Salmos 24

ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs ARC

Sair da comparação
ARC Almeida Revista e Corrigida 2009
1 ထာ၀ရဘုရားသခင်သည် မြေကြီးနှင့်မြေကြီးပေါ်ရှိ လူသတ္တဝါတို့ကိုလည်းကောင်း၊ လောကနှင့် လောကတွင်ရှိသော အရာတို့ကိုလည်းကောင်း စိုးပိုင်တော်မူ၏။-
1 Do Senhor é a terra e a sua plenitude, o mundo e aqueles que nele habitam.
2 အကြောင်းမူကား ကိုယ်တော်သည် ကမ္ဘာမြေကြီးကို ပင်လယ်များပေါ်တွင် အုတ်မြစ်ချ၍ မြစ်များပေါ်တွင် ၎င်းကို တည်ဆောက်တော်မူ၏။
2 Porque ele a fundou sobre os mares e a firmou sobre os rios.
3 ထာ၀ရဘုရားသခင်၏ တောင်တော်ပေါ်သို့ မည်သူတက်ရလိမ့်မည်နည်း။ ကိုယ်တော်၏ သန့်ရှင်းရာဌာနတွင် မည်သူ နေရလိမ့်မည်နည်း။-
3 Quem subirá ao monte do Senhor ou quem estará no seu lugar santo?
4 အပြစ်ကင်းစင်သော လက်များနှင့် စင်ကြယ်သော နှလုံးသားရှိသူ၊ မှားယွင်းသည့် အရာများကို မိမိ၏ဝိညာဉ်ဖြင့် မဆည်းကပ်သူနှင့် ကောက်ကျစ်စဉ်းလဲစွာ ကျိန်ဆိုခြင်း မပြုသူပင်ဖြစ်၏။-
4 Aquele que é limpo de mãos e puro de coração, que não entrega a sua alma à vaidade, nem jura enganosamente.
5 ထိုသူသည် ထာ၀ရဘုရားသခင်ထံတော်မှ ကောင်းချီးမင်္ဂလာနှင့် ကယ်တင်တော်မူသော ဘုရားသခင်အထံတော်မှ အပြစ်ကင်းစင်ကြောင်း အာမခံချက်တို့ကို ရရှိလိမ့်မည်။-
5 Este receberá a bênção do Senhor e a justiça do Deus da sua salvação.
6 ထိုသို့သောလူမျိုးသည် ဘုရားသခင်ကို ရှာဖွေသောသူ၊ ယာကုပ်၏ ဘုရားသခင်မျက်နှာတော်ကို ရှာဖွေသောသူပင်ဖြစ်၏။
6 Esta é a geração daqueles que buscam, daqueles que buscam a tua face, ó Deus de Jacó. (Selá)
7 အချင်းတံခါးတို့၊ သင်တို့၏ တံခါးမုခ်များကို ကြွလိုက်ကြလော့။ ရှေးဟောင်းတံခါးတို့၊ ဘုန်းကြီးတော်မူသောဘုရင် ကြွဝင်နိုင်ရန် ဖွင့်ပေးကြလော့။-
7 Levantai, ó portas, as vossas cabeças; levantai-vos, ó entradas eternas, e entrará o Rei da Glória.
8 ဘုန်းကြီးတော်မူသော ဘုရင်ကား မည်သူနည်း။ ထိုအရှင်ကား ခွန်အားတန်ခိုးနှင့် ပြည့်စုံတော်မူသော ထာ၀ရဘုရားသခင်၊ စစ်တိုက်ခြင်း၌ တန်ခိုးကြီးတော်မူသော ထာ၀ရဘုရားသခင်ပင် ဖြစ်တော်မူ၏။-
8 Quem é este Rei da Glória? O Senhor forte e poderoso, o Senhor poderoso na guerra.
9 အချင်းတံခါးတို့၊ သင်တို့၏တံခါးမုခ်များကို ကြွလိုက်ကြလော့။ ရှေးဟောင်းတံခါးတို့၊ ဘုန်းကြီးတော်မူသောဘုရင် ကြွဝင်နိုင်ရန် ဖွင့်ပေးကြလော့။-
9 Levantai, ó portas, as vossas cabeças; levantai-vos, ó entradas eternas, e entrará o Rei da Glória.
10 ဘုန်းကြီးတော်မူသော ဘုရင်ကား မည်သူနည်း။ ထိုအရှင်ကား ကောင်းကင်ဗိုလ်ခြေတို့၏အရှင် ထာ၀ရဘုရားသခင်ပင် ဖြစ်တော်မူ၏။ ကိုယ်တော်သည် ဘုန်းကြီးတော်မူသော ဘုရင်ဖြစ်တော်မူ၏။
10 Quem é este Rei da Glória? O Senhor dos Exércitos; ele é o Rei da Glória. (Selá)

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Salmos 24, comparar traduções ou montar um estudo — tudo direto pelo WhatsApp.