Provérbios 31

ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs NTLH

Sair da comparação
NTLH Nova Tradução na Linguagem de Hoje 2000
1 မိမိ၏မိခင်ဖြစ်သူက မိမိအား သွန်သင်ပေးခဲ့သော မာဆာပြည်၏ဘုရင် လေမူအဲလ်၏ဆိုရိုးစကားများသည်ကား ဤသို့ဖြစ် သတည်း။
1 São estas as palavras solenes que a mãe do rei Lemuel lhe disse:
2 အိုငါ့သား၊ အို ငါ၏ဝမ်းနှင့်လွယ်၍ မွေးထားသောသား၊ ငါပြုထားသောကတိသစ္စာများ၏သား၊-
2 Você é o meu filho querido, a resposta das minhas orações. O que lhe direi?
3 သင်၏ ခွန်အားကို မိန်းမများအတွက် အသုံးမပြုနှင့်။ သင်၏အား မာန်ကို ဘုရင်များကိုဖျက်ဆီးသူတို့အတွက် မသုံးနှင့်။-
3 Não gaste toda a sua energia nem todo o seu dinheiro com mulheres, pois até reis já se destruíram assim.
4 အိုလေမူအဲလ်၊ စပျစ်ရည်ကိုသောက်ခြင်းသည် ဘုရင် တို့အတွက်မဟုတ်ပါ။ သေရည်သေရက်ကို တောင့်တ ခြင်းသည်လည်း အုပ်ချုပ်သူတို့အတွက်မဟုတ်။-
4 Escute, Lemuel! Os reis não devem beber vinho nem outras bebidas alcoólicas.
5 ထိုသို့ပြုလျှင် သူတို့သည် သောက်စားကြ၍ ဥပဒေထုတ်ပြန် ထားသည့်အရာတို့ကို မေ့လျော့တတ်ကြပြီး ဖိနှိပ်ခံရသူ အပေါင်း တို့၏အခွင့်အရေးများကိုလည်း မျက်ကွယ်ပြုလိမ့်မည်။-
5 Quando eles bebem, não lembram das leis e esquecem os direitos dos que são explorados.
6 ပျက်စီးတော့မည့်သူအား သေရည်သေရက်ကိုလည်းကောင်း၊ စိတ်ဒုက္ခရောက်နေသူအား စပျစ်ရည်ကိုလည်းကောင်း ပေးလော့။-
6 As bebidas alcoólicas são para os que estão morrendo, para os que estão na miséria.
7 ထိုသူတို့ကိုသောက်စေ၍ သူတို့၏ဆင်းရဲခြင်းကို မေ့လျော့သွားပါစေ။ သူတို့၏ ပူပင်သောကကို ထပ်မံသတိမရပါစေနှင့်။-
7 Que eles bebam e esqueçam que são pobres e infelizes!
8 ဆွံ့အသောသူများနှင့် ပစ်ပယ်ထားခြင်းခံရသူတို့၏အခွင့်အရေးအတွက် သင်၏နှုတ်ကိုဖွင့်၍ ပြောဆိုပါလော့။-
8 Fale a favor daqueles que não podem se defender. Proteja os direitos de todos os desamparados.
9 ဆင်းရဲ သားများနှင့် ချို့တဲ့သူများ၏အခွင့်အရေးများကို ကာကွယ်ပြောဆို၍ ဖြောင့်မှန်စွာတရားစီရင်ပါလော့။
9 Fale por eles e seja um juiz justo. Proteja os direitos dos pobres e dos necessitados.
10 မြင့်မြတ်သောအကျင့်စာရိတ္တရှိသည့်ဇနီးမယား ကိုမည်သူရှာတွေ့နိုင်သနည်း။ သူမသည် ကျောက်သံ ပတ္တမြားထက် ပို၍တန်ဖိုးရှိ၏။-
10 Como é difícil encontrar uma boa esposa! Ela vale mais do que pedras preciosas!
11 သူမ၏ခင်ပွန်းသည် သူမအပေါ်အပြည့်အဝယုံကြည်ထားသည်ဖြစ်၍ သူ့အတွက် အကျိုးအမြတ်မခံစားရသည်ဟူ၍ မရှိချေ။-
11 O seu marido confia nela e nunca ficará pobre.
12 သူမ၏ဘ၀ တစ်လျှောက်လုံးတွင် ခင်ပွန်းသည်အား ကောင်းကျိုးကို သာပြု၍ ဆိုးကျိုးမပြုတတ်ပေ။-
12 Em todos os dias da sua vida, ela só lhe faz o bem e nunca o mal.
13 သူမသည် သိုးမွေးနှင့် ဝါ ဂွမ်းကိုရှာဖွေပြီးလျှင် စိတ်ပါကိုယ်ရောက်ရက်လုပ်တတ်၏။-
13 Está sempre ocupada, fazendo roupas de lã e de linho.
14 သူမသည် ကုန်သည်တို့၏သင်္ဘောများနှင့်တူ၍ မိမိ၏အစားအစာကို ဝေးလံသောအရပ်မှသယ်ဆောင် လာ၏။-
14 De lugares distantes ela traz comida para casa, como fazem os navios que carregam mercadorias.
15 သူမသည် မိုးမလင်းမီ အိပ်ရာမှထ၍ မိမိ၏အိမ် သူအိမ်သားများအတွက် အစားအစာများကိုချက်ပြုတ်၍ အစေခံအမျိုးသမီး တို့အား အလုပ်များကို စီမံခန့်ခွဲပေးတတ်၏။-
15 Ela se levanta de madrugada para preparar comida para a família e para dar ordens às empregadas.
16 သူမသည် လယ်တစ်ကွက်ကို ရွေးချယ်၍ ဝယ်ယူ၏။ သူမသည် မိမိ၏ဝင်ငွေနှင့် စပျစ်ဥယျာဉ်ကို စိုက်ပျိုး၏။-
16 Examina e compra uma propriedade com o dinheiro que ganhou e faz nela uma plantação de uvas.
17 သူမသည် အလုပ်ကို ကြိုးစားလုပ်ကိုင်၍ သူမ၏လက်မောင်းတို့ကိုလည်း သန်မာစေ၏။-
17 É esforçada, forte e trabalhadora.
18 သူမ သည် မိမိ၏ကုန်စည်များမှ အမြတ်အစွန်းရမည်ဟုမြင်၍ ညအချိန်၌ သူမ၏မီးခွက်သည် မငြိမ်းဘဲရှိ၏။-
18 Conhece o valor de tudo o que faz e trabalha até tarde da noite.
19 သူမသည် မိမိ၏လက်ဖြင့် ဗိုင်းတောင့်ကိုကိုင်၍ မိမိ၏လက်ချောင်း များဖြင့် လွန်းဆံကိုကိုင်တွယ်၏။-
19 Ela prepara fios de lã e de linho para tecer as suas próprias roupas.
20 သူမသည် ဆင်းရဲနွမ်း ပါးသူများနှင့် ချို့တဲ့သူများအား ပေးကမ်းစွန့်ကြဲ၏။-
20 Ajuda os pobres e os necessitados.
21 ဆီးနှင်းကျသောအခါ သူမသည် မိမိ၏မိသားစုအတွက် စိုးရိမ်ခြင်းမရှိပေ။ အကြောင်းမူကား အိမ်သူအိမ်သားအပေါင်းတို့ကို ကတ္တီပါအနီဖြင့် ဆင်မြန်းပေးထားပြီးဖြစ်သောကြောင့်ဖြစ်၏။-
21 Quando faz muito frio, ela não se preocupa, porque a sua família tem agasalhos para vestir.
22 သူမသည် အိပ်ရာခင်းများကိုရက်လုပ်၍ မိမိကိုယ်ကို ခရမ်းရောင်ပိတ်ချောများဖြင့် ဆင်ယင်၏။
22 Faz cobertas e usa roupas de linho e de outros tecidos finos.
23 သူမ၏ခင်ပွန်းသည်သည် မြို့တံခါး၀၌ သက်ကြီးဝါကြီးများအလယ်တွင် ထိုင်သောအခါ ရိုသေလေးစားခြင်းခံရ၏။-
23 O seu marido é estimado por todos — é um dos principais cidadãos do lugar.
24 သူမသည် ချည်ချောထည်များကိုရက်လုပ်၍ ရောင်းချ၏။ သူမသည် ကုန်သည်များအတွက်လည်း ခါးစည်းများ ထုတ်လုပ် ပေး၏။-
24 Ela faz roupas e cintos para vender aos comerciantes.
25 သူမသည် ခွန်အားနှင့် ဂုဏ်ကျက်သရေတို့ဖြင့်လွှမ်းခြုံ၍ အနာဂတ်ကာလ၌ ရယ်မောနေနိုင်လေ၏။-
25 É forte, respeitada e não tem medo do futuro.
26 သူမသည် ပညာစကားကိုမြွက်ဆို၍ ကရုဏာနှင့် သွန်သင်ခြင်းသည် သူမ၏လျှာပေါ်၌ တည်၏။-
26 Fala com sabedoria e delicadeza.
27 သူမသည် အိမ်သူအိမ်သားတို့၏ကိစ္စအဝ၀ကိုကြည့်ရှုစောင့်ရှောက်၍ အလုပ်မလုပ်ဘဲရသည့်အစာ ကိုမစားတတ်။-
27 Ela nunca tem preguiça e está sempre cuidando da sua família.
28 သူမ၏သားသမီးတို့သည် ထကြ၍ သူမကို မင်္ဂလာရှိသူဟုခေါ်ဆိုကြ၏။ သူမ၏ခင်ပွန်းသည်လည်း ထိုနည်းတူပြုလျက် သူမကိုချီးမွမ်းသည်မှာ၊-
28 Os seus filhos a respeitam e falam bem dela, e o seu marido a elogia.
29 အမျိုးသမီးများစွာတို့သည် မွန်မြတ်သောအရာတို့ကို ပြုကြပြီ။ သင်မူကား ထိုသူအားလုံးတို့ထက် သာလွန် ပေ၏ဟုဆို လေ၏။-
29 Ele diz: “Muitas mulheres são boas esposas, mas você é a melhor de todas.”
30 ဆွဲဆောင်မှုရှိခြင်းသည် လှည့်စားတတ်၏။ လှပခြင်းသည်လည်း အချည်းနှီးသာဖြစ်၏။ ထာ၀ရဘုရားသခင်ကို ကြောက်ရွံ့ သော အမျိုးသမီးမူကား ချီးမွမ်းခံထိုက်ပေ၏။-
30 A formosura é uma ilusão, e a beleza acaba, mas a mulher que teme o Senhor Deus será elogiada.
31 ထိုသို့သောအမျိုးသမီးအား သူမလုပ်ဆောင်ခဲ့သောအရာတို့၏အကျိုးအမြတ်ကိုပေးလော့။ သူမလုပ်ဆောင်ခဲ့သော အမှု အရာတို့သည် သူမအား မြို့တံခါး၀တို့၌ ချီးမွမ်းကြစေသတည်း။
31 Deem a ela o que merece por tudo o que faz, e que seja elogiada por todos.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Provérbios 31, comparar traduções ou montar um estudo — tudo direto pelo WhatsApp.