Romanos 10

ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs NTLH

Sair da comparação
NTLH Nova Tradução na Linguagem de Hoje 2000
1 ညီအစ်ကိုတို့၊ ဤသူတို့ကယ်တင်ခြင်းရရှိစေရန် ငါ၏စိတ်နှလုံး၌လိုလား၍ ဘုရားသခင်ထံတော်၌လည်း သူတို့အတွက် ဆုတောင်းပါ၏။-
1 Meus irmãos, desejo de todo o coração que o meu próprio povo seja salvo. E peço a Deus em favor deles
2 သူတို့၌ ဘုရားသခင်အပေါ် စိတ်အားထက်သန်မှုရှိကြောင်း ငါသက်သေခံပါ၏။ သို့သော် သူတို့၏စိတ်အားထက်သန်ခြင်း သည် မှန်သောအသိတရားအတိုင်း မဟုတ်ပေ။-
2 porque eu sou testemunha de que eles são muito dedicados a Deus. Mas a dedicação deles não está baseada no verdadeiro conhecimento,
3 သူတို့သည် ဘုရားသခင်ထံမှလာသော ဖြောင့်မတ်ခြင်းတရားတော်ကို မသိကြဘဲ မိမိတို့၏ကိုယ်ပိုင်လမ်းစဉ်ကို ကြိုးစား တည်ဆောက်နေကြသောကြောင့် ဘုရားသခင်၏ ဖြောင့်မတ်ခြင်းတရားတော်ကို နာခံခြင်းမရှိကြချေ။-
3 pois eles não conhecem a maneira como Deus aceita as pessoas e assim têm procurado conseguir isso da sua própria maneira. Eles rejeitaram o modo de Deus aceitar as pessoas.
4 အကြောင်းမူကား ယုံကြည်သူအပေါင်းတို့သည် ဖြောင့်မတ်ရာသို့ ရောက်မည့်အကြောင်း ခရစ်တော်သည် ပညတ်တရားကို ပြည့်စုံစေတော်မူခဲ့၏။ ကယ်တင်ခြင်းသည် လူသားအားလုံးအတွက်ဖြစ်၏
4 Porque, com Cristo, a lei chegou ao fim, e assim os que creem é que são aceitos por Deus.
5 မိုးဇက်က ပညတ်တရားအပေါ် အခြေခံသည့် ဖြောင့်မတ်ခြင်းတရားကို ကျင့်သောသူသည် ထိုပညတ်တရားကို ကျင့်ကြံရမည်ဟု ရေးထား၏။-
5 Pois o que Moisés escreveu a respeito de as pessoas serem aceitas por Deus pela obediência à lei foi isto: “Viverá aquele que fizer o que a lei manda.”
6 သို့သော် ယုံကြည်ခြင်းအပေါ်တွင် အခြေခံသော ဖြောင့်မတ်ခြင်းတရားက ဆိုသည်မှာ သင်၏စိတ်နှလုံးအတွင်း၌ ကောင်းကင်သို့ မည်သူတက်လိမ့်မည်နည်း (ဆိုလိုသည်မှာ ခရစ်တော်ကို အောက်အရပ်သို့ဆောင်ယူခြင်းငှာ ကောင်းကင်သို့ မည်သူတက်လိမ့်မည်နည်း)ဟူ၍လည်းကောင်း၊-
6 Porém, quanto a ser aceito por Deus por meio da fé, Moisés diz o seguinte: “Não fique pensando assim: quem vai subir até o céu?”, isto é, para trazer Cristo do céu.
7 သို့တည်းမဟုတ် နက်ရှိုင်းသောအရပ်သို့ မည်သူဆင်းလိမ့်မည်နည်း (ဆိုလိုသည်မှာ ခရစ်တော်ကိုသေခြင်းမှ ထမြောက် စေခြင်းငှာ နက်ရှိုင်းသောအရပ်သို့ မည်သူဆင်းလိမ့်မည်နည်း) ဟူ၍လည်းကောင်း မပြောဆိုလေနှင့်ဟုဖြစ်၏။-
7 “Nem pergunte: quem descerá ao mundo lá de baixo?”, isto é, para fazer com que Cristo suba do mundo dos mortos .
8 သို့သော် ၎င်းက တစ်ဖန်ဆိုသည်ကား နှုတ်တော်ထွက်စကားသည် သင်၏အနီး၌လည်းကောင်း၊ သင်၏နှုတ်ဖျားနှင့် သင်၏ စိတ်နှလုံးထဲ၌လည်းကောင်း ရှိသည်ဟုဆို၏။ ယင်းမှာ ငါတို့ဟောပြောသည့် ယုံကြည်ခြင်းနှင့်ဆိုင်သော နှုတ်တော်ထွက် စကားကို ဆိုလိုခြင်းဖြစ်၏။-
8 O que Moisés diz é isto: “A mensagem de Deus está perto de você, nos seus lábios e no seu coração” — isto é, a mensagem de fé que anunciamos.
9 အဘယ်ကြောင့်ဆိုသော် ယေဇူးသည် အရှင်သခင်ဖြစ်တော်မူကြောင်းကို သင်၏နှုတ်ဖြင့်ဝန်ခံ၍ ဘုရားသခင်သည် သူ့အား သေခြင်းမှထမြောက်စေတော်မူကြောင်းကို သင်၏စိတ်နှလုံး၌ ယုံကြည်လျှင် ကယ်တင်ခြင်းခံရလိမ့်မည်။-
9 Se você disser com a sua boca: “Jesus é Senhor” e no seu coração crer que Deus ressuscitou Jesus, você será salvo.
10 အကြောင်းမူကား လူသည် ဖြောင့်မတ်ခြင်းသို့ရောက်ရန် စိတ်နှလုံးဖြင့်ယုံကြည်ရ၏။ ထို့နောက် သူသည် ကယ်တင်ခြင်း ခံရရန် နှုတ်ဖြင့်ဝန်ခံရ၏။-
10 Porque nós cremos com o coração e somos aceitos por Deus; falamos com a boca e assim somos salvos.
11 ကျမ်းစာတော်မြတ်၌ ကိုယ်တော့်ကို ယုံကြည်သောသူသည် အရှက်တကွဲမဖြစ်နိုင်ရာ ဟုလာ၏။-
11 Porque as Escrituras Sagradas dizem: “Quem crer nele não ficará desiludido.”
12 အကြောင်းမူကား ကိုယ်တော်သည် ဂျူးလူမျိုးနှင့် ဂရိလူမျိုးဟူ၍ ခွဲခြားခြင်းမရှိပေ။ ထိုသခင်ဘုရားသည်ပင်လျှင် လူအပေါင်းတို့၏ သခင်ဘုရားဖြစ်၍ မိမိထံတော်သို့ ဆုတောင်းပတ္ထနာပြုသော သူအပေါင်းတို့အား ကျေးဇူးတော်များကို ကြွယ်၀စွာ ပေးသနားတော်မူ၏။-
12 Isso vale para todos, pois não existe nenhuma diferença entre judeus e não judeus. Deus é o mesmo Senhor de todos e abençoa generosamente todos os que pedem a sua ajuda.
13 အကြောင်းမူကား ထာ၀ရဘုရားသခင်၏ နာမတော်ကိုခေါ်တ၍ ဆုတောင်းသောသူဟူသမျှတို့သည် ကယ်တင်ခြင်း ခံရမည်ဖြစ်သောကြောင့်တည်း။
13 Como dizem as Escrituras Sagradas: “Todos os que pedirem a ajuda do Senhor serão salvos.”
14 သို့ရာတွင် လူတို့သည် ကိုယ်တော့်ကို မယုံကြည်ဘဲလျက် ကိုယ်တော့်ထံ မည်ကဲ့သို့ ဆုတောင်းပတ္ထနာ ပြုနိုင်ကြမည်နည်း။ ထို့အတူ ကိုယ်တော်၏အကြောင်းကို မကြားရဘဲလျက် သူတို့သည် ကိုယ်တော်၌ မည်ကဲ့သို့ ယုံကြည်နိုင်ကြမည်နည်း။ ကိုယ်တော်၏အကြောင်းကို ဟောပြောသူမရှိဘဲလျက် မည်ကဲ့သို့သူတို့ ကြားနာနိုင်ကြမည်နည်း။-
14 Mas como é que as pessoas irão pedir, se não crerem nele? E como poderão crer, se não ouvirem a mensagem? E como poderão ouvir, se a mensagem não for anunciada?
15 စေလွှတ်ခြင်းမခံရလျှင် သူတို့သည် မည်ကဲ့သို့ ဟောပြောနိုင်ကြမည်နည်း။ ကျမ်းစာတော်မြတ်၌လည်း ရေးထားသည်မှာ သတင်းကောင်းကို ဟောပြောသောသူတို့၏ခြေတို့သည် အလွန်တင့်တယ်လှပေသည် ဟူ၍ဖြစ်၏။-
15 E como é que a mensagem será anunciada, se não forem enviados mensageiros? As Escrituras Sagradas dizem: “Como é bonito ver os mensageiros trazendo boas notícias!”
16 သို့ရာတွင် လူအားလုံးတို့သည် ထိုဧဝံဂေလိတရားတော်အတိုင်း လိုက်နာခြင်းမရှိကြချေ။ ပရောဖက်အီဇာယက အိုထာ၀ရဘုရားသခင်၊ အကျွန်ုပ်တို့ထံမှ ကြားရသောသတင်းကောင်းကို မည်သူယုံကြည်ပါသနည်းဟု မေးခဲ့လေ၏။-
16 Mas nem todos aceitam a boa notícia do evangelho . Foi Isaías quem disse: “Senhor, quem creu na nossa mensagem?”
17 သို့ဖြစ်၍ ယုံကြည်ခြင်းသည် ကြားနာခဲ့ရသောအရာတို့မှလာ၍ ကြားနာခဲ့ရသောအရာတို့သည် ခရစ်တော်၏ ဟောပြောသွန်သင်ခြင်းမှလာ၏။
17 Portanto, a fé vem por ouvir a mensagem, e a mensagem vem por meio da pregação a respeito de Cristo.
18 သို့သော် သူတို့သည် မကြားနာခဲ့ကြရသလောဟု ငါမေးလို၏။ သူတို့သည် ဧကန်အမှန်ပင်ကြားနာခဲ့ရ၏။ အကြောင်းမူကား ဟောပြောသော သူတို့၏အသံသည် ကမ္ဘာမြေတစ်ဝန်းလုံးတိုင်အောင် ပျံ့နှံ့သွား၍ သူတို့၏တရားစကားသည်လည်း ကမ္ဘာမြေကြီးစွန်းတိုင်အောင် ရောက်ရှိလေပြီဟု ကျမ်းစာတော်မြတ်၌ ရေးထား၏။-
18 Mas eu pergunto: será que eles não ouviram a mensagem? É claro que ouviram! Como dizem as Escrituras: “A voz deles se espalhou pelo mundo inteiro; as suas palavras alcançaram a terra toda.”
19 တစ်ဖန် ငါမေးသည်ကား အစ္စရာအဲလ်လူမျိုးတို့သည် နားမလည်ခဲ့ကြသလော။ ပထမဦးစွာ မိုးဇက်က ငါသည် သင်တို့ကို လူမျိုးတစ်မျိုးမဟုတ်သော သူတို့အပေါ် မနာလိုသောစိတ် ရှိစေခြင်းငှာလည်းကောင်း၊ အသိတရားမဲ့သော လူမျိုးအားဖြင့် သင်တို့ကို ဒေါသအမျက်ထွက်စေခြင်းငှာလည်းကောင်း ပြုလုပ်မည်ဟုဆိုခဲ့၏။-
19 Eu pergunto ainda: será que o povo de Israel não soube disso? Moisés foi o primeiro a dar uma resposta. Ele disse: “Eu farei com que vocês fiquem com ciúmes de um povo que não é uma nação; farei com que fiquem com raiva de uma nação de gente sem juízo.”
20 ပရောဖက်အီဇာယကလည်း ရဲရင့်စွာဆိုသည်ကား ငါ့ကိုမရှာသောသူတို့သည် ငါ့ကိုတွေ့ရှိကြ၏။ ငါ၏အကြောင်းကို မမေး မြန်းသောသူတို့အား ငါသည် မိမိကိုယ်ကို ထင်ရှားပြလေပြီဟု ဆိုထားလေ၏။-
20 E Isaías foi mais corajoso ao anunciar o que Deus disse: “Eu fui achado por aqueles que não me procuravam e apareci aos que não perguntavam por mim.”
21 သို့ရာတွင် အစ္စရာအဲလ်လူမျိုးကို ရည်ညွန်း၍ သူကဆိုသည်မှာ ငါ့ကိုမနာခံဘဲ ဆန့်ကျင်ပုန်ကန်တတ်သော လူမျိုးအား ငါ၏လက်တော်ကို တစ်နေ့လုံး ကမ်းပေးလျက်ရှိ၏ ဟူ၍ဖြစ်လေ၏။
21 Mas, a respeito de Israel, Deus disse: “O dia inteiro eu abri os braços, pronto para receber um povo desobediente e rebelde.”

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Romanos 10, comparar traduções ou montar um estudo — tudo direto pelo WhatsApp.