Salmos 132

ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs NVI

Sair da comparação
NVI Nova Versão Internacional
1 အိုထာ၀ရဘုရားသခင်၊ ဒါဝိဒ်မင်းကြီးနှင့် သူကြုံတွေ့ခဲ့ရသော ဆင်းရဲဒုက္ခအပေါင်းကို အောက်မေ့သတိရတော်မူပါ။-
1 Senhor, lembra-te de Davi e das dificuldades que enfrentou.
2 သူသည် ထာ၀ရဘုရားသခင်ကို မည်ကဲ့သို့ ကတိထားခဲ့ကြောင်းနှင့် ယာကုပ်၏ ဘုန်းတန်ခိုးတော်ရှင်ကို မည်ကဲ့သို့ သစ္စာဆိုခဲ့ကြောင်းကို သတိရတော်မူပါ။-
2 Ele jurou ao Senhor e fez um voto ao Poderoso de Jacó:
3 ဒါဝိဒ်မင်းကြီးက အကျွန်ုပ်သည် အိမ်ကိုလည်း မပြန်သကဲ့သို့ အိပ်ရာလည်း ဝင်မည်မဟုတ်ပါ။-
3 "Não entrarei na minha tenda e não me deitarei no meu leito;
4 အကျွန်ုပ်၏မျက်စိများကိုလည်း အိပ်ရသောအခွင့်ကို ပေးမည်မဟုတ်ပါ။ အကျွန်ုပ်၏မျက်ခွံများကိုလည်း မှိတ်စေမည် မဟုတ်ပါ။-
4 não permitirei que os meus olhos peguem no sono nem que as minhas pálpebras descansem,
5 အကျွန်ုပ်သည် ထာ၀ရဘုရားသခင် စံမြန်းရာဌာနတော်တည်းဟူသော ယာကုပ်၏ဘုန်းတန်ခိုးတော်ရှင်အတွက် အိမ်တော်ကို တည်ဆောက်မပေးရမချင်း အထက်ပါအမှုတို့ကို ပြုလိမ့်မည်မဟုတ်ဟု ကတိသစ္စာပြုခဲ့ပါ၏။
5 enquanto não encontrar um lugar para o Senhor, uma habitação para o Poderoso de Jacó".
6 ငါတို့သည် ဤအကြောင်းကို ဧဖရာသအရပ်တွင် ကြားခဲ့ကြ၍ ဂျာအာအရပ်တွင် တွေ့ခဲ့ကြ၏။-
6 Soubemos que a arca estava em Efrata, mas nós a encontramos nos campos de Jaar:
7 ကိုယ်တော်၏အိမ်တော်သို့ သွားကြစို့။ ကိုယ်တော်၏ခြေတော် တင်ရာခုံရှေ့တွင် ရှိခိုးဝတ်ပြုကြစို့။
7 "Vamos para habitação dele! Vamos adorá-lo diante do estrado de seus pés!
8 အိုထာ၀ရဘုရားသခင်၊ ကိုယ်တော့်ဘုန်းတန်ခိုးတော်၏ ပဋိညာဉ်သေတ္တာတော်နှင့်အတူ ကိုယ်တော်စံမြန်းရာဌာနသို့ တက်ကြွတော်မူပါ။-
8 Levanta-te, Senhor, e vem para o teu lugar de descanso, tu e a arca onde está o teu poder.
9 ကိုယ်တော်၏ရဟန်းများသည် ဖြောင့်မတ်မှန်ကန်ခြင်းကို ဆင်မြန်းကြလျက် ကိုယ်တော်၏ သူတော်သူမြတ်တို့သည်လည်း ဝမ်းမြောက်ရွှင်လန်းစွာ ကြွေးကြော်ကြပါစေ။-
9 Vistam-se de retidão os teus sacerdotes; cantem de alegria os teus fiéis".
10 ကိုယ်တော့်အစေခံဒါဝိဒ်၏ မျက်နှာကိုထောက်၍ ကိုယ်တော် ဘိသိက်ပေးထားသောသူကို ငြင်းပယ်တော်မမူနှင့်။
10 Por amor ao teu servo Davi, não rejeites o teu ungido.
11 ထာ၀ရဘုရားသခင်သည် ဖောက်ဖျက်လိမ့်မည်မဟုတ်သော မိမိ၏ကတိတော်ကို ဒါဝိဒ်အား ပေးတော်မူသည်မှာ ငါသည် သင်၏သားများထဲမှတစ်ဦးကို သင်၏ရာဇပလ္လင်၌ ခန့်ထားမည်။-
11 O Senhor fez um juramento a Davi, um juramento firme que ele não revogará: "Colocarei um dos seus descendentes no seu trono.
12 သင်၏သားတို့သည် ငါ၏ပဋိညာဉ်တော်ကို စောင့်ထိန်းကြ၍ ငါသင်ကြားသော သွန်သင်ချက်များကိုလိုက်နာကြလျှင် သူတို့၏သားများသည်လည်း သင်၏ရာဇပလ္လင်တွင် အစဉ်အမြဲ စိုးစံကြရလိမ့်မည်ဟု မိန့်တော်မူ၏။
12 Se os seus filhos forem fiéis à minha aliança e aos testemunhos que eu lhes ensino, também os filhos deles o sucederão no trono para sempre".
13 အကြောင်းမူကား ထာ၀ရဘုရားသခင်သည် ဇီအွန်ကို ရွေးချယ်တော်မူသောကြောင့်တည်း။ ကိုယ်တော်သည် ဤအရပ်ကို မိမိ၏အိမ်တော်အဖြစ် အလိုရှိတော်မူလေ၏။-
13 O Senhor escolheu Sião, com o desejo de fazê-la sua habitação:
14 ဤနေရာသည်ကား ငါအစဉ်ထာ၀ရ စံမြန်းတော်မူမည့်နေရာဖြစ်၏။ ငါသည် ဤအရပ်ကို အလိုရှိတော်မူသောကြောင့် ဤအရပ်တွင် စံမြန်းမည်။-
14 "Este será o meu lugar de descanso para sempre; aqui firmarei o meu trono, pois esse é o meu desejo.
15 ငါသည် ဤအရပ်တွင် စားနပ်ရိက္ခာပေါများစေရန် ကောင်းချီးပေးမည်။ သူမ၏ဆင်းရဲသားတို့ကို စားစရာဖြင့် ၀လင် စေမည်။-
15 Abençoarei este lugar com fartura; os seus pobres suprirei de pão.
16 ငါသည် သူမ၏ရဟန်းများအား ကယ်တင်ခြင်းဖြင့် လွှမ်းခြုံပေးမည်။ သူမ၏သူတော်သူမြတ်တို့သည် ဝမ်းမြောက်ဝမ်းသာ ကြွေးကြော်ကြလိမ့်မည်။-
16 Vestirei de salvação os seus sacerdotes e os seus fiéis a celebrarão com grande alegria.
17 ငါသည် ထိုအရပ်၌ ဒါဝိဒ်အတွက် ဦးချိုတစ်ချောင်းကိုပေါ်ထွက်စေမည်။ ငါ့ထံမှဘိသိက်ခံရသောသူအတွက် ငါသည် ဆီမီး တိုင်ကိုပြင်ဆင်ထားလေပြီ။-
17 "Ali farei renascer o poder de Davi e farei brilhar a luz do meu ungido.
18 ငါသည် သူ၏ရန်သူများကို အရှက်ကွဲခြင်းနှင့် ဖုံးလွှမ်းစေမည်။ သူ့အပေါ်၌မူကား သူ၏သရဖူကို ထွန်းတောက်စေမည်။
18 Vestirei de vergonha os seus inimigos, mas nele brilhará a sua coroa".

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Salmos 132, comparar traduções ou montar um estudo — tudo direto pelo WhatsApp.