Salmos 20

ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs BKJ

Sair da comparação
1 ထာ၀ရဘုရားသခင်သည် သင်ဒုက္ခရောက်ချိန်တွင် သင့်ကိုနားညောင်းတော်မူပါစေ။ ယာကုပ်၏ ဘုရားသခင်နာမတော်သည် သင့်ကို ကာကွယ်စောင့် ရှောက်တော်မူပါစေ။-
1 Ao Músico-chefe, Salmo de Davi. O SENHOR te ouça no dia da dificuldade; o nome do Deus de Jacó te defenda.
2 ကိုယ်တော်သည် သင့်ကို သန့်ရှင်းရာဌာနမှ အကူအညီပေး၍ ဇီအွန်တောင်တော်ပေါ်မှ အထောက်အကူပေးတော်မူပါစေ။-
2 Envie-te socorro do santuário, e te fortaleça desde Sião.
3 ကိုယ်တော်သည် သင်၏ပူဇော်သကာအားလုံးကို သတိရတော်မူလျက် သင်၏မီးရှို့ပူဇော်ရာယဇ်များကိုလည်း နှစ်သက်စွာ ကြည့်ရှုတော်မူပါစေ။
3 Lembre-se de todas as tuas ofertas e aceite tua oferta queimada. Selá.
4 ကိုယ်တော်သည် သင့်စိတ်နှလုံး၏ လိုအင်ဆန္ဒများကို ပေးသနားပြီး သင်၏စီမံကိန်းများကို ဖြည့်ဆည်းပေးတော်မူပါစေ။-
4 Conceda-te de acordo com o teu próprio coração, e cumpra todo o teu conselho.
5 ငါတို့သည် သင်၏အောင်မြင်ခြင်းအပေါ် ရွှင်လန်းဝမ်းမြောက်စွာ ကြွေးကြော်၍ ငါတို့ဘုရားသခင်၏ နာမတော်၌ ငါတို့၏အောင်လံများကို စိုက်ထူနိုင်ကြပါစေ။ ထာ၀ရဘုရားသခင်သည် သင်တောင်းလျှောက်သမျှကို ဖြည့်ဆည်းပေး တော်မူပါစေ။
5 Nós nos regozijaremos na tua salvação, e no nome de nosso Deus fincaremos nossas bandeiras; que o SENHOR cumpra todas as tuas petições.
6 ထာ၀ရဘုရားသခင်သည် မိမိဘိသိက်ပေးထားသောသူကို ကူညီမည်ဖြစ်ကြောင်း ယခုငါသိရလေပြီ။ ကိုယ်တော်သည် မိမိ၏ညာလက်ရုံးတော်ဖြင့် ကြီးမားသောအောင်ပွဲများကို ပေးသနားကာ မိမိ၏သန့်ရှင်းသော ကောင်းကင်မှနေ၍ သူ့ကို နားညောင်းတော်မူလိမ့်မည်။-
6 Agora sei que o SENHOR salva o seu ungido; ele o ouvirá desde o seu santo céu, com a força salvadora da sua mão direita.
7 အချို့သောသူတို့သည် မိမိတို့၏ စစ်ရထားများအတွက် ဂုဏ်ယူကြ၏။ အချို့မှာမူ မိမိတို့၏ မြင်းများအတွက် ဂုဏ်ယူ တတ်ကြ၏။ ငါတို့မူကား ငါတို့၏ အရှင်ထာ၀ရဘုရား သခင်၏နာမတော်အတွက် ဂုဏ်ယူကြ၏။-
7 Uns confiam em carruagens e outros em cavalos, mas nós lembraremos do nome do SENHOR nosso Deus.
8 သူတို့သည် ရုတ်တရက်အားကုန်၍ လဲကျလိမ့်မည်။ ငါတို့မူကား ထ၍ မားမားမတ်မတ်ရပ်တည်ကြလိမ့်မည်။
8 Eles são rebaixados e caídos, mas nós somos levantados e ficamos em pé.
9 အိုထာ၀ရဘုရားသခင်၊ ဘုရင်မင်းမြတ်အား အောင်ပွဲကိုပေးသနားတော်မူပါ။ အကျွန်ုပ်တို့ တောင်းလျှောက်သော အခါ၌လည်း အကျွန်ုပ်တို့ကို နားညောင်းတော်မူပါ။
9 Salva, SENHOR; que o rei nos ouça quando chamarmos.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Salmos 20, comparar traduções ou montar um estudo — tudo direto pelo WhatsApp.