Salmos 22

ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs ARC

Sair da comparação
ARC Almeida Revista e Corrigida 2009
1 အကျွန်ုပ်၏ဘုရား၊ အကျွန်ုပ်၏ဘုရား၊ အဘယ်ကြောင့် အကျွန်ုပ်ကို စွန့်ပစ်ထားတော်မူပါသနည်း။ အကျွန်ုပ်ကိုကူညီခြင်းမှ လည်းကောင်း၊ အကျွန်ုပ် ညည်းတွားသော စကားသံမှလည်းကောင်း အဘယ်ကြောင့် ဝေးကွာစွာ နေတော်မူပါသနည်း။-
1 Deus meu, Deus meu, por que me desamparaste? Por que te alongas das palavras do meu bramido e não me auxilias?
2 အိုအကျွန်ုပ်၏ဘုရားသခင်၊ အကျွန်ုပ်သည် နေ့အချိန်၌ အော်ဟစ်အသနားခံပါသော်လည်း ကိုယ်တော်သည် ထူးတော်မမူပါ။ ညအချိန်၌ အော်ဟစ်ပါသော်လည်း သက်သာရာမရပါ။
2 Deus meu, eu clamo de dia, e tu não me ouves; de noite, e não tenho sossego.
3 သို့သော်လည်း ကိုယ်တော်သည် သန့်ရှင်းမြင့်မြတ်တော်မူသော အရှင်ဟူ၍ ပလ္လင်တင်ခံရလျက် အစ္စရာအဲလ်လူမျိုး၏ ချီးမွမ်းထောမနာပြုခြင်းကို ခံရတော်မူသော အရှင်ဖြစ်တော်မူ၏။-
3 Porém tu és Santo, o que habitas entre os louvores de Israel.
4 အကျွန်ုပ်တို့၏ ဘိုးဘေးများသည် ကိုယ်တော်၌ ယုံကြည်အားကိုးခဲ့ကြပါ၏။ သူတို့ယုံကြည်အားကိုးသည့်အတိုင်း ကိုယ်တော်သည်လည်း သူတို့ကို ရွေးနုတ်ကယ်တင်တော်မူခဲ့ပါ၏။-
4 Em ti confiaram nossos pais; confiaram, e tu os livraste.
5 သူတို့သည် ကိုယ်တော့်ထံသို့ ဟစ်အော်တောင်းလျှောက်ကြသဖြင့် ကယ်တင်ခြင်းခံခဲ့ကြရပါ၏။ သူတို့သည် ကိုယ်တော်၌ ယုံကြည်ကိုးစားကြသဖြင့် စိတ်ပျက်အားငယ်ခြင်း မဖြစ်ခဲ့ကြရပေ။
5 A ti clamaram e escaparam; em ti confiaram e não foram confundidos.
6 သို့သော် အကျွန်ုပ်သည် လူမဟုတ်ဘဲ ပိုးကောင်တစ်ကောင်မျှသာဖြစ်ပါ၏။ လူတို့သည် အကျွန်ုပ်ကို ကဲ့ရဲ့၍ မထီလေးစား ပြုကြပါ၏။-
6 Mas eu sou verme, e não homem, opróbrio dos homens e desprezado do povo.
7 အကျွန်ုပ်ကို မြင်ကြသူတိုင်းက ပြက်ရယ်ပြုကြပါ၏။ သူတို့သည် မဲ့ရွဲ့ကာ ခေါင်းကိုယမ်းလျက်၊-
7 Todos os que me veem zombam de mim, estendem os lábios e meneiam a cabeça, dizendo:
8 ဤသူသည် ထာ၀ရဘုရားသခင်ကို ခိုလှုံ ကိုးစားသောသူဖြစ်၏။ သူ၏ဘုရားသည် သူ့ကိုကယ် တင်ပါစေ၊ သူ့ကိုရွေးနုတ်ပါစေ၊ အကြောင်းမူကား သူ၏ ဘုရားသည် သူ့ကိုနှစ်သက်မြတ်နိုး၏ဟုဆိုကြပါ၏။
8 Confiou no Senhor , que o livre; livre-o, pois nele tem prazer.
9 သို့သော် ကိုယ်တော်သည် အကျွန်ုပ်ကို အမိဝမ်းထဲကပင် ခေါ်ယူတော်မူခဲ့၏။ အကျွန်ုပ်၏ မိခင်ရင်ခွင်တွင် နို့စို့သူငယ်ဘ၀၌ ကိုယ်တော်သည် အကျွန်ုပ်ကို ဘေးကင်းလုံခြုံစွာထားတော်မူ၏။-
9 Mas tu és o que me tiraste do ventre; o que me preservaste estando ainda aos seios de minha mãe.
10 အကျွန်ုပ်သည် မွေးဖွားစဉ်ကပင် ကိုယ်တော့်အပေါ် ခိုလှုံအားကိုးခဲ့ပါ၏။ အကျွန်ုပ်အမိ၏ ဝမ်းထဲ၌ ရှိခဲ့စဉ်ကပင် ကိုယ်တော်သည် အကျွန်ုပ်၏ ဘုရားသခင်ဖြစ်တော်မူ၏။-
10 Sobre ti fui lançado desde a madre; tu és o meu Deus desde o ventre de minha mãe.
11 အကျွန်ုပ်ထံမှ ဝေးလံစွာ နေတော်မမူပါနှင့်။ အကြောင်းမူကား အန္တရာယ်သည် နီးကပ်လာလေပြီ။ အကျွန်ုပ်ကို ကူညီမည့်သူ ဟူ၍ တစ်ဦးတစ်ယောက်မျှမရှိပါ။
11 Não te alongues de mim, pois a angústia está perto, e não há quem ajude.
12 နွားသိုးများသည် အကျွန်ုပ်ကို ဝိုင်းရံလျက်ရှိကြပြီး ဘာရှန်၏အင်အားကြီးသော နွားများသည် အကျွန်ုပ်ကို ဝန်းရံထား ကြပါ၏။-
12 Muitos touros me cercaram; fortes touros de Basã me rodearam.
13 ၎င်းတို့သည် ကိုက်ဖြတ်ရန် ဟိန်းဟောက်နေသော ခြင်္သေ့ကဲ့သို့ အကျွန်ုပ်ရှေ့တွင် ပါးစပ်များကို အစွမ်းကုန်ဖွင့်ဟ ထားကြပါ၏။
13 Abriram contra mim suas bocas, como um leão que despedaça e que ruge.
14 အကျွန်ုပ်သည် ရေကဲ့သို့သွန်ချခြင်းခံရ၍ အကျွန်ုပ်၏ အရိုးရှိသမျှတို့သည် ပြုတ်နေကြပါပြီ။ အကျွန်ုပ်၏ နှလုံးသားသည် ဖယောင်းကဲ့သို့ဖြစ်၍ အကျွန်ုပ်၏ရင်ထဲတွင် အရည်ပျော်နေပါပြီ။-
14 Como água me derramei, e todos os meus ossos se desconjuntaram; o meu coração é como cera e derreteu-se dentro de mim.
15 အကျွန်ုပ်၏ခွန်အားသည် အိုးခြမ်းပဲ့ကဲ့သို့ ခြောက်ကပ်၍ အကျွန်ုပ်၏ လျှာသည်လည်း မေးရိုးများတွင် ကပ်နေပါပြီ။ ကိုယ်တော်သည် အကျွန်ုပ်ကို သေခြင်း၏ ဖုံမှုန့်များထဲ၌ ထားခဲ့တော်မူပါပြီ။
15 A minha força se secou como um caco, e a língua se me pega ao paladar; e me puseste no pó da morte.
16 မှန်ပါ၏။ ခွေးများသည် အကျွန်ုပ်၏ပတ်လည်တွင် ရှိနေကြပါ၏။ မကောင်းမှုကို ကျုးလွန်သော သူတစ်စုသည်လည်း အကျွန်ုပ်ကို ဝန်းရံထားပါ၏။ သူတို့သည် အကျွန်ုပ်၏လက်များနှင့် ခြေများကို ထိုးဖောက်ကြလေပြီ။-
16 Pois me rodearam cães; o ajuntamento de malfeitores me cercou; traspassaram-me as mãos e os pés.
17 အကျွန်ုပ်သည် အကျွန်ုပ်၏အရိုး ရှိသမျှတို့ကို ရေတွက်နိုင်ပါပြီ။ သူတို့သည် အကျွန်ုပ်ကို စိုက်ကြည့်၍ အားရဝမ်းသာ ဖြစ်နေကြပါပြီ။-
17 Poderia contar todos os meus ossos; eles veem e me contemplam.
18 သူတို့သည် အကျွန်ုပ်၏ အဝတ်များကိုအချင်းချင်း ခွဲဝေယူကြလျက် အကျွန်ုပ်၏ ဝတ်ရုံကို မဲချယူကြလေပြီ။
18 Repartem entre si as minhas vestes e lançam sortes sobre a minha túnica.
19 သို့သော် အိုထာ၀ရဘုရားသခင်၊ အကျွန်ုပ်ထံမှ ဝေးလံစွာနေတော်မမူပါနှင့်။ အကျွန်ုပ်၏ ခွန်အားဖြစ်တော်မူသော ကိုယ်တော်ဘုရား၊ အကျွန်ုပ်ကို ကူညီစောင်မရန် အလျင်အမြန်ကြွလာတော်မူပါ။-
19 Mas tu, Senhor , não te alongues de mim; força minha, apressa-te em socorrer-me.
20 အကျွန်ုပ်၏ ဝိညာဉ်ကို ဓား၏ဘေးရန်မှလည်းကောင်း၊ အကျွန်ုပ်၏ အသက်ကို ခွေး၏ဘေးရန်မှလည်းကောင်း ကယ်တင်တော်မူပါ။-
20 Livra a minha alma da espada e a minha predileta, da força do cão.
21 အကျွန်ုပ်ကို ခြင်္သေ့၏ ခံတွင်းမှလည်းကောင်း၊ ဝေဒနာခံစားနေသော အကျွန်ုပ်၏ ဝိညာဉ်ကို နွားရိုင်း၏ ဦးချိုရန်မှ လည်းကောင်း ကယ်တော်မူပါ။
21 Salva-me da boca do leão; sim, ouve-me desde as pontas dos unicórnios.
22 ကိုယ်တော်၏ နာမတော်အကြောင်းကို အကျွန်ုပ်၏ ညီအစ်ကိုမောင်နှမတို့အား အကျွန်ုပ်ပြောကြားပါမည်။ လူတို့၏ အစည်းအဝေး၌ အကျွန်ုပ်သည် ကိုယ်တော့်ကို ချီးမွမ်းထောမနာပြုပါမည်။-
22 Então, declararei o teu nome aos meus irmãos; louvar-te-ei no meio da congregação.
23 ထာ၀ရဘုရားသခင်ကို ကြောက်ရွံ့သောသူတို့၊ ကိုယ်တော့်ကို ချီးမွမ်းထောမနာ ပြုကြလော့။ ယာကုပ်၏ သားမြေးတို့၊ ကိုယ်တော်အား ဂုဏ်ပြုချီးမွမ်းကြလော့။ အစ္စရာအဲလ်လူမျိုးအပေါင်းတို့၊ ကိုယ်တော့်ကို ကြောက်ရွံ့ရိုသေကြလော့။-
23 Vós que temeis ao Senhor , louvai-o; todos vós, descendência de Jacó, glorificai-o; e temei-o todos vós, descendência de Israel.
24 အကြောင်းမူကား ကိုယ်တော်သည် ဆင်းရဲဒုက္ခရောက်သူအား ပစ်ပယ်ထားတော်မူခဲ့သည်မဟုတ်။ ထိုသူခံရသော ဆင်းရဲ ဒုက္ခများကိုလည်း လျစ်လျူရှုတော်မမူပေ။ မျက်နှာတော်ကိုလည်း သူ့ထံမှ လွှဲတော်မမူဘဲ သူအော်ဟစ် တောင်းလျှောက်သော အခါတွင် နားညောင်းတော်မူ၏။
24 Porque não desprezou nem abominou a aflição do aflito, nem escondeu dele o seu rosto; antes, quando ele clamou, o ouviu.
25 များပြားလှသော လူပရိသတ်အလယ်တွင် ကိုယ်တော့်ကို အကျွန်ုပ် ချီးမွမ်းထောမနာ ပြုပါမည်။ ကိုယ်တော်အား ကြောက်ရွံ့ရိုသေသူတို့၏ အရှေ့တွင် အကျွန်ုပ်၏ ကတိသစ္စာများကို တည်စေပါမည်။-
25 O meu louvor virá de ti na grande congregação; pagarei os meus votos perante os que o temem.
26 ဆင်းရဲသားတို့သည် ၀လင်စွာ စားကြရပါလိမ့်မည်။ ထာ၀ရဘုရားသခင်ကို ရှာဖွေကြသော သူတို့သည် ကိုယ်တော့်ကို ချီးမွမ်းထောမနာ ပြုကြပါလိမ့်မည်။ သင်တို့၏ စိတ်နှလုံးများသည် အစဉ်ထာ၀ရ အသက်ရှင်ကြပါလိမ့်မည်။
26 Os mansos comerão e se fartarão; louvarão ao Senhor os que o buscam; o vosso coração viverá eternamente.
27 ကမ္ဘာမြေကြီးအစွန်း ရှိသမျှတို့သည် ကိုယ်တော့်ကို သတိရကြ၍ ကိုယ်တော့်ထံတော်သို့ လှည့်လာကြလိမ့်မည်။ တိုင်းနိုင်ငံအသီးသီးမှ မိသားစုအပေါင်းတို့သည် ကိုယ်တော်၏ ရှေ့မှောက်တွင် ပျပ်ဝပ်ကိုးကွယ်ကြ လိမ့်မည်။-
27 Todos os limites da terra se lembrarão e se converterão ao Senhor ; e todas as gerações das nações adorarão perante a tua face.
28 အကြောင်းမူကား အုပ်ချုပ်ပိုင်ခွင့်အာဏာသည် ထာ၀ရဘုရားသခင် ပိုင်ဆိုင်ရာဖြစ်တော်မူ၍ ကိုယ်တော်သည် လူမျိုးတကာ တို့ကို အုပ်စိုးတော်မူ၏။
28 Porque o reino é do Senhor , e ele domina entre as nações.
29 ကမ္ဘာပေါ်ရှိ ပြည့်စုံကြွယ်၀သော သူအပေါင်းတို့သည် ကိုယ်တော့်ကို ဦးညွတ်ရှိခိုးကြလိမ့်မည်။ မြေမှုန့်သို့ ပြန်သွားရမည့် သူများနှင့် မိမိ၏ဝိညာဉ်ကို ဆက်လက်အသက် မရှင်နိုင်စေသော သူများသည် ကိုယ်တော်၏ ရှေ့မှောက်တော်တွင် ပျပ်ဝပ်ကြ လိမ့်မည်။-
29 Todos os grandes da terra comerão e adorarão, e todos os que descem ao pó se prostrarão perante ele; como também os que não podem reter a sua vida.
30 အကျွန်ုပ်၏ အမျိုးအနွယ်သည် ကိုယ်တော်၏ အမှုတော်ကို ထမ်းဆောင်ကြပြီး နောင်လာမည့် လူမျိုးဆက်တို့အား ကိုယ်တော်၏ အကြောင်းကို ပြောကြားကြလိမ့်မည်။-
30 Uma semente o servirá; falará do Senhor de geração em geração.
31 သူတို့သည် မွေးဖွားခြင်း မခံရသေးသော လူမျိုးဆက်အား ကိုယ်တော်၏ ကယ်တင်တော်မူခြင်း အကြောင်းကို ကြွေးကြော်လျက် ကိုယ်တော်သည် ဤအမှုအရာကို လုပ်ဆောင်တော်မူခဲ့လေပြီဟု ဆိုကြလိမ့်မည်။
31 Chegarão e anunciarão a sua justiça ao povo que nascer, porquanto ele o fez.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Salmos 22, comparar traduções ou montar um estudo — tudo direto pelo WhatsApp.