Provérbios 6

ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs ACF

Sair da comparação
ACF Almeida Corrigida Fiel
1 ငါ့သား၊ သင်သည် အိမ်နီးချင်းအတွက်ဖြစ်စေ၊ သူစိမ်းတစ်ယောက်၏ကတိစကားအတွက် ဖြစ်စေ အာမခံခဲ့မိ၍၊-
1 Filho meu, se ficaste por fiador do teu companheiro, se deste a tua mão ao estranho,
2 သင်ကိုယ်တိုင်က နှုတ်ကတိထားခဲ့မိပြီး သင်သည် ကိုယ့်စကားနှင့်ကိုယ် ချည်နှောင်မိခဲ့လျှင်၊-
2 E te deixaste enredar pelas próprias palavras; e te prendeste nas palavras da tua boca;
3 ငါ့သား၊ ဤကဲ့သို့လုပ်ဆောင်လော့။ သင့်ကိုယ် သင်ကယ်တင်ပါလော့။ အကြောင်းမူကား သင်သည် အိမ်နီးချင်း၏ လက်တွင်းသို့ ကျရောက်နေလေပြီ။ အိမ်နီးချင်းထံ အမြန်သွား၍ မိမိကိုယ်ကိုနှိမ့်ချလျက် အသနားခံပါလော့။-
3 Faze pois isto agora, filho meu, e livra-te, já que caíste nas mãos do teu companheiro: vai, humilha-te, e importuna o teu companheiro.
4 သင်၏မျက်စိတို့အား အိပ်စက်ခွင့်မပြုနှင့်။ သင်၏မျက်ခွံတို့ကို မှိတ်ခွင့်မပေးနှင့်။-
4 Não dês sono aos teus olhos, nem deixes adormecer as tuas pálpebras.
5 သင့်ကိုယ်သင် ကျော့ကွင်းထဲမှ ဒရယ်ကဲ့သို့လည်းကောင်း၊ ငှက်ပစ်သူ ၏လက်ထဲမှ ငှက်ကဲ့သို့လည်းကောင်း ကယ်တင်ပါ လေလော့။
5 Livra-te, como a gazela da mão do caçador, e como a ave da mão do passarinheiro.
6 အသင်လူပျင်း၊ ပုရွက်ဆိတ်ထံသို့ သွားလော့။ ၎င်း ၏အပြုအမူတို့ကို ချင့်ချိန်သုံးသပ်၍ ပညာအမြော်အမြင် ရှိပါလော့။-
6 Vai ter com a formiga, ó preguiçoso; olha para os seus caminhos, e sê sábio.
7 ပုရွက်ဆိတ်ကို အမိန့်ပေးသူမရှိ၊ ကြီးကြပ် သူမရှိ၊ စိုးမိုးသူမရှိချေ။-
7 Pois ela, não tendo chefe, nem guarda, nem dominador,
8 သို့ပင်သော်လည်း ၎င်းသည် စားနပ်ရိက္ခာကို နွေကာလ၌ ပြင်ဆင်ထား၍ ကောက်ရိတ်ချိန်၌ မိမိ၏အစာကို စုဆောင်း ထား၏။-
8 Prepara no verão o seu pão; na sega ajunta o seu mantimento.
9 အသင် လူပျင်း၊ သင်သည် မည်မျှကြာအောင် ထိုနေရာ၌ လဲလျောင်းလျက်နေမည်နည်း။ မည်သည့်အချိန်တွင် သင် အိပ်ရာ ထမည်နည်း။-
9 Ó preguiçoso, até quando ficarás deitado? Quando te levantarás do teu sono?
10 တစ်ခဏတာအိပ်စက်မည်၊ တစ် ခဏတာငိုက်မျဉ်းမည်၊ တစ်ခဏတာ လက်များကိုပိုက် လျက်နားမည်ဟု သင်ဆိုတတ်၏။-
10 Um pouco a dormir, um pouco a tosquenejar; um pouco a repousar de braços cruzados;
11 သို့သော် ဆင်းရဲခြင်း သည် ဓားပြကဲ့သို့လည်းကောင်း၊ ချို့တဲ့ခေါင်းပါးခြင်းသည် လက်နက်ကိုင်စစ်သူရဲကဲ့သို့လည်းကောင်း သင့်အပေါ်သို့ရောက်လာလိမ့်မည်။
11 Assim sobrevirá a tua pobreza como o meliante, e a tua necessidade como um homem armado.
12 ဆိုးညစ်ယုတ်မာသောသူသည် အရပ်တကာသို့ လှည့်လည်၍ မုသားစကားကိုဆိုကာ၊-
12 O homem mau, o homem iníquo tem a boca pervertida.
13 မျက်စပစ်လျက် ခြေဖြင့် အချက်ပေးပြီး လက်ချောင်းတို့ဖြင့် အရိပ်အကဲ ပြတတ်၏။-
13 Acena com os olhos, fala com os pés e faz sinais com os dedos.
14 သူသည် ကောက်ကျစ်စဉ်းလဲသောစိတ်နှင့်လျှို့ဝှက်ကြံစည်တတ်၍ စိတ်ဝမ်းကွဲပြားအောင် အမြဲဆွပေးတတ်၏။-
14 Há no seu coração perversidade, todo o tempo maquina mal; anda semeando contendas.
15 ထို့ကြောင့် ဘေးအန္တရာယ်ဆိုးသည် ရုတ်တရက်သူ့အပေါ်သို့ ရောက်ရှိလာလိမ့်မည်။ သူသည် သက်သာရာမရဘဲ ရုတ်တရက်ဖျက်ဆီးခြင်းခံရလိမ့် မည်။
15 Por isso a sua destruição virá repentinamente; subitamente será quebrantado, sem que haja cura.
16 ထာ၀ရဘုရားသခင်မုန်းတီးသောအရာခြောက်မျိုးနှင့် စက်ဆုပ်ရွံရှာတော်မူသောအရာခုနစ်မျိုးရှိ၏။-
16 Estas seis coisas o Senhor odeia, e a sétima a sua alma abomina:
17 ယင်းတို့မှာ ထောင်လွှားသောမျက်စိများ၊ မုသားပြော တတ်သောလျှာ၊ အပြစ်ကင်းသူကို သတ်ဖြတ်တတ် သောလက်၊-
17 Olhos altivos, língua mentirosa, mãos que derramam sangue inocente,
18 ဆိုးယုတ်သောအကြံအစည်ကို ဖန်တီး တတ်သောနှလုံး၊ မကောင်းမှုထဲသို့ လျင်မြန်စွာတိုးဝင် သောခြေထောက်များ၊-
18 O coração que maquina pensamentos perversos, pés que se apressam a correr para o mal,
19 မုသားစကားပြော၍ မမှန်မကန် သက်သေခံသောသူနှင့် မိတ်ဆွေအချင်းချင်းစိတ်ဝမ်းကွဲ စေရန် သွေးထိုးသူတို့ဖြစ်ကြ၏။
19 A testemunha falsa que profere mentiras, e o que semeia contendas entre irmãos.
20 ငါ့သား၊ သင့်ဖခင်၏ပညတ်တို့ကိုစောင့်ထိန်းလော့။ သင့်မိခင်၏သွန်သင်ချက်ကို မမေ့လျော့နှင့်။-
20 Filho meu, guarda o mandamento de teu pai, e não deixes a lei da tua mãe;
21 ယင်းတို့ကို သင်၏စိတ်နှလုံးထဲ၌ ထာ၀စဉ်စွဲမှတ်၍ သင်၏လည်ပင်း ၌ ခိုင်မြဲစွာ ဆွဲထားလော့။-
21 Ata-os perpetuamente ao teu coração, e pendura-os ao teu pescoço.
22 သင်ခရီးပြုသောအခါ ယင်းတို့သည် သင့်ကိုလမ်းပြ၍ သင်အိပ်စက်သောအခါ သင့်ကို စောင့်ရှောက်ပြီး သင်နိုးသောအခါ သင့်ကို အကြံပေးကြလိမ့်မည်။-
22 Quando caminhares, te guiará; quando te deitares, te guardará; quando acordares, falará contigo.
23 အကြောင်းမူကား ပညတ်တော်သည် မီးအိမ် ဖြစ်၏။ ဤသွန်သင်ချက်သည် အလင်းဖြစ်၏။ စည်းကမ်း နှင့်လျော်ညီစွာပြု ပြင်ဆုံးမပေးခြင်းတို့သည် အသက်၏ လမ်းစဉ်ဖြစ်ကြ၏။-
23 Porque o mandamento é lâmpada, e a lei é luz; e as repreensões da correção são o caminho da vida,
24 ယင်းတို့သည် သင့်ကို ကိုယ်ကျင့် တရားဖောက်ပြန်သောအမျိုးသမီး၏ရန်မှလည်း ကောင်း၊ အိမ်ထောင်ရေးဖောက်ပြန်သော အမျိုးသမီး၏ချော့မြှူ သွေးဆောင်မှုမှလည်းကောင်း ကာကွယ်နိုင်၏။-
24 Para te guardarem da mulher vil, e das lisonjas da estranha.
25 သင်သည် သူမ၏လှပသောအဆင်းကို မတပ်မက်လေနှင့်။ သူမ၏မျက်စိကစားခြင်းတို့ဖြင့် သင့်ကို မဖမ်းမိစေနှင့်။-
25 Não cobices no teu coração a sua formosura, nem te prendas aos seus olhos.
26 အကြောင်းမူကား ပြည့်တန်ဆာမတစ်ယောက်ကို ပေါင်မုန့်တစ်လုံး၏တန်ဖိုးဖြင့်ရနိုင်၏။ သို့သော် အိမ်ထောင် ရေးဖောက်ပြန်သောအမျိုးသမီးမူကား လူ၏အသက် ကိုပင် ရယူနိုင်လေ၏။-
26 Porque por causa duma prostituta se chega a pedir um bocado de pão; e a adúltera anda à caça da alma preciosa.
27 လူတစ်ယောက်သည် အဝတ် များကို မလောင်ကျွမ်းစေဘဲ မီးကို ရင်ခွင်တွင် ပွေ့ပိုက် ထားနိုင်သလော။-
27 Porventura tomará alguém fogo no seu seio, sem que suas vestes se queimem?
28 ခြေကို မလောင်ကျွမ်းစေဘဲ မီးခဲပေါ်တွင် နင်းလျှောက်နိုင်သလော။-
28 Ou andará alguém sobre brasas, sem que se queimem os seus pés?
29 သူတစ်ပါး၏ဇနီးနှင့် အိပ်စက်သောသူသည်လည်း ထိုနည်းတူဖြစ်၏။ သူမကိုတို့ထိသူမည်သူမဆို အပြစ်ဒဏ်မှ ကင်းလွတ်လိမ့်မည်မဟုတ်။-
29 Assim ficará o que entrar à mulher do seu próximo; não será inocente todo aquele que a tocar.
30 ဆာလောင်မွတ်သိပ်ခြင်းကို ဖြေသိမ့်ရန် အစား အစာကို ခိုးသောသူအား လူတို့စက်ဆုပ်ရွံရှာကြသည် မဟုတ်ပေ။-
30 Não se injuria o ladrão, quando furta para saciar-se, tendo fome;
31 သို့သော် ထိုသူ့ကိုပင် ဖမ်းမိလျှင် ခုနစ်ဆပေးလျော်စေတတ်ကြ၏။ ထိုသူခိုးသည် မိမိ၏အိမ်၌ရှိ သမျှသောဥစ္စာတို့ကို ပေးလျော်ရလိမ့်မည်။-
31 E se for achado pagará o tanto sete vezes; terá de dar todos os bens da sua casa.
32 သူတစ်ပါး ၏သားမယားကို ပြစ်မှားသောသူသည် ချင့်ချိန်သုံးသပ် နိုင်စွမ်းရှိသူမဟုတ်။ သူသည် မိမိကိုယ်ကို ဖျက်ဆီးသူ သာဖြစ်၏။-
32 Assim, o que adultera com uma mulher é falto de entendimento; aquele que faz isso destrói a sua alma.
33 သူသည် ထိခိုက်ဒဏ်ရာရခြင်းနှင့်ကဲ့ရဲ့ရှုတ်ချခြင်းတို့ကို ခံရလိမ့်မည်။ သူ၏ရှက်ဖွယ်ရာအမှုသည် မည်သည့်အခါမျှ ပျောက်ကွယ်သွားလိမ့်မည်မဟုတ်။-
33 Achará castigo e vilipêndio, e o seu opróbrio nunca se apagará.
34 အကြောင်းမူကား ခင်ပွန်းဖြစ်သူသည် သဝန်တိုမှုကြောင့် ဒေါသမီးတောက်လောင်သဖြင့် လက်စားချေရာတွင် သနားညှာတာခြင်းကို ပြလိမ့်မည်မဟုတ်။-
34 Porque os ciúmes enfurecerão o marido; de maneira nenhuma perdoará no dia da vingança.
35 ထိုသူသည် မည်သည့်လျော်ကြေးကိုမျှ လက်ခံလိမ့်မည်မဟုတ်။ မည်မျှများပြားသောလက်ဆောင်ပဏ္ဏာများပင်ဖြစ်စေ သူသည် လက်ခံလိမ့်မည်မဟုတ်။
35 Não aceitará nenhum resgate, nem se conformará por mais que aumentes os presentes.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Provérbios 6, comparar traduções ou montar um estudo — tudo direto pelo WhatsApp.