Salmos 148

ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs BKJ

Sair da comparação
1 ထာ၀ရဘုရားသခင်ကို ချီးမွမ်းထောမနာပြုကြလော့။ ကောင်းကင်မှနေ၍ ထာ၀ရဘုရားသခင်ကို ချီးမွမ်းထောမနာ ပြုကြလော့။ အမြင့်ဆုံးသောအရပ်၌ ကိုယ်တော့်ကို ချီးမွမ်းထောမနာပြုကြလော့။-
1 Louvai ao SENHOR. Louvai ao SENHOR desde os céus; louvai-o nas alturas.
2 ကောင်းကင်တမန်တော်အပေါင်းတို့၊ ထာ၀ရဘုရားသခင်ကို ချီးမွမ်းထောမနာပြုကြလော့။ ကောင်းကင်ဗိုလ်ခြေအပေါင်းတို့၊ ကိုယ်တော့်ကို ချီးမွမ်းထောမနာပြုကြလော့။
2 Louvai-o, todos os seus anjos; louvai-o, todos os seus exércitos.
3 နေနှင့်လတို့၊ ကိုယ်တော့်ကို ချီးမွမ်းထောမနာပြုကြလော့။ ထွန်းတောက်သောကြယ်တာရာတို့၊ ကိုယ်တော့်ကို ချီးမွမ်းကြလော့။-
3 Louvai-o, sol e lua; louvai-o, todas as estrelas de luz.
4 အမြင့်ဆုံးသော ကောင်းကင်နှင့် ကောင်းကင်အထက်မှ ရေများတို့၊ ထာ၀ရဘုရားသခင်ကို ချီးမွမ်းထောမနာပြုကြလော့။
4 Louvai-o, vós céus dos céus, e vós águas que estiverem sobre os céus.
5 ဤအရာအားလုံးတို့သည် ထာ၀ရဘုရားသခင်၏နာမတော်ကို ချီးမွမ်းထောမနာပြုကြပါစေ။ အကြောင်းမူကား ကိုယ်တော် အမိန့်ပေးတော်မူသောကြောင့် ၎င်းတို့သည် ဖန်ဆင်းခြင်းခံကြရ၏။-
5 Louvem o nome do SENHOR, pois ele comandou, e foram criados.
6 ကိုယ်တော်သည် ၎င်းတို့ကို သက်ဆိုင်ရာနေရာများတွင် အစဉ်အမြဲတည်စေတော်မူ၏။ ကိုယ်တော်သည် မပြောင်းလဲ နိုင်သော မိန့်မှာချက်ကို ၎င်းတို့အား ပေးတော်မူ၏။
6 Ele também os estabeleceu para sempre e sempre; criou um decreto que não passará.
7 ကြောက်မက်ဖွယ် ပင်လယ်သတ္တဝါများနှင့် ရေနက်ရာအရပ်တို့၊ လျှပ်စီးလျှပ်နွယ်များနှင့် မိုးသီးတို့၊ မိုးပွင့်များနှင့် မိုးတိမ်တို့၊-
7 Louvai ao SENHOR desde a terra: vós dragões, e todas as profundezas.
8 ဘုရားသခင်၏အမိန့်တော်ကို နာခံသည့်လေပြင်းမုန်တိုင်းတို့၊ ကမ္ဘာမြေကြီးပေါ်၌ ထာ၀ရဘုရားသခင်ကို ချီးမွမ်းထောမနာ ပြုကြလော့။
8 Fogo e granizo; neve e vapores, e vento tempestuoso cumprindo a sua palavra;
9 တောင်တန်းများနှင့် တောင်ကုန်းများတို့၊ သစ်သီး၀လံပင်များနှင့် ထင်းရှူးပင်အပေါင်းတို့၊-
9 Montes, e todas as colinas, árvores frutíferas e todos os cedros;
10 သားရဲတိရစ္ဆာန်များနှင့် သားယဉ်တိရစ္ဆာန်အပေါင်းတို့၊ တွားသွားတတ်သော သတ္တဝါများနှင့် ပျံသန်းနိုင်သောငှက်များတို့၊-
10 Animais, e todos os gados, coisas rastejantes e aves voadoras;
11 ကမ္ဘာပေါ်ရှိဘုရင်များနှင့် လူမျိုး အပေါင်းတို့၊ မင်းညီမင်းသားများနှင့် အုပ်ချုပ်သူအပေါင်းတို့၊-
11 Reis da terra e todos os povos; príncipes e todos os juízes da terra;
12 လူပျိုများနှင့်အပျိုများတို့၊ သက်ကြီးရွယ်အိုများနှင့် ကလေးသူငယ်များတို့၊ ထာ၀ရဘုရားသခင်ကို ချီးမွမ်းထောမနာ ပြုကြလော့။
12 Jovens, donzelas, velhos e crianças.
13 သူတို့အားလုံးသည် ထာ၀ရဘုရားသခင်၏ နာမတော်အား ချီးမွမ်းထောမနာပြုကြပါစေ။ အကြောင်းမူကား ကိုယ်တော်၏ နာမတော် တစ်ပါးတည်းသာလျှင် ကြီးမြတ်တော်မူသောကြောင့်တည်း။ ကိုယ်တော်၏ ဘုန်းဂုဏ်တော်သည် ကမ္ဘာမြေကြီးနှင့် ကောင်းကင်အထက်တွင် ရှိတော်မူ၏။-
13 Louvem o nome do SENHOR, pois só o seu nome é excelente; a sua glória está sobre a terra e o céu.
14 ကိုယ်တော်သည် မိမိ၏လူမျိုးအတွက် ဦးချိုတစ်ခုကို ထူထောင်၍ မိမိ၏သူတော်သူမြတ်များဖြစ်ကြသော မိမိ၏ ထံတော်ပါးရှိ အစ္စရာအဲလ်လူမျိုးတို့အတွက် ဂုဏ်ယူချီးမွမ်းဖွယ်ဖြစ်တော်မူ၏။ ထာ၀ရဘုရားသခင်ကို ချီးမွမ်းထောမနာ ပြုလော့။
14 Ele também exalta o chifre do seu povo, o louvor de todos os seus santos, até das crianças de Israel, um povo perto dele. Louvai ao SENHOR.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Salmos 148, comparar traduções ou montar um estudo — tudo direto pelo WhatsApp.