Salmos 119

ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs ARC

Sair da comparação
ARC Almeida Revista e Corrigida 2009
1 ထာ၀ရဘုရားသခင်၏ တရားတော်နှင့်အညီ လျှောက်လှမ်းရာတွင် အပြစ်တင်ဖွယ်မရှိသော လမ်းစဉ်ကိုလိုက်သော သူတို့သည် မင်္ဂလာရှိကြ၏။-
1 Bem-aventurados os que trilham caminhos retos e andam na lei do Senhor .
2 ကိုယ်တော်၏ သွန်သင်ချက်များကို လိုက်နာထိန်းသိမ်း၍ စိတ်နှလုံးအကြွင်းမဲ့ ကိုယ်တော့်ကို ရှာဖွေသောသူတို့သည် မင်္ဂလာရှိကြ၏။-
2 Bem-aventurados os que guardam os seus testemunhos e o buscam de todo o coração.
3 ထိုသူတို့သည် မကောင်းမှုတစ်စုံတစ်ခုကိုမျှ မပြုကြဘဲ ကိုယ်တော်၏တရားလမ်းအတိုင်း လျှောက်လှမ်းကြ၏။-
3 E não praticam iniquidade, mas andam em seus caminhos.
4 ကိုယ်တော်သည် မိမိ၏ပညတ်တော်တို့ကို ကြိုးစား၍လိုက်နာကြစေရန် မိန့်မှာတော်မူ၏။-
4 Tu ordenaste os teus mandamentos, para que diligentemente os observássemos.
5 ကိုယ်တော်၏ ပညတ်ဥပဒေတို့ကို လိုက်နာရာ၌ အကျွန်ုပ်သည် တည်ကြည်မြဲမြံစွာ လျှောက်လှမ်းနိုင်ပါစေ။-
5 Tomara que os meus caminhos sejam dirigidos de maneira a poder eu observar os teus estatutos.
6 အကျွန်ုပ်သည် ကိုယ်တော်၏ ပညတ်တော်အလုံးစုံတို့အပေါ် အာရုံပြုပါလျှင် အရှက်တကွဲဖြစ်ရလိမ့်မည်မဟုတ်ပါ။-
6 Então, não ficaria confundido, atentando eu para todos os teus mandamentos.
7 အကျွန်ုပ်သည် ကိုယ်တော်၏ဖြောင့်မှန်သော စီရင်တော်မူချက်များကို သင်ယူမှတ်သားလျက် မှန်ကန်သောနှလုံးသားဖြင့် ကိုယ်တော့်ကို ချီးမွမ်းထောမနာပြုပါမည်။-
7 Louvar-te-ei com retidão de coração, quando tiver aprendido os teus justos juízos.
8 အကျွန်ုပ်သည် ကိုယ်တော်၏ပညတ်ဥပဒေများကို လိုက်နာကျင့်ကြံပါမည်။ အကျွန်ုပ်ကို လုံးလုံးလျားလျား စွန့်ပစ်ထား တော်မမူပါနှင့်။
8 Observarei os teus estatutos; não me desampares totalmente. Bete.
9 လူငယ်တစ်ဦးသည် မိမိ၏ဘ၀ခရီးလမ်းကို အပြစ်ကင်းစင်စွာ မည်ကဲ့သို့လျှောက်လှမ်းနိုင်မည်နည်း။ ကိုယ်တော်၏ နှုတ်တော်ထွက်စကားအတိုင်း လိုက်နာစောင့်ထိန်းခြင်းအားဖြင့်သာ လျှောက်လှမ်းနိုင်ပါ၏။-
9 Como purificará o jovem o seu caminho? Observando- o conforme a tua palavra.
10 အကျွန်ုပ်သည် စိတ်နှလုံးအကြွင်းမဲ့ ကိုယ်တော့်ကို ရှာဖွေပါ၏။ အကျွန်ုပ်သည် ကိုယ်တော်၏ပညတ်တော်များမှ လမ်းလွဲ၍ မသွားရပါစေနှင့်။-
10 De todo o meu coração te busquei; não me deixes desviar dos teus mandamentos.
11 ကိုယ်တော့်ကို ထိခိုက်ပြစ်မှားခြင်း အပြစ်မကျူးလွန်မိစေရန် ကိုယ်တော်၏နှုတ်တော်ထွက်စကားကို အကျွန်ုပ်၏ စိတ်နှလုံးထဲတွင် သိမ်းပိုက်ထားပါပြီ။-
11 Escondi a tua palavra no meu coração, para eu não pecar contra ti.
12 အိုထာ၀ရဘုရားသခင်၊ ကိုယ်တော်သည် မင်္ဂလာရှိတော်မူပါ၏။ အကျွန်ုပ်အား ကိုယ်တော်၏ ပညတ်ဥပဒေများကို သင်ကြားပေးတော်မူပါ။-
12 Bendito és tu, ó Senhor ! Ensina-me os teus estatutos.
13 ကိုယ်တော်၏နှုတ်တော်မှထွက်သော စီရင်ချက်များကို အကျွန်ုပ်၏နှုတ်ဖြင့် ကြေညာဟောပြောပါ၏။-
13 Com os meus lábios declarei todos os juízos da tua boca.
14 အကျွန်ုပ်သည် စည်းစိမ်ဥစ္စာ ကြွယ်၀ခြင်းကိုရထားသကဲ့သို့ ကိုယ်တော်၏သွန်သင်ချက်များကို နှစ်သက်ပါ၏။-
14 Folgo mais com o caminho dos teus testemunhos do que com todas as riquezas.
15 ကိုယ်တော်၏ဥပဒေတော်များကို အကျွန်ုပ်အောက်မေ့လျက် ကိုယ်တော်၏တရားလမ်းများကို အစဉ်အာရုံစူးစိုက်ပါမည်။-
15 Em teus preceitos meditarei e olharei para os teus caminhos.
16 ကိုယ်တော်၏ ပညတ်ဥပဒေများကို အကျွန်ုပ်နှစ်သက်မြတ်နိုးပါမည်။ ကိုယ်တော်၏ နှုတ်တော်ထွက်စကားကို အကျွန်ုပ် မေ့လျော့လိမ့်မည်မဟုတ်ပါ။
16 Alegrar-me-ei nos teus estatutos; não me esquecerei da tua palavra. Guímel.
17 အကျွန်ုပ်သည် အသက်ရှင်၍ ကိုယ်တော်၏နှုတ်တော်ထွက်စကားကို လိုက်နာစောင့်ထိန်းနိုင်ရန် ကိုယ်တော်၏အစေခံကို ကျေးဇူးပြုတော်မူပါ။-
17 Faze bem ao teu servo, para que viva e observe a tua palavra.
18 ကိုယ်တော်၏ပညတ်တရားများမှ အံ့ဖွယ်ရာတို့ကိုတွေ့မြင်နိုင်ရန် အကျွန်ုပ်၏မျက်စိများကိုဖွင့်တော်မူပါ။-
18 Desvenda os meus olhos, para que veja as maravilhas da tua lei.
19 အကျွန်ုပ်သည် ကမ္ဘာပေါ်တွင် ဧည့်သည်မျှသာဖြစ်ပါ၍ ကိုယ်တော်၏ပညတ်တော်များကို အကျွန်ုပ်ထံမှ ဝှက်ကွယ်ထား တော်မမူပါနှင့်။-
19 Sou peregrino na terra; não escondas de mim os teus mandamentos.
20 အကျွန်ုပ်၏ဝိညာဉ်သည် ကိုယ်တော်၏ စီရင်တော်မူချက်များကို အမြဲမပြတ် လိုလားတောင့်တလျက်ရှိပါ၏။-
20 A minha alma está quebrantada de desejar os teus juízos em todo o tempo.
21 ကိုယ်တော်သည် မောက်မာထောင်လွှားသူများနှင့် ကိုယ်တော်၏ပညတ်တော်များမှ လမ်းလွဲသွားသောကြောင့် ပြစ်တင်ကျိန်ဆိုခြင်း ခံရသူများကို ဆုံးမတော်မူ၏။-
21 Tu repreendeste asperamente os soberbos, amaldiçoados, que se desviam dos teus mandamentos.
22 ထိုသူတို့၏ကဲ့ရဲ့ပြစ်တင်ခြင်းနှင့် မထီမဲ့မြင်ပြုခြင်းများမှ အကျွန်ုပ်ကို ကင်းလွတ်စေတော်မူပါ။ အကြောင်းမူကား အကျွန်ုပ်သည် ကိုယ်တော်၏သွန်သင်ချက်များကို လိုက်နာစောင့်ထိန်းခဲ့ပါပြီ။-
22 Tira de sobre mim o opróbrio e o desprezo, pois guardei os teus testemunhos.
23 မင်းညီမင်းသားတို့သည် အကျွန်ုပ်ကို ဆန့်ကျင်ဘက်ပြုရန် ဝိုင်းဝန်းကြံစည်ကြသော်လည်း ကိုယ်တော်၏အစေခံသည် ပညတ်ဥပဒေများကိုသာ ဆင်ခြင်အောက်မေ့ပါမည်။-
23 Enquanto os príncipes se conluiavam e falavam contra mim, o teu servo meditava nos teus estatutos.
24 ကိုယ်တော်၏ သွန်သင်ချက်များသည် အကျွန်ုပ်ကိုနှစ်သက်ရွှင်လန်းစေပါ၏။ ယင်းတို့သည် အကျွန်ုပ်ကို အကြံပေးလမ်းညွန် ကြပါ၏။
24 Também os teus testemunhos são o meu prazer e os meus conselheiros. Dálete.
25 အကျွန်ုပ်၏ဝိညာဉ်သည် မြေမှုန့်၌ တွယ်ကပ်လျက်ရှိပါ၏။ ကိုယ်တော်၏ နှုတ်တော်ထွက်စကားအားဖြင့် အကျွန်ုပ်ကို အသက်သွင်းပေးတော်မူပါ။-
25 A minha alma está pegada ao pó; vivifica-me segundo a tua palavra.
26 အကျွန်ုပ်၏လမ်းစဉ်များကို ကိုယ်တော်အား ဖော်ပြသောကြောင့် ကိုယ်တော်သည် အကျွန်ုပ်၏ဆုတောင်းခြင်းကို နားညောင်းတော်မူ၏။ ကိုယ်တော်၏ပညတ်ဥပဒေများကို အကျွန်ုပ်အား သွန်သင်တော်မူပါ။-
26 Meus caminhos te descrevi, e tu me ouviste; ensina-me os teus estatutos.
27 အကျွန်ုပ်အား ကိုယ်တော်၏ပညတ်တော်တို့ကို သိရှိနားလည်စေတော်မူပါ။ အကျွန်ုပ်သည် ကိုယ်တော်ပြုလုပ်တော်မူသော အံ့ဖွယ်အမှုအရာတို့ကို ဆင်ခြင်အောက်မေ့ပါမည်။-
27 Faze-me entender o caminho dos teus preceitos; assim, falarei das tuas maravilhas.
28 အကျွန်ုပ်၏ဝိညာဉ်သည် ဝမ်းနည်းကြေကွဲခြင်းကြောင့် အရည်ပျော်လျက်ရှိပါ၏။ ကိုယ်တော်၏ နှုတ်တော်ထွက်စကား အားဖြင့် အကျွန်ုပ်ကို ခွန်အားဖြည့်ပေးတော်မူပါ။-
28 A minha alma consome-se de tristeza; fortalece-me segundo a tua palavra.
29 မှားယွင်းသောလမ်းကြောင်းများမှ အကျွန်ုပ်ကို ဝေးကွာစေတော်မူပါ။ ကိုယ်တော်၏ပညတ်တရားကို အကျွန်ုပ်အား ကရုဏာဖြင့် သွန်သင်ပေးတော်မူပါ။-
29 Desvia de mim o caminho da falsidade e concede-me piedosamente a tua lei.
30 အကျွန်ုပ်သည် သစ္စာရှိသောလမ်းကို ရွေးချယ်ပါပြီ။ ကိုယ်တော်၏ စီရင်တော်မူချက်များကို အကျွန်ုပ်ရှေ့၌ထားပါပြီ။-
30 Escolhi o caminho da verdade; propus-me seguir os teus juízos.
31 အိုထာ၀ရဘုရားသခင်၊ အကျွန်ုပ်သည် ကိုယ်တော်၏သွန်သင်ချက်များကို လက်ကိုင်ထားပါ၏။ အကျွန်ုပ်ကို အရှက်တကွဲ မဖြစ်ပါစေနှင့်။-
31 Apego-me aos teus testemunhos; ó Senhor , não me confundas.
32 ကိုယ်တော်သည် အကျွန်ုပ်၏အသိဉာဏ်ကို ပိုမိုပွင့်လင်းစေတော်မူသောအခါ အကျွန်ုပ်သည် ကိုယ်တော်၏ ပညတ်တော် လမ်းအတိုင်း စိတ်အားထက်သန်စွာ လိုက်နာကျင့်ကြံပါမည်။
32 Correrei pelo caminho dos teus mandamentos, quando dilatares o meu coração. Hê.
33 အိုထာ၀ရဘုရားသခင်၊ အကျွန်ုပ်အား ကိုယ်တော်၏ပညတ်တော်များနှင့် ဆိုင်သောလမ်းကို သွန်သင်တော်မူပါ။ အကျွန်ုပ်သည် သက်ဆုံးတိုင်အောင် လိုက်နာကျင့်ကြံပါမည်။-
33 Ensina-me, ó Senhor , o caminho dos teus estatutos, e guardá-lo-ei até o fim.
34 ကိုယ်တော်၏ပညတ်တော်ကို စောင့်ထိန်းနိုင်ရန် အကျွန်ုပ်အား အသိဉာဏ်ကို ပေးသနားတော်မူပါ။ အကျွန်ုပ်သည် ထိုပညတ်တော်ကို စိတ်နှလုံးအကြွင်းမဲ့ လိုက်နာစောင့်ထိန်းပါမည်။-
34 Dá-me entendimento, e guardarei a tua lei e observá-la-ei de todo o coração.
35 အကျွန်ုပ်သည် ကိုယ်တော်၏ပညတ်တော်တို့ကို နှစ်သက်မြတ်နိုးသောကြောင့် ပညတ်တော်တို့၏လမ်း၌ အကျွန်ုပ်ကို ဦးဆောင်တော်မူပါ။-
35 Faze-me andar na verdade dos teus mandamentos, porque nela tenho prazer.
36 မတရားမှုဖြင့်ရရှိသော အကျိုးအမြတ်ဘက်သို့ အကျွန်ုပ်၏စိတ်နှလုံးကို မပါစေဘဲ ကိုယ်တော်၏သွန်သင်ချက်များဘက်သို့ ဆွဲဆောင်တော်မူပါ။-
36 Inclina o meu coração a teus testemunhos e não à cobiça.
37 အကျိုးမဲ့သောအရာများကို မျက်ကွယ်ပြုစေရန် အကျွန်ုပ်၏မျက်စိများကို လွှဲဖယ်ပေးတော်မူပါ။ ကိုယ်တော်၏လမ်းတော်၌ အကျွန်ုပ်ကို အသက်ရှင်စေတော်မူပါ။-
37 Desvia os meus olhos de contemplarem a vaidade e vivifica-me no teu caminho.
38 ကိုယ်တော့်ကို ကြောက်ရွံ့ရိုသေသော သူတို့အပေါ်၌ ကိုယ်တော်ထားတော်မူသော ကတိတော်ကို ကိုယ်တော်၏အစေခံ ဖြစ်သောအကျွန်ုပ်အပေါ်၌ တည်မြဲစေတော်မူပါ။-
38 Confirma a tua promessa ao teu servo, que se inclina ao teu temor.
39 အကျွန်ုပ် ကြောက်ရွံ့သောပြစ်တင်ကဲ့ရဲ့ခြင်းကို ဖယ်ရှားတော်မူပါ။ အကြောင်းမူကား ကိုယ်တော်၏ စီရင်တော်မူချက် တို့သည် ကောင်းမြတ်လှပေ၏။-
39 Desvia de mim o opróbrio que temo, pois os teus juízos são bons.
40 အကျွန်ုပ်သည် ကိုယ်တော်၏ပညတ်တော်တို့ကို တောင့်တပါ၏။ ကိုယ်တော်၏ ဖြောင့်မတ်တော်မူခြင်း၌ အကျွန်ုပ်ကို အသစ်တစ်ဖန် ပြုပြင်တော်မူပါ။
40 Eis que tenho desejado os teus preceitos; vivifica-me por tua justiça. Vau.
41 အိုထာ၀ရဘုရားသခင်၊ ကိုယ်တော်၏ခိုင်မြဲသောမေတ္တာတော်နှင့် ကိုယ်တော် ကတိထားတော်မူသော ကယ်တင်ခြင်း တို့သည် အကျွန်ုပ်ထံသို့ သက်ရောက်ပါစေ။-
41 Venham também sobre mim as tuas misericórdias, ó Senhor , e a tua salvação, segundo a tua palavra.
42 သို့မှသာလျှင် အကျွန်ုပ်သည် ကဲ့ရဲ့စော်ကားသူတို့ကို ပြန်လည်ပြောဆိုနိုင်ပါလိမ့်မည်။ အကြောင်းမူကား အကျွန်ုပ်သည် ကိုယ်တော်၏ နှုတ်တော်ထွက်စကားကို ယုံကြည်ကိုးစားသောကြောင့်ဖြစ်ပါ၏။-
42 Assim, terei que responder ao que me afronta, pois confio na tua palavra.
43 ကိုယ်တော်၏ စီရင်တော်မူချက်များ၌ အကျွန်ုပ်မျှော်လင့်အားထားသောကြောင့် သစ္စာသမ္မာတရားနှင့်ဆိုင်သော စကားတို့ကို အကျွန်ုပ်၏နှုတ်မှ လုံးလုံးလျားလျား ရုပ်သိမ်းတော်မမူပါနှင့်။-
43 E de minha boca não tires nunca de todo a palavra de verdade, pois me atenho aos teus juízos.
44 အကျွန်ုပ်သည် ထာ၀ရအဆက်ဆက် ကိုယ်တော်၏ ပညတ်တရားကို အဆက်မပြတ်လိုက်နာစောင့်ထိန်းပါမည်။-
44 Assim, observarei de contínuo a tua lei, para sempre e eternamente.
45 အကျွန်ုပ်သည် ကိုယ်တော်၏ဥပဒေများကို ရှာဖွေဆည်းပူးသောကြောင့် လွတ်လပ်စွာ သွားလာနေထိုင်ရပါလိမ့်မည်။-
45 E andarei em liberdade, pois busquei os teus preceitos.
46 အကျွန်ုပ်သည် ကိုယ်တော်၏သွန်သင်ချက်များကို ဘုရင်တို့၏ရှေ့တွင်လည်း ဖော်ထုတ်ပြောဆိုပါမည်။ အကျွန်ုပ်သည် အရှက်တကွဲဖြစ်ရလိမ့်မည်မဟုတ်။-
46 Também falarei dos teus testemunhos perante os reis e não me envergonharei.
47 အကြောင်းမူကား အကျွန်ုပ်သည် အကျွန်ုပ်ချစ်မြတ်နိုးသော ကိုယ်တော်၏ပညတ်တော်များ၌ နှစ်သက်မွေ့လျော်ပါ၏။-
47 E alegrar-me-ei em teus mandamentos, que eu amo.
48 အကျွန်ုပ်ချစ်မြတ်နိုးသော ပညတ်တော်များကို ရိုသေလေးစားပါ၏။ ကိုယ်တော်၏ပညတ်များကို အကျွန်ုပ် ဆင်ခြင်အောက်မေ့ပါမည်။
48 Também levantarei as minhas mãos para os teus mandamentos, que amo, e meditarei nos teus estatutos. Zain.
49 ကိုယ်တော်၏အစေခံအပေါ် ထားတော်မူသော ကိုယ်တော်၏ကတိတော်ကို သတိရတော်မူပါ။ ယင်းကတိတော်၌ ကိုယ်တော်သည် အကျွန်ုပ်အား မျှော်လင့်ခြင်းကို ပေးတော်မူ၏။-
49 Lembra-te da palavra dada ao teu servo, na qual me fizeste esperar.
50 ကိုယ်တော်၏ကတိတော်သည် အကျွန်ုပ်ကို အသက်ရှင်စေတော်မူသောကြောင့် ဆင်းရဲဒုက္ခရောက်သောအချိန်၌ အကျွန်ုပ်အတွက် အားပေးနှစ်သိမ့်ဖွယ်ရာဖြစ်ပါ၏။-
50 Isto é a minha consolação na minha angústia, porque a tua palavra me vivificou.
51 ဘုရားတရားကင်းမဲ့သူတို့သည် အကျွန်ုပ်ကို ကဲ့ရဲ့လှောင်ပြောင်ကြသော်လည်း အကျွန်ုပ်သည် ကိုယ်တော်၏ ပညတ်တရားမှ ရှောင်ဖယ်သွားမည်မဟုတ်ပါ။-
51 Os soberbos zombaram grandemente de mim; apesar disso, não me desviei da tua lei.
52 အိုထာ၀ရဘုရားသခင်၊ ရှေးကာလက ကိုယ်တော်သွန်သင်တော်မူခဲ့သော စီရင်ချက်များကို အကျွန်ုပ်အောက်မေ့ သတိရသောအခါ အကျွန်ုပ်သည် စိတ်သက်သာနှစ်သိမ့်မှုကိုရပါ၏။-
52 Lembrei-me dos teus juízos antiquíssimos, ó Senhor , e, assim, me consolei.
53 ကိုယ်တော်၏တရားတော်ကို စွန့်ပယ်သော ဆိုးမိုက်သူများကြောင့် အကျွန်ုပ်သည် ပြင်းစွာအမျက်ထွက်မိပါ၏။-
53 Grande indignação se apoderou de mim, por causa dos ímpios que abandonam a tua lei.
54 အကျွန်ုပ်သည် ဧည့်သည်အဖြစ် ခေတ္တနေရသောအိမ်တွင် ကိုယ်တော်၏ပညတ်ဥပဒေတို့သည် အကျွန်ုပ်သီဆိုရာသီချင်းများ ဖြစ်ပါ၏။-
54 Os teus estatutos têm sido os meus cânticos no lugar das minhas peregrinações.
55 အိုထာ၀ရဘုရားသခင်၊ အကျွန်ုပ်သည် ညအချိန်၌ ကိုယ်တော်၏နာမတော်ကို အောက်မေ့သတိရလျက် ကိုယ်တော်၏ ပညတ်တော်တို့ကို စောင့်ထိန်းပါ၏။-
55 De noite, me lembrei do teu nome, ó Senhor , e observei a tua lei.
56 ကိုယ်တော်၏ပညတ်တော်တို့ကို စောင့်ထိန်းရသော ကောင်းချီးမင်္ဂလာတော်သည် အကျွန်ုပ်အပေါ်သို့ သက်ရောက်ပါ၏။
56 Isto fiz eu, porque guardei os teus mandamentos. Hete.
57 ထာ၀ရဘုရားသခင်သည် အကျွန်ုပ်၏ပိုင်ဆိုင်ရာဖြစ်ပါ၏။ ကိုယ်တော်၏နှုတ်တော်ထွက်စကားတို့ကို နားထောင်ပါမည်ဟု အကျွန်ုပ်ကတိပေးပါ၏။-
57 O Senhor é a minha porção; eu disse que observaria as tuas palavras.
58 ကိုယ်တော်၏ကတိတော်အတိုင်း အကျွန်ုပ်အား သနားတော်မူပါရန် အကျွန်ုပ်သည် ကိုယ်တော့်ကို စိတ်နှလုံးအကြွင်းမဲ့ တောင်းလျှောက်ပါ၏။-
58 Implorei deveras o teu favor de todo o meu coração; tem piedade de mim, segundo a tua palavra.
59 အကျွန်ုပ်သည် မိမိ၏ဘ၀လမ်းခရီးကို ဆင်ခြင်သုံးသပ်သောအခါ ကိုယ်တော်၏သွန်သင်ချက်များသို့ ဦးတည်လျှောက်လှမ်း ပါ၏။-
59 Considerei os meus caminhos e voltei os meus pés para os teus testemunhos.
60 အကျွန်ုပ်သည် နှောင့်နှေးကြန့်ကြာခြင်းမရှိဘဲလျက် ကိုယ်တော်၏ပညတ်တော်တို့ကို မဆိုင်းမတွလိုက်နာစောင့်ထိန်း ပါမည်။-
60 Apressei-me e não me detive a observar os teus mandamentos.
61 ဆိုးမိုက်သူတို့၏ ကျော့ကွင်းများသည် အကျွန်ုပ်ကို ဝိုင်းရံထားသော်လည်း ကိုယ်တော်၏တရားတော်ကို အကျွန်ုပ် မေ့လျော့လိမ့်မည်မဟုတ်ပါ။-
61 Bandos de ímpios me despojaram; apesar disso, eu não me esqueci da tua lei.
62 ကိုယ်တော်၏ ဖြောင့်မတ်သော စီရင်တော်မူချက်များကြောင့် ကိုယ်တော့်ကို ချီးမွမ်းထောမနာပြုရန် အကျွန်ုပ်သည် ညသန်းခေါင်ယံတွင် အိပ်ရာမှ နိုးထပါ၏။-
62 À meia-noite, me levantarei para te louvar pelos teus justos juízos.
63 အကျွန်ုပ်သည် ကိုယ်တော့်ကို ကြောက်ရွံ့ရိုသေသူများနှင့် ပညတ်တရားတော်တို့ကို စောင့်ထိန်းလိုက်နာသူ ရှိသမျှတို့၏ အပေါင်းအဖော်ဖြစ်ပါ၏။-
63 Companheiro sou de todos os que te temem e dos que guardam os teus preceitos.
64 အိုထာ၀ရဘုရားသခင်၊ ကမ္ဘာမြေကြီးသည် ကိုယ်တော်ရှင်၏ခိုင်မြဲသောမေတ္တာတော်ဖြင့် ပြည့်လျက်ရှိပါ၏။ အကျွန်ုပ်အား ကိုယ်တော်၏ပညတ်ဥပဒေတို့ကို သွန်သင်တော်မူပါ။
64 A terra, ó Senhor , está cheia da tua benignidade; ensina-me os teus estatutos. Tete.
65 အိုထာ၀ရဘုရားသခင်၊ ကိုယ်တော်သည် ကတိတော်အတိုင်း ကိုယ်တော်၏အစေခံအပေါ်၌ ကျေးဇူးပြုတော်မူပါ၏။-
65 Fizeste bem ao teu servo, Senhor , segundo a tua palavra.
66 အကျွန်ုပ်သည် ကိုယ်တော်၏ပညတ်တော်များကို ယုံကြည်ကိုးစားသောကြောင့် အကျွန်ုပ်အား ကောင်းစွာ စီရင်ဆုံးဖြတ်နိုင်ခြင်းနှင့် အသိဉာဏ်ကို သင်ကြားပေးတော်မူပါ။-
66 Ensina-me bom juízo e ciência, pois cri nos teus mandamentos.
67 အကျွန်ုပ်သည် ဘေးဒုက္ခသို့ မကျရောက်မီ လမ်းမှားသို့ရောက်ခဲ့ပါ၏။ ယခုမူကား အကျွန်ုပ်သည် ကိုယ်တော်၏ နှုတ်တော်ထွက်စကားအတိုင်း လိုက်နာစောင့်ထိန်းပါ၏။-
67 Antes de ser afligido, andava errado; mas agora guardo a tua palavra.
68 ကိုယ်တော်သည် ကောင်းမြတ်၍ ကောင်းသောအရာတို့ကို ပြုလုပ်တော်မူပါ၏။ အကျွန်ုပ်အား ကိုယ်တော်၏ ပညတ်ဥပဒေတို့ကို သွန်သင်တော်မူပါ။-
68 Tu és bom e abençoador; ensina-me os teus estatutos.
69 မောက်မာသူတို့သည် အကျွန်ုပ်ကို လိမ်လည်လှည့်ဖြားခြင်းများနှင့် ပေကျံစေကြပါ၏။ အကျွန်ုပ်မူကား ကိုယ်တော်၏ ဥပဒေများကို စိတ်အားရှိသမျှ လိုက်နာစောင့်ထိန်းပါ၏။-
69 Os soberbos forjaram mentiras contra mim; mas eu de todo o coração guardarei os teus preceitos.
70 သူတို့၏နှလုံးသားများသည် အဆီခဲကဲ့သို့ ပိတ်ဆို့နေကြသော်လည်း အကျွန်ုပ်မူကား ကိုယ်တော်၏ပညတ်တရားကို နှစ်သက်မြတ်နိုးပါ၏။-
70 Engrossa-se-lhes o coração como gordura, mas eu me alegro na tua lei.
71 အကျွန်ုပ်ဘေးဒုက္ခခံရခြင်းသည် ကောင်းလှပေ၏။ ဤသို့ဖြင့် အကျွန်ုပ်သည် ကိုယ်တော်၏ပညတ်ဥပဒေများကို လေ့လာသင်ယူနိုင်ပါ၏။-
71 Foi- me bom ter sido afligido, para que aprendesse os teus estatutos.
72 ကိုယ်တော်၏ နှုတ်တော်ထွက်ပညတ်တရားတော်သည် အကျွန်ုပ်အတွက် ထောင်သောင်းမကသောရွှေ၊ ငွေတို့ထက် ပို၍ကောင်းလှပါ၏။
72 Melhor é para mim a lei da tua boca do que inúmeras riquezas em ouro ou prata. Iode.
73 ကိုယ်တော်သည် ရွှေလက်တော်ဖြင့် အကျွန်ုပ်ကိုဖန်ဆင်း၍ ပုံသွင်းပြုပြင်ပေးတော်မူ၏။ ကိုယ်တော်၏ ပညတ်တော်များကို လေ့လာသင်ကြားနိုင်ရန် အကျွန်ုပ်အား အသိဉာဏ်ကိုပေးသနားတော်မူပါ။-
73 As tuas mãos me fizeram e me afeiçoaram; dá-me inteligência para que aprenda os teus mandamentos.
74 အကျွန်ုပ်သည် ကိုယ်တော်၏နှုတ်တော်ထွက်စကား၌ မျှော်လင့်အားကိုးသောကြောင့် ကိုယ်တော့်ကို ကြောက်ရွံ့ရိုသေသော သူတို့သည် အကျွန်ုပ်ကိုမြင်ကြသောအခါ ဝမ်းမြောက်ကြပါလိမ့်မည်။-
74 Os que te temem alegraram-se quando me viram, porque tenho esperado na tua palavra.
75 အိုထာ၀ရဘုရားသခင်၊ ကိုယ်တော်၏ စီရင်ချက်များသည် ဖြောင့်မှန်တော်မူကြောင်းကိုလည်းကောင်း၊ အကျွန်ုပ်ကို ဘေးဒုက္ခရောက်စေသော်လည်း ကိုယ်တော်သည် သစ္စာရှိစွာပြုတော်မူကြောင်းကိုလည်းကောင်း အကျွန်ုပ်သိပါ၏။-
75 Bem sei eu, ó Senhor , que os teus juízos são justos e que em tua fidelidade me afligiste.
76 ကိုယ်တော်၏အစေခံအပေါ်၌ ထားတော်မူသောကတိတော်အတိုင်း ကိုယ်တော်၏ ခိုင်မြဲသောမေတ္တာတော်သည် အကျွန်ုပ်ကို အားပေးနှစ်သိမ့်ပါစေ။-
76 Sirva, pois, a tua benignidade para me consolar, segundo a palavra que deste ao teu servo.
77 ကိုယ်တော်၏ပညတ်တရားသည် အကျွန်ုပ်နှစ်သက်မြတ်နိုးရာဖြစ်သောကြောင့် အကျွန်ုပ်အသက်ရှင်နိုင်ရန် အကျွန်ုပ် အပေါ်တွင် ကိုယ်တော်၏ သနားကရုဏာတော်ကို သက်ရောက်စေတော်မူပါ။-
77 Venham sobre mim as tuas misericórdias, para que viva, pois a tua lei é a minha delícia.
78 အကျွန်ုပ်ကို မတရားစွပ်စွဲ၍ အပြစ်ရှာကြသော ဘုရားတရားမဲ့သူတို့သည် အရှက်တကွဲဖြစ်ကြပါစေသော်။ အကျွန်ုပ်မူကား ကိုယ်တော်၏ပညတ်တော်တို့ကို ဆင်ခြင်အောက်မေ့ပါမည်။-
78 Confundam-se os soberbos, pois me trataram de uma maneira perversa, sem causa; mas eu meditarei nos teus preceitos.
79 ထာ၀ရဘုရားသခင်ကို ကြောက်ရွံ့ရိုသေသောသူတို့သည် ကိုယ်တော်၏သွန်သင်ချက်များကို သိနိုင်ရန် အကျွန်ုပ်ဘက်သို့ လှည့်ကြပါစေ။-
79 Voltem-se para mim os que te temem e aqueles que têm conhecido os teus testemunhos.
80 အကျွန်ုပ်သည် အရှက်တကွဲမဖြစ်ရစေရန် ကိုယ်တော်၏ပညတ်ဥပဒေတို့ကို လိုက်နာစောင့်ထိန်းရာ၌ အကျွန်ုပ်၏ စိတ်နှလုံးကို အပြစ်တင်ခွင့်ကင်းစေတော်မူပါ။
80 Seja reto o meu coração para com os teus estatutos, para que eu não seja confundido. Cafe.
81 အကျွန်ုပ်၏ဝိညာဉ်သည် ကိုယ်တော့်ထံမှကယ်တင်ခြင်းကို တောင့်တခြင်းကြောင့် အားလျော့ပင်ပန်းလျက်ရှိပါ၏။ အကျွန်ုပ်သည် ကိုယ်တော်၏နှုတ်တော်ထွက်စကားကို မျှော်လင့်အားထားပါ၏။-
81 Desfaleceu a minha alma, esperando por tua salvação; mas confiei na tua palavra.
82 အကျွန်ုပ်၏မျက်စိများသည် ကိုယ်တော်၏ကတိတော်ကို စောင့်မျှော်ခြင်းအားဖြင့် အားယုတ်လာကြသောကြောင့် မည်သည့်အချိန်တွင် ကိုယ်တော်သည် အကျွန်ုပ်ကို အားပေးနှစ်သိမ့်တော်မူမည်နည်းဟု အကျွန်ုပ်မေးလျှောက်ပါ၏။-
82 Os meus olhos desfaleceram, esperando por tua promessa; entretanto, dizia: Quando me consolarás tu?
83 အကျွန်ုပ်သည် မီးလောင်ကျွမ်းထားသော စပျစ်ရည်ဘူးကဲ့သို့ ဖြစ်သော်လည်း ကိုယ်တော်၏ ပညတ်ဥပဒေများကို အကျွန်ုပ်မေ့လျော့ခြင်းမရှိပါ။-
83 Pois fiquei como odre na fumaça; mas não me esqueci dos teus estatutos.
84 အချိန်မည်မျှကြာအောင် ကိုယ်တော်၏အစေခံသည် စောင့်ဆိုင်းရပါမည်နည်း။ အကျွန်ုပ်ကို ညှဉ်းပန်းနှိပ်စက်သောသူတို့ကို မည်သည့်အချိန်တွင် ကိုယ်တော်စီရင်တော်မူမည်နည်း။-
84 Quantos serão os dias do teu servo? Quando me farás justiça contra os que me perseguem?
85 ဘုရားတရားမဲ့၍ ကိုယ်တော်၏တရားတော်ကို မလိုက်နာသောသူတို့သည် အကျွန်ုပ်အတွက် ထောင်ချောက်တွင်းများကို တူးထားကြပါပြီ။-
85 Os soberbos abriram covas para mim, o que não é conforme a tua lei.
86 ကိုယ်တော်၏ပညတ်တော်အားလုံးသည် ယုံကြည်စိတ်ချရပါ၏။ သူတို့သည် အကျွန်ုပ်ကို မတရားနှိပ်စက်ညှဉ်းပန်း ကြပါ၏။ အကျွန်ုပ်ကို ကူညီတော်မူပါ။-
86 Todos os teus mandamentos são verdade; com mentiras me perseguem; ajuda-me!
87 သူတို့သည် အကျွန်ုပ်ကို ကမ္ဘာမြေပေါ်မှ သုတ်သင်ရှင်းလင်းပစ်ရန် အောင်မြင်လုနီးပါးရှိပါပြီ။ သို့သော် အကျွန်ုပ်သည် ကိုယ်တော်၏ပညတ်ဥပဒေများကို မစွန့်ပယ်ပါ။-
87 Quase que me têm consumido sobre a terra; mas eu não deixei os teus preceitos.
88 အကျွန်ုပ်သည် ကိုယ်တော်၏နှုတ်တော်မှလာသော သွန်သင်ချက်များကို လိုက်နာစောင့်ထိန်းနိုင်ရန် ကိုယ်တော်၏ ခိုင်မြဲသောမေတ္တာတော်၌ အကျွန်ုပ်၏အသက်ကို ချမ်းသာပေးတော်မူပါ။
88 Vivifica-me segundo a tua benignidade; então, guardarei o testemunho da tua boca. Lâmede.
89 အိုထာ၀ရဘုရားသခင်၊ ကိုယ်တော်၏နှုတ်တော်ထွက်စကားသည် ကောင်းကင်ဘုံ၌ အစဉ်ထာ၀ရတည်ရှိတော်မူပါ၏။-
89 Para sempre, ó Senhor , a tua palavra permanece no céu.
90 ကိုယ်တော်၏သစ္စာတော်သည် လူမျိုးအဆက်ဆက် တည်မြဲလျက်ရှိတော်မူပါ၏။ ကိုယ်တော်သည် ကမ္ဘာမြေကြီးကို တည်တော်မူခဲ့၍ ၎င်းသည် ဆက်လက်ရပ်တည်လျက်ရှိပါ၏။-
90 A tua fidelidade estende-se de geração a geração; tu firmaste a terra, e firme permanece.
91 အရာခပ်သိမ်းတို့သည် ကိုယ်တော်၏အစေခံများဖြစ်ကြသောကြောင့် ယင်းတို့ သည် ကိုယ်တော်စီရင်တော်မူသည့်အတိုင်း ယနေ့တိုင် ရပ်တည်နေကြ၏။-
91 Conforme o que ordenaste, tudo se mantém até hoje; porque todas as coisas te obedecem.
92 ကိုယ်တော်၏ပညတ်တရားသည် အကျွန်ုပ်အတွက် နှစ်သက်မြတ်နိုးဖွယ်ရာ မဖြစ်ခဲ့ပါလျှင် အကျွန်ုပ်သည် ဆင်းရဲဒုက္ခထဲ၌ ပျက်စီးခဲ့ပြီးဖြစ်ပါလိမ့်မည်။-
92 Se a tua lei não fora toda a minha alegria, há muito que teria perecido na minha angústia.
93 အကျွန်ုပ်သည် ကိုယ်တော်၏ပညတ်တော်များကို မည်သည့်အခါမျှမမေ့လျော့နိုင်ပါ။ အကြောင်းမူကား ကိုယ်တော်သည် ထိုပညတ်တော်များအားဖြင့် အကျွန်ုပ်ကို အသက်ရှင်ခွင့် ပေးတော်မူသောကြောင့်ဖြစ်ပါ၏။-
93 Nunca me esquecerei dos teus preceitos, pois por eles me tens vivificado.
94 ကိုယ်တော်သည် အကျွန်ုပ်ကို ပိုင်ဆိုင်တော်မူပါ၏။ အကျွန်ုပ်ကို ကယ်ဆယ်တော်မူပါ။ အကြောင်းမူကား အကျွန်ုပ်သည် ကိုယ်တော်၏ ပညတ်တော်များကို ရှာဖွေဆည်းပူးခဲ့ပါပြီ။-
94 Sou teu, salva-me; pois tenho buscado os teus preceitos.
95 ဆိုးယုတ်သူတို့သည် အကျွန်ုပ်ကိုသုတ်သင်ဖျက်ဆီးရန် ချောင်းမြောင်းနေကြပါ၏။ သို့သော် အကျွန်ုပ်သည် ကိုယ်တော်၏ ပညတ်တော်များကို စဉ်းစားဆင်ခြင်ပါ၏။-
95 Os ímpios me esperam para me destruírem, mas eu atentarei para os teus testemunhos.
96 ပြည့်စုံသောအရာရှိသမျှတို့သည် အတိုင်းအတာတစ်ခုအထိသာ ပြည့်စုံကြကြောင်းကို အကျွန်ုပ်သိမြင်ခဲ့ပါ၏။ ကိုယ်တော်၏ ပညတ်တော်မူကား အတိုင်းအတာမရှိ ကျယ်ပြန့်ပြည့်စုံတော်မူပါ၏။
96 A toda perfeição vi limite, mas o teu mandamento é amplíssimo. Mem.
97 အကျွန်ုပ်သည် ကိုယ်တော်၏ပညတ်တရားကို အလွန်နှစ်သက်မြတ်နိုးပါ၏။ ကိုယ်တော်၏ပညတ်တရားကို အကျွန်ုပ်တစ်နေ့လုံး ဆင်ခြင်လျက် စိတ်အာရုံပြုပါ၏။-
97 Oh! Quanto amo a tua lei! É a minha meditação em todo o dia!
98 ကိုယ်တော်၏ပညတ်တော်သည် အကျွန်ုပ်ကို ရန်သူများထက် ပို၍ပညာရှိစေပါ၏။ အကြောင်းမူကား ထိုပညတ်တော်သည် အကျွန်ုပ်နှင့်အစဉ်ရှိသောကြောင့်တည်း။-
98 Tu, pelos teus mandamentos, me fazes mais sábio que meus inimigos, pois estão sempre comigo.
99 အကျွန်ုပ်သည် အကျွန်ုပ်၏ဆရာအားလုံးတို့ထက် သိနားလည်ခွင့်ပိုမိုရရှိပါ၏။အကြောင်းမူကား ကိုယ်တော်၏ သွန်သင်ချက်များကို အကျွန်ုပ်ဆင်ခြင်၍ အာရုံပြုသောကြောင့်တည်း။-
99 Tenho mais entendimento do que todos os meus mestres, porque medito nos teus testemunhos.
100 အကျွန်ုပ်သည် အသက်ကြီးသူများထက် ဉာဏ်ပညာကိုပို၍ရရှိပါ၏။ အကြောင်းမူကား အကျွန်ုပ်သည် ကိုယ်တော်၏ ပညတ်ဥပဒေများကို လိုက်နာစောင့်ထိန်းသောကြောင့်ဖြစ်ပါ၏။-
100 Sou mais prudente do que os velhos, porque guardo os teus preceitos.
101 ကိုယ်တော်၏နှုတ်တော်ထွက်စကားကို လိုက်နာရန်အလို့ငှာ အကျွန်ုပ်သည် မကောင်းသောလမ်းရှိသမျှကို ရှောင်ရှား ပါ၏။-
101 Desviei os meus pés de todo caminho mau, para observar a tua palavra.
102 အကျွန်ုပ်သည် ကိုယ်တော်၏စီရင်တော်မူချက်များမှ သွေဖည်၍မသွားပါ။ အကြောင်းမူကား ကိုယ်တော်သည် အကျွန်ုပ်ကို သွန်သင်တော်မူသောကြောင့်တည်း။-
102 Não me apartei dos teus juízos, porque tu me ensinaste.
103 ကိုယ်တော်မိန့်မှာတော်မူသော စကားတို့သည် အကျွန်ုပ်၏လျှာပေါ်၌ အလွန်ချိုမြလှပါ၏။ ၎င်းတို့သည် အကျွန်ုပ်၏ ခံတွင်း၌ ပျားရည်ထက်ပင် ချိုမြပါ၏။-
103 Oh! Quão doces são as tuas palavras ao meu paladar! Mais doces do que o mel à minha boca.
104 အကျွန်ုပ်သည် ကိုယ်တော်၏ပညတ်တော်ဖြင့် သိမြင်နားလည်ခြင်းကို ခံယူရရှိပါသောကြောင့် မကောင်းသော အကျင့်ဟူသမျှကို အကျွန်ုပ်မုန်းတီးပါ၏။
104 Pelos teus mandamentos, alcancei entendimento; pelo que aborreço todo falso caminho. Nun.
105 ကိုယ်တော်၏နှုတ်တော်ထွက်စကားသည် အကျွန်ုပ်၏ခြေတို့အတွက် မီးခွက်ဖြစ်၍ အကျွန်ုပ်သွားရာလမ်းကို အလင်းပေးပါ၏။-
105 Lâmpada para os meus pés é tua palavra e luz, para o meu caminho.
106 ကိုယ်တော်၏ဖြောင့်မှန်သော စီရင်ချက်များကို လိုက်နာစောင့်ထိန်းပါမည်ဟု အကျွန်ုပ်ကျိန်ဆိုခဲ့ကြောင်းကို အကျွန်ုပ် အတည်ပြုပါ၏။-
106 Jurei e cumprirei que hei de guardar os teus justos juízos.
107 အိုထာ၀ရဘုရားသခင်၊ အကျွန်ုပ်သည် ဒုက္ခဆင်းရဲများစွာခံစားနေရပါ၏။ ကိုယ်တော်၏ ကတိတော်အတိုင်း အကျွန်ုပ်ကို အသက်ရှင်စေတော်မူပါ။-
107 Estou aflitíssimo; vivifica-me, ó Senhor , segundo a tua palavra.
108 အိုထာ၀ရဘုရားသခင်၊ အကျွန်ုပ်ဆက်ကပ်သော ကျေးဇူးတင်ချီးမွမ်းရာပူဇော်သကာကို လက်ခံတော်မူပါ။ ကိုယ်တော်၏ စီရင်တော်မူချက်များကိုလည်း အကျွန်ုပ်အား သွန်သင်တော်မူပါ။-
108 Aceita, Senhor , eu te rogo, as oferendas voluntárias da minha boca; ensina-me os teus juízos.
109 အကျွန်ုပ်၏အသက်တာသည် အကျွန်ုပ်၏လက်ထဲ၌ အစဉ်ရှိပါ၏။ သို့သော် အကျွန်ုပ်သည် ကိုယ်တော်၏ပညတ်တရားကို မမေ့လျော့ပါ။-
109 A minha alma está de contínuo nas minhas mãos; todavia, não me esqueço da tua lei.
110 ဆိုးယုတ်သူတို့သည် အကျွန်ုပ်အတွက် ကျော့ကွင်းထောင်ထားကြပါ၏။ သို့သော် အကျွန်ုပ်သည် ကိုယ်တော်၏ ပညတ်ဥပဒေများမှ သွေဖည်၍မသွားပါ။-
110 Os ímpios me armaram laço; contudo, não me desviei dos teus preceitos.
111 ကိုယ်တော်၏သွန်သင်ချက်တို့သည် အကျွန်ုပ်အတွက် အစဉ်တည်နေမည့် အမွေအနှစ်များဖြစ်ကြပါ၏။ သွန်သင် တော်မူချက်တို့သည် အကျွန်ုပ်၏စိတ်နှလုံးအတွက် ဝမ်းမြောက်ပျော်ရွှင်ဖွယ်ရာဖြစ်ပါ၏။-
111 Os teus testemunhos tenho eu tomado por herança para sempre, pois são o gozo do meu coração.
112 အကျွန်ုပ်သည် ကိုယ်တော်၏ပညတ်ဥပဒေတို့ကို သက်ဆုံးတိုင်အောင် အဆက်မပြတ်လိုက်နာပါမည်ဟု သန္နိဋ္ဌာန်ပြုပါပြီ။
112 Inclinei o meu coração a guardar os teus estatutos, para sempre, até ao fim. Sâmeque.
113 အကျွန်ုပ်သည် စိတ်နှစ်ခွရှိသောလူတို့ကို မုန်းတီးပါ၏။ သို့သော် အကျွန်ုပ်သည် ကိုယ်တော်၏ပညတ်တရားကို နှစ်သက်မြတ်နိုးပါ၏။-
113 Aborreço a duplicidade, mas amo a tua lei.
114 ကိုယ်တော်သည် အကျွန်ုပ်၏ခိုလှုံရာနှင့် အကာအကွယ်ဖြစ်တော်မူပါ၏။ အကျွန်ုပ်သည် ကိုယ်တော်၏နှုတ်တော်ထွက် စကား၌ မျှော်လင့်အားထားပါ၏။-
114 Tu és o meu refúgio e o meu escudo; espero na tua palavra.
115 မကောင်းမှုကို ကျူးလွန်သောသူတို့၊ ငါ့ထံမှထွက်ခွာသွားကြလော့။ ငါသည် ငါ့ဘုရားသခင်၏ ပညတ်တော်တို့ကို စောင့်ထိန်းမည်။-
115 Apartai-vos de mim, malfeitores, para que guarde os mandamentos do meu Deus.
116 ကိုယ်တော်၏ ကတိတော်အတိုင်း အကျွန်ုပ်ကို အထောက်အကူပြုတော်မူပါ။ သို့မှသာလျှင် အကျွန်ုပ်သည် အသက် ရှင်ရပါလိမ့်မည်။ အကျွန်ုပ်၏မျှော်လင့်ချက်၌ အကျွန်ုပ်ကို အရှက်တကွဲမဖြစ်ပါစေနှင့်။-
116 Sustenta-me conforme a tua palavra, para que viva, e não me deixes envergonhado da minha esperança.
117 အကျွန်ုပ်ကို ကယ်တင်ရန် ကူညီမစတော်မူပါ။ အကျွန်ုပ်သည် ကိုယ်တော်၏ပညတ်တော်များကို အစဉ်သတိပြုပါမည်။-
117 Sustenta-me, e serei salvo e de contínuo me alegrarei nos teus estatutos.
118 ကိုယ်တော်၏ ပညတ်တော်များမှ လမ်းလွဲသွေဖည်သွားသူများကို ကိုယ်တော်သည် ပစ်ပယ်တော်မူ၏။ ထိုသူတို့၏ ကျွမ်းကျင်ပါးနပ်မှုများသည် အချည်းနှီးဖြစ်ပါ၏။-
118 Tu desprezas a todos os que se desviam dos teus estatutos, pois o engano deles é falsidade.
119 ကိုယ်တော်သည် ကမ္ဘာပေါ်ရှိ ဆိုးမိုက်သောသူရှိသမျှတို့ကို အမှိုက်သရိုက်ကဲ့သို့ သတ်မှတ်တော်မူ၏။ ထို့ကြောင့် အကျွန်ုပ် သည် ကိုယ်တော်၏သွန်သင်တော်မူချက်များကို နှစ်သက်မြတ်နိုးပါ၏။-
119 Tu tiraste da terra, como escórias, a todos os ímpios; pelo que amo os teus testemunhos.
120 ကိုယ်တော့်ကို ကြောက်ရွံ့သောကြောင့် အကျွန်ုပ်၏အသားများသည် တဆတ်ဆတ်တုန်နေပါ၏။ ကိုယ်တော်၏ စီရင်တော်မူချက်တို့ကိုလည်း အကျွန်ုပ်ကြောက်ရွံ့ပါ၏။
120 O meu corpo se arrepiou com temor de ti, e temi os teus juízos. Ain.
121 အကျွန်ုပ်သည် တရားမျှတမှန်ကန်သောအမှုတို့ကို ဆောင်ရွက်ခဲ့ပါပြီ။ ညှဉ်းပန်းနှိပ်စက်သူတို့၏လက်တွင် အကျွန်ုပ်ကို ပစ်ထားတော်မမူပါနှင့်။-
121 Fiz juízo e justiça; não me entregues aos meus opressores.
122 ကိုယ်တော်၏ အစေခံ၊ အကျွန်ုပ်၏ကောင်းကျိူးကို အာမခံပေးတော်မူပါ။ ဘုရားတရားမဲ့သူတို့သည် အကျွန်ုပ်ကို မနှိပ်စက်ကြပါစေနှင့်။-
122 Fica por fiador do teu servo para o bem; não deixes que os soberbos me oprimam.
123 ကိုယ်တော့်ထံမှ ကယ်တင်ခြင်းကျေးဇူးတော်ကိုလည်းကောင်း၊ ကိုယ်တော်၏ ဖြောင့်မှန်သော ကတိတော်ပြည့်စုံခြင်းကို လည်းကောင်း စောင့်မျှော်ခြင်းဖြင့် အကျွန်ုပ်၏မျက်စိများသည် အားအင်ကုန်ခန်းလုပါပြီ။-
123 Os meus olhos desfaleceram, esperando por tua salvação e pela promessa da tua justiça.
124 ကိုယ်တော့်အစေခံကို ကိုယ်တော်၏ခိုင်မြဲသောမေတ္တာတော်အတိုင်း ပြုမူဆက်ဆံတော်မူပါ။ ကိုယ်တော်၏ ပညတ်ဥပဒေများကို အကျွန်ုပ်အား သွန်သင်တော်မူပါ။-
124 Trata com o teu servo segundo a tua benignidade e ensina-me os teus estatutos.
125 အကျွန်ုပ်သည် ကိုယ်တော်၏အစေခံဖြစ်ပါ၏။ ကိုယ်တော်၏သွန်သင်တော်မူချက်များကို အကျွန်ုပ်သိနိုင်ရန် အကျွန်ုပ်အား တတ်သိနားလည်ခြင်းကို ပေးသနားတော်မူပါ။-
125 Sou teu servo; dá-me inteligência, para entender os teus testemunhos.
126 အိုထာ၀ရဘုရားသခင်၊ လူတို့သည် ကိုယ်တော်၏ ပညတ်တရားကို ဖောက်ဖျက်ကြသောကြောင့် ကိုယ်တော်သည် အပြစ်ဒဏ်ခတ်ရန် ယခုအချိန်ကျရောက်ပါပြီ။-
126 Já é tempo de operares, ó Senhor , pois eles têm quebrantado a tua lei.
127 အကျွန်ုပ်သည် ကိုယ်တော်၏ပညတ်တော်များကို သာမန်ရွှေထက်မက ရွှေစင်တို့ထက်ပင် ပို၍နှစ်သက်မြတ်နိုးပါ၏။-
127 Pelo que amo os teus mandamentos mais do que o ouro, e ainda mais do que o ouro fino.
128 ထို့ကြောင့် ကိုယ်တော်၏ပညတ်ဥပဒေရှိသမျှတို့သည် မှန်ကန်သည်ဟု အကျွန်ုပ်ခံယူသည်နှင့်အညီ မှားယွင်းသော လမ်းရှိသမျှတို့ကို အကျွန်ုပ်မုန်းတီးပါ၏။
128 Por isso, tenho, em tudo, como retos todos os teus preceitos e aborreço toda falsa vereda. Pê.
129 ကိုယ်တော်၏သွန်သင်တော်မူချက်များသည် အံ့ဩဖွယ်ကောင်းလှပါ၏။ ထို့ကြောင့် အကျွန်ုပ်သည် ၎င်းတို့ကို စောင့်ထိန်းလိုက်နာပါ၏။-
129 Maravilhosos são os teus testemunhos; por isso, a minha alma os guarda.
130 ကိုယ်တော်၏ နှုတ်တော်ထွက်စကားကို ဖော်ပြခြင်းသည် အလင်းကိုပေးပါ၏။ ရိုးသားသောသူတို့ကိုလည်း တတ်သိ နားလည်ခြင်းကို ပေးပါ၏။-
130 A exposição das tuas palavras dá luz e dá entendimento aos símplices.
131 အကျွန်ုပ်သည် ကိုယ်တော်၏ပညတ်တော်များကို မျှော်လင့်တောင့်တရသောကြောင့် ပါးစပ်ကိုဟလျက် မောပန်းနေပါ၏။-
131 Abri a boca e respirei, pois que desejei os teus mandamentos.
132 ကိုယ်တော်သည် ကိုယ်တော်၏နာမတော်ကို ချစ်မြတ်နိုးသောသူတို့အား သနားတော်မူသည့်အတိုင်း အကျွန်ုပ်ဘက်သို့ လှည့်၍ ကြည့်ရှုစောင်မတော်မူပါ။-
132 Olha para mim e tem piedade de mim, conforme usas com os que amam o teu nome.
133 ကိုယ်တော်၏ကတိတော်အတိုင်း အကျွန်ုပ်၏ခြေလှမ်းများကို စွဲမြဲစေတော်မူပါ။ အပြစ်ဒုစရိုက်သည် အကျွန်ုပ်ကို မအုပ်စိုးပါစေနှင့်။-
133 Ordena os meus passos na tua palavra, e não se apodere de mim iniquidade alguma.
134 အကျွန်ုပ်သည် ကိုယ်တော်၏ပညတ်ဥပဒေတို့ကို လိုက်နာစောင့်ထိန်းနိုင်စေရန် အကျွန်ုပ်ကို လူတို့၏အနိုင်ကျင့်ဖိနှိပ်ခြင်း မှကယ်တော်မူပါ။-
134 Livra-me da opressão do homem; assim, guardarei os teus preceitos.
135 ကိုယ်တော်၏မျက်နှာတော်ကို ကိုယ်တော်၏အစေခံအပေါ်တွင် ထွန်းလင်းစေ၍ ကိုယ်တော်၏ပညတ်ဥပဒေများကို အကျွန်ုပ်အား သွန်သင်တော်မူပါ။-
135 Faze resplandecer o teu rosto sobre o teu servo e ensina-me os teus estatutos.
136 လူတို့သည် ကိုယ်တော်၏ပညတ်တရားကို မလိုက်နာကြသောကြောင့် အကျွန်ုပ်၏မျက်စိများသည် မျက်ရည်ချောင်း စီးလျက်နေပါ၏။
136 Rios de águas correm dos meus olhos, porque os homens não guardam a tua lei. Tsadê.
137 အိုထာ၀ရဘုရားသခင်၊ ကိုယ်တော်သည် ဖြောင့်မတ်တော်မူပါ၏။ ကိုယ်တော်၏ စီရင်တော်မူချက်များသည်လည်း မှန်ကန်ကြပါ၏။-
137 Justo és, ó Senhor , e retos são os teus juízos.
138 ကိုယ်တော်သည် သွန်သင်တော်မူချက်များကို သစ္စာတော်ဖြင့် ဖြောင့်မှန်စွာပြဋ္ဌာန်းတော်မူ၏။-
138 Os teus testemunhos, que ordenaste, são retos e muito fiéis.
139 အကျွန်ုပ်၏ရန်သူများသည် ကိုယ်တော်၏နှုတ်တော်ထွက်စကားများကို မေ့လျော့ကြသောကြောင့် အကျွန်ုပ်၏ စိတ်ထက်သန်မှုသည် အကျွန်ုပ်ကိုဖိစီးပါ၏။-
139 O meu zelo me consumiu, porque os meus inimigos se esqueceram da tua palavra.
140 ကိုယ်တော်၏ကတိတော်သည် အလွန်စင်ကြယ်တော်မူသည်ဖြစ်၍ ကိုယ်တော်၏အစေခံသည် ကတိတော်ကို နှစ်သက်မြတ်နိုးပါ၏။-
140 A tua palavra é muito pura; por isso, o teu servo a ama.
141 အကျွန်ုပ်သည် သိမ်ငယ်၍ မထီလေးစားပြုခြင်းခံရပါ၏။ သို့သော်လည်း အကျွန်ုပ်သည် ကိုယ်တော်၏ ပညတ်ဥပဒေများကို မမေ့လျော့ပါ။-
141 Pequeno sou e desprezado, mas não me esqueço dos teus mandamentos.
142 ကိုယ်တော်၏ဖြောင့်မတ်တော်မူခြင်းသည် အစဉ်ထာ၀ရဖြောင့်မှန်မျှတပါ၏။ ကိုယ်တော်၏တရားတော်သည်လည်း မှန်ကန်ပါ၏။-
142 A tua justiça é uma justiça eterna, e a tua lei é a verdade.
143 ဒုက္ခဆင်းရဲနှင့် ပူပန်ခြင်းတို့သည် အကျွန်ုပ်အပေါ်သို့ ကျရောက်သော်လည်း ကိုယ်တော်၏ပညတ်တော်များကို အကျွန်ုပ်နှစ်သက်မြတ်နိုးပါ၏။-
143 Aperto e angústia se apoderam de mim; não obstante, os teus mandamentos são o meu prazer.
144 ကိုယ်တော်၏သွန်သင်ချက်များသည် အစဉ်ထာ၀ရ ဖြောင့်မှန်ပါ၏။ အကျွန်ုပ်အသက်ရှင်နိုင်ရန် သိနားလည်ခြင်းကို ပေးတော်မူပါ။
144 A justiça dos teus testemunhos é eterna; dá-me inteligência, e viverei. Cofe.
145 အကျွန်ုပ်သည် စိတ်နှလုံးအကြွင်းမဲ့ အော်ဟစ်အသနားခံပါ၏။ အကျွန်ုပ်ကို တုံ့ပြန်တော်မူပါ၊ အိုထာ၀ရ ဘုရားသခင်။ အကျွန်ုပ်သည် ကိုယ်တော်၏ပညတ်ဥပဒေများကို လိုက်နာစောင့်ထိန်းပါမည်။-
145 Clamei de todo o meu coração; escuta-me, Senhor , e guardarei os teus estatutos.
146 အကျွန်ုပ်သည် ကိုယ်တော့်ကို အော်ဟစ်အသနားခံပါ၏။ အကျွန်ုပ်ကို ကယ်တော်မူပါ။ အကျွန်ုပ်သည် ကိုယ်တော်၏ သွန်သင်ချက်များကို လိုက်နာစောင့်ထိန်းပါမည်။-
146 A ti te invoquei; salva-me, e guardarei os teus testemunhos.
147 အကျွန်ုပ်သည် နံနက်အရုဏ်မလာမီထ၍ အကူအညီရရန် အော်ဟစ်အသနားခံပါ၏။ အကျွန်ုပ်သည် ကိုယ်တော်၏ နှုတ်တော်ထွက်စကား၌ မျှော်လင့်အားကိုးပါ၏။-
147 Antecipei-me à alva da manhã e clamei; esperei na tua palavra.
148 ကိုယ်တော်၏ ကတိတော်ကိုဆင်ခြင်အောက်မေ့ရန် အကျွန်ုပ်၏မျက်စိတို့သည် တစ်ညလုံးပွင့်လျက် နိုးကြားစွာရှိပါ၏။-
148 Os meus olhos anteciparam-me às vigílias da noite, para meditar na tua palavra.
149 ကိုယ်တော်၏ ခိုင်မြဲသောမေတ္တာတော်၌ အကျွန်ုပ်၏တောင်းလျှောက်သံကို နားညောင်းတော်မူပါ။ အိုထာ၀ရဘုရား သခင်၊ ကိုယ်တော်၏စီရင်တော်မူချက်အတိုင်း အကျွန်ုပ်ကို အသက်ရှင်စေတော်မူပါ။-
149 Ouve a minha voz, segundo a tua benignidade; vivifica-me, ó Senhor , segundo o teu juízo.
150 အကျွန်ုပ်ကို နှိပ်စက်ညှဉ်းပန်းသူတို့သည် ဆိုးယုတ်သောအကြံအစည်ဖြင့် အနီးသို့ ချဉ်းကပ်လာနေကြပါပြီ။ ထိုသူတို့သည် ကိုယ်တော်၏ပညတ်တရားနှင့် ကင်းကွာနေသူများဖြစ်ကြပါ၏။-
150 Aproximam-se os que seguem aos malvados; afastam-se da tua lei.
151 သို့သော် အိုထာ၀ရဘုရားသခင်၊ ကိုယ်တော်သည်ကား အကျွန်ုပ်၏အနားတွင်ရှိတော်မူပါ၏။ ကိုယ်တော်၏ပညတ်တော် အားလုံးသည် မှန်ကန်ကြပါ၏။-
151 Tu estás perto, ó Senhor , e todos os teus mandamentos são a verdade.
152 ကိုယ်တော်သည် သွန်သင်တော်မူချက်များကို အစဉ်ထာ၀ရတည်စေရန် စီရင်ထားကြောင်း ကာလကြာမြင့်စွာကပင် အကျွန်ုပ်သိခဲ့ပါ၏။
152 Acerca dos teus testemunhos eu soube, desde a antiguidade, que tu os fundaste para sempre. Rexe.
153 အကျွန်ုပ်ခံရသော ဆင်းရဲဒုက္ခကို ကြည့်တော်မူ၍ အကျွန်ုပ်ကို ကယ်တင်တော်မူပါ။ အကြောင်းမူကား အကျွန်ုပ်သည် ကိုယ်တော်၏ပညတ်တရားတော်ကို မမေ့လျော့သောကြောင့်ဖြစ်ပါ၏။-
153 Olha para a minha aflição e livra-me, pois não me esqueci da tua lei.
154 အကျွန်ုပ်၏အမှုတွင် အကျွန်ုပ်ဘက်မှရပ်တည်၍ အကျွန်ုပ်ကို ရွေးနုတ်ကယ်တင်တော်မူပါ။ ကိုယ်တော်၏ကတိတော် အတိုင်း အကျွန်ုပ်ကို အသက်ရှင်စေတော်မူပါ။-
154 Pleiteia a minha causa e livra-me; vivifica-me, segundo a tua palavra.
155 ကယ်တင်ခြင်းသည် ဆိုးမိုက်သောသူတို့နှင့်ဝေးပါ၏။ အကြောင်းမူကား ဤသူတို့သည် ကိုယ်တော်၏ပညတ်ဥပဒေများကို ရှာဖွေဆည်းပူးခြင်း မရှိကြသောကြောင့်တည်း။-
155 A salvação está longe dos ímpios, pois não buscam os teus estatutos.
156 အိုထာ၀ရဘုရားသခင်၊ ကိုယ်တော်၏ ကရုဏာသနားခြင်းသည် ကြီးမားတော်မူပါ၏။ ကိုယ်တော်၏စီရင်တော်မူချက် အတိုင်း အကျွန်ုပ်ကို အသက်ရှင်စေတော်မူပါ။-
156 Muitas são, ó Senhor , as tuas misericórdias; vivifica-me, segundo os teus juízos.
157 အကျွန်ုပ်ကို ညှဉ်းပန်းနှိပ်စက်သူတို့နှင့် ရန်လိုမုန်းတီးသူတို့သည် များပြားလှပါ၏။ သို့သော် အကျွန်ုပ်သည် ကိုယ်တော်၏ သွန်သင်ချက်များမှ ရှောင်လွှဲ၍မသွားပါ။-
157 Muitos são os meus perseguidores e os meus inimigos; mas não me desvio dos teus testemunhos.
158 အကျွန်ုပ်သည် သစ္စာမဲ့သူတို့ကို စက်ဆုပ်ရွံရှာစွာကြည့်ပါ၏။ အဘယ်ကြောင့်ဆိုသော် သူတို့သည် ကိုယ်တော်၏ ပညတ်တော်များကို မလိုက်နာသောကြောင့်ဖြစ်ပါ၏။-
158 Vi os transgressores e me afligi, porque não observam a tua palavra.
159 အကျွန်ုပ်သည် ကိုယ်တော်၏ ပညတ်ဥပဒေများကို မည်မျှနှစ်သက်မြတ်နိုးကြောင်း သုံးသပ်ဆင်ခြင်တော်မူပါ။ ကိုယ်တော်၏ ခိုင်မြဲသောမေတ္တာတော်အတိုင်း အကျွန်ုပ်၏အသက်ကို ထိန်းသိမ်းစောင့်ရှောက်တော်မူပါ။-
159 Considera como amo os teus preceitos; vivifica-me, ó Senhor , segundo a tua benignidade.
160 ကိုယ်တော့် နှုတ်တော်ထွက်စကား၏အချုပ်မှာ သမ္မာတရားပင်ဖြစ်ပါ၏။ ဖြောင့်မတ်သော စီရင်တော်မူချက်အပေါင်း တို့သည် အစဉ်ထာ၀ရတည်ရှိကြပါ၏။
160 A tua palavra é a verdade desde o princípio, e cada um dos teus juízos dura para sempre. Chim.
161 မင်းစိုးရာဇာတို့သည် အကျွန်ုပ်ကို အကြောင်းမဲ့နှိပ်စက်ညှဉ်းပန်းကြပါ၏။ သို့သော်လည်း အကျွန်ုပ်၏စိတ်နှလုံးသည် ကိုယ်တော်၏နှုတ်တော်ထွက်စကားကိုသာ ကြောက်ရွံ့ပါ၏။-
161 Príncipes me perseguiram sem causa, mas o meu coração temeu a tua palavra.
162 ကြွယ်၀သောဥစ္စာဘဏ္ဍာကို ရှာတွေ့သူကဲ့သို့ အကျွန်ုပ်သည် ကိုယ်တော်၏နှုတ်တော်ထွက်စကားကြောင့် ပျော်ရွှင် ဝမ်းမြောက်ပါ၏။-
162 Folgo com a tua palavra, como aquele que acha um grande despojo.
163 အကျွန်ုပ်သည် လိမ်ညာခြင်းကို ရွံရှာမုန်းတီးပါသော်လည်း ကိုယ်တော်၏ပညတ်တရားကိုမူ နှစ်သက်မြတ်နိုးပါ၏။-
163 Abomino e aborreço a falsidade, mas amo a tua lei.
164 အကျွန်ုပ်သည် ကိုယ်တော်၏ဖြောင့်မတ်တော်မူသော စီရင်ချက်များအတွက် နေ့စဉ်ခုနစ်ကြိမ် ကိုယ်တော့်ကို ကျေးဇူးတင် ချီးမွမ်းပါ၏။-
164 Sete vezes no dia te louvo pelos juízos da tua justiça.
165 ကိုယ်တော်၏ပညတ်တရားကို နှစ်သက်မြတ်နိုးသောသူတို့သည် ကြီးစွာသောစိတ်နှလုံးငြိမ်းချမ်း သာယာခြင်းကို ရရှိကြပါ၏။ မည်သည့်အရာမျှ သူတို့ကို ပြိုလဲစေနိုင်လိမ့်မည်မဟုတ်ပါ။-
165 Muita paz têm os que amam a tua lei, e para eles não há tropeço.
166 အိုထာ၀ရဘုရားသခင်၊ အကျွန်ုပ်သည် ကိုယ်တော်၏ကယ်တင်တော်မူခြင်းကို မျှော်လင့်၍ ကိုယ်တော်၏ ပညတ်တော်များကို လိုက်နာစောင့်ထိန်းပါ၏။-
166 Senhor , tenho esperado na tua salvação e tenho cumprido os teus mandamentos.
167 အကျွန်ုပ်၏ဝိညာဉ်သည် ကိုယ်တော်၏ သွန်သင်တော်မူချက်များကို လိုက်နာစောင့်ထိန်းပါ၏။ အကျွန်ုပ်သည် ၎င်းတို့ကို အတိုင်းထက်အလွန် နှစ်သက်မြတ်နိုးပါ၏။-
167 A minha alma tem observado os teus testemunhos; amo-os extremamente.
168 အကျွန်ုပ်သည် ကိုယ်တော်၏ပညတ်ဥပဒေများနှင့် သွန်သင်ချက်များကို လိုက်နာစောင့်ထိန်းပါ၏။ အကြောင်းမူကား အကျွန်ုပ်ပြုကျင့်သမျှသော လမ်းစဉ်တို့သည် ကိုယ်တော်၏ရှေ့တော်မှောက်တွင် ရှိကြပါ၏။
168 Tenho observado os teus preceitos e os teus testemunhos, porque todos os meus caminhos estão diante de ti. Tau.
169 အိုထာ၀ရဘုရားသခင်၊ အကျွန်ုပ်၏အော်ဟစ်သံသည် ကိုယ်တော်၏ရှေ့တော်သို့ ရောက်ပါစေ။ ကိုယ်တော်၏ ကတိတော်အတိုင်း အကျွန်ုပ်အား သိမြင်နားလည်တတ်ခြင်းကို ပေးတော်မူပါ။-
169 Chegue a ti o meu clamor, ó Senhor ; dá-me entendimento conforme a tua palavra.
170 အကျွန်ုပ်၏ အသနားခံတောင်းလျှောက်သံသည် ကိုယ်တော်၏ရှေ့တော်သို့ ရောက်ပါစေ။ ကိုယ်တော်၏ ကတိတော်အတိုင်း အကျွန်ုပ်ကို ရွေးနုတ်ကယ်တင်တော်မူပါ။-
170 Chegue a minha súplica perante a tua face; livra-me segundo a tua palavra.
171 ကိုယ်တော်သည် အကျွန်ုပ်အား ကိုယ်တော်၏ ပညတ်ဥပဒေတို့ကို သွန်သင်တော်မူသောကြောင့် အကျွန်ုပ်၏ နှုတ်ခမ်းများသည် ချီးမွမ်းထောမနာပြုခြင်းကို အစဉ်မပြတ် ကျူးအေးပါမည်။-
171 Os meus lábios proferiram o louvor, quando me ensinaste os teus estatutos.
172 ကိုယ်တော်၏ ပညတ်တော်အားလုံးတို့သည် ဖြောင့်မှန်မျှတကြသည်ဖြစ်၍ အကျွန်ုပ်၏လျှာသည် ကိုယ်တော်၏ နှုတ်တော်ထွက်စကားအကြောင်းကို သီဆိုကျူးအေးပါမည်။-
172 A minha língua falará da tua palavra, pois todos os teus mandamentos são justiça.
173 ကိုယ်တော်၏ လက်တော်သည် အကျွန်ုပ်ကိုကူညီစောင်မခြင်းငှာ အဆင်သင့်ဖြစ်ပါစေ။ အကြောင်းမူကား အကျွန်ုပ်သည် ကိုယ်တော်၏ပညတ်တရားတော်လမ်းကို ရွေးချယ်ခဲ့သောကြောင့်ဖြစ်ပါ၏။-
173 Venha a tua mão socorrer-me, pois escolhi os teus preceitos.
174 အိုထာ၀ရဘုရားသခင်၊ အကျွန်ုပ်သည် ကိုယ်တော့်ထံမှ ကယ်တင်တော်မူခြင်းကျေးဇူးကို တောင့်တပါ၏။ ကိုယ်တော်၏ ပညတ်တရားတော်သည် အကျွန်ုပ်၏ နှစ်သက်မြတ်နိုးဖွယ်ရာ ဖြစ်ပါ၏။-
174 Tenho desejado a tua salvação, ó Senhor ; a tua lei é todo o meu prazer.
175 ကိုယ်တော်ရှင်အား ချီးမွမ်းထောမနာပြုနိုင်စေရန် အကျွန်ုပ်ကို အသက်ရှင်စေတော်မူပါ။ ကိုယ်တော်၏စီရင်တော်မူချက် များသည် အကျွန်ုပ်ကို ကူညီစောင်မကြပါစေ။-
175 Viva a minha alma e louvar-te-á; ajudem-me os teus juízos.
176 အကျွန်ုပ်သည် ပျောက်သောသိုးကဲ့သို့ လမ်းမှားသို့ရောက်ရှိပါ၏။ ကိုယ်တော်၏အစေခံကို ရှာဖွေတော်မူပါ။ အကြောင်းမူကား အကျွန်ုပ်သည် ကိုယ်တော်၏ပညတ်တော်များကို မေ့လျော့ခြင်းမရှိသော ကြောင့်ဖြစ်ပါ၏။
176 Desgarrei-me como a ovelha perdida; busca o teu servo, pois não me esqueci dos teus mandamentos.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Salmos 119, comparar traduções ou montar um estudo — tudo direto pelo WhatsApp.