Provérbios 8
ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs ARC
1 ဉာဏ်ပညာသည် ခေါ်သံကိုပြုလျက် နားလည်တတ်ခြင်းသည် မိမိ၏အသံကိုလွှင့်လျက်နေသည်မဟုတ်ပါလော။-
1 Não clama, porventura, a Sabedoria? E a Inteligência não dá a sua voz?
2 ဉာဏ်ပညာသည် မြင့်သော အရပ်၌၊ လမ်းဘေး၌၊ လမ်းဆုံလမ်း၀များ၌ ရပ်လျက်နေ၏။-
2 No cume das alturas, junto ao caminho, nas encruzilhadas das veredas, ela se coloca.
3 မြို့သို့ဦးတည်သော မြို့တံခါးအနီး ဝင်ပေါက်၌ သူမသည် ကျယ်လောင်စွာ ဟစ်ကြွေးသည်ကား၊-
3 Da banda das portas da cidade, à entrada da cidade e à entrada das portas está clamando:
4 အိုအသင် လူသားတို့၊ သင်တို့ကို ငါခေါ်၏။ လူသားအားလုံးတို့ထံ သို့ ငါ့အသံကို ငါလွှင့်၏။-
4 A vós, ó homens, clamo; e a minha voz se dirige aos filhos dos homens.
5 ဉာဏ်တိမ်သောသင်တို့၊ မြော်မြင်ဆင်ခြင်တတ်ခြင်းကို လေ့လာသင်ယူကြလော့။ မိုက်မဲသောသင်တို့၊ ဆင်ခြင်သတိရှိ ကြလော့။-
5 Entendei, ó simples, a prudência; e vós, loucos, entendei de coração.
6 ငါသည် မွန်မြတ်သောစကားကို မြွက်ဆိုမည်။ နားထောင်ကြ လော့။ မှန်သောတရားစကားတို့သည် ငါ၏နှုတ်မှထွက် လာလိမ့်မည်။-
6 Ouvi, porque proferirei coisas excelentes; os meus lábios se abrirão para a equidade.
7 ငါ၏နှုတ်သည် သစ္စာတရားကိုသာ မြွက် ဆို၏။ အဘယ်ကြောင့်ဆိုသော် ငါ၏နှုတ်ခမ်းတို့သည် ဒုစရိုက်ကိုစက်ဆုပ်ရွံရှာ၏။-
7 Porque a minha boca proferirá a verdade; os meus lábios abominam a impiedade.
8 ငါ၏နှုတ်မှထွက်လာသော စကားအားလုံးတို့သည် ဖြောင့်မတ်မှန်ကန်၍ ကောက်ကျစ်လှည့်ဖြားခြင်းနှင့်ကင်း၏။-
8 Em justiça são todas as palavras da minha boca; não há nelas nenhuma coisa tortuosa nem perversa.
9 ထိုစကားတို့သည် နားလည်တတ်သောသူအဖို့ရှင်းလင်း၍ အသိတရားရှိသူ အဖို့ပြတ်သား၏။-
9 Todas elas são retas para o que bem as entende e justas, para os que acham o conhecimento.
10 ငွေစင်အစား ငါ၏သွန်သင်ချက်များ ကိုလည်းကောင်း၊ ရွှေစင်အစား အသိပညာကိုလည်းကောင်း ရွေးချယ်ကြလော့။-
10 Aceitai a minha correção, e não a prata, e o conhecimento mais do que o ouro fino escolhido.
11 အကြောင်းမူကား ဉာဏ်ပညာတော်သည် ရတနာများစွာထက် အဖိုးထိုက်တန်၏။ သင်နှစ်သက်သော အရာရှိသမျှ တို့နှင့်လည်း နှိုင်းယှဉ် ၍မရနိုင်။-
11 Porque melhor é a sabedoria do que os rubins; e de tudo o que se deseja nada se pode comparar com ela.
12 ဉာဏ်ပညာတော်တည်းဟူသော ငါသည် အမြော်အမြင်နှင့်အတူ အသက်ရှင်၏။ ငါသည် အသိပညာနှင့် အပြောအဆို လိမ္မာသိုသိပ်မှုကိုပိုင်ဆိုင်၏။-
12 Eu, a Sabedoria, habito com a prudência e acho a ciência dos conselhos.
13 ထာ၀ရဘုရားသခင်ကိုကြောက်ရွံ့ခြင်းကား ဒုစရိုက်ကို မုန်းတီးခြင်းပေတည်း။ မာနထောင်လွှားခြင်းနှင့် မောက်မာသော စိတ်ရှိခြင်း၊ ဆိုးညစ်သောအပြုအမူနှင့် ကောက်ကျစ်သောအပြောအဆိုတို့ကို ငါမုန်း၏။-
13 O temor do Senhor é aborrecer o mal; a soberba, e a arrogância, e o mau caminho, e a boca perversa aborreço.
14 အကြံဉာဏ်နှင့် မှန်ကန်သောစီရင်ချက်တို့သည် ငါ၌တည်၏။ နားလည် တတ်ခြင်းနှင့်ခွန်အားတန်ခိုးကို ငါပိုင်ဆိုင်၏။-
14 Meu é o conselho e a verdadeira sabedoria; eu sou o entendimento, minha é a fortaleza.
15 ငါ့အားဖြင့် ရှင်ဘုရင်တို့သည် အုပ်ချုပ်နန်းစံကြ၍ အစိုးရမင်းတို့သည် တရားမျှတသောဥပဒေများကို အတည်ပြုနိုင်ကြ၏။-
15 Por mim, reinam os reis, e os príncipes ordenam justiça.
16 ငါ့အားဖြင့် မင်းညီမင်းသားတို့သည် အုပ်ချုပ်ခွင့်ရကြ၍ မှူးမတ်အပေါင်းတို့သည်လည်း ဖြောင့်မတ်စွာအုပ်စိုးနိုင်ကြ၏။-
16 Por mim governam os príncipes e os nobres; sim, todos os juízes da terra.
17 ငါ့ကိုနှစ်သက်မြတ်နိုးသူတို့ကို ငါနှစ်သက်မြတ်နိုး၏။ ငါ့ကို စိတ်အားထက်သန်စွာရှာသောသူတို့သည် ငါ့ကိုတွေ့ကြ၏။-
17 Eu amo os que me amam, e os que de madrugada me buscam me acharão.
18 စည်းစိမ်ချမ်းသာနှင့် ဂုဏ်သရေသည် ငါနှင့်အတူရှိ၏။ တည်မြဲသောကြွယ်၀မှုနှင့် ကြီးပွားချမ်းသာခြင်းသည်လည်း ငါ၌ရှိ၏။-
18 Riquezas e honra estão comigo; sim, riquezas duráveis e justiça.
19 ငါ၏အကျိုးအမြတ်သည် ရွှေစင်ထက်ပို၍ကောင်းမွန်၏။ ငါ၏ဘဏ္ဍာတော်သည် ငွေစင်ထက်သာ၍မြတ်၏။-
19 Melhor é o meu fruto do que o ouro, sim, do que o ouro refinado; e as minhas novidades, melhores do que a prata escolhida.
20 ငါသည် ဖြောင့်မတ်သော တရားလမ်းစဉ်၌ လျှောက်လှမ်း၏။ တရားမျှတမှုနှင့်ယှဉ် လျက် ငါလျှောက်လှမ်း၏။-
20 Faço andar pelo caminho da justiça, no meio das veredas do juízo.
21 ငါသည် ငါ့ကိုနှစ်သက်မြတ်နိုးသူတို့အား စည်းစိမ်ချမ်းသာကို ပိုင်ဆိုင်စေ၏။ သူတို့၏ဘဏ္ဍာတိုက်များကိုလည်း ပြည့်၀ စေ၏။
21 Para fazer herdar bens permanentes aos que me amam e encher os seus tesouros.
22 ထာ၀ရဘုရားသခင်သည် မည်သည့်အရာကိုမျှ မဖန်ဆင်းမီ ငါ့အား အစဦးကတည်းက ဖန်ဆင်းတော်မူ၏။ ငါသည် ကိုယ်တော်၏ပထမဦးဆုံးသောလက်ရာတော်ဖြစ်၏။-
22 O Senhor me possuiu no princípio de seus caminhos e antes de suas obras mais antigas.
23 ငါသည် ကမ္ဘာမတည်မီ အစဦးကာလ၌ ပထမဆုံးဖန်ဆင်းတော်မူခြင်းကို ခံခဲ့ရ၏။-
23 Desde a eternidade, fui ungida; desde o princípio, antes do começo da terra.
24 နက်သော ပင်လယ်သမုဒ္ဒရာများမရှိမီ၊ ရေအလွန်ပေါများသော စမ်းရေတွင်းများမဖြစ်ပေါ်မီ ငါ့ကိုရှိနှင့်စေတော်မူခဲ့၏။-
24 Antes de haver abismos, fui gerada; e antes ainda de haver fontes carregadas de águas.
25 တောင်တန်းများမဖြစ်ပေါ်မီ၊ တောင်ကုန်းများမတည်ရှိမီ ငါ့ကိုပေါ်ထွန်းစေတော်မူခဲ့၏။-
25 Antes que os montes fossem firmados, antes dos outeiros, eu fui gerada.
26 ကမ္ဘာမြေကြီးနှင့် လယ် ကွင်းများ မဖြစ်ပေါ်မီ၊ ပထမဦးဆုံးသောမြေမှုန့်ကိုပင် ကိုယ်တော်မဖန်ဆင်းမီ ငါ့ကို တည်ရှိစေတော်မူခဲ့၏။-
26 Ainda ele não tinha feito a terra, nem os campos, nem sequer o princípio do pó do mundo.
27 မိုးကောင်းကင်ကို ကိုယ်တော်နေရာတကျတည်ရှိစေသော အချိန်၌လည်းကောင်း၊ မိုးကုတ်စက်ဝိုင်းကို မိုးမျက်နှာ ကြက်တွင် မှတ်သားသောအချိန်၌လည်းကောင်း၊-
27 Quando ele preparava os céus, aí estava eu; quando compassava ao redor a face do abismo;
28 ကောင်းကင်ပြင်၌ တိမ်တိုက်များကို နေရာချထားသော အချိန်၌လည်းကောင်း၊ သမုဒ္ဒရာစမ်းရေတွင်းများဖြစ်ပေါ် ချိန်၌လည်းကောင်း၊-
28 quando firmava as nuvens de cima, quando fortificava as fontes do abismo;
29 ပင်လယ်ရေလွှမ်းမိုးခြင်းမရှိစေရန် အမိန့်ပေးတော်မူသောအချိန်၌လည်းကောင်း၊ ကမ္ဘာမြေကြီး၏အောက်ခြေ အုတ်မြစ်များ ကိုချမှတ်သောအချိန်၌ လည်းကောင်း ငါတည်ရှိခဲ့၏။-
29 quando punha ao mar o seu termo, para que as águas não trespassassem o seu mando; quando compunha os fundamentos da terra,
30 ထိုအခါ ငါသည် အတူပါဝင်တည်ဆောက်သူတစ်ဦးကဲ့သို့ ကိုယ်တော်၏ထံ တော်ပါး၌ ရှိနေခဲ့၏။ ငါသည် နေ့စဉ်နေ့တိုင်း ကိုယ်တော် ၏မျက်မှောက်တော်၌ ဝမ်းမြောက်ပျော်ရွှင်လျက် ကိုယ် တော်နှစ်သက်မြတ်နိုးရာအဖြစ်ရှိနေခဲ့ပြီး၊-
30 então, eu estava com ele e era seu aluno; e era cada dia as suas delícias, folgando perante ele em todo o tempo,
31 ကိုယ်တော် ၏ကမ္ဘာတစ်ဝန်းလုံး၌ ဝမ်းမြောက်လျက် လူသားတို့၌ အားရကျေနပ်လျက်ရှိ၏။
31 folgando no seu mundo habitável e achando as minhas delícias com os filhos dos homens.
32 သို့ဖြစ်၍ ငါ့သားတို့၊ ငါ၏စကားကို နားထောင်ကြ လော့၊ ငါ၏လမ်းစဉ်ကိုလိုက်နာသောသူတို့သည် မင်္ဂလာရှိကြ၏။-
32 Agora, pois, filhos, ouvi-me, porque bem-aventurados serão os que guardarem os meus caminhos.
33 ငါ၏သွန်သင်ချက်များကို နားထောင်ကြလော့။ ဉာဏ်ပညာအမြော်အမြင်ရှိကြလော့။ ငါ၏သွန် သင်ချက်များကို လျစ်လျူ မရှုကြနှင့်။-
33 Ouvi a correção, não a rejeiteis e sede sábios.
34 ငါ၏စကားကို နားထောင်၍ ငါ၏အိမ်တံခါး၌ နေ့စဉ်စောင့်နေတတ်ပြီး တံခါး၀တွင် မျှော်လင့်နေတတ်သောသူသည် မင်္ဂလာရှိ၏။-
34 Bem-aventurado o homem que me dá ouvidos, velando às minhas portas cada dia, esperando às ombreiras da minha entrada.
35 အကြောင်းမူကား ငါ့ကိုရှာ၍တွေ့သောသူသည် အသက်ကိုတွေ့၍ ထာ၀ရဘုရားသခင်၏အထံတော်မှ ကျေးဇူးတော်များကို လည်း ခံစားရ၏။-
35 Porque o que me achar achará a vida e alcançará favor do Senhor .
36 ငါ့ကိုရှာ၍ မတွေ့ သောသူမူကား မိမိကိုယ်ကို ထိခိုက်နစ်နာစေ၏။ ငါ့ကို မုန်းတီးသောသူအပေါင်းတို့သည် သေခြင်းကို ချစ်ခင် ကြသူများဖြစ်၏။ ဉာဏ်ပညာ၏စားပွဲတော်</title>
36 Mas o que pecar contra mim violentará a sua própria alma; todos os que me aborrecem amam a morte.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar Provérbios 8, comparar traduções ou montar um estudo — tudo direto pelo WhatsApp.