Provérbios 29

ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs VC

Sair da comparação
VC Versão Católica
1 ဆုံးမသွန်သင်ခြင်းကို အကြိမ်ကြိမ်ခံရသော်လည်း ခေါင်းမာစွာဖြင့်မပြုပြင်ဘဲနေသူသည် ကုရန်ဆေးမရှိသဖြင့် ရုတ်တရက် ပင်ပြိုလဲပျက်စီးရလိမ့်မည်။-
1 O homem que, apesar das admoestações, se obstina será logo irremediavelmente arruinado.
2 ဖြောင့်မတ်သောသူတို့အုပ်ချုပ်သောအခါ ပြည်သူပြည်သားတို့သည် ဝမ်းမြောက်ကြလိမ့်မည်။ သူယုတ်မာတို့အုပ်ချုပ် သောအခါတွင်မူကား ပြည်သူပြည်သား တို့သည် ညည်းတွားကြရလိမ့်မည်။-
2 Quando dominam os justos, alegra-se o povo; quando governa o ímpio, o povo geme.
3 ဉာဏ်ပညာကို နှစ်သက်မြတ်နိုးသောသားကြောင့် ဖခင်သည် ဝမ်းမြောက်ရ၏။ ပြည့်တန်ဆာမများနှင့် ပေါင်းဖော်သော သူသည်ကား မိမိ၏စည်းစိမ်ဥစ္စာကိုဖြုန်းတီးခြင်းဖြစ်၏။-
3 Quem ama a sabedoria alegra seu pai; o que freqüenta as prostitutas dissipa sua fortuna.
4 တရားမျှတစွာစီရင်အုပ်ချုပ်သောဘုရင်သည် တိုင်းပြည်ကိုတည်ငြိမ်အေးချမ်းစေ၏။ တံစိုးလက်ဆောင်များတောင်း ခံသော ဘုရင်သည်ကား တိုင်းပြည်ကို ပျက်စီးစေ၏။-
4 É pela justiça que um rei firma seu país, mas aquele que o sobrecarrega com muitos impostos, o arruína.
5 မိမိ၏အိမ်နီးချင်းကိုမြှောက်ပင့်ပြောဆိုသူသည် အိမ်နီးချင်း၏ခြေများကို ကျော့ကွင်းထောင်ခြင်းပင်ဖြစ်၏။-
5 O homem que adula seu próximo estende redes aos seus pés.
6 ဆိုးမိုက်သောသူသည် မကောင်းမှုကိုကျူးလွန်ခြင်းဖြင့် ထောင်ချောက်တစ်ခုထောင်ထား၏။ ဖြောင့်မတ်သော သူသည်ကား ဝမ်းမြောက်ရွှင်လန်းစွာ သီချင်းဆိုနိုင်၏။-
6 No delito do ímpio há um ardil, mas o justo corre alegremente.
7 ဖြောင့်မတ်သောသူသည် ဆင်းရဲသားတို့၏ရပိုင်ခွင့်များကိုနားလည်၏။ ဆိုးယုတ်သောသူသည်ကား ဤသို့နား လည်မှုမရှိ၀ ချေ။-
7 O justo conhece a causa dos pobres; o ímpio a ignora.
8 မောက်မာစော်ကားသောသူတို့သည် မြို့ကိုမီးတောက်လောင်စေ၏။ ဉာဏ်ပညာရှိသူတို့မူကား လူတို့အား အမျက်ဒေါသမှ ငြိမ်းအေးစေ၏။-
8 Os escarnecedores ateiam fogo na cidade, mas os sábios acalmam o furor.
9 ပညာရှိ သောသူသည် မိုက်မဲသောသူနှင့် အမှုအခင်းဖြစ်လျှင် မိုက်မဲသောသူသည် ဒေါသအမျက်ထွက်၍ ရယ်မော လှောင်ပြောင်သဖြင့် အေးချမ်းစွာ ဖြေရှင်းနိုင်မည်မဟုတ်ချေ။-
9 Discute um sábio com um tolo? Que ele se zangue ou que ele se ria, não terá paz.
10 သွေးဆာသောသူသည် အပြစ်ကင်းသောသူကို မုန်းတီး၏။ ဖြောင့်မတ်သူသည် အသက်ကို ရှာဖွေတတ်၏။-
10 Os homens sanguinários odeiam o íntegro, mas os homens retos tomam cuidado com sua vida.
11 မိုက်မဲသောသူသည် မိမိ၏အမျက်ဒေါသကို အစွမ်း ကုန်တောက်လောင်စေ၏။ ပညာရှိသူမူကား မိမိ၏ဒေါသ ကို မျိုသိပ်ထားတတ်၏။-
11 O insensato desafoga toda sua ira, mas o sábio a domina e a recalca.
12 အုပ်ချုပ်သောဘုရင်သည် မုသားစကားကိုနှစ်သက်ပါလျှင် သူ၏မှူးမတ်တို့သည် လူယုတ်မာများဖြစ်ကြလိမ့်မည်။-
12 Quando um soberano presta atenção às mentiras, todos os seus servidores tornam-se maus.
13 ဆင်းရဲသားနှင့် ဖိနှိပ်အုပ်ချုပ်သူတို့ အတူတွေ့ဆုံကြ၏။ ထာ၀ရဘုရားသခင် သည် သူတို့နှစ်ဦးစလုံး၏မျက်စိများကို အလင်းပေးတော်မူ၏။-
13 O pobre e o opressor se encontram: é o Senhor que ilumina os olhos de cada um.
14 ဘုရင်သည် ဆင်းရဲသားတို့အပေါ် တရားမျှတစွာ စီရင်ပါလျှင် သူ၏ထီးနန်းသည် အစဉ်တည်မြဲလိမ့်မည်။
14 Um rei que julga com eqüidade os humildes terá seu trono firmado para sempre.
15 ကြိမ်နှင့်လည်းကောင်း၊ ဆုံးမသွန်သင်ခြင်းဖြင့်လည်းကောင်း ဉာဏ်ပညာကိုပေးနိုင်၏။ သို့သော် မိမိ၏ ကလေးငယ်ကို ဆုံးမသွန်သင်ခြင်းမရှိသောမိခင်သည် အရှက်ရတတ်၏။-
15 Vara e correção dão a sabedoria; menino abandonado à sua vontade se torna a vergonha da mãe.
16 သူယုတ်မာတို့အုပ်ချုပ်သောအခါ မကောင်းမှုဒုစရိုက်တို့များပြားလာ၏။ ဖြောင့်မတ်သော သူတို့သည်ကား သူယုတ်မာတို့၏ ကျဆုံးခန်းကို မြင်တွေ့ ကြရလိမ့်မည်။-
16 Quando se multiplicam os ímpios, multiplica-se o crime, mas os justos contemplarão sua queda.
17 သင်၏သားကို ဆုံးမသွန်သင်လော့။ သူသည် သင့်ကို စိတ်အေးစေလိမ့်မည်။ သူသည် သင်၏စိတ်နှလုံးကို ရွှင်လန်းဝမ်း မြောက်စေလိမ့်မည်။-
17 Corrige teu filho e ele te dará repouso e será as delícias de tua vida.
18 ဗျာဒိတ် တော်မရှိလျှင် လူတို့သည် အထိန်းအကွပ်မရှိကြတော့ ချေ။ သို့သော် ပညတ်တရားတော်ကို စောင့်ထိန်းသော သူတို့သည် မင်္ဂလာရှိကြ၏။-
18 Por falta de visão, o povo vive sem freios; ditoso o que observa a instrução!
19 အစေခံကို နှုတ်အားဖြင့်သာ ဆုံးမသွန်သင်၍ မရနိုင်ချေ။ အကြောင်းမူကား သူသည် နားလည်သော်လည်း ဂရုမစိုက်တတ် ချေ။-
19 Não é com palavras que se corrige um escravo, porque ele compreende, mas não se atém a elas.
20 စကားပြောရာတွင် မစဉ်းစားမဆင်ခြင်ဘဲ အလျင်စလိုပြော တတ်သူကို သင်မြင်ဖူးပါသလော။ မိုက်မဲသောသူသည် ထိုသူထက် ပို၍မျှော်လင့်ချက်ရှိ၏။-
20 Viste um homem precipitado no falar: há mais esperança num tolo do que nele.
21 မိမိ၏အစေခံကို ငယ်ရွယ်စဉ်ကတည်းက အလိုလိုက်မိသောသူသည် နောက်ဆုံး၌ အမွေခံသားအရာကို သူ့အား ပေးရလိမ့် မည်။-
21 Um escravo mimado desde sua juventude, acaba por se tornar desobediente.
22 အမျက်ဒေါသကြီးသောသူသည် ခိုက်ရန်ဖြစ်ပွားခြင်းကို ဖြစ်ပေါ်စေတတ်၏။ အရာရာကို စိတ်လိုက်မာန် ပါလုပ်လေ့ရှိသူ သည် မကောင်းမှုဒုစရိုက်များစွာကို ကျူး လွန်မိလိမ့်မည်။-
22 Um homem irascível excita contendas; o colérico acumula as faltas.
23 မာနကြီးသူသည် ဂုဏ်သိက္ခာကျဆင်းရလိမ့်မည်။ မိမိ၏စိတ်နှလုံးကို နှိမ့်ချသူသည်ကား ဂုဏ်သရေကိုရလိမ့်မည်။-
23 O orgulho de um homem leva-o à humilhação, mas o humilde de espírito obtém a glória.
24 သူခိုးသူဝှက်ကို အပေါင်းအဖော် လုပ်သူသည် မိမိ၏အသက်ကို မုန်းတီးသူဖြစ်၏။ သူသည် ဒုက္ခရောက်သူ၏ ကျိန်ဆိုသံ ကိုကြားသော်လည်း မည်သည့်အရာကိုမျှ ထုတ်ဖော်ပြောဆိုခြင်းမရှိချေ။-
24 Quem partilha com o ladrão, odeia-se a si mesmo; ouve a maldição e nada denuncia.
25 လူကိုကြောက်ရွံ့တတ်ခြင်းသည် မိမိအတွက် ကျော့ကွင်း ထောင်ထားခြင်းဖြစ်၏။ ထာ၀ရဘုရားသခင်ကို ယုံကြည် ကိုးစားသောသူမူကား ဘေးကင်းလုံခြုံ၏။-
25 O temor dos homens prepara um laço, mas quem confia no Senhor permanece seguro.
26 လူအများ အပြားသည် ရှင်ဘုရင်ထံမှ မျက်နှာသာပေးမှုကို ရလိုကြ ၏။ သို့သော် လူသည် တရားမျှတမှုကို ထာ၀ရဘုရား သခင်ထံတော်မှ ရရှိ၏။-
26 Muitos buscam o favor dum príncipe, mas é do Senhor que cada homem alcança justiça
27 ဖြောင့်မတ်သောသူသည် မတရားသောသူကို စက်ဆုပ်ရွံရှာ၏။ ဆိုးယုတ်သောသူသည် ဖြောင့်မတ်သောသူကို စက်ဆုပ် ရွံရှာ၏။
27 O homem iníquo é abominado pelos justos; o ímpio abomina aquele que anda pelo caminho certo.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Provérbios 29, comparar traduções ou montar um estudo — tudo direto pelo WhatsApp.