Salmos 21

ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs NVI

Sair da comparação
NVI Nova Versão Internacional
1 အိုထာ၀ရဘုရားသခင်၊ ကိုယ်တော်၏ခွန်အားတော်၌ ဘုရင်မင်းမြတ်သည် ဝမ်းမြောက်ရွှင်လန်းပါ၏။ ကိုယ်တော်၏ စောင်မတော်မူခြင်း၌ သူသည် လွန်စွာအားရရွှင်လန်းလျက်ရှိပါ၏။-
1 O rei se alegra na tua força, ó Senhor! Como é grande a sua exultação pelas vitórias que lhe dás!
2 ကိုယ်တော်သည် သူ့နှလုံးသား၏ လိုအင်ဆန္ဒများကို ပေးသနားတော်မူပြီ။ သူ့နှုတ်ခမ်းများ၏ တောင်းဆိုချက်များကိုလည်း ငြင်းပယ်တော်မမူပေ။-
2 Tu lhe concedeste o desejo do seu coração e não lhe rejeitaste o pedido dos seus lábios. Pausa
3 အကြောင်းမူကား ကိုယ်တော်သည် သူ့အား ကြွယ်၀သော ကောင်းချီးမင်္ဂလာများနှင့် ထိုက်တန်စေတော်မူပြီ။ ကိုယ်တော်သည် သူ၏ဦးခေါင်းပေါ်တွင် သန့်စင်သောရွှေဖြင့် ပြုလုပ်ထားသည့်သရဖူကို တင်တော်မူလေပြီ။-
3 Tu o recebeste com ricas bênçãos, e em sua cabeça puseste uma coroa de ouro puro.
4 သူသည် ကိုယ်တော့်ထံမှ အသက်ကိုတောင်း၍ ကိုယ်တော်သည် သူ့အား ထိုအသက်ကို ပေးသနားပြီး ရှည်လျားသော နေ့ရက်များကိုလည်း ကာလအဆက်ဆက် ပေးတော်မူလေပြီ။-
4 Ele te pediu vida, e tu lhe deste! Vida longa e duradoura.
5 ကိုယ်တော်၏ ကူညီစောင်မတော်မူခြင်းကြောင့် သူ၏ဘုန်းတန်ခိုးသည် ကြီးမားလေ၏။ ကိုယ်တော်သည် သူ့အား ဂုဏ်ကျက်သရေနှင့် ခန့်ညားတင့်တယ်ခြင်းကို ပေးသနားတော်မူ၏။-
5 Pelas vitórias que lhe deste, grande é a sua glória; de esplendor e majestade o cobriste.
6 ကိုယ်တော်သည် သူ့အား ကောင်းချီးမင်္ဂလာကို ကာလအဆက်ဆက် ပေးသနားတော်မူ၏။ ကိုယ်တော်၏မျက်မှောက်တော်၌ တည်ရှိစေခြင်းဖြင့် ကိုယ်တော်သည် သူ့ကို ပျော်ရွှင်ဝမ်းမြောက်စေတော်မူ၏။-
6 Fizeste dele uma grande bênção para sempre e lhe deste a alegria da tua presença.
7 အကြောင်းမူကား ဘုရင်မင်းမြတ်သည် ထာ၀ရဘုရားသခင်၌ ယုံကြည်ကိုးစားသောကြောင့်ဖြစ်၏။ အမြင့်ဆုံးသော အရှင် သခင်၏ တည်မြဲသော မေတ္တာတော်အားဖြင့် သူသည် ကြောက်ရွံ့တုန်လှုပ်လိမ့်မည်မဟုတ်။
7 O rei confia no Senhor: por causa da fidelidade do Altíssimo ele não será abalado.
8 ကိုယ်တော်၏လက်တော်သည် ကိုယ်တော်၏ ရန်သူရှိသမျှတို့ကို ရှာဖွေတော်မူလိမ့်မည်။ ကိုယ်တော်၏ လက်ယာလက်သည် ကိုယ်တော့်အား မုန်းတီးသူတို့ကို ရှာဖွေလိမ့်မည်။-
8 Tua mão alcançará todos os teus inimigos; tua mão direita atingirá todos os que te odeiam.
9 ကိုယ်တော်ရှင် ကြွလာတော်မူသောအခါ သူတို့အား တောက်လောင်နေသော မီးဖိုထဲသို့ ပစ်ချတော်မူလိမ့်မည်။ ထာ၀ရဘုရားသခင်သည် အမျက်တော်၌ သူတို့ကို ဝါးမျိုတော်မူ၍ မီးတောက်တို့သည် သူတို့အား လောင်ကျွမ်းကြလိမ့်မည်။-
9 No dia em que te manifestares farás deles uma fornalha ardente. Na sua ira o Senhor os devorará, um fogo os consumirá.
10 ကိုယ်တော်သည် သူတို့၏အမျိုးအနွယ်တို့ကို ကမ္ဘာမြေပေါ်မှလည်းကောင်း၊ သူတို့၏သားမြေးများကို လူသားတို့ အလယ်မှလည်းကောင်း သုတ်သင်ဖယ်ရှားတော်မူလိမ့်မည်။-
10 Acabarás com a geração deles na terra, com a sua descendência entre os homens.
11 သူတို့သည် ကိုယ်တော့်အပေါ် မကောင်းကြံ၍ ထိခိုက်နစ်နာစေရန် ပြုလုပ်ကြပါလျှင်လည်း အောင်မြင်ကြလိမ့်မည် မဟုတ်။-
11 Embora tramem o mal contra ti e façam planos perversos, nada conseguirão;
12 အကြောင်းမူကား ကိုယ်တော်သည် သူတို့ကို ထွက်ပြေးစေတော်မူလိမ့်မည်။ ကိုယ်တော်သည် သူတို့၏ မျက်နှာများကို ကိုယ်တော်၏ လေးမြားဖြင့် ချိန်ရွယ်တော်မူလိမ့်မည်။
12 pois tu os porás em fuga quando apontares para eles o teu arco.
13 အိုထာ၀ရဘုရားသခင်၊ ကိုယ်တော်၏ခွန်အား၌ ချီးမြှောက်ခြင်းခံရပါစေသော်။ အကျွန်ုပ်တို့သည်လည်း ကိုယ်တော်၏ ဘုန်းတန်ခိုးတော်ကို သီဆိုချီးမွမ်းကြပါလိမ့်မည်။
13 Sê exaltado, Senhor, na tua força! Cantaremos e louvaremos o teu poder.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Salmos 21, comparar traduções ou montar um estudo — tudo direto pelo WhatsApp.