Provérbios 26
ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs VC
1 ဆီးနှင်းသည် နွေရာသီနှင့်လည်းကောင်း၊ မိုးရေသည် စပါးရိတ်သိမ်းချိန်နှင့်လည်းကောင်း မဆီလျော်သကဲ့သို့ ချီးမွမ်း ဂုဏ်ပြုခံရခြင်းသည်လည်း မိုက်မဲသောသူနှင့်မသက်ဆိုင်ချေ။-
1 Assim como a neve é imprópria no estio e a chuva na ceifa, do mesmo modo não convém ao insensato a consideração.
2 စာငှက်သည် နေရာပြောင်း၍ နားသကဲ့သို့လည်းကောင်း၊ ပျံလွှားငှက်သည် လူးလားပျံသန်းသကဲ့သို့လည်းကောင်း အကြောင်း မဲ့ကျိန်ဆဲခြင်းတို့သည် မည်သို့မျှဖြစ်လာမည်မဟုတ်ချေ။-
2 Como um pássaro que foge, uma andorinha que voa: uma maldição injustificada permanece sem efeito.
3 မြင်းအတွက် နှင်တံ၊ မြည်းအတွက် ဇက်ကြိုးနှင့် လူမိုက်၏ ကျောပြင်အတွက် ကြိမ်လုံးလိုအပ်ပေ၏။-
3 O açoite para o cavalo, o freio para o asno: a vara para as costas do tolo.
4 လူမိုက်၏ မိုက်မဲမှုကိုလိုက်၍ သူ၏အမေးကို မဖြေကြားနှင့်။ ထိုသို့ ပြုပါလျှင် သင်ကိုယ်တိုင်သည်လည်း လူမိုက်ဖြစ်သွား လိမ့်မည်။-
4 Não respondas ao néscio segundo sua insensatez, para não seres semelhante a ele.
5 လူမိုက်၏မိုက်မဲမှုနှင့် ထိုက်တန်သည့်အဖြေ ကိုသာပေးလော့။ သို့မဟုတ်ပါက သူသည် မိမိကိုယ်ကို ပညာရှိသူဟု ထင်မြင် လိမ့်မည်။-
5 Responde ao tolo segundo sua loucura para que ele não se julgue sábio aos seus olhos.
6 မိုက်မဲသောသူမှ တစ်ဆင့် သတင်းစကားပါးလိုက်ခြင်းသည် မိမိ၏ခြေကို ဖြတ်၍ ရက်စက်ကြမ်းကြုတ်ခြင်းကို သောက်သုံး ခြင်းဖြစ်၏။-
6 Corta os pés, bebe aflições quem confia uma mensagem a um tolo.
7 ခြေမသန်သောသူသည် မိမိ၏ခြေထောက်တို့ကို အသုံးမပြုနိုင်သကဲ့သို့ မိုက်မဲသောသူသည်လည်း စကားပုံကို အသုံးမပြု နိုင်ပေ။-
7 As pernas de um coxo não têm força: do mesmo modo uma sentença na boca de um tolo.
8 မိုက်မဲသောသူကို ချီးမွမ်းစကားပြောကြားခြင်းသည် လောက်လွှဲတွင် ကျောက်ခဲကိုချည်နှောင်ထားခြင်းနှင့်တူ၏။-
8 É colocar pedra na funda cumprimentar um tolo.
9 မိုက်မဲသောသူ၏နှုတ်မှထွက် သောစကားပုံများသည် သေရည်မူးသောသူ၏လက်ထဲ၌ရှိသောဆူးခက်နှင့်တူ၏။-
9 Um espinho que cai na mão de um embriagado: tal é uma sentença na boca dos insensatos.
10 လမ်းတွင်ကြုံရသည့်မိုက်မဲ သောသူ၊ သို့မဟုတ် သောက်စားမူးယစ်သူကို ငှားရမ်းစေခိုင်းသောသူသည် ကြုံရာလူကို မြား ဖြင့် ပစ်နေသောလေးသည်တော်နှင့်တူ၏။-
10 Um arqueiro que fere a todos: tal é aquele que emprega um tolo ou um embriagado.
11 မိုက်မဲမှုကို ထပ်မံပြုလုပ်သောလူမိုက်သည် မိမိ၏အန်ဖတ်ကိုပြန်၍ စားတတ်သောခွေးနှင့်တူ၏။-
11 Um cão que volta ao seu vômito: tal é o louco que reitera suas loucuras.
12 မိမိကိုယ်ကို ပညာရှိဟု ထင်မှတ်သောသူကို သင်မြင်ရသလော။ မိုက်မဲသောသူသည် ထိုသူထက်ပို၍ မျှော်လင့်ချက်ရှိ၏။-
12 Tu tens visto um homem que se julga sábio? Há mais a esperar de um tolo do que dele.
13 ပျင်းရိသောသူက လမ်းပေါ်တွင် ခြင်္သေ့ရှိ၏။ လမ်းများပေါ်တွင် ခြင်္သေ့တစ်ကောင်ရှိ၏ဟုဆို၏။-
13 Há um leão no caminho, diz o preguiçoso, um leão na estrada!
14 တံခါးသည် ပတ္တာအားဖြင့် လှည်ပတ်သကဲ့သို့ ပျင်းရိသောသူသည် မိမိ၏အိပ်ရာပေါ်တွင် လူးလိမ့်နေတတ်၏။-
14 A porta gira sobre seus gonzos: assim o preguiçoso no seu leito.
15 ပျင်းရိသူသည် မိမိ၏လက်ကို အစားအစာထည့်သည့်ပန်းကန်တွင် ထည့်ထားပြီးမှ မိမိ၏ပါးစပ်ထဲ သို့သွင်းရန်ကိုပင် အလွန်ဝန်လေးနေ၏။-
15 O preguiçoso põe sua mão no prato e custa-lhe muito levá-la à boca.
16 ပျင်းရိသူက မိမိသည် အကျိုးအကြောင်းသင့်လျော်စွာ ပြောဆိုတတ် သူခုနစ်ဦးထက်ပို၍ပညာရှိသည်ဟု ထင်မှတ်နေတတ် ၏။
16 O preguiçoso julga-se mais sábio do que sete homens que respondem com prudência.
17 မိမိနှင့်မသက်ဆိုင်သောအငြင်းပွားမှုတွင် ပါဝင်ပတ်သက်သောသူသည် လမ်းပေါ်တွင်ဖြတ်သွားသည့် ခွေး ၏နားရွက်များ ကိုကိုင်ဆွဲထားသောသူနှင့်တူ၏။-
17 É pegar pelas orelhas um cão que passa envolver-se num debate que não interessa.
18 မိမိ၏ အိမ်နီးချင်းများကို လှည့်ဖြားပြီးမှ ငါသည် ကျီစားရုံမျှ သာပြုလုပ်ခြင်းဖြစ်သည်ဟု ပြောဆိုသောသူသည် မီး တုတ်၊ မြားနှင့် သေခြင်းတို့ကို ပစ်ခတ်ကစားသည့်အရူး နှင့်တူ၏။-
18 Um louco furioso que lança chamas, flechas e morte:
19 မိမိ၏ အိမ်နီးချင်းများကို လှည့်ဖြားပြီးမှ ငါသည် ကျီစားရုံမျှ သာပြုလုပ်ခြင်းဖြစ်သည်ဟု ပြောဆိုသောသူသည် မီး တုတ်၊ မြားနှင့် သေခြင်းတို့ကို ပစ်ခတ်ကစားသည့်အရူး နှင့်တူ၏။-
19 tal é o homem que engana seu próximo e diz em seguida: mas, era para brincar.
20 ထင်းမရှိလျှင် မီးသည် ငြိမ်းသွားသကဲ့သို့ ရန်တိုက်ပေးသော သူမရှိလျှင် ရန်ငြိမ်းသွားတတ်၏။-
20 Sem lenha o fogo se apaga: desaparecido o relator, acaba-se a questão.
21 မီးကျီးခဲအတွက် မီးသွေး၊ မီးတောက်ရန်အတွက် ထင်းလိုအပ် သကဲ့သို့ ခိုက်ရန်ဖြစ်ပွားရန်အတွက် ရန်လိုသူရှိရန် လို အပ်၏။-
21 Carvão sobre a brasa, lenha sobre o fogo: tal é um intrigante para atiçar uma disputa.
22 ရန်တိုက်ပေးသောသူတို့၏စကားများသည် ချိုမြိန်သောစားသောက်ဖွယ်ရာများနှင့်တူ၍ ယင်းတို့သည် ခန္ဓာကိုယ် အတွင်း ပိုင်းအထိဝင်ရောက်တတ်၏။-
22 As palavras do mexeriqueiro são como guloseimas: penetram até o fundo das entranhas.
23 စိတ်ကောင်းမရှိသူ၏နှုတ်ဖျားမှလာသည့် ချိုသာသော စကားလုံးများသည် မြေအိုးကို ကြွေရည်သုတ်ထားသည်နှင့်တူ၏။-
23 Uma liga de prata sobre o pote de argila: tais são as palavras ardentes com um coração malévolo.
24 ရန်လိုမုန်းထားသူသည် မိမိ၏နှုတ်ဖြင့် ဟန်ဆောင်စကားဆိုလျက် စိတ်နှလုံးထဲ၌ လှည့်ဖြားခြင်းကို သိမ်းဆည်းထား၏။-
24 O que odeia, fala com dissimulação; no seu interior maquina a fraude;
25 သူသည် စကားကို ချိုသာစွာ ပြောဆိုသောအခါ သူ့ကို မယုံကြည်လေနှင့်။ အဘယ်ကြောင့်ဆိုသော် သူ၏စိတ်နှလုံးထဲတွင် စက်ဆုပ်ရွံရှာဖွယ်ကောင်းသောအရာခုနစ်ခုရှိ၏။-
25 quando ele falar com amabilidade, não te fies nele porque há sete abominações em seu coração;
26 သူ၏မုန်းတီးရန် လိုခြင်းမှာ ကောက်ကျစ်စွာဖုံးကွယ်ထားခြင်းခံရသော် လည်း သူ၏ယုတ်မာမှုသည် လူပရိသတ်တို့၏ ရှေ့တွင် ထင်ရှားလိမ့်မည်။-
26 pode dissimular seu ódio sob aparências, e sua malícia acabará por ser revelada ao público.
27 တွင်းကိုတူးသောသူသည် ထိုတွင်း ထဲသို့ကျလိမ့်မည်။ ကျောက်တုံးကို လှိမ့်သောသူအပေါ် သို့လည်း ကျောက်တုံးသည် ပြန်ကျလိမ့်မည်။-
27 Quem cava uma fossa, ali cai; quem rola uma pedra, cairá debaixo dela.
28 မုသား ပြောဆိုတတ်သောလျှာသည် မိမိထိခိုက်ပြောဆိုသော သူများကို မုန်းတီး၏။ မြှောက်ပင့်ပြောဆိုတတ်သောနှုတ် သည် ပျက်စီးဆုံးရှုံးခြင်းကိုဖြစ်ပေါ်စေ၏။
28 A língua mendaz odeia aqueles que ela atinge, a boca enganosa conduz à ruína.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar Provérbios 26, comparar traduções ou montar um estudo — tudo direto pelo WhatsApp.