Salmos 32

ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs NTLH

Sair da comparação
NTLH Nova Tradução na Linguagem de Hoje 2000
1 မိမိ၏အပြစ်များမှ ဖြေလွှတ်ခြင်းခံရ၍ ကျူးလွန်သောအပြစ်များ ဖယ်ရှားခြင်းခံရသောသူသည် မင်္ဂလာရှိ၏။-
1 Feliz aquele cujas maldades Deus perdoa e cujos pecados ele apaga!
2 ထာ၀ရဘုရားသခင်၏ အပြစ်တင်တော်မူခြင်းနှင့် ကင်းလွတ်၍ လိမ်လည်လှည့်စားမှုကင်းသည့် စိတ်ထားရှိသောသူသည် မင်္ဂလာရှိ၏။
2 Feliz aquele que o Senhor Deus não acusa de fazer coisas más e que não age com falsidade!
3 အကျွန်ုပ်သည် အကျွန်ုပ်၏အပြစ်များကို ဖော်ပြဝန်ခံခြင်း မပြုသောအခါ တစ်နေ့လုံး ညည်းတွားရခြင်းကြောင့် အကျွန်ုပ်၏ ခန္ဓာကိုယ်သည် အင်အားကုန်ခန်းခဲ့ရပါ၏။-
3 Enquanto não confessei o meu pecado, eu me cansava, chorando o dia inteiro.
4 ကိုယ်တော်၏ ရွှေလက်တော်သည် အကျွန်ုပ်အပေါ်တွင် နေ့ရောညပါ လေးလံစွာရှိခဲ့ပါ၏။ သို့ဖြစ်၍ နွေရာသီအပူရှိန်ကြောင့် အစိုဓာတ်သည် ခန်းခြောက်သကဲ့သို့ အကျွန်ုပ်၏ ခွန်အားသည်လည်း ခန်းခြောက်ခဲ့ရပါ၏။
4 De dia e de noite, tu me castigaste, ó Deus, e as minhas forças se acabaram como o sereno que seca no calor do verão.
5 အကျွန်ုပ်သည် အကျွန်ုပ်၏အပြစ်ကို ကိုယ်တော့်ထံတွင် ဝန်ခံခဲ့ပါ၏။ အကျွန်ုပ်၏မကောင်းမှုကို ဖုံးကွယ်၍ မထားခဲ့ပါ။ ငါ၏အပြစ်ကျူးလွန်မှုများအတွက် ထာ၀ရဘုရားသခင်ထံတော်သို့ ငါဝန်ချတောင်းပန်မည်ဟု မိမိကိုယ်ကိုပြောဆိုသောအခါ ကိုယ်တော်သည် အကျွန်ုပ်ကို အပြစ်၏အနှောင်အဖွဲ့မှဖြေလွှတ်တော်မူ၏။
5 Então eu te confessei o meu pecado e não escondi a minha maldade. Resolvi confessar tudo a ti, e tu perdoaste todos os meus pecados.
6 သို့ဖြစ်၍ ကိုယ်တော့်အပေါ် သစ္စာရှိသူတိုင်းသည် အခက်အခဲကြုံသောအခါ အထံတော်သို့ ဆုတောင်းပတ္ထနာပြုကြပါစေ။ သို့မှသာလျှင် ဒုက္ခဆင်းရဲရောက်ချိန်၌ အရှိန်အဟုန်ပြင်းစွာ တိုးဝင်လာသောရေတို့သည် သူတို့ထံသို့ ရောက်ရှိလာလိမ့်မည် မဟုတ်ပေ။-
6 Por isso, nos momentos de angústia, todos os que são fiéis a ti devem orar. Assim, quando as grandes ondas de sofrimento vierem, não chegarão até eles.
7 ကိုယ်တော်သည် အကျွန်ုပ်၏ခိုလှုံရာ ဖြစ်တော်မူ၍ အကျွန်ုပ်ကို ဘေးဒုက္ခမှကင်းလွတ်စေရန် ကာကွယ်စောင့်ရှောက် တော်မူ၏။ ကိုယ်တော်သည် ကယ်တင်ခြင်းနှင့်ဆိုင်သော သီချင်းများဖြင့် အကျွန်ုပ်ကိုခြံရံစေတော်မူ၏။
7 Tu és o meu esconderijo; tu me livras da aflição. Eu canto bem alto a tua salvação, pois me tens protegido.
8 ထာ၀ရဘုရားသခင်က ငါသည် သင့်ကို သွန်သင်မည်။ သင်လျှောက်လှမ်းရမည့်လမ်းကိုညွှန်ပြမည်။ ငါသည် သင့်ကို မျက်ခြည်မပြတ်စောင့်ကြည့်၍ အကြံဉာဏ်ပေးမည်။-
8 O Senhor Deus me disse: “Eu lhe ensinarei o caminho por onde você deve ir; eu vou guiá-lo e orientá-lo.
9 ဉာဏ်မဲ့သောမြင်း၊ သို့မဟုတ် လားကဲ့သို့ မဖြစ်စေနှင့်။ ၎င်း၏ဒေါသကို ပါးစပ်တွင် ဇက်ခွံ့ ၍ ဇက်ကြိုးဖြင့် ထိန်းထားရ၏။ သို့မဟုတ်လျှင် ၎င်းသည် သင်၏အနီးသို့ လာလိမ့်မည်မဟုတ်။
9 Não seja uma pessoa sem juízo como o cavalo ou a mula, que precisam ser guiados com cabresto e rédeas para que obedeçam.”
10 ဆိုးယုတ်သောသူတို့သည် များစွာသောညှဉ်းပန်း နှိပ်စက်မှုဒဏ်ကိုခံကြရ၏။ ထာ၀ရဘုရားသခင်ကို ခိုလှုံကိုးစားသော သူတို့မူကား ခိုင်မြဲသော မေတ္တာတရားဖြင့် လွှမ်းခြုံခြင်းကိုခံရ၏။-
10 Os maus sofrem muito, mas os que confiam em Deus, o são protegidos pelo seu amor.
11 ဖြောင့်မတ်သူအပေါင်းတို့၊ ထာ၀ရဘုရားသခင်၌ ဝမ်းမြောက်ရွှင်လန်းကြလော့။ စိတ်နှလုံးဖြူစင်သောသူတို့၊ ဝမ်းမြောက်စွာ ကြွေးကြော်ကြလော့။
11 Todos vocês que são corretos, alegrem-se e fiquem contentes por causa daquilo que o tem feito! Cantem de alegria, todos vocês que são obedientes a ele!

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Salmos 32, comparar traduções ou montar um estudo — tudo direto pelo WhatsApp.