတ်ကြ၏။
16 Como hipócritas zombadores nas festas, rangiam os dentes contra mim.
17 အိုထာ၀ရဘုရားသခင်၊ ကိုယ်တော်သည် မည်မျှကြာသည်အထိ ဆက်၍ကြည့်နေတော်မူမည်နည်း။ အကျွန်ုပ်ကို သူတို့၏ အပြင်းအထန်တိုက်ခိုက်မှုများမှလည်းကောင်း၊ အကျွန်ုပ်၏အသက်ကို ခြင်္သေ့တို့၏ လက်မှလည်းကောင်း ကယ်တင်တော်မူပါ။-
17 Senhor, até quando verás isto? Resgata a minha alma das suas assolações, e a minha predileta, dos leões.
18 ထိုအခါ အကျွန်ုပ်သည် ကြီးမားသော လူအစုအဝေးထဲတွင် ကိုယ်တော့်ကို ကျေးဇူးဆပ်တင်ပါမည်။ ကြီးမားသော ပရိသတ်ကြီး အလယ်တွင် ကိုယ်တော့်ကို အကျွန်ုပ်ချီး မွမ်းဩဘာပေးပါမည်။
18 Louvar-te-ei na grande congregação; entre muitíssimo povo te celebrarei.
19 အကျွန်ုပ်၏ ကောက်ကျစ်သော ရန်သူတို့သည် အကျွန်ုပ်အရေးနိမ့်ရသည့်အတွက် ဝမ်းမြောက်ရွှင်လန်းသော အခွင့်ကို ပေးတော်မမူပါနှင့်။ အကျွန်ုပ်ကို မုန်းတီးသောသူတို့အားလည်း အကြောင်းမဲ့လှောင်ပြောင်ခွင့်ကို ပေးတော်မမူပါနှင့်။-
19 Não se alegrem de mim os meus inimigos sem razão, nem pisquem os olhos aqueles que me aborrecem sem causa.
20 အကြောင်းမူကား သူတို့သည် ငြိမ်းချမ်းရေးစကားကို မပြောကြဘဲ အေးချမ်းစွာနေထိုင်သော သူတို့ကို ဆန့်ကျင်၍ မဟုတ်မမှန် စွပ်စွဲလျက် လုပ်ကြံပြောဆိုကြ၏။-
20 Pois não falam de paz; antes, projetam enganar os quietos da terra.
21 သူတို့သည် မိမိတို့၏နှုတ်ကို ကျယ်စွာဖွင့်လျက် ဟားတိုက်ကာ သင်ပြုသောအမှုကို ငါတို့၏မျက်စိနှင့် မြင်ခဲ့ကြရပြီဟု ဆိုကြပါ၏။
21 Abrem a boca de par em par contra mim e dizem: Ah! Ah! Os nossos olhos o viram!
22 အိုထာ၀ရဘုရားသခင်၊ ဤအမှုကို ကိုယ်တော်မြင်တော်မူခဲ့သည်ဖြစ်၍ ဆိတ်ဆိတ်နေတော်မမူပါနှင့်။ အို ထာ၀ရ ဘုရားသခင်၊ အကျွန်ုပ်နှင့်လည်း ဝေးစွာနေတော်မမူပါနှင့်။-
22 Tu, Senhor , o viste, não te cales; Senhor, não te alongues de mim;
23 အကျွန်ုပ်၏အရှင် အကျွန်ုပ်၏ထာ၀ရဘုရားသခင်၊ နိုးထတော်မူပါ။ အကျွန်ုပ် ဖြောင့်မတ်မှန်ကန်သည့်အကြောင်းကို ခုခံရန် ကာကွယ်ပြောဆိုတော်မူပါ။-
23 desperta e acorda para o meu julgamento, para a minha causa, Deus meu e Senhor meu!
24 အို အကျွန်ုပ်၏အရှင် အကျွန်ုပ်၏ ထာ၀ရဘုရားသခင်၊ ကိုယ်တော်၏ တရားမျှတတော်မူခြင်းနှင့်အညီ အကျွန်ုပ်ကို စီရင်တော်မူပါ။ အကျွန်ုပ်ရန်သူများသည် အကျွန်ုပ်အပေါ် အနိုင်ယူဝမ်းမြောက်ခြင်း မဖြစ်ပါစေနှင့်။-
24 Julga-me segundo a tua justiça, Senhor , Deus meu, e não deixes que se alegrem de mim.
25 ငါတို့၏အလို ဆန္ဒပြည့်ပြီ။ သင့်ကို ငါတို့အနိုင်ရပြီဟူ၍ ပြောဆိုခွင့်ကို သူတို့အား ပေးတော်မမူပါနှင့်။
25 Não digam em seu coração: Eia, sus, alma nossa! Não digam: Nós o havemos devorado!
26 အကျွန်ုပ် ဘေးဒုက္ခရောက်သောကြောင့် ဝမ်းသာအားရဖြစ်ကြသော သူတို့သည် အရှက်ကွဲ၍ တွေဝေကြပါစေ။ အကျွန်ုပ်အပေါ် အနိုင်ယူ၍ မိမိကိုယ်ကို ချီးမြှောက်ကြသော သူတို့သည် အရှက်ကွဲမှု၊ အသရေပျက်မှုတို့နှင့် လွှမ်းခြုံခြင်း ခံကြရပါစေ။
26 Envergonhem-se e confundam-se à uma os que se alegram com o meu mal; vistam-se de vergonha e de confusão os que se engrandecem contra mim.
27 အကျွန်ုပ်၏အပြစ်ကင်းခြင်းအတွက် ပျော်ရွှင်ဝမ်းမြောက်သောသူတို့သည် ဝမ်းသာအားရ အော်ဟစ်ကြ၍ မိမိအစေခံ၏ ကောင်းစားခြင်းကို နှစ်သက်တော်မူသော ထာ၀ရဘုရားသခင်သည် ကောင်းမြတ်တော်မူပေ၏ဟု အစဉ်မပြတ် ကြွေးကြော် ကြပါစေ။-
27 Cantem e alegrem-se os que amam a minha justiça, e digam continuamente: O Senhor , que ama a prosperidade do seu servo, seja engrandecido.
28 ထိုအခါ အကျွန်ုပ်၏လျှာသည် ကိုယ်တော်၏ ဖြောင့်မတ်တော်မူခြင်းကို ထုတ်ဖော်ကြေညာ၍ ကိုယ်တော်ရှင်အား တစ်နေ့လုံး ချီးမွမ်းထောမနာပြုပါမည်။
28 E assim a minha língua falará da tua justiça e do teu louvor, todo o dia.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Salmos 35, comparar traduções ou montar um estudo — tudo direto pelo WhatsApp.