Provérbios 30

ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs NVT

Sair da comparação
NVT Nova Versão Transformadora
1 အောက်ပါတို့သည် မာဆာပြည်မှ ဂျာကဲ၏သားအာဂူး၏စကားပုံများဖြစ်ကြ၏။ ဤသူသည် အီသီအဲလ်အား ပြောဆိုခြင်းဖြစ် ၏။ သူသည် အီသီအဲလ်နှင့် အူကာလ်တို့အား ပြောဆိုခြင်းဖြစ်၏။-
1 Os ditados de Agur, filho de Jaque, contêm esta mensagem: Estou cansado, ó Deus; estou cansado e exausto, ó Deus.
2 ငါသည် လူဟုအခေါ်ခံနိုင်ရန် ဉာဏ်နည်းပါးလှပါ၏။ လူ၏အသိ ဉာဏ်လည်း ငါ၌မရှိပါ။-
2 Sou o mais tolo dos homens; não tenho discernimento.
3 ငါသည် သန့်ရှင်းတော်မူသော သခင်၏ဉာဏ်ပညာနှင့် အသိတရားကိုလည်း မသင်ယူခဲ့ပါ။-
3 Não aprendi a sabedoria humana, nem tenho conhecimento do Santo.
4 မည်သူသည် ကောင်းကင်သို့ တက်၍ ကောင်းကင်မှ ပြန်ဆင်းလာပါသနည်း။ မည်သူသည် လေကို မိမိ၏လက်ဖြင့် ဆုပ်ယူထားသနည်း။ မည်သူသည် ရေကို မိမိ၏အဝတ်ဖြင့်ထုပ်ထားသနည်း။ မည်သူသည် ကမ္ဘာမြေကြီး၏နယ်နိမိတ်ကို သတ်မှတ်ပေးထားပါသနည်း။ သူ၏အမည်ကား မည်သူနည်း။ သူ၏သားအမည်ကား မည်သူနည်း။ သင်သိလျှင် ပြောပါလော့။
4 Quem é capaz de subir aos céus e descer? Quem segura o vento nas mãos? Quem envolve os oceanos em sua capa? Quem criou o mundo inteiro? Qual é seu nome? E qual é o nome de seu filho? Diga-me, se é que sabe!
5 ဘုရားသခင်၏နှုတ်တော်ထွက်စကားမှန်သမျှသည် မှန်ကန်တော်မူပါ၏။ ကိုယ်တော်သည် မိမိ၌ ခိုလှုံအားကိုးသော သူတို့ အတွက် အကာအကွယ်ဒိုင်းလွှား သဖွယ်ဖြစ်တော်မူ၏။-
5 Toda palavra de Deus se prova verdadeira; ele é escudo para quem busca sua proteção.
6 ကိုယ်တော်၏နှုတ်တော်ထွက် စကားကို ထပ်လောင်းဖြည့်စွက်ခြင်းမပြုလေနှင့်။ ဤသို့ ပြုလျှင် သင်သည် ပြစ်တင်ဆုံးမခံရ၍ လူလိမ်ဟု သတ် မှတ်ခြင်းခံရလိမ့်မည်။
6 Não acrescente nada às palavras dele; se o fizer, ele o repreenderá e mostrará que você é mentiroso.
7 အကျွန်ုပ်သည် ဤအရာနှစ်ခုကို တောင်းလျှောက်ပါ၏။ အကျွန်ုပ်မသေမီ ဤအရာများကို ငြင်းပယ်တော်မမူပါနှင့်။-
7 Ó Deus, eu te peço dois favores; concede-os antes que eu morra.
8 မှားယွင်းခြင်းနှင့် မုသားပြောခြင်းကို အကျွန်ုပ်ထံမှ ဖယ်ရှားတော်မူပါ။ အကျွန်ုပ်အား ဆင်းရဲနွမ်းပါးခြင်းကိုလည်းကောင်း၊ ချမ်းသာကြွယ်၀ခြင်းကိုလည်းကောင်း ပေးတော်မမူပါနှင့်။ အကျွန်ုပ်အတွက် လိုအပ်သောအစားအစာကိုသာ ပေးသနားတော် မူပါ။-
8 Primeiro, ajuda-me a ficar longe da falsidade e da mentira. Segundo, não me dês nem pobreza nem riqueza; dá-me apenas o que for necessário.
9 သို့မဟုတ် ပါလျှင် အကျွန်ုပ်သည် ပြည့်စုံကြွယ်၀လာ၍ ကိုယ်တော့်ကို ငြင်းပယ်ရုံသာမက ထာ၀ရဘုရားသခင်သည် အဘယ်သူနည်းဟု မေးလာပါလိမ့်မည်။ သို့မဟုတ်လျှင် လည်း အကျွန်ုပ်သည် ဆင်းရဲနွမ်းပါးသောကြောင့် ခိုးဝှက် ခြင်းဖြင့် ဘုရားသခင်၏နာမတော်ကို ထိခိုက်စော်ကား မိပါလိမ့်မည်။
9 Pois, se eu ficar rico, pode ser que te negue e diga: “Quem é o S E, se eu for pobre demais, pode ser que roube e, com isso, desonre o nome do meu Deus.
10 အစေခံ၏မကောင်းကြောင်းကို သူ၏သခင်ဖြစ်သူအား မပြောလေနှင့်။ ထိုသို့ပြုလျှင် အစေခံသည် သင့်ကို ကျိန်ဆဲ၍ သင်၏ အပြစ်ဖြစ်လိမ့်မည်။
10 Não fale mal do servo a seu senhor; do contrário, o servo o amaldiçoará, e você sofrerá as consequências.
11 မိမိတို့၏ဖခင်တို့ကို ကျိန်ဆဲ၍ မိမိတို့၏မိခင်တို့ကိုလည်းကောင်းချီးမပေးသောသူများရှိကြ၏။-
11 Alguns amaldiçoam o pai e são ingratos com a mãe.
12 မိမိတို့ကိုယ်ကို စင်ကြယ်သည်ဟုမြင်ကြသော်လည်း မကောင်းသော အညစ်အကြေးနှင့်မကင်းစင်သေးသောသူများလည်း ရှိကြ၏။-
12 Consideram-se puros, mas são imundos e nunca foram lavados.
13 အလွန်မောက်မာသောမျက်လုံးများနှင့် အထင်အမြင်သေးသောအကြည့်များကိုပိုင်ဆိုင်သူများလည်းရှိကြ၏။-
13 Olham ao redor com orgulho e lançam olhares de desprezo.
14 ဆင်းရဲသောသူတို့ကို ကမ္ဘာမြေကြီးမှလည်းကောင်း၊ ချို့တဲ့သောသူတို့ကို လူသားတို့အလယ်မှလည်းကောင်း ဝါးမျိုဖယ်ရှား ပစ်ရန်အတွက် ဓားပါသော ခံတွင်းနှင့် သန်လျက်နှင့်တူသောသွားများပါရှိသည့်သူ များလည်းရှိကြ၏။
14 Seus dentes são como espadas, e suas presas, como facas. Devoram da terra os pobres e, da humanidade, os necessitados.
15 မျှော့၌ သမီးနှစ်ယောက်ရှိ၏။ ပေးပါ၊ ပေးပါဟု သူတို့ ဟစ်အော်ကြ၏။ မည်သည့်အခါမျှ ဆန္ဒမပြည့်နိုင်သော အရာသုံးမျိုး ရှိ၍တော်ပြီဟု မည်သည့်အခါမျှမဆိုနိုင် သောအရာလေးမျိုးမူကား၊-
15 A sanguessuga tem duas bocas que dizem: “Mais, mais!”. Há três coisas que nunca se satisfazem, ou melhor, quatro que nunca dizem: “É suficiente!”:
16 သချုင်း၊ မြုံသောမိန်းမ၏ ဝမ်း၊ ရေငတ်သည့်မြေ၊ တော်ပြီဟု မဆိုတတ်သောမီးတို့ ပင်ဖြစ်သတည်း။
16 a sepultura, o ventre estéril, o deserto sedento e o fogo abrasador.
17 ဖခင်ကို ပြက်ရယ်ပြုသောမျက်စိ၊ မိခင်ကိုမနာခံဘဲ မထီမဲ့မြင်ပြုသောမျက်စိကို ချိုင့်ဝှမ်းအတွင်းရှိ ကျီးကန်း တို့ထိုးဆိတ်ကြ ၍ လင်းတတို့က စားကြလိမ့်မည်။
17 O olho de quem zomba do pai e despreza as instruções da mãe será arrancado pelos corvos do vale e devorado pelos abutres.
18 ငါဉာဏ်မမီနိုင်သောအရာသုံးမျိုးရှိ၏။ ငါမသိနား မလည်နိုင်သောအရာလေးမျိုးမူကား၊-
18 Há três coisas que me deixam maravilhado, ou melhor, quatro coisas que não entendo:
19 ကောင်းကင်ယံ တွင် သိန်းငှက်သွားရာလမ်း၊ ကျောက်ဆောင်ပေါ်တွင် မြွေသွားရာလမ်း၊ ပင်လယ်ရေနက်တွင် သင်္ဘောသွား ရာလမ်း၊ ယောက်ျားတစ်ဦးနှင့် မိန်းမပျိုတို့သွားရာလမ်းတို့ ပင်ဖြစ်သတည်း။
19 como a águia plana no céu, como a serpente rasteja sobre a rocha, como a embarcação navega no mar, e como o homem ama a mulher.
20 အိမ်ထောင်ရေးဖောက်ပြန်သောအမျိုးသမီး၏ လမ်းစဉ်သည်ဤသို့ဖြစ်၏။ သူမသည် အစာစားပြီးနောက် မိမိ၏ပါးစပ်ကို သုတ်လျက် ငါသည် မည်သည့် အမှားကိုမျှမပြုဟုဆို၏။
20 A mulher adúltera devora o homem, depois limpa a boca e diz: “Não fiz nada de errado”.
21 ကမ္ဘာမြေကြီးကို တုန်လှုပ်စေသောအကြောင်းသုံးမျိုးနှင့် ကမ္ဘာမြေကြီးကလက်မခံနိုင်သောအရာလေးမျိုးမူကား၊-
21 Há três coisas que fazem a terra estremecer, ou melhor, quatro que ela não pode suportar:
22 ဘုရင်ဖြစ်လာသောအစေခံ၊ ၀လင်စွာစားရ သောလူမိုက်၊-
22 o servo que se torna rei, o tolo arrogante que prospera,
23 လင်ယောက်ျား၏ချစ်ခင်ကြင်နာမှုကို မရရှိသောအမျိုးသမီး၊ မိမိသခင်မ၏အရိုက်အရာကို ဆက်ခံရသည့်အစေခံမတို့ပင် ဖြစ်သတည်း။
23 a mulher amargurada que enfim arranja um marido, e a serva que toma o lugar de sua senhora.
24 သေးငယ်ပါသော်လည်း အလွန်အသိအလိမ္မာရှိသည့် မြေကြီးပေါ်မှအရာလေးမျိုးမူကား၊-
24 Quatro coisas na terra são pequenas, mas muito sábias:
25 ခွန်အားနည်းသောသတ္တဝါများဖြစ်သော်လည်း နွေရာသီတွင် မိမိတို့၏အစာကို သိုလှောင်လေ့ရှိသောပုရွက်ဆိတ်များ၊-
25 as formigas, que, embora não sejam fortes, armazenam alimento no verão,
26 စွမ်းအားမကြီးသော်လည်း မိမိတို့နေထိုင်ရန်တွင်းများကို ကျောက်ဆောင်များတွင် တူးတတ်သောယုန်များ၊-
26 os coelhos silvestres, que, embora não sejam poderosos, fazem sua toca nas rochas,
27 ခေါင်းဆောင်ဘုရင်မရှိသော်လည်း တပ်ဖွဲ့၍ သွားလာတတ်ကြသည့်ကျိုင်းကောင်များ၊-
27 os gafanhotos, que, embora não tenham rei, marcham em fileira,
28 လက်တစ်ဆုပ်စာမျှသာ ရှိသော်လည်း ဘုရင့်နန်းတော်များတွင် တွေ့ရှိရသည့် အိမ်မြှောင်တို့ပင်ဖြစ်သတည်း။
28 e as lagartixas, que, embora sejam fáceis de apanhar, vivem até nos palácios dos reis.
29 လမ်းလျှောက်ရာတွင် မဟာဆန်သည့်အရာသုံး မျိုးနှင့်ရွေ့လျားရာတွင် ကျက်သရေရှိသောအရာလေးမျိုးကား၊-
29 Há três seres vivos que caminham com passo elegante, ou melhor, quatro que se movem de modo imponente:
30 တိရစ္ဆာန်တို့တွင် ခွန်အားအကြီးဆုံးဖြစ်၍ မည်သည့်အရာ၏ရှေ့တွင်မျှ မတွန့်ဆုတ်သည့်ခြင်္သေ့၊-
30 o leão, rei dos animais, que não abre caminho para ninguém,
31 ဝင့်ဝါသောကြက်ဖ၊ ဆိတ်ထီးနှင့် စစ်တပ်ခြံရံထားသော ဘုရင်တို့ပေတည်း။
31 o galo, que anda de peito estufado, o bode, e o rei à frente de seu exército.
32 သင်သည် သူရူးကဲ့သို့ပြုကျင့်၍ မိမိကိုယ်ကိုချီးမြှောက်ခဲ့လျှင်သော်လည်းကောင်း၊ မကောင်းကြံစည်ခဲ့လျှင်သော် လည်းကောင်း သင်၏နှုတ်ကိုလက်ဖြင့် ပိတ်ထားလော့။-
32 Se você agiu como tolo e foi orgulhoso ou tramou o mal, tape a boca em sinal de vergonha.
33 အကြောင်းမူကား နို့ကိုမွှေလျှင် ထောပတ်ကိုရရှိ၏။ နှာခေါင်းကိုဖိညှစ်မိလျှင် သွေးထွက်တတ်၏။ ဒေါသကိုလှုံ့ဆော်လျှင် ခိုက်ရန်ဖြစ်ပွားတတ်၏။
33 Como bater o leite produz manteiga, e um soco no nariz o faz sangrar, provocar a ira resulta em brigas.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Provérbios 30, comparar traduções ou montar um estudo — tudo direto pelo WhatsApp.