Salmos 115

ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs VC

Sair da comparação
VC Versão Católica
1 အကျွန်ုပ်တို့အတွက် မဟုတ်ပါ၊ အိုထာ၀ရဘုရားသခင်၊ အကျွန်ုပ်တို့အတွက်မဟုတ်ပါ။ ကိုယ်တော်၏တည်မြဲသော ကရုဏာတော်နှင့် သစ္စာတော်တို့ကြောင့် ကိုယ်တော်၏နာမတော်သည်သာလျှင် ဘုန်းဂုဏ်တော်ရှိတော်မူပါစေသော်။-
1 Não a nós, Senhor, não a nós, mas ao vosso nome dai glória, por amor de vossa misericórdia e fidelidade.
2 အဘယ်ကြောင့်လူမျိုး ခြားတို့က သူတို့၏ဘုရားသခင် အဘယ်မှာရှိသနည်းဟု ဆိုကြပါသနည်း။
2 Por que diriam as nações pagãs: Onde está o Deus deles?
3 ငါတို့၏ဘုရားသခင်သည် ကောင်းကင်နိုင်ငံ၌ စံပယ်တော်မူ၍ ကိုယ်တော်နှစ်သက်တော်မူသော အမှုအရာတို့ကို လုပ်ဆောင်တော်မူ၏။-
3 Nosso Deus está nos céus; ele faz tudo o que lhe apraz.
4 လူမျိုးခြားတို့၏ ရုပ်တုဘုရားများသည်ကား ရွှေ၊ ငွေတို့မှပြုလုပ်ထားခြင်းဖြစ်၍ လူတို့လက်ဖြင့် ထုလုပ်ပေးသော အရာများဖြစ်ကြ၏။-
4 Quanto a seus ídolos de ouro e prata, são eles simples obras da mão dos homens.
5 ရုပ်တုတို့၌ ပါးစပ်များပါသော်လည်း စကားမပြောနိုင်ကြ။ မျက်စိများပါသော်လည်း မမြင်ကြ။-
5 Têm boca, mas não falam, olhos e não podem ver,
6 သူတို့၌ နားများပါသော်လည်း မကြားနိုင်ကြ။ နှာခေါင်းများပါသော်လည်း အနံ့မခံနိုင်ကြ။-
6 têm ouvidos, mas não ouvem, nariz e não podem cheirar.
7 သူတို့၌ လက်များပါကြသော်လည်း မထိမကိုင်နိုင်ကြ။ ခြေများပါသော်လည်း လမ်းမလျှောက်နိုင်ကြ။ သူတို့၏ လည်ချောင်းများမှလည်း အသံမပြုနိုင်ကြ။-
7 Têm mãos, mas não apalpam, pés e não podem andar, sua garganta não emite som algum.
8 ထိုရုပ်တုတို့ကို ထုလုပ်သောသူများနှင့် ရုပ်တုတို့ကို ယုံကြည်ကိုးစားသူများသည် ရုပ်တုများနှင့် အတူတူပင်ဖြစ်ကြ၏။
8 Semelhantes a eles sejam os que os fabricam e quantos neles põem sua confiança.
9 အိုအစ္စရာအဲလ်လူမျိုးတို့၊ ထာ၀ရဘုရားသခင်ကို ယုံကြည်အားကိုးကြလော့။ ကိုယ်တော်သည် အစ္စရာအဲလ်လူမျိုးကို ကူညီစောင်မ၍ ကာကွယ်စောင့်ရှောက်တော်မူ၏။-
9 Mas Israel, ao contrário, confia no Senhor: ele é o seu amparo e o seu escudo.
10 အိုအာရွန်၏အမျိုးအနွယ်တို့၊ ထာ၀ရဘုရားသခင်ကို ယုံကြည်အားကိုးကြလော့။ ကိုယ်တော်သည် အာရွန်၏ အမျိုးအနွယ်ကို ကူညီစောင်မ၍ ကာကွယ်စောင့်ရှောက်တော်မူ၏။-
10 Aarão confia no Senhor: ele é o seu amparo e o seu escudo.
11 ထာ၀ရဘုရားသခင်ကို ကြောက်ရွံ့ရိုသေသောသူတို့၊ ကိုယ်တော့်ကို ယုံကြည်အားကိုးကြလော့။ ကိုယ်တော်သည် သင်တို့ကို ကူညီစောင်မ၍ ကာကွယ်စောင့်ရှောက်တော်မူ၏။
11 Confiam no Senhor os que temem o Senhor: ele é o seu amparo e o seu escudo.
12 ထာ၀ရဘုရားသခင်သည် ငါတို့ကို သတိရတော်မူ၏။ ကိုယ်တော်သည် ငါတို့ကို ကောင်းချီးပေးတော်မူလိမ့်မည်။ ကိုယ်တော်သည် အစ္စရာအဲလ်လူမျိုးနှင့် အာရွန်၏အမျိုးအနွယ်ကို ကောင်းချီးပေးတော်မူလိမ့်မည်။-
12 O Senhor se lembra de nós e nos dará a sua bênção; abençoará a casa de Israel, abençoará a casa de Aarão,
13 ကိုယ်တော်သည် မိမိအား ကြောက်ရွံ့ရိုသေသောသူအပေါင်းတို့ကို အနိမ့်အမြတ်မရွေး ကောင်းချီးပေးတော်မူလိမ့်မည်။
13 abençoará aos que temem ao Senhor, os pequenos como os grandes.
14 ထာ၀ရဘုရားသခင်သည် သင်နှင့် သင်၏သား မြေးတို့ကို တိုးပွားများပြားအောင် ပြုလုပ်တော်မူပါစေ။-
14 O Senhor há de vos multiplicar, vós e vossos filhos.
15 ကောင်းကင်နှင့်မြေကြီးကို ဖန်ဆင်းတော်မူသောထာ၀ရ ဘုရားသခင်သည် သင်တို့ကို ကောင်းချီးပေးတော်မူပါ စေ။
15 Sede os benditos do Senhor, que fez o céu e a terra.
16 ကောင်းကင်တို့သည် ထာ၀ရဘုရားသခင်၏ကောင်းကင်များဖြစ်ကြ၏။ ကိုယ်တော်သည် ကမ္ဘာမြေကြီးကိုမူ လူသားတို့အား ပေးထားတော်မူ၏။-
16 O céu é o céu do Senhor, mas a terra ele a deu aos filhos de Adão.
17 သေလွန်သောသူများနှင့် ဆိတ်ငြိမ်ရာသို့ ဆင်းသက်သွားသောသူများသည် ထာ၀ရဘုရားသခင်ကို မချီးမွမ်းကြ။-
17 Não são os mortos que louvam o Senhor, nem nenhum daqueles que descem aos lugares infernais.
18 ငါတို့မူကား ယခုအချိန်မှစ၍ ကာလအစဉ်အဆက် ထာ၀ရဘုရားသခင်ကို ချီးမွမ်းထောမနာပြုကြမည်။ ထာ၀ရဘုရား သခင်အား ချီးမွမ်းထောမနာပြုကြလော့။
18 Mas somos nós que bendizemos ao Senhor agora e para sempre.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Salmos 115, comparar traduções ou montar um estudo — tudo direto pelo WhatsApp.