Romanos 7
ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs VC
1 ညီအစ်ကိုတို့၊ ငါသည် ပညတ်တရားကို သိနားလည်သောသူတို့အား ပြောဆိုနေခြင်းဖြစ်၏။ ပညတ်တရားသည် လူတစ်ဦးကို သူအသက်ရှင်သော ကာလအတွင်း၌သာ ထိန်းချုပ်နိုင်သည်ကို သင်တို့မသိကြသလော။-
1 Ignorais, irmãos {falo aos que têm conhecimentos jurídicos}, que a lei só tem domínio sobre o homem durante o tempo que vive?
2 ဥပမာပေးရသော် အိမ်ထောင်သည် အမျိုးသမီးတစ်ဦးသည် မိမိ၏ခင်ပွန်း အသက်ရှင်စဉ်အချိန်၌ ထိုသူနှင့် ပညတ်တရား အားဖြင့် ချည်နှောင်လျက်ရှိ၏။ သို့သော် သူမ၏ခင်ပွန်းသေဆုံးလျှင် သူမသည် ခင်ပွန်းနှင့်သက်ဆိုင်သော ဥပဒေမှ ကင်းလွတ်လေ၏။-
2 Assim, a mulher casada está sujeita ao marido pela lei enquanto ele vive; mas, se o marido morrer, fica desobrigada da lei que a ligava ao marido.
3 ထို့အတူပင် သူမသည် မိမိခင်ပွန်း အသက်ရှင်လျက်ရှိစဉ် အခြားသူတစ်ဦးနှင့် ပေါင်းသင်းလျှင် အိမ်ထောင်ရေးဖောက်ပြန်သူ ဟု အခေါ်ခံရမည်ဖြစ်၏။ သို့သော် သူမ၏ခင်ပွန်းသေဆုံးပါက သူမသည် ထိုဥပဒေမှ ကင်းလွတ်လေ၏။ ထိုစဉ် သူမသည် အခြားသောယောက်ျားတစ်ယောက်နှင့် ပေါင်းသင်းလျှင် အိမ်ထောင်ရေးဖောက်ပြန်သူ ဖြစ်မည်မဟုတ်ပေ။
3 Por isso, enquanto viver o marido, se se tornar mulher de outro homem, será chamada adúltera. Porém, morrendo o marido, fica desligada da lei, de maneira que, sem se tornar adúltera, poderá casar-se com outro homem.
4 ထိုနည်းတူ ညီအစ်ကိုတို့၊ သင်တို့သည် ခရစ်တော်၏ ခန္ဓာကိုယ်အားဖြင့် ပညတ်တရား၌ သေဆုံးခဲ့ကြလေပြီ။ ယခုသင်တို့သည် အခြားသူတည်းဟူသော သေခြင်းမှ ရှင်ပြန်ထမြောက်တော်မူသည့် ခရစ်တော်နှင့်သက်ဆိုင်သူများ ဖြစ်ကြသောကြောင့် ဘုရားသခင်အတွက် အကျိုးဖြစ်ထွန်းစေသော သူများဖြစ်ကြ၏။-
4 Assim, meus irmãos, também vós estais mortos para a lei, pelo sacrifício do corpo de Cristo, para pertencerdes a outrem, àquele que ressuscitou dentre os mortos, a fim de que demos frutos para Deus.
5 ငါတို့သည် အသွေးအသား အလိုသဘောကိုလိုက်၍ အသက်ရှင်ခဲ့စဉ်က ပညတ်တရား၏ လှုံ့ဆော်ချက်ကြောင့် ဖြစ်ပေါ်လာသည့် အပြစ်ကျူးလွန်လိုသော စိတ်ဆန္ဒသည် သေခြင်းတရားအတွက် အကျိုးဖြစ်ထွန်းစေရန် ငါတို့၏ကိုယ်အင်္ဂါ များ၌ ထကြွလှုပ်ရှားခဲ့၏။-
5 De fato, quando estávamos na carne, as paixões pecaminosas despertadas pela lei operavam em nossos membros, a fim de frutificarmos para a morte.
6 သို့သော် ယခုအခါတွင် ငါတို့သည် ငါတို့အား ချုပ်နှောင်ထားခဲ့သော ပညတ်တရား၌ သေဆုံးခဲ့ကြသည်ဖြစ်၍ ထိုပညတ်တရားမှ ကင်းလွတ်ခဲ့ကြပြီ။ ထို့ကြောင့် ငါတို့သည် ရေးထားသော ဥပဒေဟောင်းကို အစေမခံကြဘဲ ဝိညာဉ်တော်၏ အသက်သစ်၌ အစေခံကြမည်ဖြစ်၏။
6 Agora, mortos para essa lei que nos mantinha sujeitos, dela nos temos libertado, e nosso serviço realiza-se conforme a renovação do Espírito e não mais sob a autoridade envelhecida da letra.
7 သို့ဖြစ်လျှင် ငါတို့မည်သို့ဆိုရပါမည်နည်း။ ပညတ်တရားသည် အပြစ်ဖြစ်သလော။ မဟုတ်ပေ။ သို့ရာတွင် ပညတ်တရားသာ မရှိခဲ့ပါလျှင် ငါသည်အပြစ်ကို သိခဲ့လိမ့်မည်မဟုတ်။ လောဘလွန်ကြူးခြင်း မရှိစေနှင့်ဟု ပညတ်တရားက မိန့်ဆိုခြင်း မပြုခဲ့ပါလျှင် လောဘလွန်ကြူးခြင်းအကြောင်းကို ငါသိခဲ့လိမ့်မည်မဟုတ်။-
7 Que diremos, então? Que a lei é pecado? De modo algum. Mas eu não conheci o pecado senão pela lei. Porque não teria idéia da concupiscência, se a lei não dissesse: Não cobiçarás {Ex 20,17}.
8 သို့သော်လည်း အပြစ်သည် ပညတ်တရားကို အခွင့်ကောင်းယူလျက် ငါ၌အမျိုးမျိုးသော လောဘကိုဖြစ်ပေါ်စေ၏။ ပညတ်တရား မရှိလျှင် အပြစ်ဟူ၍ မရှိပေ။-
8 Foi o pecado, portanto, que, aproveitando-se da ocasião que lhe foi dada pelo preceito, excitou em mim todas as concupiscências; porque, sem a lei, o pecado estava morto.
9 ငါသည် တစ်ချိန်က ပညတ်တရားနှင့်ကင်းလျက် အသက်ရှင်ခဲ့ဖူး၏။ သို့သော်လည်း ပညတ်တရားကို ငါသိရှိပြီး သည့်နောက်တွင် အပြစ်သည် ပြန်လည်ရှင်သန်လာခဲ့၍ ငါသည်လည်း သေခဲ့၏။-
9 Quando eu estava sem a lei, eu vivia; mas, sobrevindo o preceito, o pecado recobrou vida,
10 ငါ့အား အသက်ပေးမည်ဟူ၍ ကတိပေးထားသော ပညတ်တရားသည်ပင်လျှင် သေခြင်းကိုသာ ဆောင်ယူခဲ့သည်ကို ငါတွေ့ခဲ့ရ၏။-
10 e eu morri. Assim o mandamento, que me devia dar a vida, conduziu-me à morte.
11 အကြောင်းမူကား အပြစ်သည် ပညတ်တရားကို အခွင့်ကောင်းယူကာ ငါ့ကိုလှည့်ဖြား၍ ထိုပညတ်တရားအားဖြင့် ငါ့ကိုသတ်လေ၏။-
11 Porque o pecado, aproveitando da ocasião do mandamento, seduziu-me, e por ele me levou à morte.
12 ထို့ကြောင့် ပညတ်တရားသည် သန့်ရှင်းမြင့်မြတ်၏။ ပညတ်တော်သည်လည်း သန့်ရှင်းခြင်း၊ တရားမျှတခြင်း၊ ကောင်းမြတ် ခြင်းတို့နှင့်ပြည့်စုံလေ၏။
12 Por conseguinte, a lei é santa e o mandamento é santo, e justo, e bom...
13 သို့ဖြစ်လျှင် ကောင်းမြတ်သောအရာသည် ငါ့ကိုသေစေနိုင်သလော။ မသေစေနိုင်ရာ။ ငါ့ကိုသေစေသောအရာမှာ အပြစ်ဖြစ်၍ အပြစ်သည် အပြစ်ဖြစ်ကြောင်းကို ပေါ်လွင်ထင်ရှားစေခြင်းငှာ ကောင်းမြတ်သောအရာကို အသုံးပြုခဲ့ခြင်းသာ ဖြစ်၏။ ဤသို့ဖြင့် အပြစ်သည် အတိုင်းအဆမဲ့ ဆိုးဝါးလှကြောင်းကို ပညတ်တော်အားဖြင့် ဖော်ပြခြင်းဖြစ်၏။
13 Então o que é bom tornou-se causa de morte para mim? De certo que não. Foi o pecado que, para se mostrar realmente pecado, acarretou para mim a morte por meio do que é bom, a fim de que, pelo mandamento, o pecado se fizesse excessivamente pecaminoso.
14 ပညတ်တရားသည် ဝိညာဉ်နှင့်စပ်ဆိုင်ကြောင်းကို ငါတို့သိကြ၏။ သို့သော် ငါသည် သွေးသားအလိုဆန္ဒ၌ရှိ၍ အပြစ်၏ကျေးကျွန်လည်းဖြစ်၏။-
14 Sabemos, de fato, que a lei é espiritual, mas eu sou carnal, vendido ao pecado.
15 ငါကိုယ်တိုင်ပြုမူသော အကျင့်တို့ကိုပင် ငါနားမလည်ပေ။ အဘယ်ကြောင့်ဆိုသော် ငါသည် ငါပြုလုပ်လိုသည့်အတိုင်း မပြုကျင့်ဘဲ ငါရွံရှာမုန်းတီးသော အမှုကိုသာ ပြုကျင့်၏။-
15 Não entendo, absolutamente, o que faço, pois não faço o que quero; faço o que aborreço.
16 ငါသည် ငါမပြုကျင့်လိုသောအမှုကိုပြုကျင့်လျှင် ပညတ်တရားသည် ကောင်းမြတ်ကြောင်းကိုဝန်ခံ၏။-
16 E, se faço o que não quero, reconheço que a lei é boa.
17 သို့သော် မကောင်းသောအကျင့်ကို ပြုကျင့်သောသူသည် ငါမဟုတ်။ ငါ၏စိတ်နှလုံးအတွင်း၌ ကိန်းအောင်းနေသော အပြစ်ပင်ဖြစ်၏။-
17 Mas, então, não sou eu que o faço, mas o pecado que em mim habita.
18 အကြောင်းမူကား ငါ၏သွေးသားဇာတိထဲ၌ ကောင်းသော အရာတစ်စုံတစ်ခုမျှ မတည်ရှိကြောင်း ငါသိ၏။ ငါ၌ ကောင်းသောအကျင့်ကို ပြုကျင့်လိုသောစိတ်ရှိသော်လည်း ငါသည်ယင်းကို မပြုကျင့်နိုင်ချေ။-
18 Eu sei que em mim, isto é, na minha carne, não habita o bem, porque o querer o bem está em mim, mas não sou capaz de efetuá-lo.
19 ငါသည် ငါအလိုရှိသော ကောင်းမှုကို မပြုကျင့်ဘဲလျက် ငါအလိုမရှိသော မကောင်းမှုကိုသာ ပြုကျင့်၏။-
19 Não faço o bem que quereria, mas o mal que não quero.
20 ထိုကဲ့သို့ ငါသည် မပြုကျင့်လိုသော အမှုကိုကျင့်လျှင် ထိုသို့ပြုလုပ်သူမှာ ငါမဟုတ်ဘဲ ငါ၏စိတ်နှလုံးအတွင်း၌ ကိန်းအောင်းနေသော အပြစ်သာဖြစ်၏။
20 Ora, se faço o que não quero, já não sou eu que faço, mas sim o pecado que em mim habita.
21 သို့ဖြစ်၍ ငါသည် နိယာမတစ်ခုကိုတွေ့၏။ ယင်းနိယာမကား ငါသည် ကောင်းသောအကျင့်ကို ပြုကျင့်လိုသောအခါတွင် မကောင်းမှုသည် ငါနှင့်အနီးကပ်ဆုံးနေရာ၌ တည်ရှိနေသည်ဆိုသည့် အချက်ပင်ဖြစ်၏။-
21 Encontro, pois, em mim esta lei: quando quero fazer o bem, o que se me depara é o mal.
22 ငါသည် စိတ်နှလုံးထဲတွင် ဘုရားသခင်၏ ပညတ်တရားတော်၌ နှစ်သိမ့်ကျေနပ်ခြင်းရှိ၏။-
22 Deleito-me na lei de Deus, no íntimo do meu ser.
23 သို့သော် ငါ၏ကိုယ်အင်္ဂါများ၌မူကား အခြားသောပညတ်ကို ငါတွေ့ရ၏။ ၎င်းသည် ငါ၏စိတ်ဝိညာဉ်ထဲမှ ပညတ်တရားကို ပြိုင်ဆိုင်တိုက်ခိုက်လျက်ရှိပြီး ငါ့အား ငါ့ကိုယ်ခန္ဓာအတွင်း၌ရှိသော အပြစ်တရား၏ အကျဉ်းသားဖြစ်စေ၏။-
23 Sinto, porém, nos meus membros outra lei, que luta contra a lei do meu espírito e me prende à lei do pecado, que está nos meus membros.
24 ငါသည် အလွန်စိတ်ပျက်ဖွယ်ကောင်းသော သူတစ်ဦးဖြစ်ပေ၏။ မည်သူသည် ငါ့ကိုဤသေခြင်း၏ ကိုယ်ခန္ဓာမှ ကယ်တင်မည်နည်း။-
24 Homem infeliz que sou! Quem me livrará deste corpo que me acarreta a morte?...
25 ငါတို့၏သခင် ယေဇူးခရစ်တော်အားဖြင့် ဘုရားသခင်၏ ကျေးဇူးတော်ကိုချီးမွမ်းပါ၏။ ထို့ကြောင့် ငါသည်စိတ်ဖြင့် ဘုရားသခင်၏ တရားတော်ကို အစေခံသော်လည်း သွေးသားအလိုအားဖြင့်မူ အပြစ်၏ဥပဒေကို အစေခံလျက်ရှိ၏။
25 Graças sejam dadas a Deus por Jesus Cristo, nosso Senhor! Assim, pois, de um lado, pelo meu espírito, sou submisso à lei de Deus; de outro lado, por minha carne, sou escravo da lei do pecado.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar Romanos 7, comparar traduções ou montar um estudo — tudo direto pelo WhatsApp.