Romanos 12

ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs ARA

Sair da comparação
ARA Almeida Revista e Atualizada 1993
1 ထို့ကြောင့် ညီအစ်ကိုတို့၊ ငါသည် ဘုရားသခင်၏ သနားကရုဏာတော်အားဖြင့် သင်တို့အား တိုက်တွန်းနှိုးဆော်လိုသည်မှာ သင်တို့၏ခန္ဓာကိုယ်များကို သက်ရှိယဇ်ကောင်ကဲ့သို့ သန့်ရှင်းမြင့်မြတ်၍ ကိုယ်တော် နှစ်သက်လက်ခံဖွယ်ရာအဖြစ် ဆက်ကပ် ပူဇော်ကြလော့။ ဤသည်ကား သင်တို့ပြုအပ်သော ဝတ်ပြုကိုးကွယ်ခြင်းဖြစ်၏။-
1 Rogo-vos, pois, irmãos, pelas misericórdias de Deus, que apresenteis o vosso corpo por sacrifício vivo, santo e agradável a Deus, que é o vosso culto racional.
2 သင်တို့သည် ဤလောက၏တွေးခေါ် ကျင့်ကြံမှုအတိုင်း မလိုက်လျောကြနှင့်။ သို့သော်လည်း ကောင်းမြတ်၍ နှစ်သက်ဖွယ်ဖြစ်ပြီး ပြည့်စုံသောအရာဖြစ်သည့် ဘုရားသခင်၏ အလိုတော်ကို သိရှိနားလည်နိုင်ရန် သင်တို့၏စိတ်နှလုံးကို အသစ်ပြုပြင်ကြလော့။
2 E não vos conformeis com este século, mas transformai-vos pela renovação da vossa mente, para que experimenteis qual seja a boa, agradável e perfeita vontade de Deus.
3 ငါ့အား ပေးသနားတော်မူသော ကျေးဇူးတော်ကို အမှီပြု၍ သင်တို့အသီးသီးအား ငါမှာကြားပါ၏။ သင်တို့သည် မိမိတို့ကိုယ်ကို လိုအပ်သည်ထက် ပို၍အထင်မကြီးကြဘဲ မိမိတို့အား ဘုရားသခင်ပေးသနားတော်မူသော ယုံကြည်ခြင်း အတိုင်းအတာနှင့်အညီ တည်ကြည်စွာ ထင်မြင်ယူဆကြလော့။-
3 Porque, pela graça que me foi dada, digo a cada um dentre vós que não pense de si mesmo além do que convém; antes, pense com moderação, segundo a medida da fé que Deus repartiu a cada um.
4 အကြောင်းမူကား ငါတို့၏ခန္ဓာကိုယ်၌ ကိုယ်အင်္ဂါအစိတ်အပိုင်း များစွာရှိသော်လည်း ထိုအင်္ဂါအစိတ်အပိုင်းအားလုံးသည် လုပ်ဆောင်ချက်မတူညီကြသကဲ့သို့၊-
4 Porque assim como num só corpo temos muitos membros, mas nem todos os membros têm a mesma função,
5 ငါတို့သည် အရေအတွက်များသော်လည်း ခရစ်တော်၌ ကိုယ်ခန္ဓာတစ်ခုတည်းအဖြစ် တည်ရှိကြ၍ ငါတို့အသီးသီးသည်လည်း တစ်ဦးစီ၏ခန္ဓာကိုယ် အစိတ်အပိုင်းများဖြစ်ကြ၏။-
5 assim também nós, conquanto muitos, somos um só corpo em Cristo e membros uns dos outros,
6 သို့ဖြစ်၍ ငါတို့သည် မိမိတို့ အသီးသီးခံစားရသည့် ဆုကျေးဇူးတော်နှင့်အညီ ကွဲပြားသောအစွမ်းအစများရှိသောကြောင့် ၎င်းတို့ကို အောက်ပါအတိုင်း အသုံးပြုကြရမည်။ ပရောဖက်ကဲ့သို့ဟောပြောရမည်ဖြစ်လျှင် မိမိ၏ယုံကြည်ခြင်းပမာဏအတိုင်း ပရောဖက်ပြုပါလော့။-
6 tendo, porém, diferentes dons segundo a graça que nos foi dada: se profecia, seja segundo a proporção da fé;
7 သူတစ်ပါးအား အစေခံရပါက မိမိတို့ကိုယ်ကို အစေခံခြင်းအမှု၌ ဆက်ကပ်ထားပါလော့။ သွန်သင်ပေးသောသူဖြစ်ပါက သွန်သင်မှုကိုပြုလော့။-
7 se ministério, dediquemo-nos ao ministério; ou o que ensina esmere-se no fazê-lo;
8 နှိုးဆော်အားပေးသောသူဖြစ်ပါက နှိုးဆော်အားပေးလော့။ ပေးကမ်းဝေငှသောသူဖြစ်ပါက ရက်ရောသောစိတ်နှလုံးဖြင့် ဝေငှလော့။ အုပ်ချုပ်သောသူဖြစ်ပါက လုံ့လဝီရိယနှင့် အုပ်ချုပ်လော့။ ကရုဏာသနားခြင်းအမှုကို ပြုသောသူဖြစ်ပါက ဝမ်းမြောက်ဝမ်းသာ ကူညီမစလော့။
8 ou o que exorta faça-o com dedicação; o que contribui, com liberalidade; o que preside, com diligência; quem exerce misericórdia, com alegria.
9 ချစ်ခြင်းမေတ္တာကို စစ်မှန်စေကြလော့။ မကောင်းမှုကိုမုန်း၍ ကောင်းသောအမှုကို စွဲမြဲစွာပြုကျင့်ကြလော့။-
9 O amor seja sem hipocrisia. Detestai o mal, apegando-vos ao bem.
10 တစ်ဦးကိုတစ်ဦး ညီအစ်ကိုကဲ့သို့ချစ်ခင်ကြလော့။ မိမိကိုယ်မိမိလေးစားသည်ထက် တစ်ဦးကိုတစ်ဦး ပိုမိုလေးစား ကြလော့။-
10 Amai-vos cordialmente uns aos outros com amor fraternal, preferindo-vos em honra uns aos outros.
11 စိတ်ပျက်အားလျော့ခြင်းမရှိဘဲ စိတ်အားထက်သန်စွာဖြင့် သခင်ဘုရားကို အစေခံကြလော့။-
11 No zelo, não sejais remissos; sede fervorosos de espírito, servindo ao Senhor;
12 မျှော်လင့်ခြင်း၌ ဝမ်းမြောက်ရွှင်လန်းကြလော့။ ဆင်းရဲဒုက္ခနှင့် ကြုံတွေ့ရသောအခါ သည်းခံစိတ်ရှည်ကြလျက် အမြဲမပြတ် ဆုတောင်းပတ္ထနာပြုကြလော့။-
12 regozijai-vos na esperança, sede pacientes na tribulação, na oração, perseverantes;
13 သန့်ရှင်းသူတို့၏ လိုအပ်ချက်များ၌ ပါဝင်ကူညီကြ၍ ဧည့်ဝတ်ကျေပွန်ကြလော့။
13 compartilhai as necessidades dos santos; praticai a hospitalidade;
14 သင်တို့ကို ညှဉ်းဆဲသောသူတို့ကို ကောင်းချီးပေးကြလော့။ သူတို့ကို မကျိန်ဆဲဘဲလျက် ကောင်းချီးပေးကြလော့။-
14 abençoai os que vos perseguem, abençoai e não amaldiçoeis.
15 ဝမ်းမြောက်သောသူတို့နှင့်အတူ ဝမ်းမြောက်ကြ၍ ငိုကြွေးသောသူတို့နှင့်အတူ ငိုကြွေးကြလော့။-
15 Alegrai-vos com os que se alegram e chorai com os que choram.
16 အချင်းချင်းသင့်မြတ်စွာနေကြလော့။ စိတ်မြင့်ထောင်လွှားခြင်းမရှိကြဘဲ နိမ့်ကျသောသူတို့နှင့် အပေါင်းအဖော်ပြုကြလော့။ သင့်ကိုယ်သင် ပညာရှိသည်ဟု မထင်မှတ်လေနှင့်။-
16 Tende o mesmo sentimento uns para com os outros; em lugar de serdes orgulhosos, condescendei com o que é humilde; não sejais sábios aos vossos próprios olhos.
17 မည်သူ့ကိုမျှ မကောင်းမှုကို မကောင်းမှုဖြင့် မတုံ့ပြန်ကြနှင့်။ လူအပေါင်းတို့၏အမြင်၌ မွန်မြတ်သောအရာကို ကျင့်ကြလော့။-
17 Não torneis a ninguém mal por mal; esforçai-vos por fazer o bem perante todos os homens;
18 သင်တို့အနေဖြင့် လူတိုင်းနှင့်တတ်နိုင်သမျှ ငြိမ်းချမ်းစွာနေထိုင်ကြလော့။-
18 se possível, quanto depender de vós, tende paz com todos os homens;
19 ချစ်မိတ်ဆွေတို့၊ မည်သည့်အခါမျှ လက်စားချေခြင်းမပြုကြနှင့်။ ဘုရားသခင်သာလျှင် အပြစ်ဒဏ်စီရင်တော်မူပါစေ။ အကြောင်းမူကား လက်စားချေခြင်းသည် ငါနှင့်ဆိုင်၏။ အပြစ်နှင့်အလျောက် ငါပြန်၍စီရင်မည်ဟု ထာ၀ရဘုရားသခင် မိန့်တော်မူ၏ဟူ၍ ကျမ်းစာတော်မြတ်၌ ရေးထား၏။-
19 não vos vingueis a vós mesmos, amados, mas dai lugar à ira; porque está escrito: A mim me pertence a vingança; eu é que retribuirei, diz o Senhor.
20 ထို့ကြောင့် သင်၏ရန်သူသည် ဆာလောင်နေလျှင် သူ့အား အစားအစာကျွေးလော့။ သူရေငတ်လျှင် သူ့အား သောက်စရာ ရေပေးလော့။ အကြောင်းမူကား သင်သည် ထိုသို့ပြုခြင်းဖြင့် သူ၏ဦးခေါင်းပေါ်၌ မီးခဲကိုပုံထားသကဲ့သို့ဖြစ်လိမ့်မည်။ ဆိုလိုသည်မှာ သူသည် သင့်အပေါ် ပြုမူခဲ့သောအရာအတွက် မိမိကိုယ်ကိုအရှက်ရလိမ့်မည်။-
20 Pelo contrário, se o teu inimigo tiver fome, dá-lhe de comer; se tiver sede, dá-lhe de beber; porque, fazendo isto, amontoarás brasas vivas sobre a sua cabeça.
21 မကောင်းမှုသည် သင်တို့ကို အနိုင်မယူစေနှင့်။ ကောင်းကျိုးကိုပြုခြင်းအားဖြင့် မကောင်းမှုကိုအနိုင်ယူကြလော့။
21 Não te deixes vencer do mal, mas vence o mal com o bem.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Romanos 12, comparar traduções ou montar um estudo — tudo direto pelo WhatsApp.