Provérbios 2

ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs VC

Sair da comparação
VC Versão Católica
1 ငါ့သား၊ သင်သည် ငါ၏ဆုံးမစကားများကိုနာခံ၍ ငါ၏ပညတ်ချက်များကို နှလုံးသွင်းကာ၊-
1 Meu filho, se acolheres minhas palavras e guardares com carinho meus preceitos,
2 ဉာဏ်ပညာနှင့်ယှဉ်သော စကားကိုဂရုတစိုက်နားထောင်ပြီး သင့်နှလုံးသားက နားလည်လက်ခံလာသည်အထိ ကြိုးစားလျှင် သော်လည်းကောင်း၊-
2 ouvindo com atenção a sabedoria e inclinando teu coração para o entendimento;
3 အသိဉာဏ်ရရှိရန် အသနားခံလျက် သိမြင်နိုင်စွမ်းရှိရန် တောင်းလျှောက် လျှင်သော်လည်းကောင်း၊-
3 se tu apelares à penetração, se invocares a inteligência,
4 သင်သည် ငွေကိုဖြစ်စေ၊ ဝှက်ထားသည့်ဘဏ္ဍာကိုဖြစ်စေ ရှာဖွေသကဲ့သို့ အသိပညာကို ကြိုးစား၍ ရှာဖွေလျှင်သော် လည်းကောင်း၊-
4 buscando-a como se procura a prata; se a pesquisares como um tesouro,
5 သင်သည် ထာ၀ရဘုရားသခင်အား ကြောက်ရွံ့ရိုသေခြင်း၏ အနက်အဓိပ္ပာယ်ကို နားလည်လာ၍ ဘုရားသခင်၏ အကြောင်းကို သိမြင်နိုင်လိမ့်မည်။-
5 então compreenderás o temor do Senhor, e descobrirás o conhecimento de Deus,
6 အကြောင်းမူကား ထာ၀ရဘုရားသခင်သည် ဉာဏ်ပညာကိုပေးသောအရှင် ဖြစ်တော်မူ၍ အသိပညာနှင့် နားလည်နိုင်သော ဉာဏ်တို့သည် ကိုယ်တော်၏နှုတ်တော်မှ ထွက်ပေါ်လာ၏။-
6 porque o Senhor é quem dá a sabedoria, e de sua boca é que procedem a ciência e a prudência.
7 ကိုယ်တော်သည် ဖြောင့်မတ်သောသူတို့အတွက် စစ်မှန်သောဉာဏ်ပညာကိုစုဆောင်းထား၍ တရားသဖြင့် ကျင့်သော သူတို့အတွက် အကာအကွယ်ဖြစ်တော်မူ၏။-
7 Ele reserva para os retos a salvação e é um escudo para os que caminham com integridade;
8 ကိုယ်တော်သည် တရားမျှတခြင်းလမ်းစဉ်များကို စောင့်ထိန်း၍ မိမိအပေါ်သစ္စာရှိသောသူတို့၏လမ်းခရီးကို လုံခြုံစေတော် မူ၏။-
8 protege as sendas da retidão e guarda o caminho de seus fiéis.
9 ထိုအခါ သင်သည် ဖြောင့်မတ် မှန်ကန်ခြင်း၊ တရားမျှတစွာကျင့်ကြံခြင်း၊ မျှတစွာပေါင်း သင်းဆက်ဆံခြင်းနှင့် ကောင်းသည့် နည်းလမ်းရှိသမျှတို့ကို နားလည်သဘောပေါက်လာလိမ့်မည်။-
9 Então compreenderás a justiça e a eqüidade, a retidão e todos os caminhos que conduzem ao bem.
10 ဉာဏ်ပညာသည် သင်၏နှလုံးသားထဲသို့ဝင်ရောက်လာ၍ အသိပညာသည် သင်၏စိတ်ဝိညာဉ်ကို အားရကျေနပ် စေလိမ့် မည်။-
10 Quando a sabedoria penetrar em teu coração e o saber deleitar a tua alma,
11 ထိုအခါ အသိတရားသည် သင့်ကို ကြည့် ရှုစောင့်ရှောက်၍ နားလည်နိုင်စွမ်းရှိသောတရားသည် လည်း သင်၏အုပ်ထိန်းသူ ဖြစ်လာလိမ့်မည်။-
11 a reflexão velará sobre ti, amparar-te-á a razão,
12 သင့်အား မကောင်းသောဒုစရိုက်လမ်းမှလည်းကောင်း၊ လိမ်လည် လှည့်ဖြားသောစကားကိုပြောဆိုသောသူတို့ထံမှလည်း ကောင်း၊-
12 para preservar-te do mau caminho, do homem de conversas tortuosas
13 ဖြောင့်မတ်သောတရားလမ်းကို စွန့်လွှတ်၍ ဒုစရိုက်မှောင်မိုက်လမ်း၌ ကျင်လည်သူ၊-
13 que abandona o caminho reto para percorrer caminhos tenebrosos;
14 မကောင်းမှုကိုပြုရန် နှစ်သက်၍ လိမ်လည်လှည့်စားခြင်း၌ ပျော်မွေ့သူတို့ ထံမှလည်းကောင်း ကင်းဝေးစေလိမ့်မည်။-
14 que se compraz em praticar o mal e se alegra com a maldade;
15 ထိုသူတို့၏ လမ်းစဉ်များသည် ကွေ့ကောက်၍ သူတို့သည် မိမိတို့၏ ဘ၀အသက်တာ၌ ရိုးသားဖြောင့်မတ်ခြင်းမရှိကြပေ။ ဉာဏ်ပညာသည် သင့်အား စာရိတ္တပျက်ပြားသော မိန်းမနှင့်လည်းကောင်း၊ ဖောက်ပြန်တတ်သောမိန်းမ၏ မြူဆွယ်သည် စကားများနှင့်လည်းကောင်း ကင်းဝေးစေလိမ့်မည်။-
15 do homem cujos caminhos são tortuosos e os trilhos sinuosos.
16 သူမသည် ငယ်စဉ်က ပေါင်းခဲ့သော ခင်ပွန်းအား စွန့်လွှတ်၍ မိမိဘုရားသခင်၏ပဋိညာဉ်တရားတော် ကို မေ့လျော့ခဲ့လေပြီ။-
16 Ela te preservará da mulher alheia, da estranha que emprega palavras lisonjeiras,
17 အကြောင်းမူကား သူမ၏နေအိမ် သည် သေမင်းဘက်သို့ ယိမ်းယိုင်နေ၍ သူမ၏ဘ၀လမ်းသည်လည်း မရဏနိုင်ငံသို့ ဦးတည်နေ၏။-
17 que abandona o esposo de sua juventude e se esquece da aliança de seu Deus.
18 သူမ၏နေ အိမ်သို့ရောက်သွားသောသူများသည် ဘယ်သောအခါ မျှပြန်မလာကြတော့သဖြင့် အသက်၏လမ်းကြောင်းပေါ် သို့ ပြန်လည်မရောက်ရှိကြတော့ချေ။
18 Sua casa declina para a morte, seu caminho leva aos lugares sombrios;
19 ထို့ကြောင့်သင်သည် ကောင်းမြတ်သောသူတို့ ၏လမ်းစဉ်ကိုလိုက်၍ ဖြောင့်မတ်သောသူတို့၏လမ်း ကြောင်းအတိုင်း မြဲမြံစွာလျှောက်လှမ်းရမည်။-
19 não retornam os que a buscam, nem encontram as veredas da vida.
20 အဘယ်ကြောင့်ဆိုသော် ဖြောင့်မတ်သောသူတို့သည် နိုင်ငံတော်၌ နေထိုင်ကြ၍ အပြစ်ကင်းမဲ့သူတို့သည် ထိုနိုင်ငံတွင် ဆက်လက်တည်ရှိကြလိမ့်မည်။-
20 Assim tu caminharás pela estrada dos bons e seguirás as pegadas dos justos,
21 ဆိုးယုတ်သောသူတို့မူကား နိုင်ငံတော်မှ ဖယ်ရှားခြင်းခံရ၍ သစ္စာမတည်သော သူတို့သည်လည်း နုတ်ပယ်ခြင်းခံကြရ လိမ့်မည်။
21 porque os homens retos habitarão a terra, e os homens íntegros nela permanecerão,
22 — ausente —
22 enquanto os maus serão arrancados da terra e os pérfidos dela serão exterminados.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Provérbios 2, comparar traduções ou montar um estudo — tudo direto pelo WhatsApp.