Salmos 135

ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs NVT

Sair da comparação
NVT Nova Versão Transformadora
1 ထာ၀ရဘုရားသခင်ကို ချီးမွမ်းထောမနာပြုကြလော့။ ထာ၀ရဘုရားသခင်၏ နာမတော်ကို ချီးမွမ်းထောမနာပြုကြလော့။ ထာ၀ရဘုရားသခင်၏ အစေခံတို့၊ ချီးမွမ်းကြလော့။-
1 Louvado seja o S enhor ! Louvem o nome do S Louvem-no vocês, servos do S
2 ထာ၀ရဘုရားသခင်၏ အိမ်တော်ဝန်းကျင်နှင့် ငါတို့ဘုရားသခင်၏ အိမ်တော်တွင် ရပ်နေသူတို့၊-
2 vocês que servem na casa do S enhor , nos pátios da casa de nosso Deus.
3 ထာ၀ရဘုရားသခင်ကို ချီးမွမ်းထောမနာပြုကြလော့။ အကြောင်းမူကား ထာ၀ရဘုရားသခင်သည် ကောင်းမြတ်တော်မူသော ကြောင့်တည်း။ ကိုယ်တော်သည် သနားကရုဏာတော်နှင့် ပြည့်စုံတော်မူသောကြောင့် ကိုယ်တော်၏နာမတော်အား သီဆိုကျူးအေးကြလော့။-
3 Louvem o S enhor , porque o S enhor é bom; celebrem seu nome amável com música.
4 အကြောင်းမူကား ကိုယ်တော်သည် ယာကုပ်အား မိမိကိုယ်တော်တိုင်အတွက်လည်းကောင်း၊ အစ္စရာအဲလ်လူမျိုးအား မိမိ၏ပိုင်ဆိုင်ရာ အဖြစ်လည်းကောင်း ရွေးချယ်တော်မူ၏။
4 Pois o S enhor escolheu Jacó para si; Israel é seu tesouro especial.
5 အကြောင်းမူကား ထာ၀ရဘုရားသခင်သည် ကြီးမြတ်တော်မူ၍ ရှိသမျှဘုရားအပေါင်းတို့ထက် မြင့်မြတ်တော်မူသည်ကို ငါသိ၏။-
5 Sim, conheço a grandeza do S enhor ; nosso Senhor é maior que qualquer outro deus.
6 ထာ၀ရဘုရားသခင်သည် ကောင်းကင်နှင့်ကမ္ဘာမြေကြီးပေါ်၌လည်းကောင်း၊ ပင်လယ်နှင့် ပင်လယ်အောက်နက်ရှိုင်းရာ အရပ်များ၌လည်းကောင်း အလိုတော်ရှိရာအားလုံးကို ပြုတော်မူ၏။-
6 O S enhor faz tudo como deseja, nos céus e na terra, nos mares e em suas profundezas.
7 ကိုယ်တော်သည် ကမ္ဘာမြေကြီးအစွန်းမှ မိုးတိမ်များတက်လာစေတော်မူ၍ မိုးရွာသွန်းစေရန် လျှပ်စီးလက်ခြင်းကို ဖန်ဆင်းတော်မူ၍ လေကို မိမိသိမ်းဆည်းထားရာနေရာများမှ ထုတ်ဆောင်လာတော်မူ၏။
7 Faz as nuvens subirem sobre toda a terra, envia os relâmpagos que acompanham a chuva e manda o vento sair de seus depósitos.
8 ကိုယ်တော်သည် အီဂျစ်ပြည်တွင် လူနှင့်တိရစ္ဆာန်တို့၏ သားဦးများကို တိုက်ခိုက်တော်မူခဲ့၏။-
8 Matou o filho mais velho de todos os lares egípcios, tanto das pessoas como dos animais.
9 အိုအီဂျစ်ပြည်၊ ကိုယ်တော်သည် ဖာရောဘုရင်နှင့် သူ၏အမှုထမ်းအပေါင်းတို့ကို ဒဏ်ခတ်ရန် နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်အမှုတို့ကို သင်၏အလယ်သို့စေလွှတ်တော်မူ၏။-
9 Realizou sinais e maravilhas no Egito, contra o faraó e todo o seu povo.
10 ကိုယ်တော်သည် များစွာသောတိုင်းနိုင်ငံတို့ကို ဖျက်ဆီး၍ အင်အားကြီးသည့် ဘုရင်များဖြစ်ကြသော၊-
10 Destruiu grandes nações e matou reis poderosos:
11 အာမောဘုရင်ဆီဟွန်၊ ဘာရှန်ဘုရင်ဩဂနှင့် ကာနန်ပြည်အတွင်းရှိ ဘုရင်အပေါင်းတို့ကို သုတ်သင်တော်မူ၍၊-
11 Seom, rei dos amorreus, Ogue, rei de Basã, e todos os reis de Canaã.
12 ထိုသူတို့၏ နယ်မြေများကို မိမိ၏လူမျိုးတော်ဖြစ်သော အစ္စရာအဲလ်လူမျိုးအား အမွေအဖြစ် ပေးတော်မူ၏။
12 Entregou a terra deles como herança, sim, como herança a seu povo, Israel.
13 အိုထာ၀ရဘုရားသခင်၊ ကိုယ်တော်၏နာမတော်သည် အစဉ်ထာ၀ရတည်ရှိတော်မူပါ၏။ အိုထာ၀ရဘုရားသခင်၊ ကိုယ်တော်၏ဘုန်းတော် ထင်ရှားကျော်စောခြင်းသည် အစဉ်ထာ၀ရတည်ရှိတော်မူပါ၏။-
13 Teu nome, ó S enhor , permanece para sempre; tua fama, ó S
14 အကြောင်းမူကား ထာ၀ရဘုရားသခင်သည် မိမိလူမျိုးတော်အတွက်စီရင်၍ ကိုယ်တော်သည် မိမိ၏အစေခံများအပေါ် သနားကရုဏာထားတော်မူ၏။
14 Pois o S enhor fará justiça ao seu povo e terá compaixão de seus servos.
15 လူမျိုးခြားအပေါင်းတို့ ကိုးကွယ်ကြသော ရုပ်တုများသည် ရွှေနှင့်ငွေတို့ဖြင့် ပြုလုပ်ထားခြင်းဖြစ်၏။ ဤရုပ်တုများသည် လူတို့၏လက်ဖြင့်ထုလုပ်ထားသော အရာများဖြစ်ကြ၏။-
15 Os ídolos das nações não passam de objetos de prata e de ouro, formados por mãos humanas.
16 ထိုရုပ်တုများ၌ နှုတ်ရှိသော်လည်း ၎င်းတို့သည် စကားမပြောနိုင်ကြ။ ၎င်းတို့၌ မျက်စိများပါရှိသော်လည်း မမြင်နိုင်ကြ။-
16 Têm boca, mas não falam; olhos, mas não veem.
17 ထိုရုပ်တုများတွင် နားများရှိသော်လည်း ၎င်းတို့သည် မကြားနိုင်ကြ။ ၎င်းတို့၏ခံတွင်းများတွင် ထွက်သက်ဝင်သက်လည်း မရှိကြပေ။-
17 Têm ouvidos, mas não ouvem; em sua boca, não há fôlego de vida.
18 ဤရုပ်တုများကို ထုလုပ်သူများနှင့် ယုံကြည်ကိုးစားသူရှိသမျှတို့သည် ၎င်းတို့ကဲ့သို့ဖြစ်ကြပါစေ။
18 Aqueles que fazem ídolos e neles confiam são exatamente iguais a eles.
19 အိုအစ္စရာအဲလ်အမျိုးအနွယ်တို့၊ ထာ၀ရဘုရားသခင်ကို ကောင်းချီးပေးကြလော့။ အိုအာရွန်အမျိုးအနွယ်တို့၊ ထာ၀ရ ဘုရားသခင်ကို ကောင်းချီးပေးကြလော့။-
19 Ó Israel, louve o S enhor ! Ó sacerdotes, descendentes de Arão, louvem o S
20 လေဝိအမျိုးအနွယ်တို့၊ ထာ၀ရဘုရားသခင်ကို ကောင်းချီးပေးကြလော့။ ထာ၀ရဘုရားသခင်ကို ကြောက်ရွံ့ရိုသေကြသော သူအပေါင်းတို့၊ ကိုယ်တော့်ကို ကောင်းချီးပေးကြလော့။-
20 Ó levitas, louvem o S enhor ! Todos vocês que temem o S
21 ဂျေရုဆလင်မြို့တွင် စံပယ်တော်မူသော ထာ၀ရဘုရားသခင်သည် ဇီအွန်တောင်ပေါ်တွင် ကောင်းချီးမင်္ဂလာနှင့် ပြည့်စုံတော်မူပါစေသော်။ ထာ၀ရဘုရားသခင် အား ချီးမွမ်းထောမနာပြုကြလော့။
21 O S enhor seja louvado desde Sião, pois ele habita em Jerusalém. Louvado seja o S

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Salmos 135, comparar traduções ou montar um estudo — tudo direto pelo WhatsApp.